Advertisement

Babett Goes Live X Nyo Me

ဇူလိုင် ၁၃ရက်နေ့ (စနေနေ့) မှာ ည ၉နာရီကနေ ၁၁နာရီအထိ cover singer ညိုမီကပေါ့သီချင်းအေးအေးလေးတွေနဲ့ဖျော်ဖြေသွားမှာပါ။ ဘီယာဆို ၂၅၀၀၊ ၀ိုင်ဆို ၄၅၀၀နဲ့ ကော့တေးဆို ၇၅၀၀ကနေစပြီးဝယ်ယူသုံးဆောင်နိုင်ပါတယ်။ အရသာရှိတဲ့ပြင်သစ်ဟင်းလျာတွေစားရင်း စနေနေ့ညလေးကိုဖြတ်သန်းရအောင်နော်။

Babett Yangon
5 Alan Pya Pagoda Street, Yangon

Burger promotion at Babett Yangon

ဇွန်နဲ့ဇူလိုင်လတွေမှာနေ့စဉ်နေ့တိုင်း Babett ရဲ့စားဖိုမှူးတွေအထူးပြုလုပ်ထားတဲ့ဘာဂါတလုံးကို အာလူးကြော်အပါအ၀င် ၁၇၀၀၀ကျပ်တည်းနဲ့ဝယ်ယူစားသုံးနိုင်မှာပါ။ ရွေးချယ်စရာဘာဂါ ၆မျိုးရှိပါတယ်။ ဒီဘာဂါတွေနဲ့တွဲဖက်စားဖို့ Onion Rings, Homemade Potato Chips, Sweet Chili Potatoes, Dried Tomatoes and Mint, Spinach Salad with Grilled Eggplant နဲ့ Zucchini Parmesan Fries တွေကိုလည်းတပွဲကို ၆၀၀၀ကျပ်နဲ့ရနိုင်ပါပြီ။ ဘာဂါနဲ့လိုက်ဖက်တဲ့သောက်စရာတွေအနေနဲ့ Dagon, Hoegaarden, Borona နဲ့ Magners Cider bucket တွေကိုလည်း တခု ၁၄၀၀၀ကျပ်နဲ့ရနိုင်မှာပါ။

HOTEL G YANGON
No. 5 Alan Pya Pagoda Street, Yangon

Promotions at Ember

သောကြာနေ့ကနေတနင်္ဂနွေနေ့အထိ Ember မှာ promotion တွေရှိတယ်ဆိုတာလည်းမမေ့နဲ့ဦးနော်။

သောကြာနေ့မှာဆိုရင်ညနေ ၆နာရီကနေ ၉နာရီအထိ TGIF လုပ်ကြမယ့်သူများအတွက် Myanmar Premium Beer Buy 1 Get 1 promotion ရှိပါတယ်။

စနေနေ့မှာဆိုရင်တော့ ဘီယာ ၂ပုလင်းမှာတာနဲ့ မြည်းဖို့ karaage လို့ခေါ်တဲ့ အကြော် snack တပွဲရမှာပါ။ ည ၁၀နာရီခွဲအထိနော်။

တနင်္ဂနွေနေ့ကျရင်တော့ ကျပ် ၅သောင်းဖိုးညစာစားတာနဲ့ ၂လသက်တမ်းရှိတဲ့ ၅၀၀၀ တန် voucher ကိုချီးမြှင့်သွားမှာဖြစ်ပါတယ်။

Ember Japanese Restaurant
ကမ္ဘာအေးဘုရားလမ်းနှင့်ကန်ဘဲ့လမ်းထောင့်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
09 777 178630

Stay at Sedona Hotel Yangon

နှစ်ဦးသား အမှတ်တရလေးတွေကို အတူတကွဖန်တီးဖို့အတွက် နေရာလေးရှာနေတယ်ဆိုရင်တော့ Sedona Hotel Yangon ရဲ့ အထူးအစီစဉ်လေးနဲ့ အတူ အမှတ်တရလေးတွေကို ဖန်တီးထုဆစ်နိုင်ပါပြီ။

Premier Deluxe Room မှာ တစ်ညတာတည်းခိုခွင့်နှင့်အတူ နှစ်ဦးစာအတွက် မနက်စာအပြင် D’Cuisine စားသောက်ဆိုင်တွင် မနက်နေ့လည်စာ (စနေ-တနင်္ဂနွေ)သို့မဟုတ် နေ့လည်စာ (တနင်္လာ-သောကြာ)သို့မဟုတ် ညစာဘူဖေး ပါဝင်တဲ့ Package အား USD 152 ဖြင့် ရင်ခုန်ဖွယ်ရာ အမှတ်တရလေးတွေကို ချစ်တဲ့သူနဲ့ အတူဖန်တီးနိုင်ပါပြီ။

ဘွတ်ကင် နှင့် မှာယူမှုများအတွက် [email protected] ကို အီးမေးလ်ပို့ခြင်းဖြင့်လည်းကောင်း၊ ဆီဒိုးနား ဟိုတယ် ရန်ကုန် ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျ မက်ဆင်ဂျာကို စာပို့ခြင်းဖြင့်လည်းကောင်း ဖုန်း +9518605377 သို့ ဆက်သွယ် နိုင်ပါပြီ။

No. 1 Kaba Aye Pagoda Road, Yankin Township, Yangon

Hot Pot at D’Cuisine

မာလာအရသာဟင်းရည်နဲ့ မွှေးပျံ့တဲ့ကြက်ဂျင်ဆင်းဟင်းရည်တို့ကိုသုံးဆောင်ရင်း ဖိလစ်ပိုင်ကဂီတပညာရှင် Gines ရဲ့ဖျော်ဖြေမှုကိုနားဆင်ရင်း ပိတ်ရက်ကိုဖြတ်သန်းချင်တယ်ဆိုရင်တော့ Sedona Hotel Yangon က D’Cuisine မှာနေ့တိုင်း 6:30pm to 10:00pm Hot Pot တည်ခင်းဧည့်ခံနေပါပြီ။

Level 1 | Inya Wing | Sedona Hotel Yangon
No. 1 Kaba Aye Pagoda Road, Yankin Township, Yangon

Available daily | Dinner from 6:30pm to 10:00pm

Weekend Promotions at Prime Rib

Prime Rib မှာအပတ်စဉ်စနေနေ့တိုင်း ညနေ ၆နာရီကနေ ၉နာရီအထိ ကျပ် ၂၁၉၀၀ တည်းနဲ့ အမဲရင်ပုံသားနဲ့ဘီယာအ၀စား promotion ရှိပါတယ်။ ဘီယာမသောက်တဲ့သူတွေအတွက် soft drinks တွေလည်းရှိပါတယ်နော်။

တနင်္ဂနွေနေ့မှာတော့ ၅၀၀ဂရမ်ရှိတဲ့ Black Angus အမဲမိုးခိုသားကင်၊ အရန်ဟင်းနှစ်မျိုးနဲ့ Chateau Vircoulon Bordeaux တပုလင်းတို့ကို ကျပ် ၄၉၀၀၀နဲ့သုံးဆောင်နိုင်မှာပါ။ ကြိုတင်ဘွတ်ကင်လုပ်ထားချင်တယ်ဆိုရင်တော့  09264655551 ကိုဆက်သွယ်လိုက်ပါ။

G13/14၊ Urban Asia Center၊ ၄၈လမ်းနှင့်မဟာဗန္ဒုလလမ်းထောင့်၊ ရန်ကုန်။

Bastille Day Party

ပြင်သစ်-မြန်မာ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်အမျိုးသားနေ့ပျော်ပွဲရွှင်ပွဲ – Bastille Day Party ကို ဇူလိုင်လ ၁၃ရက် စနေနေ့ ညနေ ၆နာရီခွဲမှ ၁၁နာရီခွဲအထိ The Strand Hotel Ballroom တွင်ကျင်းပမှာ ဖြစ်ပါတယ်။
ပြင်သစ်အမျိုးသားနေ့ပျော်ပွဲရွှင်ပွဲကို မည်သူမဆိုတက်ရောက်နိုင်ပြီး ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ပြင်သစ်-မြန်မာ ၂နိုင်ငံကြားက ယဉ်ကျေးမှုဖလှယ်ကြရင်း ခင်မင်ရင်းနှီးမှုများ ပိုမိုတိုးတက်စေရန်အတွက်ဖြစ်ပါတယ်။ ဒီပျော်ပွဲရွှင်ပွဲမှာတော့ The Strand က ပြင်ဆင်ပေးတဲ့ ပြင်သစ်ညစာ ဘူဖေးနှင့်အတူ ပြင်သစ်နာမည်ကျော်ဝိုင် ကိုလွံဘယ် (Colombelle) နှင့် Carlsberg Beer တို့ကို Free Flow သုံးဆောင်နိုင်ရုံသာမကဘဲ ပြင်သစ် Live Band “Where is Charlie?” ရဲ့ ဖျော်ဖြေတင်ဆက်မှုပါ ပါဝင်မှာ ဖြစ်ပါတယ်။

ပထမဆုံးကျင်းပတဲ့ ပြင်သစ်အမျိုးသားနေ့ပျော်ပွဲရွှင်ပွဲ – Bastille Day Party ကို Acteus, Luther, Total, The Strand, Carlsberg, Colombelle နှင့် ပြင်သစ်နာမည်ကျော်ယမကာ Pernod Ricard တို့က မေတ္တာဖြင့် ကူညီပံ့ပိုးပေးထားတာပါတယ်။ ယခုကျင်းပတဲ့ ပြင်သစ်အမျိုးသားနေ့ပျော်ပွဲရွှင်ပွဲက ပြင်သစ်အမျိုးသားနေ့ – ၁၄ ဇူလိုင် မတိုင်ခင် ကျင်းပတာဖြစ်ပြီး ပြင်သစ်သံရုံး၊ ပြင်သစ်ယဉ်ကျေးမှုဌာန၊ ပြင်သစ်အခမဲ့ စာစောင် Le Petit Journal Birmanie နှင့် Rangoun Accueil တို့ကလည်းကူညီပေးထားပါတယ်။ Early Bird လက်မှတ် ၁၀၀ ကို တစောင်အတွက် USD 35 နဲ့ ရောင်းချသွားမှာဖြစ်ပြီး ကျန်လက်မှတ်များကိုတော့ ပုံမှန်ဈေးနှုန်း USD 50 ဖြင့် ရောင်းချသွားမှာ ဖြစ်ပါတယ်။

လက်မှတ်များကို CCI France Myanmar Office တွင် ကိုယ်တိုင်ကိုယ်ကျ လာဝယ်နိုင်ပြီး အသေးစိတ် သိရှိလိုပါက မစုအိန္ဒာ – 09 425 450 546 သို့ဖုန်းဆက်၍လည်းကောင်း၊ [email protected] သို့ အီးမေးပေးပို့၍လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here