အသက် ၇နှစ်မှ ၁၄နှစ်အတွင်းရှိတဲ့ကလေးငယ် ၂၄၀ ဟာ စက်တင်ဘာ ၁ရက်နေ့မှာ ကမ္ဘာကျော်ပရီးမီးယားလိဂ်ဘောလုံးအသင်း Tottenham Hotspur ကနည်းပြ ၂ယောက်ဆီကနေ ဘောလုံးအားကစားနည်းစနစ်တွေကို အခမဲ့သင်ကြားခွင့်ရခဲ့ကြပါတယ်။
Yangon United Sports Complex မှာမနက် ၉နာရီကစတင်ပြီး တရက်တာကြာမြင့်တဲ့ဒီလေ့ကျင့်မှုကို market capitalisation အရကမ္ဘာ့နံပါတ် (၁) ဖြစ်တဲ့အသက်အာမခံကုမ္ပဏီ AIA ကစီစဉ်ပေးခဲ့တာပါ။ Harry Kane နဲ့ Son Heung-Min တို့လို ကမ္ဘာကျော်ဘောလုံးသမားတွေကိုလေ့ကျင့်ပေးနေတဲ့ Mr. Anton Blackwood (International Development Manager) နဲ့ Mr. Aaron Tilbrook (International Development Coach) တို့ကဦးဆောင်လေ့ကျင့်ပေးခဲ့ကြပါတယ်။

AIA Kick မှာသင်တန်းအစ်ီအစဉ်များအပြင် ကျန်းမာရေး စစ်ဆေးမှုများကိုလည်း တပါတည်း ဆောင်ရွက်ပေးခဲ့တဲ့အတွက် ကလေးများနှင့်မိဘများဟာအခမဲ့ကျန်းမာရေးဆွေးနွေးခွင့်လည်းရခဲ့ကြပါတယ်။ ကလေးများရဲ့ အာဟာရ၊ နေထိုင်မှုပုံစံနှင့် ပတ်သက်ပြီးမိဘများရဲ့ကျန်းမာရေးအမြင် ပိုမိုကျယ်ပြန့်လာစေရန်အတွက် ကျန်းမာရေးပညာရှင်များမှ ကလေးများရဲ့ အသက်၊ အရပ်၊ ကိုယ်အလေးချိန်ပေါ်မူတည်ပြီးကျန်းမာရေးအကြံဉာဏ်များပေးခဲ့ပါတယ်။
“ကလေးတွေအတွက် AIA Kick ဘောလုံးသင်တန်းကို ပထမဆုံးအောင်အောင်မြင်မြင် ဆောင်ရွက်ပေးခဲ့နိုင်လို့ဝမ်းသာကျေနပ်မိပါတယ်။ ဒီအစီအစဉ်မှာမျှော်မှန်းထားတာထက် ၅ ဆလောက်ရှိတဲ့ ကလေးတွေ ရာနဲ့ချီပြီးတော့စိတ်ဝင်တစားလာရောက် စာရင်းပေးသွင်းတာကိုတွေ့ရပါတယ်။ အခုလို စိတ်ဝင်တစားနဲ့လာတက်ရောက်တဲ့အတွက် ကလေးတွေရော မိဘတွေကိုရောကျေးဇူးတင်ပါတယ်။ Tottenham Hotspur ကထိပ်တန်းနည်းပြနှစ်ယောက်နဲ့ သင်ကြားခဲ့ရတဲ့ အတွေ့အကြုံကောင်းတွေကို အားလုံးကအားရကျေနပ်လိမ့်မယ်လို့မျှော်လင့်ပါတယ်” ဟု AIA Myanmar ၏ CEO ဖြစ်သူ Mr. Nhon Ly (Luc) က ပြောကြားခဲ့ပါတယ်။

အနာဂတ်မှာလည်းပြည်သူတွေရဲ့စိတ်ဝင်စားမှု အားပေးမှုပေါ်မူတည်းပြီးအလားတူလေ့ကျင့်မှုများကို စီစဉ်သွားမယ်လို့လည်း Luc ကဆိုပါတယ်။
Mr. Tilbrook ကလည်း “ဘောလုံးအားကစားနည်းပြအနေနဲ့ လူငယ်တွေရဲ့ တိုးတက်မှုအတွက်၊ အထူးသဖြင့် အာရှလူငယ်တွေရဲ့ တိုးတက်မှုအတွက်ကူညီဆောင်ရွက်ပေးရတာကျေနပ်မိပါတယ်။ ဒီလိုသင်တန်းမျိုးဟာ အသင်းလိုက်ပူးပေါင်းဆောင်ရွက်မှု၊ ကာယလှုပ်ရှားမှုကြောင့်ဖြစ်ပေါ်တဲ့ ဖျတ်လက်တက်ကြွမှု စတဲ့အဖိုးတန်တဲ့ အမြင်တွေကို လက်ဆင့်ကမ်းပေးရာမှာအလွန်ထိရောက်ပါတယ်။ AIA Myanmar ရဲ့ ကျေးဇူးကြောင့် မြန်မာနိုင်ငံမှာ ပထမဆုံးလာရောက်ပြီးတော့ တောက်ပတဲ့အနာဂတ်ကောင်းတွေရှိတဲ့လူငယ်ပါရမီ အာကစားသမားတွေကိုတိုက်ရိုက်လေ့ကျင့်သင်ကြားပေးရတဲ့အတွက်ကျနော်တို့ရဲ့နည်းပြအသင်းကိုယ်စား ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်” ဟူ၍သူ့ရဲ့အမြင်ကိုပြန်လည်ပြောပြခဲ့ပါတယ်။
ညနေပိုင်းမှာတော့ AIA Myanmar ဟာလေ့ကျင့်ရေးကျင်းပရာနေရာမှာပဲ fan meeting စီစဉ်ပေးခဲ့ပြီး စပါးပရိသတ် ၂၀၀ လောက်ကို အသင်းနည်းပြ ၂ယောက်နဲ့တွေ့ဆုံစေခဲ့ပါတယ်။ ကံစမ်းမဲအစီအစဉ်မှာတော့ စပါးဘောလုံးအသင်းရဲ့ အားကစားအင်္ကျီများကို မဲဖောက်ပေးခဲ့ပါတယ်။

AIA ၏ စီးပွားရေးလုပ်ငန်းကို ၁၉၁၉ ခုနှစ်၌ ရှန်ဟိုင်းမှာစတင်တည်ထောင်ခဲ့ပြီး အသက်အာမခံ လုပ်ငန်းများအရ အာရှ-ပစိဖိတ် ဒေသတွင် ဈေးကွက်ဦးဆောင်သူ (ယခင်ဂျပန်နိုင်ငံ) ဖြစ်ပြီး ၎င်း၏ ဈေးကွက် အများစုတွင် ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိပါတယ်။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှစ၍ စုစုပေါင်းပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၂၅၆ ဘီလီလျံ ရှိတယ်လို့သိရပါတယ်။
AIA Myanmar ကိုယ်စားလှယ်ရုံးခန်းကို ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အာမခံလုပ်ငန်းနှင့် စပ်လျဉ်း၍ customer များအားအသိအမြင်မြှင့်တင်ပေးသည့် လုပ်ငန်းများကို ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ AIA ဟာ ၎င်းရဲ့ကုမ္ပဏီခွဲကို မြန်မာနိုင်ငံတွင်ရာနှုန်းပြည့် လုပ်ကိုင်ခွင့်ရသော ကုမ္ပဏီအနေဖြင့် လုပ်ငန်းဆောင်ရွက်ရန်လျှောက်ထားရာ ၂၀၁၉ ခုနှစ် ဧပြီလမှာရွေ့းချယ်ခြင်းခံခဲ့ရပါတယ်။