Weekend Promotions at Prime Rib
Prime Rib မှာအပတ်စဉ်စနေနေ့တိုင်း ညနေ ၆နာရီကနေ ၉နာရီအထိ ကျပ် ၂၁၉၀၀ တည်းနဲ့ အမဲရင်ပုံသားနဲ့ဘီယာအ၀စား promotion ရှိပါတယ်။ ဘီယာမသောက်တဲ့သူတွေအတွက် soft drinks တွေလည်းရှိပါတယ်နော်။
တနင်္ဂနွေနေ့မှာတော့ ၅၀၀ဂရမ်ရှိတဲ့ Black Angus အမဲမိုးခိုသားကင်၊ အရန်ဟင်းနှစ်မျိုးနဲ့ Chateau Vircoulon Bordeaux တပုလင်းတို့ကို ကျပ် ၄၉၀၀၀နဲ့သုံးဆောင်နိုင်မှာပါ။ ကြိုတင်ဘွတ်ကင်လုပ်ထားချင်တယ်ဆိုရင်တော့ 09264655551 ကိုဆက်သွယ်လိုက်ပါ။
G13/14၊ Urban Asia Center၊ ၄၈လမ်းနှင့်မဟာဗန္ဒုလလမ်းထောင့်၊ ရန်ကုန်။
Discover Local at Mercure Yangon Kaba Aye

ဇွန်လ ၂၉ရက်နေ့ Mercure Yangon Kaba Aye မှာ မြန်မာ့ရိုးရာယဉ်ကျေးမှုလက်ရာတွေနဲ့ အစားအသောက်တွေကိုမနက် ၁၁နာရီကနေ ညနေ ၄နာရီအထိခင်းကျင်းရောင်းချသွားမှာနော့်။ မြန်မာ့ရိုးရာလက်မှုပစ္စည်းတွေမှာ စွန့်ပစ်ပစ္စည်းတွေကိုပြန်လည်သန့်စင်ပြုလုပ်ထားတဲ့လက်ရာတွေပါသလို အော်ဂဲနစ်ကုန်ကြမ်းတွေကိုအသုံးပြုဖန်တီးထားတဲ့ပစ္စည်းတွေလည်းပါပါတယ်။ ဒါကြောင့်ယဉ်ကျေးမှုလက်ရာတွေနဲ့ recycling ပညာကိုတနေရာတည်းလေ့လာချင်ရင်တော့ Mercure Yangon Kaba Aye ရဲ့ Discover Local ဟာအပျင်းလည်းပြေဗဟုသုတလည်းရစေမယ့် event လေးပါ။
မနက် ၁၁နာရီကနေ ညနေ ၄နာရီ (ဇွန် ၂၉)
၁၇၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
Fashion & Lifestyle Dinner at SEEDS

ဖက်ရှင်အသစ်အဆန်းတွေကိုစိတ်ဝင်စားတယ်၊ အစားအသောက်ကောင်းကောင်းတွေလည်း ကြိုက်တယ်ဆိုရင်တော့ ဇွန်လ ၁၅ရက်နေ့ညနေ ၆နာရီမှာကျင်းပမယ့် SEEDS Restaurant & Lounge က Fashion & Lifestyle Dinner နဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဝါရင့် Michelin Star ဆုရထားတဲ့ဆွစ်ဇာလန်နိုင်ငံသားစားဖိုမှူး Felix Eppisser ကိုယ်တိုင်ချက်ပြုတ်ထားတဲ့ ဟင်းလျာ ၄မျိုးပါတဲ့ညစာကိုစားရင်း ဒီဇိုင်နာ Sruti Dalmia ရဲ့နောက်ဆုံးပေါ်အ၀တ်အစားတွေဝတ်ဆင်ထားတဲ့ မော်ဒယ်တွေရဲ့အလှကိုကြည့်ရှုခံစားမယ်။ အ၀တ်အစားတွေကအိန္ဒိယနဲ့မြန်မာ့ရိုးရာဟန်တွေလွှမ်းမိုးနေပြီး လက်ဝတ်ရတနာတွေကိုတော့စိန်နန်းတော်ကပံ့ပိုးပေးထားပါတယ်။
ပွဲမစခင် cocktails and canapé တွေနဲ့ဧည့်ခံမှာဖြစ်ပြီး ပထမဆုံးဟင်းပွဲ White Pink မှာတော့တူနာ၊ ဆယ်မွန်၊ ကာဗီးယားငါးဥတွေပါဝင်ပြီး Riesling Domaine de Sainte Marguerite 2015 နဲ့တွဲဖက်ပေးထားပါတယ်။ ဒုတိယပွဲရဲ့ theme colour ကတော့ Orange Red ဖြစ်ပြီး scallop ကို Chardonnay 2018 နဲ့တည်ခင်းမှာပါ။ တတိယပွဲကိုတော့ Mauve Black လို့အမည်ပေးထားပြီး Wagyu Beef ဟင်းလျာကို En Passant Rouge 2015 နဲ့ပြင်ဆင်ထားပါတယ်။ နောက်ဆုံးအစာပိတ်ကတော့ Fashion on the Plate ဖြစ်ပြီး ဆွစ်ဇာလန်ချောကလက်ကိုပင်မှည့်သီး၊ သရက်သီးတွေနဲ့ဖန်တီးထားတဲ့အချိုပွဲဖြစ်ပါတယ်။
ဒီလိုဆန်းသစ်တဲ့အနောက်တိုင်းဟင်းလျာတွေနဲ့ဖက်ရှင်ရှိုးကို ၉၅ဒေါ်လာတည်းနဲ့ခံစားနိုင်ပါပြီ။
Reservation: [email protected]
SEEDS Restaurant & Lounge
No.63A, U Tun Nyein Street, Ward 10, Mayangone Township, Yangon
Burger promotion at Babett Yangon
ဇွန်နဲ့ဇူလိုင်လတွေမှာနေ့စဉ်နေ့တိုင်း Babett ရဲ့စားဖိုမှူးတွေအထူးပြုလုပ်ထားတဲ့ဘာဂါတလုံးကို အာလူးကြော်အပါအ၀င် ၁၇၀၀၀ကျပ်တည်းနဲ့ဝယ်ယူစားသုံးနိုင်မှာပါ။ ရွေးချယ်စရာဘာဂါ ၆မျိုးရှိပါတယ်။ ဒီဘာဂါတွေနဲ့တွဲဖက်စားဖို့ Onion Rings, Homemade Potato Chips, Sweet Chili Potatoes, Dried Tomatoes and Mint, Spinach Salad with Grilled Eggplant နဲ့ Zucchini Parmesan Fries တွေကိုလည်းတပွဲကို ၆၀၀၀ကျပ်နဲ့ရနိုင်ပါပြီ။ ဘာဂါနဲ့လိုက်ဖက်တဲ့သောက်စရာတွေအနေနဲ့ Dagon, Hoegaarden, Borona နဲ့ Magners Cider bucket တွေကိုလည်း တခု ၁၄၀၀၀ကျပ်နဲ့ရနိုင်မှာပါ။
HOTEL G YANGON
No. 5 Alan Pya Pagoda Street, Yangon
Stay at Sedona Hotel Yangon

နှစ်ဦးသား အမှတ်တရလေးတွေကို အတူတကွဖန်တီးဖို့အတွက် နေရာလေးရှာနေတယ်ဆိုရင်တော့ Sedona Hotel Yangon ရဲ့ အထူးအစီစဉ်လေးနဲ့ အတူ အမှတ်တရလေးတွေကို ဖန်တီးထုဆစ်နိုင်ပါပြီ။
Premier Deluxe Room မှာ တစ်ညတာတည်းခိုခွင့်နှင့်အတူ နှစ်ဦးစာအတွက် မနက်စာအပြင် D’Cuisine စားသောက်ဆိုင်တွင် မနက်နေ့လည်စာ (စနေ-တနင်္ဂနွေ)သို့မဟုတ် နေ့လည်စာ (တနင်္လာ-သောကြာ)သို့မဟုတ် ညစာဘူဖေး ပါဝင်တဲ့ Package အား USD 152 ဖြင့် ရင်ခုန်ဖွယ်ရာ အမှတ်တရလေးတွေကို ချစ်တဲ့သူနဲ့ အတူဖန်တီးနိုင်ပါပြီ။
ဘွတ်ကင် နှင့် မှာယူမှုများအတွက် [email protected] ကို အီးမေးလ်ပို့ခြင်းဖြင့်လည်းကောင်း၊ ဆီဒိုးနား ဟိုတယ် ရန်ကုန် ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျ မက်ဆင်ဂျာကို စာပို့ခြင်းဖြင့်လည်းကောင်း ဖုန်း +9518605377 သို့ ဆက်သွယ် နိုင်ပါပြီ။
No. 1 Kaba Aye Pagoda Road, Yankin Township, Yangon
Happy Father’s Day – The Four Band Live at TIPSY

Father’s Day (June 16, Sunday) မှာ The Four Band က Tipsy မှာ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ ချစ်ရတဲ့ အဖေ နဲ့ အတူ လာမယ်ဆိုရင်လည်း သူတို့ကို Tipsy ကအမှတ်တရ အနေနဲ့ Myanmar Lager Free Flow လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
7:30 PM
– 8:30 PM: Manger Family Band
8:30 PM – 10:30 PM: The Four Band
Ko Thar Nge, Patalar (guitar), Lyan Lyan (drum) တို့က The Four band အဖြစ် ပါဝင်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။
Book now for table reservations: 09971988879 I 09971988897
No.138 C, New University Avenue Road, Bahan Tsp, Yangon
Saturday Yoke Shin (စနေရုပ်ရှင်)

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ဂျပန် တွင် လစဉ် ဂျပန်ရုပ်ရှင်ကားကောင်းများကို အင်္ဂလိပ်စာတန်းထိုးဖြင့် ပြသမည်ဖြစ်သော “Saturday Yoke Shin” အစီအစဉ်၊ ဝင်ကြေးအခမဲ့ဖြစ်ပြီး မည်သူမဆိုလွတ်လပ်စွာ လာရောက်ကြည်ရှုနိုင်ပါသည်။
ဒီတစ်ပတ် Saturday Yoke Shin မှာ “Ballad” လိုခေါ်တဲ့ ရုပ်ရှင်ကားကို ပြသမှာဖြစ်ပြီး၊ ဇာတ်လမ်းအကျဉ်းကတော့ရှီနီချီ လို ခေါ်တဲ့ကောင်လေးတစ်ယောက်ဟာ (တခဲ့မအိ အခရှီ) က ထူးဆန်းတဲ့ကံကြမ္မာ အကြောင့် ၁၅၇၄ ခုနှစ်ကိုပြန်လည်ရောက်ရှိသွားပြီး၊ “နတ်ဆိုး အီဂျီရိ” လိုကျော်ကြားတဲ့ ဆာမှုရိင်းစစ်သူကြီး အိဂျီ ရိ မတဘဲရဲ့အသက်ကို တိုက်ဆိုင်စွာ ကယ်တင်မိလျက်သားဖြစ်သွားပါတယ်။
မာတာဘဲဟာ သူ့အရှင်ရဲ့ သမီးတော်လဲဖြစ်၊ ငယ်သူငယ်ချင်းလဲဖြစ်တဲ့ မင်းသမီး ရန်(အာရဂခိ ယုအိ) နဲ့ ဟာ အပြန်အလှန် မေတ္တသက်ဝင်နေတာကို ရှီနီချီ ကတွေရှိသွားပါတယ်။
ဒါပေမဲ့ မင်းသမီးရန် ရဲ့  အလှဂုဏ်သတင်းဟာကျော်ကြားလျက်ရှိတာကြောင့် တာခါတိုရ (အိုဆာဝ တခအို) လိုခေါ်တဲ့ ကြမ်းကြုတ်ပြီး၊ အင်အားကြီးမားတဲ့ နယ်စားတစ်ပါးက မင်းသမီးကို လက်ဆက်ဖို့ ကမ်းလှမ်းခဲ့တာကို ငြင်းပယ်ခဲ့တာကြောင့် ၂ ပြည်နယ်ကြားစစ်ဖြစ်ဖို့အကြောင်းဖန်လာတော့ပါတယ်။
Saturday at 2 PM – 5 PM
The Japan Foundation, Yangon
No.70 Nat Mauk Lane (1), Bahan Township, Yangon