Super Sunday Brunch

မီလီယာရဲ့ Super Sunday Brunch ကို ဇူလိုင်လအတွက် ၇ ရက်နေ့ တစ်ရက်တည်းသာ တည်ခင်း ရောင်းချ ပေးသွားမှာ ဖြစ်ပြီး ပုံမှန်ဟင်းလျာများအပြင် အထူးအနေနဲ့ နော်ဝေးနိုင်ငံရဲ့ နာမည်ကြီး King Crab၊ အထူးအရည်အသွေးကောင်းမွန်တဲ့ သံပချုပ်ကောင်များ၊ Oyster များနဲ့ စပိန်နိုင်ငံရဲ့ ဟင်းလျာဖြစ်တဲ့ Paella ကို ကျောက်ပုဇွန်နဲ့ ချက်ပြုတ်ဆင်ပေးထားတဲ့ ဟင်းပွဲများလည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နူးညံ့သော Black Truffle မှိုနဲ့ ပြင်ဆင်ပေးထားတဲ့ Pasta၊ သြစတြေးလျ Wagyu အမဲကင်များနဲ့အတူ အခြားတန်ဖိုးကြီး ဟင်းလျာများကိုပါ တစ်နေရာတည်းမှာ သုံးဆောင်ခံစားနိုင်မှာဖြစ်လို့ လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုပါ။
Sangria, Mojito, ဝိုင်ဖြူ၊ ဝိုင်နီ၊ စပါကလင်ဝိုင်၊ ဘီယာနဲ့ အအေးမျိုးစုံကို စိတ်ကြိုက် သုံးဆောင်နိုင်မယ့် အခွင့်အရေးပါဝင်တဲ့ ဒီ Super Sunday Brunch ကို တစ်ဦးလျှင် ၅၈ ဒေါ်လာဖြင့်လာရောက်သုံးဆောင်ရင်း လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိတဲ့ အားလပ်ရက်လေးကို အဆင့်အတန်းမြင့်စွာ ဖြတ်သန်းလိုက်ပါ။
ဒီ Super Sunday Brunch ကို The Market စားသောက်ဆိုင်နဲ့အတူ Premium Distribution မှ ပူးပေါင်း စီစဉ်ထားတာဖြစ်ပါတယ်။ ကြိုတင်စာရင်းပေးသွင်းထားမှ စိတ်ချရမှာမို့ ၀၁ ၉၃၄ ၅၀၀၀ သို့ ခုပဲ ခေါ်ဆိုလိုက်ပါ။
Sunday at 11:30 AM – 3 PM
Meliá Yangon
192, Kaba Aye Pagoda Road, Bahan Township, Yangon
Lotte Wedding Show 2019

Lotte Hotel Yangon မှာ ဇူလိုင် ၆-၇အတွင်းကျင်းပမယ့် Wedding Show မှာတော့ သတို့သမီးဝတ်စုံဖက်ရှင်တွေကိုတေးဂီတဖျော်ဖြေမှုတွေနဲ့ပြသသွားမှာဖြစ်ပါတယ်။ မင်္ဂလာလက်ဝတ်လက်စားတွေကနေ ဓာတ်ပုံဗီဒီယိုရိုက်ကူးရေး၊ banking နဲ့ အလှအပရေးရာတွေကိုပါ ခင်းကျင်းပြသသွားမှာပါ။ အထူးဈေးနှုန်းတွေနဲ့ wedding package တွေကိုလည်းကြေညာပေးမှာဖြစ်ပြီး lucky draw အစီအစဉ်တွေလည်းရှိပါတယ်။
JUL6 (Sat 10:00 AM – 7:00 PM)
JUL7 (Sun 10:00 AM – 7:00 PM)
LOTTE HOTEL YANGON
No. 82, Sin Phyu Shin Avenue, Pyay Road, 6½ Mile, Ward 11, Hlaing Township, Yangon
King Of Burma Fashion Show

“King Of Burma” Brand လေးကိုစတင် မိတ်ဆက်ခြင်း အနေဖြင့် Styles for men – Fashion Show by King of Burma” ပွဲကို Lotte Hotel မှာ July 6th – 6:00pm တွင် ကျင်းပပြုလုပ်မှာပါ။ ဖက်ရှင်ကိုစိတ်ဝင်စားတဲ့အမျိုးသားတွေမတက်မဖြစ်တက်ရောက်သင့်တဲ့ပွဲလေးပါပဲ။
LOTTE HOTEL YANGON
No. 82, Sin Phyu Shin Avenue, Pyay Road, 6½ Mile, Ward 11, Hlaing Township, Yangon
Sunday Brunch at Le Planteur

အစားအစာကောင်း၊ ၀ိုင်ကောင်းကောင်း နှင့် ကော့တေး တွေ မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ဇူလိုင် ၇ ၇က်နေ့မှာ brunch set menu အသစ်နှင့် free-flow drinks ကိုစတင်မိတ်ဆက်ပါမယ်။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း၊ မနက် ၁၁း၃၀ မှ နေ့ လည် ၂း၃၀ ထိ။
Le Planteur Restaurant & Bar
80 University Avenue, Yangon.
Stay at Sedona Hotel Yangon

နှစ်ဦးသား အမှတ်တရလေးတွေကို အတူတကွဖန်တီးဖို့အတွက် နေရာလေးရှာနေတယ်ဆိုရင်တော့ Sedona Hotel Yangon ရဲ့ အထူးအစီစဉ်လေးနဲ့ အတူ အမှတ်တရလေးတွေကို ဖန်တီးထုဆစ်နိုင်ပါပြီ။
Premier Deluxe Room မှာ တစ်ညတာတည်းခိုခွင့်နှင့်အတူ နှစ်ဦးစာအတွက် မနက်စာအပြင် D’Cuisine စားသောက်ဆိုင်တွင် မနက်နေ့လည်စာ (စနေ-တနင်္ဂနွေ)သို့မဟုတ် နေ့လည်စာ (တနင်္လာ-သောကြာ)သို့မဟုတ် ညစာဘူဖေး ပါဝင်တဲ့ Package အား USD 152 ဖြင့် ရင်ခုန်ဖွယ်ရာ အမှတ်တရလေးတွေကို ချစ်တဲ့သူနဲ့ အတူဖန်တီးနိုင်ပါပြီ။
ဘွတ်ကင် နှင့် မှာယူမှုများအတွက် [email protected] ကို အီးမေးလ်ပို့ခြင်းဖြင့်လည်းကောင်း၊ ဆီဒိုးနား ဟိုတယ် ရန်ကုန် ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျ မက်ဆင်ဂျာကို စာပို့ခြင်းဖြင့်လည်းကောင်း ဖုန်း +9518605377 သို့ ဆက်သွယ် နိုင်ပါပြီ။
No. 1 Kaba Aye Pagoda Road, Yankin Township, Yangon
Hot Pot at D’Cuisine

မာလာအရသာဟင်းရည်နဲ့ မွှေးပျံ့တဲ့ကြက်ဂျင်ဆင်းဟင်းရည်တို့ကိုသုံးဆောင်ရင်း ဖိလစ်ပိုင်ကဂီတပညာရှင် Gines ရဲ့ဖျော်ဖြေမှုကိုနားဆင်ရင်း ပိတ်ရက်ကိုဖြတ်သန်းချင်တယ်ဆိုရင်တော့ Sedona Hotel Yangon က D’Cuisine မှာနေ့တိုင်း 6:30pm to 10:00pm Hot Pot တည်ခင်းဧည့်ခံနေပါပြီ။
Level 1
| Inya Wing | Sedona Hotel Yangon
No. 1 Kaba Aye Pagoda Road, Yankin Township, Yangon
Available daily | Dinner from 6:30pm to 10:00pm
Weekend Promotions at Prime Rib
Certified Angus Beef® brand Prime Raw Middle Meat Cuts, Prime Raw-Strip Steaks with thyme sprig on classic wood
Prime Rib မှာအပတ်စဉ်စနေနေ့တိုင်း ညနေ ၆နာရီကနေ ၉နာရီအထိ ကျပ် ၂၁၉၀၀ တည်းနဲ့ အမဲရင်ပုံသားနဲ့ဘီယာအ၀စား promotion ရှိပါတယ်။ ဘီယာမသောက်တဲ့သူတွေအတွက် soft drinks တွေလည်းရှိပါတယ်နော်။
တနင်္ဂနွေနေ့မှာတော့ ၅၀၀ဂရမ်ရှိတဲ့ Black Angus အမဲမိုးခိုသားကင်၊ အရန်ဟင်းနှစ်မျိုးနဲ့ Chateau Vircoulon Bordeaux တပုလင်းတို့ကို ကျပ် ၄၉၀၀၀နဲ့သုံးဆောင်နိုင်မှာပါ။ ကြိုတင်ဘွတ်ကင်လုပ်ထားချင်တယ်ဆိုရင်တော့ 09264655551 ကိုဆက်သွယ်လိုက်ပါ။
G13/14၊ Urban Asia Center၊ ၄၈လမ်းနှင့်မဟာဗန္ဒုလလမ်းထောင့်၊ ရန်ကုန်။
Burger promotion at Babett Yangon

ဇွန်နဲ့ဇူလိုင်လတွေမှာနေ့စဉ်နေ့တိုင်း Babett ရဲ့စားဖိုမှူးတွေအထူးပြုလုပ်ထားတဲ့ဘာဂါတလုံးကို အာလူးကြော်အပါအ၀င် ၁၇၀၀၀ကျပ်တည်းနဲ့ဝယ်ယူစားသုံးနိုင်မှာပါ။ ရွေးချယ်စရာဘာဂါ ၆မျိုးရှိပါတယ်။ ဒီဘာဂါတွေနဲ့တွဲဖက်စားဖို့ Onion Rings, Homemade Potato Chips, Sweet Chili Potatoes, Dried Tomatoes and Mint, Spinach Salad with Grilled Eggplant နဲ့ Zucchini Parmesan Fries တွေကိုလည်းတပွဲကို ၆၀၀၀ကျပ်နဲ့ရနိုင်ပါပြီ။ ဘာဂါနဲ့လိုက်ဖက်တဲ့သောက်စရာတွေအနေနဲ့ Dagon, Hoegaarden, Borona နဲ့ Magners Cider bucket တွေကိုလည်း တခု ၁၄၀၀၀ကျပ်နဲ့ရနိုင်မှာပါ။
HOTEL G YANGON
No. 5 Alan Pya Pagoda Street, Yangon
1st Spanish Film Festival Yangon

မြန်မာနိုင်ငံတွင်ပထမဆုံးအကြိမ် စပိန်ရုပ်ရှင်ပွဲတော်ကို ဇူလိုင်လ ၅ရက်နေ့မှ ၇ရက်နေ့အထိ ကျင်းပတော့မှာပါ။ စပိန်ဘာသာစကားကို မြန်မာနိုင်ငံတွင် စိတ်ဝင်စားမှုမြင့်တက်လာသည်နှင့်အမျှ ဤရုပ်ရှင် ပွဲတော်မှတဆင့်စပိန်ဘာသာစကား၊ ယဉ်ကျေးမှုနှင့်ဓလေ့ထုံတမ်းများကိုရင်းနှီးကျွမ်းဝင်လာစေရန်ရည်ရွယ် ပါသည်။ ရုပ်ရှင်ပွဲတော်တွင်ပြသမယ့်ရုပ်ရှင်ဇာတ်ကားများဟာစပိန်နိုင်ငံရဲ့ခေတ်ကာလအမျိုးမျိုးတွင် ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်များကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။
Friday, 5th of July
18:00 Official opening
18:15 Screening of “Chico y Rita”
Reception
Saturday, 6th of July
15:00 Screening of “La Lengua de las Mariposas”
18:30 Screening of “Pa negre”
Sunday, 7th of July
15:00 Screening of “Siete vírgenes”
18:30 Screening of “Bienvenido Mister Marshall”
Goethe-Institut Myanmar
Corner of Kabar Aye Pagoada Road and Nat Mauk Street, Bahan Tsp, Yangon.