Promotions at Ember

သောကြာနေ့ကနေတနင်္ဂနွေနေ့အထိ Ember မှာ promotion တွေရှိတယ်ဆိုတာလည်းမမေ့နဲ့ဦးနော်။
သောကြာနေ့မှာဆိုရင်ညနေ ၆နာရီကနေ ၉နာရီအထိ TGIF လုပ်ကြမယ့်သူများအတွက် Myanmar Premium Beer Buy 1 Get 1 promotion ရှိပါတယ်။
စနေနေ့မှာဆိုရင်တော့ ဘီယာ ၂ပုလင်းမှာတာနဲ့ မြည်းဖို့ karaage လို့ခေါ်တဲ့ အကြော် snack တပွဲရမှာပါ။ ည ၁၀နာရီခွဲအထိနော်။
တနင်္ဂနွေနေ့ကျရင်တော့ ကျပ် ၅သောင်းဖိုးညစာစားတာနဲ့ ၂လသက်တမ်းရှိတဲ့ ၅၀၀၀ တန် voucher ကိုချီးမြှင့်သွားမှာဖြစ်ပါတယ်။
Ember Japanese Restaurant
ကမ္ဘာအေးဘုရားလမ်းနှင့်ကန်ဘဲ့လမ်းထောင့်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
09 777 178630
Celebrations Wedding Fair 2019

Sedona Hotel Yangon က Celebrations လို့အမည်ပေးထားတဲ့ (၅) ကြိမ်မြောက် Wedding Fair ကို ဇူလိုင်လ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဆန်းသစ်လှပတဲ့သတို့သမီးဝတ်စုံပြပွဲအပါအ၀င် တက်ရောက်လာတဲ့ဧည့်သည်တွေနဲ့ ချစ်သူစုံတွဲတွေအတွက် ပရိုမိုးရှင်း၊ လက်ဆောင်တွေနဲ့ ကံစမ်းမဲတွေပေးအပ်သွားမှာပါ။ စိတ်ဝင်စားတယ်ဆိုရင်တော့အခုပဲ reservation လုပ်လိုက်ပါနော်။
Wedding Planner: +95 9 420 271 417
Email: [email protected]
Event dates: 27 & 28 July 2019
Event timing: 10:00am to 7:00pm
Location: The Grand Ballroom, Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
Promotions at Knob N’ Knockers

Enjoy happy hour prices on all our Beers from 5.00 PM – 8.00 PM
ဇူလိုင်လကုန်အထိ Knob N’ Knockers မှာနေ့စဉ်နေ့တိုင်း ညနေ ၅နာရီကနေ ၈နာရီအထိ Happy Hour အစီအစဉ်ရှိတယ်နော့်။ သင်ကြိုက်နှစ်သက်ရာဘီယာတွေကိုအောက်ပါအတိုင်းအထူးဈေးနှုန်းတွေနဲ့ရရှိနိုင်မှာပါ။
Yoma 1 Litre – 3500 MMK
Carlsberg 1 Litre – 5500 MMK
Turborg 1 Litre – 4500 MMK
Yoma Tower – 12500 MMK
Carlsberg Tower – 16500 MMK
Turborg Tower – 15000 MMK
Set Lunch Promotion Monday-Sunday
အတန်ဆုံးကတော့ ၅၅၀၀တန် set lunch ပဲဗျ။ တပတ်လုံးနေ့လယ်စာအချိန်တွေမှာရနိုင်ပြီး ဟင်းပွဲတပွဲ၊ အချိုပွဲတပွဲနဲ့ လီမွန်တီး ဒါမှမဟုတ် ကော်ဖီ သောက်စရာတခွက်ရွေးချယ်နိုင်တယ်။ မရောနိစ်အခြေခံ tartar sauce၊ အာလူးချောင်းကြော်နဲ့ငါးအသားလွှာကြော်၊ ကြက်သားပြားကင်နဲ့အာလူးထောင်း၊ မီးအေးအေးနဲ့ချက်ထားတဲ့ဆိတ်သားဟင်းနဲ့ထမင်း၊ ၀က်ပေါင်ခြောက်၊ ၀က်သားနဲ့မှိုတွေပါတဲ့ အီတာလျံ cabonara စတဲ့ဟင်းပွဲ ၄ပွဲထဲကကြိုက်နှစ်သက်ရာတပွဲရွေးချယ်နိုင်ပါတယ်။ အချိုပွဲအနေနဲ့ ပန်းသီးအစာသွပ်ကိတ်ကိုသုံးဆောင်နိုင်မှာပါ။ ပရိုမိုးရှင်းကာလကဇူလိုင်လကုန်အထိပဲမို့လို့ စောစောသွားထားဖို့တော့လိုမယ်နော်။
Friday Ladies’ Night
သောကြာနေ့တိုင်း lady တွေအတွက် ညနေ ၆နာရီက ၉နာရီအထိ ကော့တေးအခမဲ့သုံးဆောင်နိုင်မယ့် promotion ကိုဇူလိုင်လကုန်အထိပေးအပ်သွားမှာပါ။ Don’t Call Me Baby cocktail ကိုညွှန်းပါတယ်။
Saturday – Beer Buffet
စနေနေ့တိုင်း ည ၈နာရီကနေ ၁၁နာရီအထိ လူ ၂ယောက်ကိုမှ ကျပ် ၁၅၀၀၀ တည်းနဲ့ ဘီယာအ၀သောက်ဘူဖေးရှိပါတယ်။ ဇူလိုင်လကုန်အထိပဲနော်။
10% off on all food items on Sunday
ဇူလိုင် ၃၁ရက်နေ့အထိ Knob N’ Knockers မှာ တနင်္ဂနွေနေ့တနေ့လုံး food item တွေအတွက် ၁၀ရာခိုင်နှုန်း discount ရှိတယ်နော်။ ၀က်လက်၊ ၀က်နံရိုးကင်တို့ကို recommend ပေးချင်ပါတယ်။ ဂျာမနီနဲ့အီတလီအစားအသောက်တွေရတဲ့ ဒီဆိုင်လေးရဲ့ menu ကို www.knobnknockers-myanmar.com မှာကြည့်ရှုနိုင်ပါတယ်။
No.D12 မြေညီထပ်၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း ဗဟန်းမြို့နယ်၊ ရန်ကုန်။
09 699 849777
11:00 AM – 12:00 AM
Weekend Promotions at Prime Rib
Certified Angus Beef® brand Prime Raw Middle Meat Cuts, Prime Raw-Strip Steaks with thyme sprig on classic wood
Prime Rib မှာအပတ်စဉ်စနေနေ့တိုင်း ညနေ ၆နာရီကနေ ၉နာရီအထိ ကျပ် ၂၁၉၀၀ တည်းနဲ့ အမဲရင်ပုံသားနဲ့ဘီယာအ၀စား promotion ရှိပါတယ်။ ဘီယာမသောက်တဲ့သူတွေအတွက် soft drinks တွေလည်းရှိပါတယ်နော်။
တနင်္ဂနွေနေ့မှာတော့ ၅၀၀ဂရမ်ရှိတဲ့ Black Angus အမဲမိုးခိုသားကင်၊ အရန်ဟင်းနှစ်မျိုးနဲ့ Chateau Vircoulon Bordeaux တပုလင်းတို့ကို ကျပ် ၄၉၀၀၀နဲ့သုံးဆောင်နိုင်မှာပါ။ ကြိုတင်ဘွတ်ကင်လုပ်ထားချင်တယ်ဆိုရင်တော့ 09264655551 ကိုဆက်သွယ်လိုက်ပါ။
Prime Rib
G13/14၊ Urban Asia Center၊ ၄၈လမ်းနှင့်မဟာဗန္ဒုလလမ်းထောင့်၊ ရန်ကုန်။
10:30am – 11:00pm
Burger promotion at Babett Yangon

ဇွန်နဲ့ဇူလိုင်လတွေမှာနေ့စဉ်နေ့တိုင်း Babett ရဲ့စားဖိုမှူးတွေအထူးပြုလုပ်ထားတဲ့ဘာဂါတလုံးကို အာလူးကြော်အပါအ၀င် ၁၇၀၀၀ကျပ်တည်းနဲ့ဝယ်ယူစားသုံးနိုင်မှာပါ။ ရွေးချယ်စရာဘာဂါ ၆မျိုးရှိပါတယ်။ ဒီဘာဂါတွေနဲ့တွဲဖက်စားဖို့ Onion Rings, Homemade Potato Chips, Sweet Chili Potatoes, Dried Tomatoes and Mint, Spinach Salad with Grilled Eggplant နဲ့ Zucchini Parmesan Fries တွေကိုလည်းတပွဲကို ၆၀၀၀ကျပ်နဲ့ရနိုင်ပါပြီ။ ဘာဂါနဲ့လိုက်ဖက်တဲ့သောက်စရာတွေအနေနဲ့ Dagon, Hoegaarden, Borona နဲ့ Magners Cider bucket တွေကိုလည်း တခု ၁၄၀၀၀ကျပ်နဲ့ရနိုင်မှာပါ။
HOTEL G YANGON
အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။
Topps Salon

သူငယ်ချင်း/မိတ်ဆွေနှစ်ယောက် အတူတူဆံပင်အရောင်ဆိုးမယ်ဆိုရင်တော့ ၂ယောက်ကိုမှ ကျပ် ၁သိန်းပဲပေးရတဲ့ promotion ရှိပါတယ်။ ဆေးကောင်းတွေပဲသုံးတဲ့ Topps Salon ရဲ့အရည်အသွေးကြောင့်ဆံသားနဲ့ ဦးရေပြားထိခိုက်မှာကိုတော့စိတ်ပူစရာမလိုဘူးနော်။ ဇူလိုင်လ ၁လတည်းပဲရှိမှာပါ။
26/(c), R-2, န၀ဒေးလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်။
09-797 333339
Building Bridges: Artists-guided Tour

New Media Art အနုပညာပြပွဲ နောက်ကွယ်မှ အနုပညာလက်ရာများအကြောင်းနှင့် အနုပညာရှင်များအကြောင်းကို ၎င်းတို့ကိုယ်တိုင် မိနစ်၆၀ လမ်းညွှန်ပြုလုပ်ပေးမဲ့ Artist-guided tour ကို လာရောက်ဖို့ဖိတ်ခေါ်အပ်ပါတယ်။
ဒီ tour ကိုတော့ ပြပွဲကျင်းပနေတဲ့ Tourist Burma Building တွင် ဂျူလိုင်လ ၂၇ရက် (စနေနေ့) ညနေ ၄နာရီ ၄၅ မိနစ်မှာ စတင်မှာဖြစ်ပါတယ်။
ပြပွဲနှင့်ပတ်သက်ပြီး အနုပညာအကြောင်းတွေကို ဖန်တီးထားတဲ့သူတွေကိုယ်တိုင်ပြောပြတာနားထောင်ချင်တယ်ဆိုရင်တော့ MYMH Page ရဲ့ messenger ကို နာမည် နှင့် ဖုံးနံပါတ် သို့ email ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
Yangon Farmers Market #61

ပေါင်မုန့်များ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ပန်း၊ စိုက်ပျိုးပင်၊ ပျားရည်၊ ကော်ဖီ၊ လက်ဖက်ရည်၊ ဖျော်ရည် နှင့် မနက်စာအဖြစ် မြန်မာမုန့်မျိုးစုံ နှင့် အခြားနိုင်ငံတကာအစားအစာ အမျိုးအမည်များစွာ ဟာ ရန်ကုန်တောင်သူလယ်သမားဈေးရဲ့ ထုံးစံအတိုင်း မိတ်ဆွေတို့ကို ကြိုနေမှာပါ။
ဒီအပတ်မှာလည်း ကန်တော်ကြီးထဲက လှပတဲ့ ကရဝိတ်နန်းတော်ကြီးနားမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ နတ်မောက်လမ်းနဲ့ ကန်တော်ကြီး ကန်ပတ်လမ်း ၂ နေရာကနေဥယျာဉ်အတွင်းဝင်ရောက်နိုင်ပါတယ်။ ကားရပ်စရာကျယ်ဝန်းတဲ့အပြင် ကလေးများအတွက် ကစားကွင်းများလည်းရှိပါတယ်။ ဥယျာဉ်ဝင်ကြေး တယောက်ကို ၃၀၀ ကျပ်သာပေးဆောင်ရမှာဖြစ်ပါတယ်။
ဒီနေရာလေးကတော့ သင်နဲ့သင်ချစ်တဲ့မိသားစု လှပတဲ့စနေနေ့လေးတစ်ခုကို ပိုင်ဆိုင်နိုင်မှာ အမှန်ပါပဲ။
ဈေးဝယ်ထွက်ခြင်း၊ မိတ်ဆွေများနဲ့တွေ့ဆုံခြင်း တို့အပြင် အဖွဲ့အစည်းအတွက် အထောက်အပံ့ပေးရင်းနဲ့ သင့်ရဲ့  စနေ့နေ့ မနက်ခင်းအချိန်ကို အသုံးချဖို့ ပြီးပြည့်စုံတဲ့ နေရာလေး ဖြစ် မှာပါ။ လတ်ဆတ်တဲ့ မနက်စာကို လည်း ကိုယ်ချစ်တဲ့သူတွေနဲ့အတူ ပျော်ပျော်ပါးပါးသုံးဆောင်လို့လည်းရတယ်။
ပလပ်စတစ်ကင်းစင်အောင်ထိန်းသိမ်းတဲ့ ဈေးလေးဖြစ်တဲ့အတွက် မိမိပြန်လည်အသုံးပြုနိုင်တဲ့ ဈေးဝယ်တဲ့ အိတ်၊ခြင်း တို့အပြင် မုန့်များကို အိမ်သို့ ဝယ်ယူလိုသူများအတွက်လည်း ချိုင့်လေးတွေယူလာခြင်းဖြင့် ပတ်ဝန်းကျင်ကို အတူတကွ ရေရှည်တည်တံ့နိုင်ဖို့ ကူညီလာလိုက်ကြရအောင်နော်….
FG Live Lounge – Big Bag

မိုးရာသီ မို့
Show ပွဲ မကြည့်ရဘူးဆိုတဲ့ problem လုံးဝ မရှိတော့ဘူး 🤩
Indoor studio ထဲမှာ အကောင်းဆုံး ဖန်တီးမှုတွေ နဲ့ အကြိုက်ဆုံး အနုပညာရှင်ကို
အနီးကပ်ဆုံး အားပေးနိုင်မယ့် FG Live Lounge 😇
The Stage is Yours!
July လ 27 ရက်နေ့ မှာ ဖျော်ဖြေပေးသွားမယ့် Artist group ကတော့
“Big Bag” ဖြစ်ပါတယ် !
FG LIVE LOUNGE ပွဲလက်မှတ်များကို Online Sales စနစ်ဖြင့် အရေအတွက်
ကန့်သတ်ရောင်းချ သွားမှာ ဖြစ်တဲ့ အတွက် အမြန်ဝယ်ထားဖို့တော့ လိုတယ်နော် !
July လ 27 ရက်နေ့ အတွက် လက်မှတ် ဈေးနှုန်း ➡ ၂၀,၀၀၀ ကျပ်
တေးသံရှင် တစ်ဦးချင်းစီရဲ့ အထူးသီးသန့် ဖျော်ဖြေမှုနဲ့ အမာခံ ပရိသတ်တွေရဲ့ နွေးထွေးမှုတို
့အတူရှိမယ့် FG LIVE LOUNGE 🎙
>> အသေးစိတ်ကို FG LIVE LOUNGE Facebook page တွင် ဆက်သွယ်
စုံစမ်းနိုင်ပါတယ်။