Processed with VSCO with c1 preset
Advertisement

Weekend Promotions at Prime Rib

Prime Rib မှာအပတ်စဉ်စနေနေ့တိုင်း ညနေ ၆နာရီကနေ ၉နာရီအထိ ကျပ် ၂၁၉၀၀ တည်းနဲ့ အမဲရင်ပုံသားနဲ့ဘီယာအ၀စား promotion ရှိပါတယ်။ ဘီယာမသောက်တဲ့သူတွေအတွက် soft drinks တွေလည်းရှိပါတယ်နော်။

တနင်္ဂနွေနေ့မှာတော့ ၅၀၀ဂရမ်ရှိတဲ့ Black Angus အမဲမိုးခိုသားကင်၊ အရန်ဟင်းနှစ်မျိုးနဲ့ Chateau Vircoulon Bordeaux တပုလင်းတို့ကို ကျပ် ၄၉၀၀၀နဲ့သုံးဆောင်နိုင်မှာပါ။ ကြိုတင်ဘွတ်ကင်လုပ်ထားချင်တယ်ဆိုရင်တော့  09264655551 ကိုဆက်သွယ်လိုက်ပါ။

G13/14၊ Urban Asia Center၊ ၄၈လမ်းနှင့်မဟာဗန္ဒုလလမ်းထောင့်၊ ရန်ကုန်။

Burger promotion at Babett Yangon

Processed with VSCO with c1 preset

ဇွန်နဲ့ဇူလိုင်လတွေမှာနေ့စဉ်နေ့တိုင်း Babett ရဲ့စားဖိုမှူးတွေအထူးပြုလုပ်ထားတဲ့ဘာဂါတလုံးကို အာလူးကြော်အပါအ၀င် ၁၇၀၀၀ကျပ်တည်းနဲ့ဝယ်ယူစားသုံးနိုင်မှာပါ။ ရွေးချယ်စရာဘာဂါ ၆မျိုးရှိပါတယ်။ ဒီဘာဂါတွေနဲ့တွဲဖက်စားဖို့ Onion Rings, Homemade Potato Chips, Sweet Chili Potatoes, Dried Tomatoes and Mint, Spinach Salad with Grilled Eggplant နဲ့ Zucchini Parmesan Fries တွေကိုလည်းတပွဲကို ၆၀၀၀ကျပ်နဲ့ရနိုင်ပါပြီ။ ဘာဂါနဲ့လိုက်ဖက်တဲ့သောက်စရာတွေအနေနဲ့ Dagon, Hoegaarden, Borona နဲ့ Magners Cider bucket တွေကိုလည်း တခု ၁၄၀၀၀ကျပ်နဲ့ရနိုင်မှာပါ။

HOTEL G YANGON

No. 5 Alan Pya Pagoda Street, Yangon

Stay at Sedona Hotel Yangon

နှစ်ဦးသား အမှတ်တရလေးတွေကို အတူတကွဖန်တီးဖို့အတွက် နေရာလေးရှာနေတယ်ဆိုရင်တော့ Sedona Hotel Yangon ရဲ့ အထူးအစီစဉ်လေးနဲ့ အတူ အမှတ်တရလေးတွေကို ဖန်တီးထုဆစ်နိုင်ပါပြီ။

Premier Deluxe Room မှာ တစ်ညတာတည်းခိုခွင့်နှင့်အတူ နှစ်ဦးစာအတွက် မနက်စာအပြင် D’Cuisine စားသောက်ဆိုင်တွင် မနက်နေ့လည်စာ (စနေ-တနင်္ဂနွေ)သို့မဟုတ် နေ့လည်စာ (တနင်္လာ-သောကြာ)သို့မဟုတ် ညစာဘူဖေး ပါဝင်တဲ့ Package အား USD 152 ဖြင့် ရင်ခုန်ဖွယ်ရာ အမှတ်တရလေးတွေကို ချစ်တဲ့သူနဲ့ အတူဖန်တီးနိုင်ပါပြီ။

ဘွတ်ကင် နှင့် မှာယူမှုများအတွက် [email protected] ကို အီးမေးလ်ပို့ခြင်းဖြင့်လည်းကောင်း၊ ဆီဒိုးနား ဟိုတယ် ရန်ကုန် ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျ မက်ဆင်ဂျာကို စာပို့ခြင်းဖြင့်လည်းကောင်း ဖုန်း +9518605377 သို့ ဆက်သွယ် နိုင်ပါပြီ။

No. 1 Kaba Aye Pagoda Road, Yankin Township, Yangon

International Night Buffet

ကမ္ဘာတဝှမ်းမှ အရသာရှိသော Cuisine များကို Live Cooking Station နဲ့ သင့်ရှေ့မှောက်မှာ ချက်ပြုတ်ပေးတဲ့ အတွေ့အကြုံကို မြည်းစမ်းချင်တယ်ဆိုရင်တော့ စနေနေ့တိုင်းမှာ International Night Buffet ရှိပါတယ်။ တစ်ဦးကို ၁၈ဒေါ်လာဖြင့် ညနေ ၆း၃၀ ကနေ ည ၁၀ နာရီအထိ ညစာကိုလာရောက် သုံးဆောင်နိုင်ပါတယ်။ ကြိုတင်ဘိုကင်ကို Facebook Messenger ကနေတစ်ဆင့် ပြုလုပ်နိုင်ပါတယ်။

ဈေးနှုန်းကတော့ US$ 18 nett ကို free flow of Soft Drinks
US$ 23 nett နဲ့ free flow of Soft Drinks and Draught Beer
US$ 25 nett နဲ့ဆိုရင်တော့ free flow of Soft Drinks, Draught Beer and Wines.

Book now via facebook or call us for details @ 01650933

Fete de la Musique featuring Where is Charlie?

ကမ္ဘာ့ဂီတနေ့လို့သိကြတဲ့ Fete de la Musique ဇွန်လ ၂၂ရက်နေ့မှာ Charlie နဲ့ 7th Joint မှာကျင်းပသွားမှာပါ။ Heineken Myanmar က ပံ့ပိုးကူညီထားတဲ့ ဒီပွဲကို ဆွစ်ဇာလန်မှ နာမည်ကျော် ဂီတပညာရှင် Charlie က Rock နှင့် Blues သံစဉ်များနဲ့ဖျော်ဖြေတင်ဆက်သွားမှာမို့ လာရောက်ခံစားကြည့်လိုက်ပါ။

မိုးချုပ်အထိကဲမယ်ဆိုတဲ့ ဘော်ဒါတွေအတွက် ဖိတ်ထားတဲ့ DJ ကမြူးကြွနေတဲ့သံစဉ်တွေကို တီးခတ်ပေးသွားမှာပါ။ စောစောရောက်မယ့် ဘော်ဒါတွေအတွက် Buy 1 Get 1 FREE ပေးမယ့် Happy Hour လည်းရှိသေးတယ်နော်။

7th Joint Bar & Grill

48th Street, Mahabandula Road, Yangon
22 June 2019
8:00 pm – 1:30 am
FREE Entrance

Happiness Toy Drive Myanmar

YSEALI Women Network Myanmar မှ  ပထမဆုံးအကြိမ် ပျော်ရွှင်ခြင်းလို့ နာမည်ပေးထားတဲ့ ချို့တဲ့သော ကလေးများအတွက် အိမ်များရှိ အသုံးပြုပြီး အရုပ်များ ဇွန်လ တစ်လလုံး လိုက်လံစုဆောင်းလျက် ရှိပါတယ်။ အသစ်ဖြစ်ဖြစ် အပောာင်းဖြစ်ဖြစ် အမွှေးပွအရုပ်ကလေးများကို ရန်ကုန်မြို့တွင်း သတ်မှတ်ထားသော နေရာများမှာ လှူဒါန်းခဲ့ရုံဖြင့် YSEALI Women မှ အရုပ်များကို Project အပြီး ပြန်လည် စိစစ် လျော်ဖွတ်ပြီး ရွှေပြည်သာနှင့် လှိုင်သာယာရှိ အခမဲ့ မူလတန်းကျောင်းများနှင့် မိဘမဲ့ကလေးကျောင်းများမှာ ပြန်လည် လှူဒါန်းသွားမှာပါ ။

သွားရောက်လှူဒါန်းနိုင်သော Drop Off Points များ

Baby & Me

Phone Kyi Street Middle Block Branch (ဘုန်းကြီးလမ်း ဆိုင်ခွဲ)
Thit Sar Street Branch (သစ္စာလမ်း ဆိုင်ခွဲ)

Happy Baby

Baho Street Branch (ဗပိာုလမ်းဆိုင်ခွဲ)
Pazundaung Market Branch (ပုဇွန်တောင်ဆိုင်ခွဲ)
Kyaung Lan Bus Stop Branch (ကျောင်းလမ်းမှတ်တိုင်ဆိုင်ခွဲ)
Phone Kyi Street Middle Block Branch (ဘုန်းကြီးလမ်း ဆိုင်ခွဲ)

Sweet Child (Sayar San Road/ ဆရာစံလမ်း)

3.14 Cafe (Insein Road/အင်းစိန်လမ်း)

House Rules Cafe (Pearl Condo/ပုလဲကွန်ဒို)

Keier Group (ဆူးလေ)

Phandeeyar (ကုန်သည်လမ်း)

Momo Play

Myanmar Plaza (မြန်မာပလာဇာ)
St John City Mall (စိန့်ဂျွန်းစီးတီးမော)
Waizayandar Condo (ဝေဇယန္တာ ကွန်ဒို)

Marketplace

Myanmar Plaza (မြန်မာပလာဇာ)
6.5 Miles (၆မို်င်ခွဲ)
Dhammazedi (ဓမ္မစေတီလမ်း)

တစ်ဆိုင်ချင်းစီရဲ့ နေရာများကို သက်ဆို်င်ရာ facebook page များတွင် ဖော်ပြထားပါတယ်။ ကလေးစ္စည်း အရောင်းဆိုင်များနှင့် ချိတ်ဆက်မှု အရုပ်များ ကောက်ခံမှုများကို OAAO မှ အဓိက တာဝန်ယူ ကူညီပေးထားတာဖြစ်ပါတယ် ။

Feel free to find out the exact details in each facebook page. All babystores are supported by OAAO Distribution. (https://www.facebook.com/OAAObaby/)

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here