Advertisement

သြဂုတ်လအတွင်းထွက်ရှိမယ့် Netflix ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲသစ်တွေထဲက စိတ်ဝင်စားစရာဇာတ်လမ်းတချို့ကိုညွှန်းပေးလိုက်ပါတယ်။

13 Reasons Why, Season 3 (Aug 23)

Season တိုင်းပရိသတ်အကြိုက်တွေ့ခဲ့တဲ့ 13 Reasons Why ရဲ့တတိယမြောက် season မှာ ပရိသတ်တွေအရမ်းသိချင်နေတဲ့ Season 2 ကလျှို့ဝှက်ချက်ကို ရှင်းလင်းသွားလိမ့်မယ်လို့မျှော်လင့်ရပါတယ်။ Season 2 အပြီးမှာအဓိကဇာတ်ကောင်တွေအနေနဲ့ကောလိပ်သွားတက်ကြတော့မှာဖြစ်ပြီး Season 3 မှာ Hannah Baker ပြန်ပါလာမှာမဟုတ်တော့တဲ့အကြောင်း Katherine Langford ကပြောထားတယ်။ ဒီစီးရီးကြောင့်ဆယ်ကျော်သက်အမေရိကန်တွေကိုယ့်ကိုယ်ကိုယ်သတ်သေမှုနှုန်းမြင့်မားလာရတယ်လို့ စွပ်စွဲမှုတွေကြုံခဲ့ရပေမယ့် ဇာတ်လမ်းရဲ့ရည်ရွယ်ချက်ကကျောင်းသားအချင်းချင်းအနိုင်ကျင့်မှုတွေ၊ စိတ်ဖိစီးမှုတွေအကြောင်းပြောပြချင်တာပါလို့ showrunner တွေနဲ့သရုပ်ဆောင်တွေကဆိုထားပါတယ်။ ဒီဇာတ်လမ်းတွဲလူ့အဖွဲ့အစည်းအပေါ်ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာကတော့ အချိန်ကစကားပြောသွားပါလိမ့်မယ်။

Otherhood (Aug 2)

Otherhood – Angela Bassett, Felicity Huffman, Patricia Arquette – Photo Credit: Netflix / Linda Kallerus

လူလတ်တန်းစားမိခင် ၃ဦးက New York မှာအခြေချနေတဲ့သူတို့သားတွေဆီ ကြိုတင်အကြောင်းမကြားထားဘဲ သွားနေကြပြီးဆက်ဆံရေးပြန်လည်တည်ဆောက်ဖို့ကြိုးစားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ အမေရိကန်လူနေမှုစနစ်အရ သားသမီးတွေဟာအရွယ်ရောက်လာတာနဲ့မိဘတွေနဲ့ခွဲနေကြတဲ့အတွက် ဆက်ဆံရေးအေးစက်သွားတဲ့ပြဿနာကိုမီးမောင်းထိုးပြထားတယ်။ မင်းသမီးကြီး ၃ယောက်လုံးက၀ါရင့်တွေဖြစ်သလို အတွဲကလည်းညီတဲ့အတွက် သရုပ်ဆောင်ပိုင်းကတော့စိုးရိမ်စရာမလိုဘူး။ ဇာတ်လမ်းကလည်းဟာသဇာတ်မြူးဖြစ်တဲ့အတွက်ကြည့်လို့ကောင်းမှာသေချာပါတယ်။

Dear White People, Season 3 (Aug 2)

လူချမ်းသာသားသမီးတွေပဲတက်ကြတဲ့ ကောလိပ်မှာလူဖြူလူမည်းခွဲခြားမှုဖြစ်နေတဲ့အကြောင်းကို ဖော်ထုတ်တဲ့ကျောင်းသားတစုကိုဗဟိုပြုရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲဖြစ်ပါတယ်။ Season 3 မှာတော့သူတို့အဖွဲ့အနေနဲ့ ဆက်ဆံရေးအမျိုးမျိုးကိုကြုံကြရမှာဖြစ်ပြီး လူမှုရေးပြဿနာတွေကြောင့် သူတို့ရဲ့ဘ၀ရပ်တည်မှုမှာစိန်ခေါ်မှုတွေကြုံရတဲ့အကြောင်းကြည့်ကြရမယ်။ ဇာတ်ကောင်သစ်တွေလည်း ပါဝင်လာဖို့ရှိပါတယ်။

Mindhunter, Season 2 (Aug 16)

Season 1 အပြီး ၂နှစ်လောက်ကြာမှထွက်ရှိလာတဲ့အတွက် မျှော်နေသူတွေကတော့ကျေနပ်သွားကြမှာပါ။ Serial killer တွေတွေးခေါ်စဉ်းစားပုံကိုလေ့လာရင်းအမှုတွေဖော်ထုတ်ဖို့ကြိုးစားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ဒီမှုခင်းစိတ်ပညာဟာ FBI တကယ်လက်တွေ့သုံးခဲ့တဲ့နည်းလမ်းတွေကိုအခြေခံထားတာပါ။ အခု season မှာတော့ အဓိကဇာတ်လိုက်တွေဖြစ်တဲ့ Holden Ford နဲ့ Bill Tench တို့က သူတို့ရဲ့စုံစမ်းထောက်လှမ်းရေး ပညာတွေကိုလက်တွေ့အသုံးချပြီး ကလေးတွေကိုလိုက်သတ်နေတဲ့လူသတ်ကောင်ကိုရှာဖို့ကြိုးစားရပါတယ်။ David Fincher ဦးဆောင်ရိုက်ကူးတဲ့ဇာတ်လမ်းတွဲမို့ ပထမ season လိုပဲကြည့်ကောင်းနေမယ်လို့ မျှော်လင့်ရပါတယ်။

The Dark Crystal: Age of Resistance (Aug 30)

UNIT_305.tif

Jim Henson ရဲ့ စိတ်ကူးယဉ်ကမ္ဘာ Thra ကိုတီဗီစီးရီးအဖြစ်အသက်ပြန်သွင်းထားတာပါ။ ငယ်ငယ်ကမူရင်းဇာတ်လမ်းကြည့်ဖူးတဲ့သူတွေကတော့ ငယ်ဘ၀ကိုပြန်လွမ်းသွားနိုင်တယ်။ Gelfling လေး ၃ယောက်ဟာ ရန်သူတော် Skeksis ရဲ့တန်ခိုးစွမ်းအင်တွေနောက်ကွယ်ကလျှို့ဝှက်ချက်ကိုနားလည်သွားပြီး သူတို့ကမ္ဘာလွတ်လပ်ခွင့်အတွက် တော်လှန်ရေးတခုကိုဦးဆောင်ကြတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ Helena Bonham Carter, Taron Egerton, Andy Samberg တို့လို နာမည်ကြီးသရုပ်ဆောင်တွေ အသံသရုပ်ဆောင်ပေးထားပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here