Advertisement

Stay at Sedona Hotel Yangon

နှစ်ဦးသား အမှတ်တရလေးတွေကို အတူတကွဖန်တီးဖို့အတွက် နေရာလေးရှာနေတယ်ဆိုရင်တော့ Sedona Hotel Yangon ရဲ့ အထူးအစီစဉ်လေးနဲ့ အတူ အမှတ်တရလေးတွေကို ဖန်တီးထုဆစ်နိုင်ပါပြီ။

Premier Deluxe Room မှာ တစ်ညတာတည်းခိုခွင့်နှင့်အတူ နှစ်ဦးစာအတွက် မနက်စာအပြင် D’Cuisine စားသောက်ဆိုင်တွင် မနက်နေ့လည်စာ (စနေ-တနင်္ဂနွေ)သို့မဟုတ် နေ့လည်စာ (တနင်္လာ-သောကြာ)သို့မဟုတ် ညစာဘူဖေး ပါဝင်တဲ့ Package အား USD 152 ဖြင့် ရင်ခုန်ဖွယ်ရာ အမှတ်တရလေးတွေကို ချစ်တဲ့သူနဲ့ အတူဖန်တီးနိုင်ပါပြီ။

ဘွတ်ကင် နှင့် မှာယူမှုများအတွက် [email protected] ကို အီးမေးလ်ပို့ခြင်းဖြင့်လည်းကောင်း၊ ဆီဒိုးနား ဟိုတယ် ရန်ကုန် ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျ မက်ဆင်ဂျာကို စာပို့ခြင်းဖြင့်လည်းကောင်း ဖုန်း +9518605377 သို့ ဆက်သွယ် နိုင်ပါပြီ။

No. 1 Kaba Aye Pagoda Road, Yankin Township, Yangon

Weekend Promotions at Prime Rib

Prime Rib မှာအပတ်စဉ်စနေနေ့တိုင်း ညနေ ၆နာရီကနေ ၉နာရီအထိ ကျပ် ၂၁၉၀၀ တည်းနဲ့ အမဲရင်ပုံသားနဲ့ဘီယာအ၀စား promotion ရှိပါတယ်။ ဘီယာမသောက်တဲ့သူတွေအတွက် soft drinks တွေလည်းရှိပါတယ်နော်။

တနင်္ဂနွေနေ့မှာတော့ ၅၀၀ဂရမ်ရှိတဲ့ Black Angus အမဲမိုးခိုသားကင်၊ အရန်ဟင်းနှစ်မျိုးနဲ့ Chateau Vircoulon Bordeaux တပုလင်းတို့ကို ကျပ် ၄၉၀၀၀နဲ့သုံးဆောင်နိုင်မှာပါ။ ကြိုတင်ဘွတ်ကင်လုပ်ထားချင်တယ်ဆိုရင်တော့  09264655551 ကိုဆက်သွယ်လိုက်ပါ။

G13/14၊ Urban Asia Center၊ ၄၈လမ်းနှင့်မဟာဗန္ဒုလလမ်းထောင့်၊ ရန်ကုန်။

Burger promotion at Babett Yangon

Processed with VSCO with c1 preset

ဇွန်နဲ့ဇူလိုင်လတွေမှာနေ့စဉ်နေ့တိုင်း Babett ရဲ့စားဖိုမှူးတွေအထူးပြုလုပ်ထားတဲ့ဘာဂါတလုံးကို အာလူးကြော်အပါအ၀င် ၁၇၀၀၀ကျပ်တည်းနဲ့ဝယ်ယူစားသုံးနိုင်မှာပါ။ ရွေးချယ်စရာဘာဂါ ၆မျိုးရှိပါတယ်။ ဒီဘာဂါတွေနဲ့တွဲဖက်စားဖို့ Onion Rings, Homemade Potato Chips, Sweet Chili Potatoes, Dried Tomatoes and Mint, Spinach Salad with Grilled Eggplant နဲ့ Zucchini Parmesan Fries တွေကိုလည်းတပွဲကို ၆၀၀၀ကျပ်နဲ့ရနိုင်ပါပြီ။ ဘာဂါနဲ့လိုက်ဖက်တဲ့သောက်စရာတွေအနေနဲ့ Dagon, Hoegaarden, Borona နဲ့ Magners Cider bucket တွေကိုလည်း တခု ၁၄၀၀၀ကျပ်နဲ့ရနိုင်မှာပါ။

HOTEL G YANGON

No. 5 Alan Pya Pagoda Street, Yangon

Discover Local

မြန်မာအစားအစာတွေကိုတစ်နေရာထဲမှာမြည်းစမ်းကြည့်ခွင့်ရမယ့် Discover Local Day မှာ handmade, recycle, organic products လေးတွေ့လဲပြသထားမှာဖြစ်လို့ ကိုယ်တိုင်ပါဝင်ခံစားဖို့ စနေနေ့ ဇွန် ၂၉ရက်နေ့ Mercure Yangon Kaba Aye ရဲ့ lobby ကိုသွားရောက်လိုက်ပါ။ အချိန်က မနက် ၁၁နာရီကနေ ညနေ ၄နာရီအထိဖြစ်ပါတယ်။ အသေးစိတ်ကို  ဖုန်း 01-650933 သို့မဟုတ် Facebook messager ကနေလည်း မေးမြန်းနိုင်ပါတယ်။

Mercure Yangon Kaba Aye
၁၇၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။

The Strangers

The Strangers ကတော့ Goethe-Institut အိုဆာကာနဲ့ ricca ricca*festa အိုကီနာဝါတို့ရဲ့ ဂျာမန်-အာရှပူးပေါင်းဆောင်ရွက်မှုပဲ ဖြစ်ပါတယ်။ ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်၊ မလေးရှားနိုင်ငံတို့က နိုင်ငံတကာအကပညာရှင်များနဲ့ ဂျာမနီနိုင်ငံက ယဉ်ကျေးမှုရေးရာပူးပေါင်းဆောင်ရွက်သူ Julia Hesse ၊ အာဂျင်တီးနား/ ဂျာမနီနိုင်ငံက ဒါရိုက်တာ Leandro Kees တို့က ပါဝင်သရုပ်ဖော်ကြမှာပါ။ ဒီဖျော်ဖြေမှုက လူဖြစ်မှုအခြေအနေကို ရိုးရိုးသားသားနဲ့ သတ္တိရှိရှိကြည့်ပြမြင်ပြထားတာပဲ ဖြစ်ပါတယ်။
ဒီပါဖောမန့်စ်ကို အာရှနေရာအတော်များများမှာ ပြသခဲ့ပြီးဖြစ်ပါတယ်။ ricca ricca*festa အိုကီနာဝါ၊ ASSITEJ ကိုရီးယားနဲ့ ထိုင်ဝမ်နိုင်ငံမှာ ကျင်းပတဲ့ Dot Go Children’s Art Festival၊ ၂၀၁၈ ခုနှစ်နွေရာသီနဲ့ ဒီနှစ်မှာတော့ အရှေ့တောင်အာရှမှာ လှည့်လည်ပြသသွားမှာ ဖြစ်ပါတယ်။

29th June 2019
11am / 3pm
Goethe-Institut Myanmar
Corner of Kabar Aye Pagoada Road and Nat Mauk Street, Bahan Township.

ပျူမြို့တော်များဆီသို့ ပန်းချီပြပွဲ Trailing the Splendor

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ ယဉ်ကျေးမှုနှင့် လူငယ်ရေးရာဖောင်ဒေးရှင်းနှင့် ပျူမြို့ဟောင်းများထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တို့ ပူးပေါင်းစီစဉ်သော ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုခြင်းခံရသည့် (၅)နှစ်ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် “ပျူမြို့တော်များဆီသို့” ပန်ချီပြပွဲကို (၂၈.၆.၂၀၁၉ မှ ၃၀.၆.၂၀၁၉) ရက်နေ့ထိ ရန်ကုန်မြို့၊ အမျိုးသားပြတိုက်၊ ဘက်စုံခန်းမတွင် နံနက် (၁၀)နာရီမှစတင်ကျင်းပမှာဖြစ်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here