Promotions at Knob N’ Knockers

Enjoy happy hour prices on all our Beers from 5.00 PM – 8.00 PM
ဇူလိုင်လကုန်အထိ Knob N’ Knockers မှာနေ့စဉ်နေ့တိုင်း ညနေ ၅နာရီကနေ ၈နာရီအထိ Happy Hour အစီအစဉ်ရှိတယ်နော့်။ သင်ကြိုက်နှစ်သက်ရာဘီယာတွေကိုအောက်ပါအတိုင်းအထူးဈေးနှုန်းတွေနဲ့ရရှိနိုင်မှာပါ။
Yoma 1 Litre – 3500 MMK
Carlsberg 1 Litre – 5500 MMK
Turborg 1 Litre – 4500 MMK
Yoma Tower – 12500 MMK
Carlsberg Tower – 16500 MMK
Turborg Tower – 15000 MMK
Set Lunch Promotion Monday-Sunday
အတန်ဆုံးကတော့ ၅၅၀၀တန် set lunch ပဲဗျ။ တပတ်လုံးနေ့လယ်စာအချိန်တွေမှာရနိုင်ပြီး ဟင်းပွဲတပွဲ၊ အချိုပွဲတပွဲနဲ့ လီမွန်တီး ဒါမှမဟုတ် ကော်ဖီ သောက်စရာတခွက်ရွေးချယ်နိုင်တယ်။ မရောနိစ်အခြေခံ tartar sauce၊ အာလူးချောင်းကြော်နဲ့ငါးအသားလွှာကြော်၊ ကြက်သားပြားကင်နဲ့အာလူးထောင်း၊ မီးအေးအေးနဲ့ချက်ထားတဲ့ဆိတ်သားဟင်းနဲ့ထမင်း၊ ၀က်ပေါင်ခြောက်၊ ၀က်သားနဲ့မှိုတွေပါတဲ့ အီတာလျံ cabonara စတဲ့ဟင်းပွဲ ၄ပွဲထဲကကြိုက်နှစ်သက်ရာတပွဲရွေးချယ်နိုင်ပါတယ်။ အချိုပွဲအနေနဲ့ ပန်းသီးအစာသွပ်ကိတ်ကိုသုံးဆောင်နိုင်မှာပါ။ ပရိုမိုးရှင်းကာလကဇူလိုင်လကုန်အထိပဲမို့လို့ စောစောသွားထားဖို့တော့လိုမယ်နော်။
Friday Ladies’ Night
သောကြာနေ့တိုင်း lady တွေအတွက် ညနေ ၆နာရီက ၉နာရီအထိ ကော့တေးအခမဲ့သုံးဆောင်နိုင်မယ့် promotion ကိုဇူလိုင်လကုန်အထိပေးအပ်သွားမှာပါ။ Don’t Call Me Baby cocktail ကိုညွှန်းပါတယ်။
Saturday – Beer Buffet
စနေနေ့တိုင်း ည ၈နာရီကနေ ၁၁နာရီအထိ လူ ၂ယောက်ကိုမှ ကျပ် ၁၅၀၀၀ တည်းနဲ့ ဘီယာအ၀သောက်ဘူဖေးရှိပါတယ်။ ဇူလိုင်လကုန်အထိပဲနော်။
10% off on all food items on Sunday
ဇူလိုင် ၃၁ရက်နေ့အထိ Knob N’ Knockers မှာ တနင်္ဂနွေနေ့တနေ့လုံး food item တွေအတွက် ၁၀ရာခိုင်နှုန်း discount ရှိတယ်နော်။ ၀က်လက်၊ ၀က်နံရိုးကင်တို့ကို recommend ပေးချင်ပါတယ်။ ဂျာမနီနဲ့အီတလီအစားအသောက်တွေရတဲ့ ဒီဆိုင်လေးရဲ့ menu ကို www.knobnknockers-myanmar.com မှာကြည့်ရှုနိုင်ပါတယ်။
No.D12 မြေညီထပ်၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း ဗဟန်းမြို့နယ်၊ ရန်ကုန်။
09 699 849777
11:00 AM – 12:00 AM
Weekend/Public Holidays Brunch at Babett Yangon

Babett Yangon မှာကျပ် ၃၈၀၀၀ နဲ့ကိုယ်နှစ်သက်ရာ အသား၊ ဥ၊ နို့ထွက်ပစ္စည်း၊ ကမာကောင်တွေအပါအ၀င် အချိုပွဲတွေကိုစိတ်ကြိုက်ရွေးချယ်ပြင်ဆင်ပြီး weekend brunch သုံးဆောင်နိုင်ပါပြီ။ ကျပ် ၂၀၀၀ ထပ်ပေးရုံနဲ့ Sparkling Wine ကို free flow သောက်ခွင့်ရမှာပါ။ ဒီ brunch ကိုစနေ တနင်္ဂနွေပိတ်ရက်တွေအပါအ၀င် အများပြည်သူရုံးပိတ်ရက်တိုင်း မနက် ၁၁နာရီကနေ ၃နာရီအထိရရှိနိုင်ပါတယ်။
HOTEL G YANGON
အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။
Weekend Promotions at Prime Rib
Certified Angus Beef® brand Prime Raw Middle Meat Cuts, Prime Raw-Strip Steaks with thyme sprig on classic wood
Prime Rib မှာအပတ်စဉ်စနေနေ့တိုင်း ညနေ ၆နာရီကနေ ၉နာရီအထိ ကျပ် ၂၁၉၀၀ တည်းနဲ့ အမဲရင်ပုံသားနဲ့ဘီယာအ၀စား promotion ရှိပါတယ်။ ဘီယာမသောက်တဲ့သူတွေအတွက် soft drinks တွေလည်းရှိပါတယ်နော်။
တနင်္ဂနွေနေ့မှာတော့ ၅၀၀ဂရမ်ရှိတဲ့ Black Angus အမဲမိုးခိုသားကင်၊ အရန်ဟင်းနှစ်မျိုးနဲ့ Chateau Vircoulon Bordeaux တပုလင်းတို့ကို ကျပ် ၄၉၀၀၀နဲ့သုံးဆောင်နိုင်မှာပါ။ ကြိုတင်ဘွတ်ကင်လုပ်ထားချင်တယ်ဆိုရင်တော့ 09264655551 ကိုဆက်သွယ်လိုက်ပါ။
G13/14၊ Urban Asia Center၊ ၄၈လမ်းနှင့်မဟာဗန္ဒုလလမ်းထောင့်၊ ရန်ကုန်။
Celebrations Wedding Fair 2019

Sedona Hotel Yangon က Celebrations လို့အမည်ပေးထားတဲ့ (၅) ကြိမ်မြောက် Wedding Fair ကို ဇူလိုင်လ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဆန်းသစ်လှပတဲ့သတို့သမီးဝတ်စုံပြပွဲအပါအ၀င် တက်ရောက်လာတဲ့ဧည့်သည်တွေနဲ့ ချစ်သူစုံတွဲတွေအတွက် ပရိုမိုးရှင်း၊ လက်ဆောင်တွေနဲ့ ကံစမ်းမဲတွေပေးအပ်သွားမှာပါ။ စိတ်ဝင်စားတယ်ဆိုရင်တော့အခုပဲ reservation လုပ်လိုက်ပါနော်။
Wedding Planner: +95 9 420 271 417
Email: [email protected]
Event dates: 27 & 28 July 2019
Event timing: 10:00am to 7:00pm
Location: The Grand Ballroom, Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
Promotions at Ember

သောကြာနေ့ကနေတနင်္ဂနွေနေ့အထိ Ember မှာ promotion တွေရှိတယ်ဆိုတာလည်းမမေ့နဲ့ဦးနော်။
သောကြာနေ့မှာဆိုရင်ညနေ ၆နာရီကနေ ၉နာရီအထိ TGIF လုပ်ကြမယ့်သူများအတွက် Myanmar Premium Beer Buy 1 Get 1 promotion ရှိပါတယ်။
စနေနေ့မှာဆိုရင်တော့ ဘီယာ ၂ပုလင်းမှာတာနဲ့ မြည်းဖို့ karaage လို့ခေါ်တဲ့ အကြော် snack တပွဲရမှာပါ။ ည ၁၀နာရီခွဲအထိနော်။
တနင်္ဂနွေနေ့ကျရင်တော့ ကျပ် ၅သောင်းဖိုးညစာစားတာနဲ့ ၂လသက်တမ်းရှိတဲ့ ၅၀၀၀ တန် voucher ကိုချီးမြှင့်သွားမှာဖြစ်ပါတယ်။
Ember Japanese Restaurant
ကမ္ဘာအေးဘုရားလမ်းနှင့်ကန်ဘဲ့လမ်းထောင့်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
09 777 178630
Topps Salon

သူငယ်ချင်း/မိတ်ဆွေနှစ်ယောက် အတူတူဆံပင်အရောင်ဆိုးမယ်ဆိုရင်တော့ ၂ယောက်ကိုမှ ကျပ် ၁သိန်းပဲပေးရတဲ့ promotion ရှိပါတယ်။ ဆေးကောင်းတွေပဲသုံးတဲ့ Topps Salon ရဲ့အရည်အသွေးကြောင့်ဆံသားနဲ့ ဦးရေပြားထိခိုက်မှာကိုတော့စိတ်ပူစရာမလိုဘူးနော်။ ဇူလိုင်လ ၁လတည်းပဲရှိမှာပါ။
26/(c), R-2, န၀ဒေးလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်။
09-797 333339
ဆက်နွယ်ပေါင်းကူးမှုများ တည်ဆောက်ခြင်း

New Media Art နိုင်ငံတကာ အနုပညာပြပွဲ
ပြပွဲစီစဉ်သူ Sai Htin Linn Htet နှင့် Ushmita Sahuတို့က Emergent Art Space၊ My Yangon My Home အနုပညာအမွေအနှစ် ပွဲတော် နှင့် Turquoise Mountain တို့နှင့် ပူးပေါင်း စီစဉ်တင်ဆက်ခြင်းဖြစ်ပါတယ်။
ပြသမည့်နေ့များ – ဇူလိုင် ၁၉ မှ ၃၀ရက်နေ့အထိ။
ပြသမည့်အချိန် – မနက်၁၀နာရီမှ ညနေ ၆နာရီအထိ။
နေရာ – Old Tourist Burma အဆောက်အဦး။ မဟာဘန္ဓုလနှင့် ဆူးလေလမ်းထောင့်။ (ဆူးလေလမ်းမှ ၀င်ခဲ့ပါ)
ဝင်ကြေး အခမဲ့
ဖွင့်ပွဲကို ၁၈ရက်နေ့ညနေ ၆နာရီခွဲမှ ၈နာရီအထိကျင်းပမှာပါ။
နိုင်ငံတကာက မြို့ များစွာမှာ ကျင်းပခဲ့တဲ့ Building Bridges Exhibition ဟာ မြန်မာပြည်သို့ ရောက်ရှိလာခဲ့ပါပြီ။
Building Bridges Yangon နိုင်ငံတကာ အနုပညာပြပွဲဟာဆိုရင် အသက်၃၀ အောက် နိုင်ငံတကာနဲ့ မြန်မာနိုင်ငံက လူငယ် အနုပညာရှင်များ ဖန်တီးပုံဖော်ထားတဲ့ အနုပညာမီဒီယမ်များစွာပါဝင်သော ဆက်နွယ်ပေါင်းကူးမှုများ တည်ဆောက်ခြင်းနဲ့  သက်ဆိုင်တဲ့ ခေတ်ပြိုင်ဖန်တီးမှုများကို ပြသမည်ဖြစ်ပြီ့း  ဒီဂျစ်တယ်ဂရပ်ဖစ် အနုပညာ (digital graphic art)၊ လက်တွေ့စမ်းသပ်မှုအခြေပြု ဗီဒီယိုများ (experimental videos)၊ မာတီမီဒီယာ (Multimedia)၊ လက်တွေ့စမ်းသပ်မှုအခြေပြု အင်စတော်လေးရှင်းများ (experimental installations)၊ ဓာတ်ပုံပညာ(photography)၊ ဆူညံသံအခြေပြု အနုပညာ (experimental noise art)၊ Augmented Reality အစရှိတဲ့ အမျိုးအစားစုံလင်သော ခေတ်ပြိုင်အနုပညာလက်ရာအသစ်တွေကို အလေးပေးပြသသွားမှာဖြစ်ပါတယ်။
၁၉၀၅ ခုနှစ်က ဆောက်လုပ်ထားပြီး Turquoise Mountain က ရှေးမူမပျက် ပြန်လည်မွမ်းမံထားတဲ့ ဟိုတယ်နှင့်ခရီးသွား အဆောက်အဦးဟောင်း မှာ ကျင်းပမှာဖြစ်ပြီး လာရောက်ကြည့်ရှုအကဲဖြတ်ပေးပါရန် ဖိတ်ခေါ်လိုက်ပါတယ်။
အနုပညာရှင်များ
Aung | Aung Thu Phyo | Bay Bay |Bo Bo | Kaung Swan Thar | Khin Thethtar Latt | Noise in Yangon | Phoe Wa | Shun Wint Aung | Theé Oo Thazin | WEER
Alejandro Zertuche | Ashok Vish | Bhargav Barla | Dengke Chen | Jasmina Runevska | Kate McElroy | Nathi Khumalo | Pranay Dutta | Sarasija Subramanian | Sonam Chaturvedi | Souvik Majumdard | Tatjana Huong Hendrieckx | Vishal Kumaraswamy
ပခန်းဘား နဲ့ မြေပဲယို

မြေပဲယိုရဲ့ ဘယ်သီချင်းကို အကြိုက်ဆုံးလဲ။
“မူကြို”
“အချစ်များစွာအတွက်”
“လူကြမ်း” အများကြီးပဲ။
သိပ်ကြိုက်ခဲ့တဲ့ မြေပဲယိုသီချင်းတွေကို ပြန်နားထောင်ချင်တယ်ဆိုရင် ပခန်းဘားက ဒဲ့တင်ဆက်မယ့် “ပခန်းဘားနဲ့မြေပဲယို”
လက်မှတ်များကို ပခန်းဘားမှာ သော်လည်းကောင်း၊ 095117479, 0943095933 ကိုဆက်သွယ်မှာယူနိုင်ပါတယ်။ အချိန်မအား၍ လာရောက်မ၀ယ်ယူနိုင်ရင်ဖြင့် Delivery အဖိုးအခ ကျပ် ၂၀၀၀ ဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးပါတယ်။
နေ့ရက် – ၂၀.၇.၂၀၁၉
နေရာ – ပခန်းဘား
No.24 B မေတ္တာရိပ်မွန်အိမ်ရာ၊ သမိန်ဗရမ်းလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။
လက်မှတ် – ၁၀၀၀၀ ကျပ်
Ticket Available at Pakhan Bar
Call 095117479, 0943095933
For VIP Reservation – 0943095933
FG Live Lounge – Ni Ni Khin Zaw

မိုးရာသီ မို့ Show ပွဲ မကြည့်ရဘူးဆိုတဲ့ problem လုံးဝ မရှိတော့ဘူး
Indoor studio ထဲမှာ အကောင်းဆုံး ဖန်တီးမှုတွေ နဲ့ အကြိုက်ဆုံး အနုပညာရှင်ကို အနီးကပ်ဆုံး အားပေးနိုင်မယ့် FG Live Lounge
The Stage is Yours!
July လ 20 ရက်နေ့ မှာ ဖျော်ဖြေပေးသွားမယ့် Artist ကတော့ “Ni Ni Khin Zaw” ဖြစ်ပါတယ်
FG LIVE LOUNGE ပွဲလက်မှတ်များကို Online Sales စနစ်ဖြင့် အရေအတွက် ကန့်သတ်ရောင်းချ သွားမှာ ဖြစ်တဲ့ အတွက် အမြန်ဝယ်ထားဖို့တော့ လိုတယ်နော်
July လ 20 ရက်နေ့ အတွက် လက်မှတ် ဈေးနှုန်း ➡ ၂၀,၀၀၀ ကျပ်
တေးသံရှင် တစ်ဦးချင်းစီရဲ့ အထူးသီးသန့် ဖျော်ဖြေမှုနဲ့ အမာခံ ပရိသတ်တွေရဲ့ နွေးထွေးမှုတို့ အတူရှိမယ့် FG LIVE LOUNGE
အသေးစိတ်ကို FG LIVE LOUNGE Facebook page တွင် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Yay Kuu Amplified Broadcast Centre, ဝေဇယန္တာလမ်း၊ ရန်ကုန်။