Prime Rib

အပတ်စဉ် ကြာသပတေးနေ့တိုင်းမှာအမဲနံရိုး Promotion လေးရှိနေတယ်နော်။ Promotion အချိန်ကတော့ 6:00pm မှ 9:00 pm ထိဖြစ်ပါတယ်။ ပန်းသီးပင်ကထင်းနဲ့ ၉နာရီခန့် ဖြေးညှင်းစွာကင်ထားတဲ့ အမဲနံရိုး + ပဲဟင်း + အရွက်သုတ်တို့ကို ကြိုက်သလောက်စားလို့ရတဲ့အပြင် Heneiken, Kirin, Myanmar Premium စတဲ့ဘီယာ ၃မျိုးထဲက ကိုယ်ကြိုက်တာကို free flow သောက်လို့ရပါတယ်။ Beer မသောက်တဲ့သူတွေအတွက်လည်း Soft Drinks Free Flow ရနိုင်ပါတယ်။ ဘွတ်ကင်လုပ်ရန် 09 264 655 551 ကိုဆက်သွယ်ပါ။
Prime Rib
G13/14၊ Urban Asia Center၊ ၄၈လမ်းနှင့်မဟာဗန္ဒုလလမ်းထောင့်၊ ရန်ကုန်။
10:30am – 11:00pm
Tapas Frenzy at Babett Yangon!

ကြာသာပတေးနေ့တိုင်း Babett ရဲ့အမျိုးအစားစုံလင်လှတဲ့ tapas တွေထဲက ကြိုက်နှစ်သက်ရာ tapas တပွဲနဲ့ ၀ိုင်တခွက်ကို ကျပ် ၆၀၀၀ နဲ့သုံးဆောင်လို့ရပါပြီ။
Penne for your thoughts

သြဂုတ်ကနေစက်တင်ဘာအထိ Babett Eatery & Bar မှာပါစတာ ၉မျိုးကို တပွဲလျှင် ကျပ် ၁၂၀၀၀နှုန်းဖြင့် သုံးဆောင်နိုင်ပါပြီ။ အီတာလျံပါစတာကောင်းကောင်းကိုမှစားချင်ရင်တော့ Babett ကိုသွားကြည့်ဖို့လိုပြီနော်။
HOTEL G YANGON
အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။
Let’s Celebrate Sweet Autumn!

ကျပ် ၂၁၃၉၀၀ (US$ 138) တည်းနဲ့ Sedona မှာဇိမ်ရှိရှိ staycation လုပ်နိုင်မယ့်အခွင့်အရေးနော့်။ Inya Wing က Premier Room မှာတည်းခိုခွင့်၊ D’Cuisine စားသောက်ဆိုင်မှာ ဘူဖေးမနက်စာကို ၂ယောက်စာစားသုံးခွင့်တွေအပြင် check out လုပ်တဲ့အချိန်မှာလည်း လမုန့်ဘူးတဘူးကိုလက်ဆောင်အဖြစ်ပေးသွားဦးမှာပါ။
Luxury Package : US$138 or MMK 213,900
Deluxe Package : US$128 or MMK 198,400
ပါဝင်သောဝန်ဆောင်မှုများ
- D’Cuisine စားသောက်ဆိုင်မှာ ဘူဖေးမနက်စာကို ၂ယောက်စာစားသုံးခွင့် (၆နှစ်အောက်ကလေးတွေဆိုရင် ၂ယောက်အထိအခမဲ့သုံးဆောင်နိုင်ပါတယ်)
- Luxury Package မှာဆိုရင် ကိုယ့်စိတ်ကြိုက်လမုန့်ပြုလုပ်ခွင့်၊ Deluxe Package မှာဆိုရင်တော့ ရှိပြီးသားလမုန့်အရသာ ၆မျိုးထဲကကိုယ်ကြိုက်တဲ့အရသာကိုရွေးချယ်ခွင့်
- Wi-Fi
- ရေကူးကန်သုံးစွဲခွင့်
- တနေ့ ၃ထည်အထိအ၀တ်လျှော်ဖွတ်ပေးမယ့်ဝန်ဆောင်မှု
- အခန်းတွင်းကဘားအသုံးပြုခွင့်
စည်းမျဉ်းစည်းကမ်းများ
- ဒီ promotion ဟာ စက်တင်ဘာ ၁၂ရက်နေ့အထိဖြစ်ပါတယ်
- ၁ ညအနည်းဆုံးတည်းခိုရပါမယ်
- ဈေးနှုန်းထဲတွင်ဝန်ဆောင်ခ ၁၀ရာခိုင်နှုန်းနဲ့ အခွန် ၅ရာခိုင်နှုန်းပါဝင်ပြီးဖြစ်ပါတယ်
- ၃ နာရီအထိ Early Check-in & Late Check-out ရပါတယ်
- ကြိုတင်ဘွတ်ကင်လုပ်ထားဖို့လိုပါတယ်
- လမုန့်ဘူးကူပွန်ကို check in လုပ်တဲ့အချိန်မှာထုတ်ပေးသွားမှာဖြစ်ပြီး ဧည့်သည်တွေအနေနဲ့၎င်းတို့တည်းခိုနေစဉ်အတွင်း စိတ်ကြိုက်လမုန့်တွေရွေးလို့ရပါတယ်
- လက်ဆောင်ပစ္စည်းထုတ်ယူတဲ့အခါမှာ front desk ကိုအသိပေးပါ
- ကူပွန်အားတခြားသူထံလွှဲပြောင်းခွင့်မရှိပါ၊ ငွေကြေးအဖြစ်ပြောင်းလဲပေးမှာမဟုတ်ပါ၊ တခြားသော promotion များနှင့်ပူးတွဲခံစားခွင့်မရှိပါ
Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
Salmon Festival at Sushi Tei Myanmar

ဆူရှီစားရင် ဆယ်မွန်မှဆယ်မွန်ဆိုတဲ့သူတွေရှိလားမသိဘူး။ အဲ့ဒီဆိုရင်တော့ Sushi Tei ရဲ့ဆယ်မွန်ပရိုမိုးရှင်းနဲ့မိတ်ဆက်ပေးချင်ပါတယ်။ နော်ဝေကလာတဲ့ဆယ်မွန်ငါးတွေနဲ့ပြုလုပ်ထားတဲ့ ဟင်းပွဲတွေအကုန်လုံးကို သြဂုတ်လတလလုံး ၂၀ရာခိုင်နှုန်းလျှော့ဈေးပေးသွားမှာနော့်။
အမှတ် ၁၂၆၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
09 44411 5662, 01 526 526
10am to 10pm
Promotions at Knob N’ Knockers

Enjoy happy hour prices on all our Beers from 5.00 PM – 8.00 PM
သြဂုတ်လကုန်အထိ Knob N’ Knockers မှာနေ့စဉ်နေ့တိုင်း ညနေ ၅နာရီကနေ ၈နာရီအထိ Happy Hour အစီအစဉ်ရှိတယ်နော့်။ သင်ကြိုက်နှစ်သက်ရာဘီယာတွေကိုအောက်ပါအတိုင်းအထူးဈေးနှုန်းတွေနဲ့ရရှိနိုင်မှာပါ။
Yoma 1 Litre – 3500 MMK
Carlsberg 1 Litre – 5500 MMK
Tuborg 1 Litre – 4500 MMK
Yoma Tower – 12500 MMK
Carlsberg Tower – 16500 MMK
Tuborg Tower – 15000 MMK
Set Lunch Promotion Monday-Sunday
အတန်ဆုံးကတော့ ၅၅၀၀တန် set lunch ပဲဗျ။ တပတ်လုံးနေ့လယ်စာအချိန်တွေမှာရနိုင်ပြီး ဟင်းပွဲတပွဲ၊ အချိုပွဲတပွဲနဲ့ လီမွန်တီး ဒါမှမဟုတ် ကော်ဖီ သောက်စရာတခွက်ရွေးချယ်နိုင်တယ်။ မရောနိစ်အခြေခံ tartar sauce နဲ့တွဲစားရတဲ့အာလူးချောင်းကြော်နဲ့ငါးအသားလွှာကြော်၊ ကြက်သားပြားကင်နဲ့အာလူးထောင်း၊ မီးအေးအေးနဲ့ချက်ထားတဲ့ဆိတ်သားဟင်းနဲ့ရွှေဘိုဆန်နဲ့ချက်ထားတဲ့ထမင်း၊ ၀က်ပေါင်ခြောက်၊ ၀က်သားနဲ့မှိုတွေပါတဲ့ အီတာလျံ cabonara စတဲ့ဟင်းပွဲ ၄ပွဲထဲကကြိုက်နှစ်သက်ရာတပွဲရွေးချယ်နိုင်ပါတယ်။ အချိုပွဲအနေနဲ့ ပန်းသီးအစာသွပ်ကိတ်ကိုသုံးဆောင်နိုင်မှာပါ။ ပရိုမိုးရှင်းကာလကဒီလကုန်အထိပဲမို့လို့ စောစောသွားထားဖို့တော့လိုမယ်နော်။
Friday Ladies’ Night
သောကြာနေ့တိုင်း lady တွေအတွက် ညနေ ၆နာရီက ၉နာရီအထိ ကော့တေးအခမဲ့သုံးဆောင်နိုင်မယ့် promotion ကိုသြဂုတ်လကုန်အထိပေးအပ်သွားမှာပါ။ Don’t Call Me Baby cocktail ကိုညွှန်းပါတယ်။
Saturday – Beer Buffet
စနေနေ့တိုင်း ည ၈နာရီကနေ ၁၁နာရီအထိ လူ ၂ယောက်ကိုမှ ကျပ် ၁၅၀၀၀ တည်းနဲ့ ဘီယာအ၀သောက်ဘူဖေးရှိပါတယ်။ ဒီလကုန်အထိပဲနော်။
ဂျာမနီနဲ့အီတလီအစားအသောက်တွေရတဲ့ ဒီဆိုင်လေးရဲ့ menu ကို www.knobnknockers-myanmar.com မှာကြည့်ရှုနိုင်ပါတယ်။
Knob N’ Knockers
No.D12 မြေညီထပ်၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း ဗဟန်းမြို့နယ်၊ ရန်ကုန်။
09 699 849777
11:00 AM – 12:00 AM
Promotions at Ember

သောကြာနေ့ကနေတနင်္ဂနွေနေ့အထိ Ember မှာ promotion တွေရှိတယ်ဆိုတာလည်းမမေ့နဲ့ဦးနော်။
သောကြာနေ့မှာဆိုရင်ညနေ ၆နာရီကနေ ၉နာရီအထိ TGIF လုပ်ကြမယ့်သူများအတွက် Myanmar Premium Beer Buy 1 Get 1 promotion ရှိပါတယ်။
စနေနေ့မှာဆိုရင်တော့ ဘီယာ ၂ပုလင်းမှာတာနဲ့ မြည်းဖို့ karaage လို့ခေါ်တဲ့ အကြော် snack တပွဲရမှာပါ။ ည ၁၀နာရီခွဲအထိနော်။
တနင်္ဂနွေနေ့ကျရင်တော့ ကျပ် ၅သောင်းဖိုးညစာစားတာနဲ့ ၂လသက်တမ်းရှိတဲ့ ၅၀၀၀ တန် voucher ကိုချီးမြှင့်သွားမှာဖြစ်ပါတယ်။
Ember Japanese Restaurant
ကမ္ဘာအေးဘုရားလမ်းနှင့်ကန်ဘဲ့လမ်းထောင့်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
09 777 178630
12pm until late
Saturday Yoke Shin

ဂျပန်ဖောင်ဒေးရှင်းတွင် လစဉ် စနေနေ့တိုင်း ဂျပန်ရုပ်ရှင်ကားကောင်းများကို ပြသလျက်ရှိသည့် Saturday Yoke Shin အစီအစဉ်ကို ပြုလုပ်လျက်ရှိပါသည်။ သြဂုတ်လ၏ Saturday Yoke Shin အတွက် ရွေးချယ်ထားသည့် ဇာတ်ကားကတော့ “Mameshiba” ဖြစ်ပြီး သြဂုတ်လ ၁၇ ရက်နေ့ နေ့လယ် ၂ နာရီတွင် ပြသသွားမည်ဖြစ်ပါသည်။
Mameshiba ဇာတ်ကားသည် အိမ်မှထွက်ပြေးသွားသော အမေကို အသတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် နှစ်လသားအရွယ်ခွေးပေါက်လေးတစ်ကောင်တို့ လိုက်ရှာကြပုံကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ ဇာတ်ကားတွင် တီဗွီ ဒရမ်မာ၊ ရုပ်ရှင်နှင့် ပြဇာတ်များတွင် အကြိမ်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသော နာမည်ရ အနုပညာရှင်များစွာပါဝင်ထားသည်။
တစ်နေ့တွင် အသက် ၃၅ နှစ်အရွယ်ရှိပြီး အလုပ်လက်မဲ့ အိမ်ထဲအိမ်ပြင် တစ်ခါမှ မထွက်ပဲ အိမ်ထဲမှာပဲနေလေ့ရှိသော ဆတိုဂျိရို သည် အိချိရော အမည်ရှိသော အနီရောင်လည်စည်းကို ပတ်ထားသည့် မမဲရှိဘ အမျိုးအစား ဂျပန်ခွေးလေးတစ်ကောင်နှင့်တွေ့ဆုံခဲ့သည်။ အိချိရောခွေး ကလေးသည် အိမ်မှထွက်ပြေးသွားသော ဆတိုဂျိရိုအမေက သူကို လိုက်ရှာရန် လွှတ်လိုက်သော တစ်ခုတည်းသော သဲလွန်စဖြစ်မှန်းသိလိုက်ရချိန်တွင် သူ၏အမေကို လိုက်ရှာရန်အတွက် အပြင်တစ်ခါမှမထွက်ဖူးသော ဂျိရိုသည် ပြင်ပလောကသို့ ထွက်ခွာရပါတော့သည်။
The Japan Foundation (Yangon)
အမှတ် (၇၀)၊ နတ်မောက်လမ်းသွယ်-၁၊ ဗဟန်းမြို့နယ်။
The Hook Up. Launch Party

The Hook Up အခွေသည် Hip Hop/R&B အခွေဖြစ်ပြီး နိုင်ငံတကာအဆင့်မှီ သီချင်းများနှင့် မြန်မာအဆိုတော်များပါဝင်သော အခွေဖြစ်ပါတယ်။
ဒီအခွေမှာ FullStop မှ စီစဉ်တင်ဆက်ပြီး ပါဝင်တဲ့ အနုပညာရှင်များကတော့ Kyek Pha, G-Tone, X-Box, Lil Z, Ye Naung, N Zai, Zi Wa, Ba Htoo, No U Turn, Jimmy Jacob, Doublej Ft, Myat Amara Maung, NJ, RB2, Floke Rose, Thatee, Mikis, Yung Hugo, Min Thant နဲ့  Su Hlaing တို့ဖြစ်ပါတယ်.
ဒီအခွေကို JOOX မှ ပြည်တွင်းသို့လည်းကောင်း၊ Universal Music Group မှ တစ်ကမ္ဘာလုံးသို့ လည်းကောင်းကြော်ငြာပေးသွားမှာဖြစ်ပါတယ်။ Launch Party ကို August လ မှာကျင်းပသွားမှာဖြစ်ပြီး ၂ပတ်နေတစ်ပုဒ်နှုန်းဖြင့် October လ အထိ ထုတ်လွှင့်သွားမှာဖြစ်ပြီး Release Party ကို August လ ၁၇ရက်နေ့ နေ့လယ် ဝါးတန်း ဆိပ်ကမ်းမှာ ကျင်းပသွားမှာပါ။ အသေးစိတ်သိရှိလိုပါက FullStop Facebook Page နှင့် JOOX Myanmar Facebook Page မှာ ကြည့်ရှုနိုင်ပါတယ်။
Sunday Branch at Melia Yangon

မီလီယာရဲ့ Sunday Brunch မှာ Serrano ၀က်ပေါင်သား၊ ငန်းအသည်း၊ ပင်လယ်စာအမျိုးမျိုးနဲ့ စုံလင်လှတဲ့အချိုပွဲတွေကိုသုံးဆောင်နိုင်မှာဖြစ်ပါတယ်။ Sangria, Mojito, ဝိုင်ဖြူ၊ ဝိုင်နီနဲ့အအေးမျိုးစုံကိုပါ free flow ရနိုင်မယ့် ဒီ Sunday Brunch ကို တစ်ဦးလျှင် ၄၈ဒေါ်လာနဲ့သုံးဆောင်နိုင်ပါပြီ။
Meliá Yangon
အမှတ် (၁၉၂)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။