Penne for your thoughts

သြဂုတ်ကနေစက်တင်ဘာအထိ Babett Eatery & Bar မှာပါစတာ ၉မျိုးကို တပွဲလျှင် ကျပ် ၁၂၀၀၀နှုန်းဖြင့် သုံးဆောင်နိုင်ပါပြီ။ အီတာလျံပါစတာကောင်းကောင်းကိုမှစားချင်ရင်တော့ Babett ကိုသွားကြည့်ဖို့လိုပြီနော်။
HOTEL G YANGON
အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။
Celebrate the Mid-Autumn Festival at Sedona Hotel Yangon

Sedona Hotel Yangon က ချစ်သူခင်သူတွေနဲ့ဝေမျှသုံးဆောင်နိုင်တဲ့လမုန့်ပွဲတော်ကိုစတင်လိုက်ပါပြီ။ စက်တင်ဘာ ၁ရက်နေ့အထိဝယ်ယူသူတိုင်းကို လမုန့်ဘူးတဘူးလျှင် ၁၅ရာခိုင်နှုန်းလျှော့ဈေးပေးသွားမှာဖြစ်ပြီး ဘူး ၁၀၀နဲ့အထက်ဝယ်ယူသူတိုင်း ၂၀ရာခိုင်နှုန်းလျှော့ဈေးပေးသွားမှာပါ။ ဒီပွဲတော်က စက်တင်ဘာ ၁၃ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်။ အနံ့အရသာမျိုးစုံနဲ့လမုန့်တွေစားသုံးရင်း ဆောင်းဦးရာသီကိုကြိုဆိုလိုက်ရအောင်။
Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
Salmon Festival at Sushi Tei Myanmar

ဆူရှီစားရင် ဆယ်မွန်မှဆယ်မွန်ဆိုတဲ့သူတွေရှိလားမသိဘူး။ အဲ့ဒီဆိုရင်တော့ Sushi Tei ရဲ့ဆယ်မွန်ပရိုမိုးရှင်းနဲ့မိတ်ဆက်ပေးချင်ပါတယ်။ နော်ဝေကလာတဲ့ဆယ်မွန်ငါးတွေနဲ့ပြုလုပ်ထားတဲ့ ဟင်းပွဲတွေအကုန်လုံးကို သြဂုတ်လတလလုံး ၂၀ရာခိုင်နှုန်းလျှော့ဈေးပေးသွားမှာနော့်။
အမှတ် ၁၂၆၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
09 44411 5662, 01 526 526
10am to 10pm
Promotions at Knob N’ Knockers

Enjoy happy hour prices on all our Beers from 5.00 PM – 8.00 PM
သြဂုတ်လကုန်အထိ Knob N’ Knockers မှာနေ့စဉ်နေ့တိုင်း ညနေ ၅နာရီကနေ ၈နာရီအထိ Happy Hour အစီအစဉ်ရှိတယ်နော့်။ သင်ကြိုက်နှစ်သက်ရာဘီယာတွေကိုအောက်ပါအတိုင်းအထူးဈေးနှုန်းတွေနဲ့ရရှိနိုင်မှာပါ။
Yoma 1 Litre – 3500 MMK
Carlsberg 1 Litre – 5500 MMK
Tuborg 1 Litre – 4500 MMK
Yoma Tower – 12500 MMK
Carlsberg Tower – 16500 MMK
Tuborg Tower – 15000 MMK
Set Lunch Promotion Monday-Sunday
အတန်ဆုံးကတော့ ၅၅၀၀တန် set lunch ပဲဗျ။ တပတ်လုံးနေ့လယ်စာအချိန်တွေမှာရနိုင်ပြီး ဟင်းပွဲတပွဲ၊ အချိုပွဲတပွဲနဲ့ လီမွန်တီး ဒါမှမဟုတ် ကော်ဖီ သောက်စရာတခွက်ရွေးချယ်နိုင်တယ်။ မရောနိစ်အခြေခံ tartar sauce နဲ့တွဲစားရတဲ့အာလူးချောင်းကြော်နဲ့ငါးအသားလွှာကြော်၊ ကြက်သားပြားကင်နဲ့အာလူးထောင်း၊ မီးအေးအေးနဲ့ချက်ထားတဲ့ဆိတ်သားဟင်းနဲ့ရွှေဘိုဆန်နဲ့ချက်ထားတဲ့ထမင်း၊ ၀က်ပေါင်ခြောက်၊ ၀က်သားနဲ့မှိုတွေပါတဲ့ အီတာလျံ cabonara စတဲ့ဟင်းပွဲ ၄ပွဲထဲကကြိုက်နှစ်သက်ရာတပွဲရွေးချယ်နိုင်ပါတယ်။ အချိုပွဲအနေနဲ့ ပန်းသီးအစာသွပ်ကိတ်ကိုသုံးဆောင်နိုင်မှာပါ။ ပရိုမိုးရှင်းကာလကဒီလကုန်အထိပဲမို့လို့ စောစောသွားထားဖို့တော့လိုမယ်နော်။
Friday Ladies’ Night
သောကြာနေ့တိုင်း lady တွေအတွက် ညနေ ၆နာရီက ၉နာရီအထိ ကော့တေးအခမဲ့သုံးဆောင်နိုင်မယ့် promotion ကိုသြဂုတ်လကုန်အထိပေးအပ်သွားမှာပါ။ Don’t Call Me Baby cocktail ကိုညွှန်းပါတယ်။
Saturday – Beer Buffet
စနေနေ့တိုင်း ည ၈နာရီကနေ ၁၁နာရီအထိ လူ ၂ယောက်ကိုမှ ကျပ် ၁၅၀၀၀ တည်းနဲ့ ဘီယာအ၀သောက်ဘူဖေးရှိပါတယ်။ ဒီလကုန်အထိပဲနော်။
ဂျာမနီနဲ့အီတလီအစားအသောက်တွေရတဲ့ ဒီဆိုင်လေးရဲ့ menu ကို www.knobnknockers-myanmar.com မှာကြည့်ရှုနိုင်ပါတယ်။
Knob N’ Knockers
No.D12 မြေညီထပ်၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း ဗဟန်းမြို့နယ်၊ ရန်ကုန်။
09 699 849777
11:00 AM – 12:00 AM
Promotions at Ember

သောကြာနေ့ကနေတနင်္ဂနွေနေ့အထိ Ember မှာ promotion တွေရှိတယ်ဆိုတာလည်းမမေ့နဲ့ဦးနော်။
သောကြာနေ့မှာဆိုရင်ညနေ ၆နာရီကနေ ၉နာရီအထိ TGIF လုပ်ကြမယ့်သူများအတွက် Myanmar Premium Beer Buy 1 Get 1 promotion ရှိပါတယ်။
စနေနေ့မှာဆိုရင်တော့ ဘီယာ ၂ပုလင်းမှာတာနဲ့ မြည်းဖို့ karaage လို့ခေါ်တဲ့ အကြော် snack တပွဲရမှာပါ။ ည ၁၀နာရီခွဲအထိနော်။
တနင်္ဂနွေနေ့ကျရင်တော့ ကျပ် ၅သောင်းဖိုးညစာစားတာနဲ့ ၂လသက်တမ်းရှိတဲ့ ၅၀၀၀ တန် voucher ကိုချီးမြှင့်သွားမှာဖြစ်ပါတယ်။
Ember Japanese Restaurant
ကမ္ဘာအေးဘုရားလမ်းနှင့်ကန်ဘဲ့လမ်းထောင့်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
09 777 178630
12pm until late
Weekend Promotions at Prime Rib
ကြာသာပတေးနေ့
အမဲသားကြိုက်တဲ့သူတွေကတော့
ကြာသာပတေးနေ့တိုင်း ညနေ ၆နာရီကနေ ၉နာရီအထိ ကျပ် ၁၉၈၀၀
တည်းနဲ့အမဲနံရိုးကင်အ၀စားလို့ရတဲ့ promotion ကိုလက်လွှတ်မခံသင့်ပါဘူး။ Free
flow beer နဲ့ soft drinks တွေလည်းပါဦးမှာနော့်။
သောကြာနေ့
သောကြာနေ့တိုင်း ၁.၃ကီလိုဂရမ်ရှိတဲ့ Black Angus Tomahawk ကိုထင်းမီးနဲ့ချက်ထားတဲ့ဟင်းလျာ၊ အရန်ဟင်း ၂ပွဲနဲ့ Domaine Boyar Merlot တပုလင်းကို ကျပ် ၉၉၀၀၀ နဲ့ရရှိနိုင်ပြီနော်။ ကိုယ့်မိသားစု၊ အပေါင်းအသင်းတွေနဲ့ဝိုင်းဖွဲ့စားလို့သင့်လျော်ပါတယ်။
စနေနေ့
အပတ်စဉ်စနေနေ့တိုင်း ညနေ ၆နာရီကနေ ၉နာရီအထိ ကျပ် ၂၁၉၀၀ တည်းနဲ့ အမဲရင်ပုံသားနဲ့ဘီယာအ၀စား promotion ရှိပါတယ်။
တနင်္ဂနွေနေ့
တနင်္ဂနွေနေ့မှာတော့ ၅၀၀ဂရမ်ရှိတဲ့ Black Angus
အမဲမိုးခိုသားကင်၊ အရန်ဟင်းနှစ်မျိုးနဲ့ Chateau Vircoulon Bordeaux
တပုလင်းတို့ကို ကျပ် ၄၉၀၀၀နဲ့သုံးဆောင်နိုင်မှာပါ။
ဒီ promotion တွေအားလုံးအတွက်ကြိုတင်ဘွတ်ကင်လုပ်ထားချင်တယ်ဆိုရင်တော့ 09264655551 ကိုဆက်သွယ်လိုက်ပါ။
Prime Rib
G13/14၊ Urban Asia Center၊ ၄၈လမ်းနှင့်မဟာဗန္ဒုလလမ်းထောင့်၊ ရန်ကုန်။
10:30am – 11:00pm
FG Live Lounge Presented Zaw Paing

August 10 ရက်နေ့ FG Live Lounge မှာ တေးသံရှင် ” ဇော်ပိုင်” mini concert ရှိတယ်နော်😲😲
လက်မှတ်အကန့်အသတ်ရှိတာဖြစ်လို့ အခုကတည်းက ဝယ်ထားမှ စိတ်ချရမယ်နော်
The Stage is Yours!
August 10 ➡ ဇော်ပိုင်
ပွဲအချိန် ➡ ည ၆း၀၀ နာရီ
နေရာ ➡ ရေကူးစတူဒီယို (ဝေဇယန္တာလမ်းမကြီးပေါ်ရှိ Gandamar Whole Sale အနီး)
Band ➡ Lucky Hand
လက်မှတ် ဈေးနှုန်း ➡ ၁၅၀၀၀ ကျပ်
KO PHYO “My Photos of Birds” Photo Exhibition

မိမိတို့ပတ်ဝန်းကျင်တွင်ရှိသော ငှက်များနှင့် မြန်မာနိုင်ငံတ၀န်းရှိ ငှက်များစွာကို တစ်နေရာထဲတွင် ကြည့်ရှုခံစားနိုင်မည်ဖြစ်ပြီး မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Yangon Gallery ၊ နက္ခတ်တာရာပြခန်းအနီး ၊ ပြည်သူ့ရင်ပြင် ၊ အလုံလမ်း ၊ အလုံမြို့နယ် ၊ ရန်ကုန်မြို့။
မနက် ၉:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီထိ။
၉+၁၀+၁၁ ရက် ၊ သြဂုတ်၊ ၂၀၁၉။
WOMEN for Peace Music Concert

Voice Of The Youth 2019 “Bridging Divides Through Music” women-only music workshop ဆယ်ရက်တာ ပြီးဆုံးဖို့ နီးကပ်လာပါပြီ ။ ဒီ workshop မှာပါဝင်တဲ့ မြန်မာနိုင်ငံအနှံ့အပြား (ရန်ကုန်တိုင်း ၊ ရခိုင်ပြည်နယ် ၊ ရှမ်းပြည်နယ် ၊ ကချင်ပြည်နယ် ၊ မန္တလေးတိုင်း ၊ မွန်ပြည်နယ်နဲ့ ချင်းပြည်နယ်)က အမျိုးသမီး ၂၉ ယောက်ဟာလည်း ငြိမ်းချမ်းရေး ၊ လွပ်လပ်စွာထုတ်ဖော်ခွင့်နဲ့ ပိုမိုသဟဇာတဖြစ်တဲ့ လူနေမှုများစတဲ့ အကြောင်းအရာများစွာအတွက် ဂီတနဲ့ ဘယ်လို ဖန်တီးသီဆိုကြမလဲ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ် ။ ဒီပွဲလေးမှာတော့ သူတို့ကိုယ်တိုင်ရေးဖွဲ့ထားတဲ့ သီချင်းအမျိုးအစားအစုံအလင်နဲ့ workshop ဆယ်ရက်မှာ စတင်ဖွဲ့စည်းခဲ့ကြတဲ့ ဒီအမျိုးသမီး music band ခြောက်ခုဟာ live performance ပြုလုပ်သွားမှာဖြစ်ပါတယ် ။ တခြားပြည်တွင်းမှ အမျိုးသမီးအနုပညာရှင်တွေလည်း အားဖြည့်ကူညီကြမှာပါ။