Advertisement

ကမ္ဘာ့လက်ဝှေ့ချန်ပီယံအဖွဲ့အစည်း (WLC) သည် လာမည့် WLC: KING OF NINE LIMBS ပွဲတွင်ထိုးသတ်သွားမည့် ပွဲဆိုင်း (၇) ဆိုင်းကိုကြေငြာထုတ်ပြန်လိုက်ပါသည်။ ထိုပွဲတွင် ရွှေခါးပတ်လုပွဲ (၂) ပွဲပါမည်ဖြစ်ပြီး လက်ဝှေ့ကျော် ဒေဝ (Dave Leduc) နှင့် Seth Baczynski တို့မှ Crusier ဝိတ်တန်းရွှေခါးပတ်အတွက်ထိုးသတ်သွားမည်ဖြစ်သည်။ ထို့အပြင် Light Middleweight လက်ဝှေ့ချန်ပီယံ Artur Saladiak မှ သူ၏ပထမဆုံးချန်ပီယံကာကွယ်ပွဲအဖြစ် Sasha Moisaနှင့် ထိုးသတ်သွားမည်ဖြစ်ပါသည်။ 

WLC: KING OF NINE LIMBS လက်ဝှေ့ပွဲကြီးကို မန္တလေးမြို့၊ မင်္ဂလာမိုးလုံလေလုံ အားကကစားကွင်းကြီးတွင် လာမည့်သြဂုတ်လ၊ ၂ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး Canal+ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွင့်သွားမည်ဖြစ်သည်။ ထို့အပြင် UFC Fight Pass တွင်လည်း ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ လက်မှတ်များကိုဝယ်ယူလိုလျှင် majorticket.com.mm တွင်ဝယ်ယူနိုင်မည်။

ချန်ပီယံလုပွဲနှစ်ပွဲအပြင်  ဗီယက်နမ်နိုင်ငံ၏နံပါတ်တစ်အတိုက်အခိုက်သမား Nguyen Tran Duy Nhat က သူ၏တစ်ကျော့ပြန်ပွဲအဖြစ် မလေးရှားမှ Izat Zaki နှင့်ထိုးသတ်သွားမည်ဖြစ်သည်။ ထို့အပြင် မြန်မာ၏ထိပ်တန်းဖယ်လ်တာဝိတ်တန်းလက်ဝှေ့သမား မိုက်ရိုင်းမှ ထိုင်းလက်ဝှေ့သမားကို စိန်ခေါ်ထိုးသတ်သွားမည်ဖြစ်သည်။

WLC ၏အကြီးအကဲဖြစ်သူ ဦးဇေသီဟကထိုလက်ဝှေ့ပွဲကြီးနှင့်ပတ်သက်ပြီး “ကျွန်တော်တို့အနေနဲ့ နိုင်ငံပေါင်း ဆယ်နိုင်ငံကထိပ်တန်းအားကစားသမားတွေကိုခေါ်ယူပြီး ဒီလက်ဝှေ့ပွဲကို သမိုင်းတလျှောက်အခမ်းနားဆုံးဖြစ်အောင်လုပ်သွားမှာပါ။ မြန်မာနိုင်ငံက သန်းချီတဲ့လူတွေအပြင် နိုင်ငံတကာကလူတွေလည်း ဒီလို နိုင်ငံရဲ့ယဉ်ကျေးမှုကိုထင်ဟပ်နေတဲ့ ကိုယ်ခံပညာပြုင်ပွဲကိုလက်လွတ်မခံဘဲစောင့်ကြည့်ကြမှာပါ” ဟုပြောကြားသွားခဲ့သည်။

Gam Seng Maw

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here