Promotions at Babett Yangon
Penne for your thoughts
သြဂုတ်ကနေစက်တင်ဘာအထိ Babett Eatery & Bar မှာပါစတာ ၉မျိုးကို တပွဲလျှင် ကျပ် ၁၂၀၀၀နှုန်းဖြင့် သုံးဆောင်နိုင်ပါပြီ။ အီတာလျံပါစတာကောင်းကောင်းကိုမှစားချင်ရင်တော့ Babett ကိုသွားကြည့်ဖို့လိုပြီနော်။
Tapas Frenzy at Babett Yangon!
ကြာသာပတေးနေ့တိုင်း Babett ရဲ့အမျိုးအစားစုံလင်လှတဲ့ tapas တွေထဲက ကြိုက်နှစ်သက်ရာ tapas တပွဲနဲ့ ၀ိုင်တခွက်ကို ကျပ် ၆၀၀၀ နဲ့သုံးဆောင်လို့ရပါပြီ။
Babett Goes Live x Lynn Khat
The Voice Myanmar မှာယှဉ်ပြိုင်ခဲ့ဖူးတဲ့ လင်းခတ်ရဲ့ live ဖျော်ဖြေမှုကို စနေနေ့ (သြဂုတ် ၂၄) မှာရှုစားနိုင်ပါပြီ။
🍷 from only 4,500 MMK
🍺 from 2,500 MMK
🍸 from 7,500 MMK တို့နဲ့လည်းဝိုင်၊ ဘီယာ၊ ကော့တေးတွေကိုတခွက်စီဝယ်ယူအားပေးနိုင်ပါတယ်။
Show starts from 9pm to 11pm
Kitchen closes at 11pm
HOTEL G YANGON
အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။
Prime Rib

ဒီနေ့ (Aug 22) မှာ Where is Charlie? တီးဝိုင်းရဲ့ဖျော်ဖြေပွဲကိုနားထောင်ရင်း အမဲသား၊ ကြက်သားနဲ့ သိုးသားကင်တွေကို တချောင်း ၁၅၀၀တည်းနဲ့သုံးဆောင်နိုင်ပါပြီ။ ရိုမေးနီးယား၊ ကယ်လီဖိုးနီးယားနဲ့ပြင်သစ်က ၀ိုင်နီနဲ့ ၀ိုင်ဖြူတွေကိုလည်း တခွက် ၃၅၀၀နဲ့ရနိုင်တယ်နော်။ ဖျော်ဖြေပွဲက ဒီနေ့ညနေ ၇နာရီခွဲမှာစမှာဖြစ်ပါတယ်။
ကြာသာပတေးနေ့
အပတ်စဉ် ကြာသပတေးနေ့တိုင်းမှာအမဲနံရိုး Promotion လေးရှိနေတယ်နော်။ Promotion အချိန်ကတော့ 6:00pm မှ 9:00 pm ထိဖြစ်ပါတယ်။ ပန်းသီးပင်ကထင်းနဲ့ ၉နာရီခန့် ဖြေးညှင်းစွာကင်ထားတဲ့ အမဲနံရိုး + ပဲဟင်း + အရွက်သုပ်တို့ကို ကျပ် ၂၂၈၀၀ + (Gov Tax 5% + Service Charges 5%) နဲ့ ကြိုက်သလောက်စားလို့ရတဲ့အပြင် Heneiken, Kirin, Myanmar Premium စတဲ့ဘီယာ ၃မျိုးထဲက ကိုယ်ကြိုက်တာကို free flow သောက်လို့ရပါတယ်။ Beer မသောက်တဲ့သူတွေအတွက်လည်း Soft Drinks Free Flow ရနိုင်ပါတယ်။
သောကြာနေ့
သောကြာနေ့တိုင်း ၁.၃ကီလိုဂရမ်ရှိတဲ့ Black Angus Tomahawk ကိုထင်းမီးနဲ့ချက်ထားတဲ့ဟင်းလျာ၊ အရန်ဟင်း ၂ပွဲနဲ့ Domaine Boyar Merlot တပုလင်းကို ကျပ် ၉၉၀၀၀ နဲ့ရရှိနိုင်ပြီနော်။ ကိုယ့်မိသားစု၊ အပေါင်းအသင်းတွေနဲ့ဝိုင်းဖွဲ့စားလို့သင့်လျော်ပါတယ်။
စနေနေ့
စနေနေ့တိုင်း ညနေ ၆နာရီကနေ ၉နာရီအထိ ကျပ်၂၅၀၀၀ + (Gov Tax 5% + Service Charges 5%) တည်းနဲ့ အမဲရင်လူးသား၊ ပဲဟင်း + အရွက်သုပ်တို့ကို ကြိုက်သလောက်စားလို့ရတဲ့အပြင် Heneiken, Kirin, Myanmar Premium စတဲ့ဘီယာ ၃မျိုးထဲက ကိုယ်ကြိုက်တာကို free flow သောက်လို့ရပါတယ်။ Beer မသောက်တဲ့သူတွေအတွက်လည်း Soft Drinks Free Flow ရနိုင်ပါတယ်။
တနင်္ဂနွေနေ့
New York Striploin 250g ၂ပွဲ အရံဟင်း ၂မျိုး Red Wine ၁လုံးကိုမှ စုစုပေါင်း ၄၉၀၀၀ကျပ် + (Gov Tax 5%+ Service Charges 5%) တည်းနဲ့သုံးဆောင်နိုင်မှာပါ။
ဒီ promotion တွေအားလုံးအတွက်ကြိုတင်ဘွတ်ကင်လုပ်ထားချင်တယ်ဆိုရင်တော့ 09264655551 ကိုဆက်သွယ်လိုက်ပါ။
Salmon Festival at Sushi Tei Myanmar

ဆူရှီစားရင် ဆယ်မွန်မှဆယ်မွန်ဆိုတဲ့သူတွေရှိလားမသိဘူး။ အဲ့ဒီဆိုရင်တော့ Sushi Tei ရဲ့ဆယ်မွန်ပရိုမိုးရှင်းနဲ့မိတ်ဆက်ပေးချင်ပါတယ်။ နော်ဝေကလာတဲ့ဆယ်မွန်ငါးတွေနဲ့ပြုလုပ်ထားတဲ့ ဟင်းပွဲတွေအကုန်လုံးကို သြဂုတ်လတလလုံး ၂၀ရာခိုင်နှုန်းလျှော့ဈေးပေးသွားမှာနော့်။
အမှတ် ၁၂၆၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
09 44411 5662, 01 526 526
10am to 10pm
Promotions at Knob N’ Knockers

Enjoy happy hour prices on all our Beers from 5.00 PM – 8.00 PM
သြဂုတ်လကုန်အထိ Knob N’ Knockers မှာနေ့စဉ်နေ့တိုင်း ညနေ ၅နာရီကနေ ၈နာရီအထိ Happy Hour အစီအစဉ်ရှိတယ်နော့်။ သင်ကြိုက်နှစ်သက်ရာဘီယာတွေကိုအောက်ပါအတိုင်းအထူးဈေးနှုန်းတွေနဲ့ရရှိနိုင်မှာပါ။
Yoma 1 Litre – 3500 MMK
Carlsberg 1 Litre – 5500 MMK
Tuborg 1 Litre – 4500 MMK
Yoma Tower – 12500 MMK
Carlsberg Tower – 16500 MMK
Tuborg Tower – 15000 MMK
Set Lunch Promotion Monday-Sunday
အတန်ဆုံးကတော့ ၅၅၀၀တန် set lunch ပဲဗျ။ တပတ်လုံးနေ့လယ်စာအချိန်တွေမှာရနိုင်ပြီး ဟင်းပွဲတပွဲ၊ အချိုပွဲတပွဲနဲ့ လီမွန်တီး ဒါမှမဟုတ် ကော်ဖီ သောက်စရာတခွက်ရွေးချယ်နိုင်တယ်။ မရောနိစ်အခြေခံ tartar sauce နဲ့တွဲစားရတဲ့အာလူးချောင်းကြော်နဲ့ငါးအသားလွှာကြော်၊ ကြက်သားပြားကင်နဲ့အာလူးထောင်း၊ မီးအေးအေးနဲ့ချက်ထားတဲ့ဆိတ်သားဟင်းနဲ့ရွှေဘိုဆန်နဲ့ချက်ထားတဲ့ထမင်း၊ ၀က်ပေါင်ခြောက်၊ ၀က်သားနဲ့မှိုတွေပါတဲ့ အီတာလျံ cabonara စတဲ့ဟင်းပွဲ ၄ပွဲထဲကကြိုက်နှစ်သက်ရာတပွဲရွေးချယ်နိုင်ပါတယ်။ အချိုပွဲအနေနဲ့ ပန်းသီးအစာသွပ်ကိတ်ကိုသုံးဆောင်နိုင်မှာပါ။ ပရိုမိုးရှင်းကာလကဒီလကုန်အထိပဲမို့လို့ စောစောသွားထားဖို့တော့လိုမယ်နော်။
Friday Ladies’ Night
သောကြာနေ့တိုင်း lady တွေအတွက် ညနေ ၆နာရီက ၉နာရီအထိ ကော့တေးအခမဲ့သုံးဆောင်နိုင်မယ့် promotion ကိုသြဂုတ်လကုန်အထိပေးအပ်သွားမှာပါ။ Don’t Call Me Baby cocktail ကိုညွှန်းပါတယ်။
Saturday – Beer Buffet
စနေနေ့တိုင်း ည ၈နာရီကနေ ၁၁နာရီအထိ လူ ၂ယောက်ကိုမှ ကျပ် ၁၅၀၀၀ တည်းနဲ့ ဘီယာအ၀သောက်ဘူဖေးရှိပါတယ်။ ဒီလကုန်အထိပဲနော်။
ဂျာမနီနဲ့အီတလီအစားအသောက်တွေရတဲ့ ဒီဆိုင်လေးရဲ့ menu ကို www.knobnknockers-myanmar.com မှာကြည့်ရှုနိုင်ပါတယ်။
Knob N’ Knockers
No.D12 မြေညီထပ်၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း ဗဟန်းမြို့နယ်၊ ရန်ကုန်။
09 699 849777
11:00 AM – 12:00 AM
Promotions at Ember

သောကြာနေ့ကနေတနင်္ဂနွေနေ့အထိ Ember မှာ promotion တွေရှိတယ်ဆိုတာလည်းမမေ့နဲ့ဦးနော်။
သောကြာနေ့မှာဆိုရင်ညနေ ၆နာရီကနေ ၉နာရီအထိ TGIF လုပ်ကြမယ့်သူများအတွက် Myanmar Premium Beer Buy 1 Get 1 promotion ရှိပါတယ်။
စနေနေ့မှာဆိုရင်တော့ ဘီယာ ၂ပုလင်းမှာတာနဲ့ မြည်းဖို့ karaage လို့ခေါ်တဲ့ အကြော် snack တပွဲရမှာပါ။ ည ၁၀နာရီခွဲအထိနော်။
တနင်္ဂနွေနေ့ကျရင်တော့ ကျပ် ၅သောင်းဖိုးညစာစားတာနဲ့ ၂လသက်တမ်းရှိတဲ့ ၅၀၀၀ တန် voucher ကိုချီးမြှင့်သွားမှာဖြစ်ပါတယ်။
Ember Japanese Restaurant
ကမ္ဘာအေးဘုရားလမ်းနှင့်ကန်ဘဲ့လမ်းထောင့်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
09 777 178630
12pm until late
Let’s Celebrate Sweet Autumn!

ကျပ် ၂၁၃၉၀၀ (US$ 138) တည်းနဲ့ Sedona မှာဇိမ်ရှိရှိ staycation လုပ်နိုင်မယ့်အခွင့်အရေးနော့်။ Inya Wing က Premier Room မှာတည်းခိုခွင့်၊ D’Cuisine စားသောက်ဆိုင်မှာ ဘူဖေးမနက်စာကို ၂ယောက်စာစားသုံးခွင့်တွေအပြင် check out လုပ်တဲ့အချိန်မှာလည်း လမုန့်ဘူးတဘူးကိုလက်ဆောင်အဖြစ်ပေးသွားဦးမှာပါ။
Luxury Package : US$138 or MMK 213,900
Deluxe Package : US$128 or MMK 198,400
ပါဝင်သောဝန်ဆောင်မှုများ
- D’Cuisine စားသောက်ဆိုင်မှာ ဘူဖေးမနက်စာကို ၂ယောက်စာစားသုံးခွင့် (၆နှစ်အောက်ကလေးတွေဆိုရင် ၂ယောက်အထိအခမဲ့သုံးဆောင်နိုင်ပါတယ်)
- Luxury Package မှာဆိုရင် ကိုယ့်စိတ်ကြိုက်လမုန့်ပြုလုပ်ခွင့်၊ Deluxe Package မှာဆိုရင်တော့ ရှိပြီးသားလမုန့်အရသာ ၆မျိုးထဲကကိုယ်ကြိုက်တဲ့အရသာကိုရွေးချယ်ခွင့်
- Wi-Fi
- ရေကူးကန်သုံးစွဲခွင့်
- တနေ့ ၃ထည်အထိအ၀တ်လျှော်ဖွတ်ပေးမယ့်ဝန်ဆောင်မှု
- အခန်းတွင်းကဘားအသုံးပြုခွင့်
စည်းမျဉ်းစည်းကမ်းများ
- ဒီ promotion ဟာ စက်တင်ဘာ ၁၂ရက်နေ့အထိဖြစ်ပါတယ်
- ၁ ညအနည်းဆုံးတည်းခိုရပါမယ်
- ဈေးနှုန်းထဲတွင်ဝန်ဆောင်ခ ၁၀ရာခိုင်နှုန်းနဲ့ အခွန် ၅ရာခိုင်နှုန်းပါဝင်ပြီးဖြစ်ပါတယ်
- ၃ နာရီအထိ Early Check-in & Late Check-out ရပါတယ်
- ကြိုတင်ဘွတ်ကင်လုပ်ထားဖို့လိုပါတယ်
- လမုန့်ဘူးကူပွန်ကို check in လုပ်တဲ့အချိန်မှာထုတ်ပေးသွားမှာဖြစ်ပြီး ဧည့်သည်တွေအနေနဲ့၎င်းတို့တည်းခိုနေစဉ်အတွင်း စိတ်ကြိုက်လမုန့်တွေရွေးလို့ရပါတယ်
- လက်ဆောင်ပစ္စည်းထုတ်ယူတဲ့အခါမှာ front desk ကိုအသိပေးပါ
- ကူပွန်အားတခြားသူထံလွှဲပြောင်းခွင့်မရှိပါ၊ ငွေကြေးအဖြစ်ပြောင်းလဲပေးမှာမဟုတ်ပါ၊ တခြားသော promotion များနှင့်ပူးတွဲခံစားခွင့်မရှိပါ
Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
Celebrate the Mid-Autumn Festival at Sedona Hotel Yangon
Sedona Hotel Yangon က ချစ်သူခင်သူတွေနဲ့ဝေမျှသုံးဆောင်နိုင်တဲ့လမုန့်ပွဲတော်ကိုစတင်လိုက်ပါပြီ။ စက်တင်ဘာ ၁ရက်နေ့အထိဝယ်ယူသူတိုင်းကို လမုန့်ဘူးတဘူးလျှင် ၁၅ရာခိုင်နှုန်းလျှော့ဈေးပေးသွားမှာဖြစ်ပြီး ဘူး ၁၀၀နဲ့အထက်ဝယ်ယူသူတိုင်း ၂၀ရာခိုင်နှုန်းလျှော့ဈေးပေးသွားမှာပါ။ ဒီပွဲတော်က စက်တင်ဘာ ၁၃ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်။ အနံ့အရသာမျိုးစုံနဲ့လမုန့်တွေစားသုံးရင်း ဆောင်းဦးရာသီကိုကြိုဆိုလိုက်ရအောင်။
The Blue Night: Alive in Yangon

Blue တေးသွားတွေနဲ့ဖျော်ဖြေမယ့်ညလေး
ဒီအပတ်စနေနေ့ညကို Rose Garden Hotel မှာ blue သီချင်းလေးတွေနားထောင်ရင်း ဖြတ်သန်းချင်တယ်ဆိုရင်တော့ Harry’s Bar Myanmar, Ginki Kids Bar နဲ့ The Radio – Bar တို့မှာ mini concert အတွက်လက်မှတ်တွေဝယ်ယူနိုင်ပါတယ်။ Hotline number 095077244 ကိုလည်းဆက်သွယ်မှာယူလို့ရပါတယ်။
August 24 (Saturday) 7 PM – 10 PM
Rose Garden Hotel – Yangon
၁၇၁၊ ပန်းဆိုးတန်းအထက်ဘလောက်၊ ကန်တော်ကြီးအနီး၊ ရန်ကုန်။
Yangon Farmers Market #65 ရန်ကုန်တောင်သူလယ်သမားဈေး ၆၅

တောင်သူလယ်သမား ဈေးနေ့လေးဟာ ဒီအပတ်ဆိုရင် ၆၅ ကြိမ်မြောက်ရှိခဲ့ပါပြီ။ ပေါင်မုန့်များ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ပန်း၊ စိုက်ပျိုးပင်၊ ပျားရည်၊ ကော်ဖီ၊ လက်ဖက်ရည်၊ ဖျော်ရည် နှင့် မနက်စာအဖြစ် မြန်မာမုန့်မျိုးစုံ နှင့် အခြားနိုင်ငံတကာအစားအစာ အမျိုးအမည်များစွာ ဟာ ရန်ကုန်တောင်သူလယ်သမားဈေးရဲ့ ထုံးစံအတိုင်း မိတ်ဆွေတို့ကို ကြိုနေမှာပါ။ဒီအပတ်မှာလည်း ကန်တော်ကြီးထဲက လှပတဲ့ ကရဝိတ်နန်းတော်ကြီးနားမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ နတ်မောက်လမ်းနဲ့ ကန်တော်ကြီး ကန်ပတ်လမ်း ၂ နေရာကနေဥယျာဉ်အတွင်းဝင်ရောက်နိုင်ပါတယ်။ ကားရပ်စရာကျယ်ဝန်းတဲ့အပြင် ကလေးများအတွက် ကစားကွင်းများလည်းရှိပါတယ်။ ဥယျာဉ်ဝင်ကြေး တယောက်ကို ၃၀၀ ကျပ်သာပေးဆောင်ရမှာဖြစ်ပါတယ်။