Advertisement

မြောက်အိုင်ယာလန်မှာရိုက်ကူးရေးတွေစတင်နေပြီဖြစ်တဲ့ Game of Thrones prequel series နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက် ၅ချက်ကို GRR Martin က Entertainment Weekly မဂ္ဂဇင်းကိုပြောပြလိုက်ပါတယ်။ ကျနော်တို့မြင်ခဲ့ရတဲ့ Westeros ရဲ့ရှေးနှစ်ပေါင်း ၅၀၀၀လောက်ကအဖြစ်အပျက်တွေကိုရိုက်ပြမယ့်ဒီစီးရီးဟာ White Walker တွေနဲ့လူသားတွေ ပထမဆုံးအကြိမ်ထိပ်တိုက်ရင်ဆိုင်တွေ့ကြတဲ့ဖြစ်ရပ် Long Night နဲ့အဆုံးသတ်မယ်လို့သိရပါတယ်။ ဒီ prequel series နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက် ၅ချက်ကတော့…

(၁) သူတလူငါတမင်း Westeros

Westeros ကတော်ဝင်မိသားစုတွေဟာအမြဲလိုလိုစိတ်ဝမ်းကွဲနေလေ့ရှိပေမယ့် ဒီစီးရီးထဲက Westeros ကတော့ ပြည်ထောင်ပေါင်းရာနဲ့ချီကွဲပြားနေပြီးတကယ့်ကိုသူတလူငါတမင်းဖြစ်နေတဲ့အခြေအနေပါ။ ဒါကြောင့်ကျနော်တို့တွေ့ခဲ့ရတဲ့ Westeros ထက်ပိုကြမ်းတဲ့ရမ်းတဲ့ခေတ်ကိုမြင်ရနိုင်တယ်။

(၂) Stark နဲ့ direwolf

Stark အိမ်တော်ကတော့ရှိနေမှာပါ။ ဒါကသိပ်တော့မဆန်းပါဘူး။ Firstman တွေဆီကတိုက်ရိုက်ဆင်းသက်တဲ့ Stark မိသားစုနဲ့မြောက်ပိုင်းသားတွေဟာ Westeros စတင်ထွန်းကားချိန်ကတည်းကရှိခဲ့ကြတာပါ။ Bran the Builder ဆိုတဲ့သူရဲကောင်းဟာ House Stark ရဲ့ဘိုးဘေးဖြစ်ပြီး ပထမဦးဆုံးမြောက်ပိုင်းဘုရင် (King in the North) ဖြစ်ပါတယ်။ Winterfell မြို့တော်နဲ့ Wall ကိုတည်ဆောက်ခဲ့သူလည်းဖြစ်ပါတယ်။ ပြီးတော့နှင်းဝံပုလွေတွေနဲ့မွေးရှည်ဆင် (mammoth) တွေလည်းပါမယ်လို့ Martin ကဆိုတယ်။

(၃) Lannister အိမ်တော်မရှိသေး

Lannister အိမ်တော်ဆိုတာ Lann the Clever လို့ခေါ်တဲ့လူစတင်တည်ထောင်တာဖြစ်ပြီး သူ့အရင်က Casterly မိသားစုရှိခဲ့ပါတယ်။ သူတို့နေတဲ့ကျောက်ဆောင်ကိုအစွဲပြုပြီး Casterly Rock လို့အမည်တွင်တာပါ။

(၄) အဓိကဇာတ်ကောင်ရယ်လို့မရှိ

GoT နဲ့ပတ်သက်ပြီးဘယ်သူကအဓိကဇာတ်ကောင်ရယ်လို့ပြောဖို့ခက်ပါတယ်။ ဇာတ်ကောင်တွေအားလုံးဟာ ဒီဇာတ်လမ်းကိုဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြတာဖြစ်တဲ့အတွက် ဆုပေးပွဲတွေအတွက်တောင် lead actor/actress ဆိုပြီး nominate လုပ်လေ့မရှိပါဘူး။ Prequel series ဟာလည်းဒီလိုပဲဖြစ်ပါလိမ့်မယ်။

(၅) Series ခေါင်းစဉ်မတပ်ရသေး

Martin ကတော့ Long Night လို့ခေါ်ချင်ပေမယ့် HBO ကတော့ခေါင်းစဉ်မတပ်ရသေးပါဘူး။ “Longest Night လို့ပေးသင့်တယ်လို့အကြံပေးတဲ့သူတွေတော့ရှိတယ်ဗျ။ အဲ့ဒါလည်းမဆိုးပါဘူး” လို့ Martin ကပြောပါတယ်။

Prequel series မှာ Naomi Watts နဲ့ Miranda Richardson တို့လိုထင်ရှားတဲ့သရုပ်ဆောင်တွေလည်း ပါဝင်သွားမှာပါ။

တခြားသရုပ်ဆောင်တွေကိုလည်း HBO website ကရယူဖော်ပြပေးလိုက်ပါတယ်။

Richard McCabe, Marquis Rodriquez, John Heffernan, John Simm, Dixie Egerickx
Naomi Ackie, Denise Gough, Jamie Campbell Bower, Sheila Atim
Ivanno Jeremiah, Georgie Henley, Alex Sharp, Toby Regbo

GoT prequel series နဲ့ပတ်သက်တဲ့ဆောင်းပါးကို https://www.myanmoreplus.com/2019/06/westeros-in-the-past/ မှာဖတ်နိုင်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here