Advertisement

ကော်ဖီဆိုင်တဆိုင်ထိုင်ရင် စာဖတ်ဖို့အဓိကလား၊ ၀ိုင်ဖိုင်သုံးဖို့အဓိကလား။ ၀ိုင်ဖိုင်ကော စာအုပ်ကောရနိုင်တယ်ဆိုရင်တော့အကောင်းဆုံးပေါ့နော်။ ဘာအတွက်ကြောင့်ပဲထိုင်ထိုင် အားလပ်ရက်မှာတယောက်တည်းအေးအေးဆေးဆေးကော်ဖီလေးတခွက်နဲ့ chill ချင်သူများအတွက် စာအုပ်တွေအများကြီးတင်ပေးထားတဲ့ကော်ဖီဆိုင်လေးတွေနဲ့ ၀ိုင်ဖိုင်ရှိတဲ့ဆိုင်လေးတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Café Culture

Provided

စာအုပ်လည်းဖတ်မယ်၊ ၀ိုင်ဖိုင်လည်းသုံးမယ်ဆိုရင်တော့ ဒီဆိုင်လေးကိုထိပ်ဆုံးကစဉ်းစားသင့်တယ်။ စားပွဲတိုင်းမှာပလပ်ပေါက်လေးတွေထားပေးထားတော့ ဖုန်းနဲ့လပ်ပ်တော့တွေအားသွင်းဖို့ပလပ်ပေါက်ကို ဝေးဝေးလံလံလိုက်ရှာနေစရာမလိုတော့ဘူးပေါ့။ ကော်ဖီနဲ့ smoothie တွေအပြင် အနောက်တိုင်းနဲ့အရှေ့တိုင်းစာတွေအစုံရပြီး Hazelnut Latte ကတော့  ဒီဆိုင်ရဲ့ signature ဖြစ်ပါတယ်။

အမှတ် 68/A၊ ပါရမီလမ်း၊ ၄ရပ်ကွက်၊ ကေတုမာလာမှတ်တိုင် (119 Store အနီး)၊ တောင်ဥက္ကလာ။
09 261 111 219
9:00am- 10:00pm

The Able

ဖွင့်တာတပတ်ကျော်လောက်ပဲရှိတဲ့ဒီဆိုင်လေးကတော့စာဖတ်ဖို့သီးသန့်ပါ။ စိတ်ဝင်စားစရာကောင်းတာက ဆိုင်ဝန်ထမ်းတွေနဲ့ စားဖိုမှူးတွေအားလုံးဟာ အကြားအာရုံနဲ့စကားပြောနိုင်စွမ်းချို့တဲ့ကြသူတွေဖြစ်နေတာပါပဲ။ ဒီလူတွေဟာမသန်ပေမယ့် စွမ်းသူတွေဖြစ်ကြောင်း သက်သေပြချင်တဲ့အတွက် ဒီကော်ဖီဆိုင်လေးကိုဖွင့်ဖြစ်ခဲ့တာလို့ ဆိုင်ရှင်တွေကပြောပါတယ်။ Order မှာချင်တဲ့အခါ LED မီးလေးနဲ့အချက်ပြနိုင်သလို၊ sign language သင်လို့လည်းရပါတယ်။ အစားအစာကတော့ကော်ဖီအပြင် သစ်သီးဖျော်ရည်၊ မြန်မာနဲ့ထိုင်းစာတွေရနိုင်တယ်။ ထိုင်နေကျဆိုင်တွေနဲ့ အတွေ့အကြုံသစ်တခုလိုချင်ရင်တော့ The Able ကိုသွားကြည့်ပါ။

No (58) အမှတ် (၅၈)၊ ပထမထပ် (ဘယ်ဘက်အခန်း)၊ ဘိုကလေးဈေးအောက်ဘလောက်၊ ဗိုလ်တထောင်။ 
09 963 034 495
11am – 8pm

Artisan Amour

Provided

Myanmar Plaza မြေညီထပ်၊ Harry’s Bar ဘေးကဒီကော်ဖီဆိုင်လေးက ဖွင့်တာတော်တော်ကြာပါပြီ။ ကော်ဖီနဲ့ဥရောပစတိုင်မုန့်တွေကို ဆိုင်နာမည်နဲ့လိုက်အောင်အနုပညာလက်ရာတခုလို လှလှပပပြင်ဆင်ရောင်းချတဲ့အတွက် စားလို့လည်းကောင်းသလို Instagram အတွက် food photography လေ့ကျင့်ချင်တဲ့သူတွေသွားသင့်တဲ့ဆိုင်လေးပါ။ ပုံထဲက Smoked Salmon & Cream Cheese ကတော့ ဒီဆိုင်ရဲ့ signature ဖြစ်ပါတယ်။ သူကတော့ Wi-Fi only ပါ။

Myanmar Plaza၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်။
09 952 255 091
Monday- Friday (8am – 8pm)
Saturday & Sunday (8:30am – 7pm)

Imperial Café and Book

via Facebook

ဒီဆိုင်ကတော့စာကြည့်တိုက်အသေးစားလေးလို့တောင်ပြောရမယ်။ ဘာသာပြန်၊ အတ္ထုပ္ပတ္တိနဲ့ ၀တ္ထုစာအုပ်တွေစုံစုံလင်လင်ရှိသလို အင်္ဂလိပ်ဘာသာနဲ့စာအုပ်တွေလည်းတော်တော်များများတွေ့နိုင်တယ်။ စာအုပ်ဖတ်ရုံအပြင် အိမ်လုပ်ပူပူနွေးနွေး muffin နဲ့ toast မျိုးစုံစားရင်း ကော်ဖီလေးသောက်ရင်း ပိတ်ရက်ကိုဖြတ်သန်းချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးကိုညွှန်းပါတယ်။

ပင်လုံထိပ်ထားအဆောက်အအုံ၊ ဦးဝိစာရလမ်းနှင့်ချင်းတွင်းလမ်းထောင့်၊ ကမာရွတ်။
09 976 886 668
9am – 9pm

Craft Café

via Facebook

ယောမင်းကြီးလမ်းထဲကနေအခု Union Business Centre မှာပြောင်းဖွင့်ထားတဲ့ Craft ကတော့ ရန်ကုန်ကော်ဖီဆိုင်ယဉ်ကျေးမှုမှာလူသိများပြီးသားပါ။ ဆိုင်သစ်ဟာလည်း Craft ရဲ့ထုံးစံအတိုင်း ကျယ်ဝန်းပြီး အတွင်းခန်းအပြင်အဆင်ကလှပခေတ်မီတယ်။ ဓာတ်ပုံလှလှလေးတွေရိုက်ပြီး social media တွေမှာ share ဖို့ဝိုင်ဖိုင်လည်းရှိတယ်နော့်။ လေဆိပ်ထဲကဆိုင်မှာတော့ လေဆိပ်ဝိုင်ဖိုင်ဖြစ်တဲ့အတွက် ၀ိုင်ဖိုင်ကိုနာရီဝက်သာအခမဲ့သုံးလို့ရတယ်။ သူ့ဆိုင်က espresso နဲ့ ကြက်ဆီထမင်းကနာမည်ကြီးပါတယ်။

Annex B, Level 2, Union Business Centre (UBC), နတ်မောက်လမ်း၊ ဗဟန်း။
09 960 608 333
7:00am – 11:00pm

Café Deja Brew

via Facebook

ရှေးဟောင်းပစ္စည်းလေးတွေနဲ့အလှဆင်ထားလို့ မြို့ထဲမှာတော်တော်နာမည်ကြီးနေတဲ့ဆိုင်လေးပါ။ လက်နှိပ်စက်အဟောင်းကြီးကိုစမ်းသပ်ရိုက်ကြည့်မလား၊ စာအုပ်နဲ့မဂ္ဂဇင်းအဟောင်းတွေဖတ်မလား၊ French press ကော်ဖီခါးခါးလေးသောက်မလား၊ Deja Brew ကိုသာသွားပါ။ တခါတလေပန်းချီပြပွဲလေးတွေပါ ခင်းကျင်းပြသတတ်တယ်။ အစားအသောက်မှာဆိုရင်တော့ ကြက်ကင်အစာသွပ်ချာပါတီနဲ့ ကြက်တောင်ပံကြော်တို့ကိုညွှန်းပါတယ်။ ဆိုင်ကနှစ်ထပ်ဖြစ်ပြီး အပေါ်ထပ်ကပိုထိုင်လို့ကောင်းတယ်။

အမှတ် (၁၃၄)၊ ၃၇လမ်းအလယ်လမ်း၊ ကျောက်တံတား။
09 430 52489
9:30am – 8:00pm

My Hill Coffeehouse

via Facebook

ဖွင့်တာသိပ်မကြာသေးပေမယ့် ကျယ်ဝန်းလှပတဲ့နေရာထိုင်ခင်းနဲ့ အရသာရှိတဲ့အစားအသောက်တွေကြောင့် Facebook မှာနာမည်ရလာပြီဖြစ်တဲ့ကော်ဖီဆိုင်လေးပါ။ တို့ဟူးနွေး၊ အမဲလုံးခေါက်ဆွဲနဲ့ ရှမ်းအစားအစာတွေက အရမ်းစားကောင်းလို့အစားအသောက်တွေငမ်းနေတာနဲ့ ဓာတ်ပုံရိုက်ဖို့တောင်မေ့ရင်မေ့နေမှာနော့်။ Macha နဲ့ အမယ်စုံလင်လှတဲ့ရေခဲသုပ်ကိုလည်းအကြိုက်တွေ့မှာပါ။ Wi-Fi လည်းရှိပါတယ်။

အမှတ် (43/A)၊ အင်းလျားမြိုင်လမ်း၊ ရွှေတောင်ကြား၊ ဗဟန်း။
09 899 987374
7:00 am – 10:30pm

Twin Beans Café

သောက်ရက်စရာမရှိအောင်ချစ်စရာကောင်းတဲ့ latte art တွေကိုကြည့်ချင်ရင်တော့ Twin Beans ကိုသာသွားပါ။ သာမန် cream နဲ့ပုံဖော်ထားတဲ့ကော်ဖီတွေအပြင် ဆေးရောင်စုံ cream နဲ့ဆွဲထားတဲ့အရုပ်လေးတွေပါမှာယူနိုင်တယ်။ အစားအသောက်ထဲမှာတော့ toast အမျိုးမျိုးနဲ့ ကိုရီးယားထမင်းသုပ်အပြင် မာလာရှမ်းကောပါရှိပါတယ်။ မုန့်စား ကော်ဖီသောက်ပြီးရင် အပေါ်ထပ်မှာအေးအေးဆေးဆေးစာထိုင်ဖတ်လို့ရတယ်။ Wi-Fi လည်းပေးထားပါသေးတယ်။

အမှတ် (၅၁)၊ ဗိုလ်ရွဲလမ်းအောက်လမ်း၊ လသာ။
09 785 064725
10:00am to 8:30pm (တနင်္လာနေ့တိုင်းဆိုင်ပိတ်ပါတယ်)

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here