Advertisement

Gam Seng Maw

အခုဆို ဟောလိဝုဒ်ရုပ်ရှင်ချစ်သူတွေကြားမှာ household name တစ်ခုဖြစ်နေတဲ့ Ryan Reynolds ဟာဒီအခြေအနေကိုမရောက်ခင်က သရုပ်ဆောင်လောကမှာအတော်ကိုရုန်းကန်လှုပ်ရှားခဲ့ရသူပါ။ သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားတိုင်းအောင်မြင်ခဲ့တာတော့မဟုတ်ပါဘူး (ဥပမာ – Green Lantern)။ Reynolds ရဲ့ပရိသတ်တွေအတွက် သူ့ရဲ့လူသိနည်းတဲ့အချက်အလက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

Green Lanternဇာတ်ကားကြောင့် အမြင့်ကြောက်တဲ့ရောဂါ ပျောက်ခဲ့တယ်။

Ryan Reynoldsဆယ်ကျော်သက်အရွယ်တုန်းက Sky Diving တစ်ခုမှာ ကြုံခဲ့တဲ့ မတော်တဆမှုဟာ သူ့ကို အမြင့်ကြောက်တတ်သူဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် သူက လေယာဉ်စီးတာနဲ့ တော်တော်မုန်းခဲ့ပါတယ်။ ဒီလိုအမြင့်ကြောက်တာကို ပျောက်အောင်လုပ်ပေးခဲ့တာက သူ့ရဲ့တူ၊တူမလေးတွေပါ။”ကျွန်တော်Green Lantern ရိုက်နေတော့ သူတို့လေးတွေက ဒီဇာတ်ကားကို ကြည့်ဖို့အရမ်းစိတ်သန်နေကြတော့ ကျွန်တော်ကလည်း ဒီဇာတ်ကားကို ပြီးအောင်ရိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ပဲ လေပေါ်ပျံတဲ့အခန်းတွေကို ကြိုးတွေနဲ့ ၁၇၊၁၈ ခါလောက်ရိုက်ပြီးတဲ့နောက်မှာ ဒီရောဂါ ပျောက်သွားတာ”လို့ talk showတစ်ခုမှာ ပြောဖူးပါတယ်။

သူ့အချစ်ဆုံးကို သူအမုန်းဆုံးရုပ်ရှင်ရိုက်တဲ့နေရာမှာ ဆုံခဲ့တာပါ။

Ryan Reynoldsက Green Lantern ကို ရိုက်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး တော်တော်နောင်တရခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။ မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့တဲ့ အဲဒီရုပ်ရှင်က တော်တော်ဝေဖန်ခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီဇာတ်ကားက Ryan ကို အဆိုးကြီးပဲ ယူဆောင်ပေးခဲ့တာမဟုတ်ပါဘူး။ သူ့ရဲ့အနာဂတ်မှာ ချစ်ဇနီးဖြစ်လာမဲ့ Blake Lively ကို Green Laternရိုက်ကွင်းမှာ တွေ့ခဲ့တာပါ။ အဲဒီမှာ စ,ခဲ့တဲ့ အချစ်ဇာတ်လမ်းလေးဟာ ၂၀၁၂မှာ သူတို့နှစ်ယောက်လက်ထပ်ဖြစ်ခဲ့ကြပြီး အခုဆိုရင် Blake Livelyက တတိယမြောက်ရင်သွေးကို လွယ်ထားပါပြီ။

သူကသရုပ်ဆောင်အတန်းကို ကျခဲ့ဖူးပါတယ်တဲ့။

ဇာတ်ရုပ်မျိုးစုံကို မထပ်အောင် သရုပ်ဆောင်နိုင်တဲ့သူက ကျောင်းတုန်းက Acting Class ကိုကျဖူးပါတယ်။ ဒီအကြောင်းကို ပြန်ဖောက်သည်ချတဲ့သူက အခြားလူမဟုတ်ပါဘူး..သူ့ရဲ့best friend ဖြစ်တဲ့ Wolverine ကြီး Hugh Jackmanပါ။ ကျရှုံးခဲ့ပေမယ့် ဇွဲမလျော့ခဲ့တဲ့ သူ့စိတ်ဓာတ်ကတော့ လေးစားစရာပါ။

သူက DC ရဲ့Kid Flash အဖြစ်သရုပ်ဆောင်ချင်ခဲ့တာပါ။

သူက Deadpool နဲ့ Green Lantern အဖြစ်သရုပ်ဆောင်ဖူးပေမဲ့ သူသရုပ်ဆောင်ချင်ခဲ့တဲ့ အခြား hero တစ်ယောက်ရှိပါတယ်။ ဒါကတော့ Kid Flash ပါ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သူမရိုက်ဖြစ်ခဲ့ပါဘူး။

နာမည်ကြီးရုပ်သံဇာတ်လမ်းတွဲ Buffy the Vampire Slayer မှာပါဖို့ငြင်းခဲ့ဖူးတယ်။ 

ဒီနာမည်ကြီးဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ငြင်းခဲ့တဲ့ အကြောင်းကတော့ ဒီလိုပါ။ “ကျွန်တော်ဒီဇာတ်လမ်းတွဲကို သဘောကျတယ်…ဒါရိုက်တာကိုလည်း ကြိုက်တယ်။ ဒါပေမယ့် ကျွန်တော်သရုပ်ဆောင်ရမယ့်နေရာက အထက်တန်းကျောင်းသားအဖြစ်သရုပ်ဆောင်ရမှာ။ အဲဒီတုန်းက ကျွန်တော်က ကျောင်းထွက်ထားတာ လောလောလတ်လတ်ပဲရှိသေးတယ်လေဗျာ။ ကျောင်းသားဘ၀ကို စိတ်ကုန်နေတာဗျ” လို့ပြောပြခဲ့ပါတယ်။

People magazine ရဲ့ Sexiest Man Alive အဖြစ်ရွေးခံရသူကြီးပါ။

Deadpoolကဇာတ်ကားထဲမှာ ရုပ်ဆိုးပေမဲ့ Ryan Reynolds ကတော့ အပြင်မှာ အရမ်းကို ကြည့်ကောင်းနေပြန်ရော။ သူ့ကို ၂၀၁၀မှာ People magazineက ဆွဲဆောင်မှုအကောင်းဆုံးယောကျာ်းအဖြစ်သတ်မှတ်ခဲ့ပါတယ်။ ၂၀၁၆မှာတော့ Sexiest Dad Alive အဖြစ်ပြန်လည်သတ်မှတ်ခံခဲ့ရပါတယ်။

Blade ဇာတ်ကားအတွက် ကိုယ်အလေးချိန် ၂၅ပေါင် တက်ဖို့လေ့ကျင့်ခဲ့ရပါတယ်။

နာမည်ကြီးသွေးဖုတ်စုတ်ကောင်ရုပ်ရှင်ဖြစ်တဲ့ Blade Trinityမှာ Ryan Reynolds က ဇာတ်ရံအနေနဲ့သရုပ်ဆောင်ခဲ့ဖူးပါပြီး..အဲဒီဇာတ်ကောင်အတွက် ကိုယ်အလေးချိန်၂၅ပေါင်တိုးဖို့အတွက် တစ်ပတ်ကို ခြောက်ရက်နဲ့ သုံးလလောက် လေ့ကျင့်ခဲ့ရတာပါ။

သူ့အကြောင်း သီချင်းရှိတယ်။

သူအိမ်ထောင်မကျခင်က အဆိုတော်Alanis Morissetteနဲ့ ချစ်သူတွေဖြစ်ခဲ့ဖူးပါတယ်။ စေ့စပ်တဲ့အထိတောင်ဖြစ်ခဲ့ပြီးမှ ၂၀၀၇မှာပြတ်သွားကြပါတယ်။ ၂၀၀၈ မှာထွက်ခဲ့တဲ့ Alanis Morissette ရဲ့ “Torch”သီချင်းဟာ Ryan Reynoldsကို ရည်ရွယ်ပြီးရေးသားခဲ့တာပါ။

၂၀၀၄ တုန်းက Deadpool ရုပ်ပြမှာ Ryan Reynolds ရဲ့နာမည်ထည့်ရေးခဲ့ဖူးတယ်။

အံသြစရာကြီးနော်…Ryan ကလည်းနာမည်ကြီးမင်းသားမဟုတ်သေးဘူး..အဲဒီအချိန်တုန်းက။ အဲဒီ ”Cable N Deadpool” ရုပ်ပြထဲမှာ Deadpool ကို ဇာတ်ကောင်တစ်ယောက်က မင်းပုံစံက ဘယ်လိုလဲလို့မေးလိုက်တဲ့အခါ Deadpoolက သူ့ရဲ့ရုပ်က Ryan Reynoldsနဲ့ Sherpie (မျက်နှာအရေတွန့်ခွေးမျိုး)ပေါင်းစပ်ထားတဲ့ ရုပ်မျိုးလို့ပြန်ဖြေခဲ့ပါတယ်… တိုက်ဆိုင်ချက်ပဲ။

Reynolds က Sabrina the teenage witch ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့ဖူးတယ်။

သူက ဒီလိုလူသိပ်မသိခဲ့တဲ့ ဇာတ်ကားမှာ မထင်မရှားသရုပ်ဆောင်ခဲ့ဖူးပါသေးတယ်။ ဘယ်လောက်အလုပ်ကြိုးစားခဲ့တဲ့ Deadpool ကြီးလည်းနော်။

Ref: insider.com

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here