Gam Seng Maw
မကြာသေးမီက ဆေးပညာတွေ့ရှိချက်တွင် အလေးမ လေ့ကျင့်ခန်းများလုပ်ဆောင်ခြင်းသည် စိတ်ကျဝေဒနာကို သက်သာစေနိုင်စွမ်းရှိသည်ဟု ဆိုသည်။ ထိုသို့ အင်တိုက်အားတိုက် ခွန်အားသုံးရသော လေ့ကျင့်ခန်းများသည် ပေါ့ပေါ့ပါးပါး ကစားရသော အေရိုးဗစ်လေ့ကျင့်ခန်းများကဲ့သို့ပင် စိတ်ကျဝေဒနာကို ကုစားရာတွင် ထိရောက်သော နည်းလမ်းဖြစ်ကြောင်း လေ့လာတွေ့ရှိချက်များအရ သိရသည်။

ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ် လူ သန်းပေါင်း၃၀၀ကျော်ခန့်က စိတ်ကျရောဂါခံစားနေရသည်။ တွေ့ရှိချက်များအရ ၂၀၁၃ခုနှစ်မှယခုချိန်ထိ စိတ်ကျရောဂါခံစားသူများအရအတွက်မှာ ၃၀ရာခိုင်နူန်း ပိုမိုများပြားလာပြီး ယင်း စိတ်ကျဝေဒနာရှင်များသည် သာမာန်လူများထက် ၃၀% ကျန်းမာရေးလျော့ကျနေပြီး တနည်းအားဖြင့်ဆိုသော် အသက်ရှင်ရန် သက်တမ်း၁၀နှစ်ပိုတိုတောင်းသွားခြင်းနှင့် ညီမျှသည်။ ထို့ကြောင့် စိတ်ကျခြင်းဝေဒနာကို လူများက အလေးပေးပြီး ကုသမှုများခံယူလာကျသည်။ ထိုသို့ ကုထုံးများတွင် တရားထိုင်ခြင်း၊ အေရိုးဗစ်ကစားခြင်းများ ပါဝင်နေသော်လည်း အလေးမခြင်းကိုမူ ကုထုံးဟု မသတ်မှတ်ခဲ့ကြပေ။ ယခုမှသာ အလေးမခြင်းသည် စိတ်ကျဝေဒနာကို သက်သာစေရုံမက နှလုံးသွေးကြောနှင့်ဆိုင်သော ရောဂါများဖြစ်နိုင်ချေနူန်းကိုပါ လျော့ချစေကြောင်း ရှာဖွေတွေ့ရှိကြောင်းသိရသည်။
အလေးမအားကစားသည် ကြွက်သားကို အားစိုက်ရသောလေ့ကျင့်ခန်းများ ပါဝင်သောကြောင့် ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်စွမ်းစေသည်ကိုတော့ လူတိုင်းသိကြသောလည်း ထိုလေ့ကျင့်ခန်းများက မွန်းကြပ်နေသော စိတ်ကို အပန်းပြေစေကာ စိတ်ဖိစီးမှုများကို လျော့ပါးစေသော ကောင်းကျိုးနောက်တစ်ခုရှိကြောင်းကိုမူ သိသူရှားပါးသေးသည်။ အလေးမလေ့ကျင့်ခန်းများလုပ်ခြင်းဖြင့် စိတ်ကျဝေဒနာများသည် သိသိသာသာလျော့ကျလာသည်ကို ခံစားရမည်ဖြစ်သည်။ ထို့ကြောင့် လူကျန်းမာရုံမက စိတ်ပါ ကျန်းမာစေသော အလေးမအားကစားကို တစ်ပတ်လျှင် အနည်းဆုံး သုံးခေါက်လောက် ပြုလုပ်ပေးခြင်းဖြင့် စိတ်ကျဝေဒနာကို ကာကွယ်ခြင်းသည် အကောင်းဆုံးလက်နက်ဖြစ်သည်။
Ref: https://www.businessinsider.com/depression-symptoms-reduced-by-strength-training-exercise-2018-5