ရုပ္ရွင္၀ါသနာအိုးေတြအတြက္ေတာ့ ေတာ္ေတာ္ေပ်ာ္စရာေကာင္းတဲ့ရက္သတၱပတ္ပါပဲ။ ၂၈ၾကိမ္ေျမာက္ဥေရာပရုပ္ရွင္ပြဲေတာ္ကို စက္တင္ဘာ ၂၉ရက္ေန႔အထိရန္ကုန္က ေနျပည္ေတာ္ရုပ္ရွင္ရံုနဲ႔ Goethe-Institut Myanmar Villa တုိ႔မွာက်င္းပသြားဖို႔ရွိပါတယ္။
ေဟာလိ၀ုဒ္ box office ရုပ္ရွင္အမ်ားစုက CGI ေတြ၊ အက္ရွင္ျပကြက္ေတြကိုအေလးေပးျပီး လူအမ်ားစုၾကိဳက္ေအာင္ရိုက္ျပတာမ်ားတယ္။ ဥေရာပရုပ္ရွင္ေတြဟာဇာတ္လမ္းနဲ႔ဇာတ္ေကာင္စရိုက္ အသားေပးတာမ်ားျပီးရုပ္ရွင္ရိုက္ကူးျခင္းအႏုပညာနဲ႔ သရုပ္ေဆာင္စြမ္းရည္ေတြကိုပိုအားထားတယ္။ ရုပ္ရွင္ေတာ္ေတာ္မ်ားမ်ားမွာ သက္ဆိုင္ရာဥေရာပႏုိင္ငံေတြရဲ႕သမိုင္းေၾကာင္းနဲ႔ ယဥ္ေက်းမႈကိုေတြ႔ရမွာပါ။ ဒီေဆာင္းပါးမွာ European Film Festival 2019 က်ရင္ရန္ကုန္မွာျပသသြားမယ့္ရုပ္ရွင္၊ trailer link နဲ႔ အခ်ိန္ဇယားေတြအေၾကာင္းေျပာျပခ်င္ပါတယ္။ ရုပ္ရွင္အားလံုးဟာအဂၤလိပ္စာတန္းထိုးထားပါတယ္။ ျပသမယ့္ေနရာေတြဆီ ပြဲမစခင္ ၁နာရီေလာက္ၾကိဳသြားျပီးဦးရာလူစနစ္နဲ႔ လက္မွတ္ေတြကိုအခမဲ့ရယူႏုိင္ပါတယ္။
The Distant Barking of Dogs (EU Film Repository)

၁၀ႏွစ္သားအရြယ္ Oleg နဲ႔အဘြားျဖစ္သူတုိ႔ဟာ ယူကရိန္းႏုိင္ငံကရြာေလးတခုမွာေနထိုင္ၾကျပီး သူတုိ႔ေနတဲ့ေနရာကရုရွားနဲ႔ယူကရိန္းႏွစ္ႏိုင္ငံစစ္ျဖစ္ေနတဲ့ေနရာနဲ႔ခဲတပစ္ေလာက္ပဲေ၀းတဲ့ေနရာပါ။ ရြာသူရြာသားေတြေဘးကင္းရာေျပာင္းေရႊ႕သြားေပမယ့္ သူတို႔မွာတျခားသြားစရာေနရာလည္းမရွိတဲ့အတြက္ ရြာမွာပဲေနခဲ့ရပါတယ္။ ဘ၀ကတျဖည္းျဖည္းၾကမ္းတမ္းလာေပမယ့္ ဇာတိေျမမွာအသက္ရွင္ဖို႔ရုန္းကန္ၾကရတဲ့ ေျမးအဘြား ၂ေယာက္အေၾကာင္းရိုက္ကူးထားတဲ့သမိုင္းေနာက္ခံရုပ္ရွင္ျဖစ္ပါတယ္။
https://www.imdb.com/title/tt7341660/
Sep 23 | Nay Pyi Taw Cinema (18:30)
Sep 28 | Goethe-Institut (14:00)
Fireheart: The Legend of Tadas Blinda (Lithuania)

၁၈၆၀ခုႏွစ္၀န္းက်င္ ဇာဘုရင္ေတြအုပ္ခ်ဳပ္ေနစဥ္ကာလက လစ္သူေရးနီးယားေက်းရြာေလးတရြာမွာ ေျမရွင္ေတြနဲ႔အေျခခံလူတန္းစားေတြၾကားကလူမႈေရး၊ ႏုိင္ငံေရးျပႆနာေတြမွာပါ၀င္မိတဲ့ Tadas Blinda ဆိုတဲ့အမ်ိဳးသမီးတေယာက္ရဲ႕ဘ၀နဲ႔ျဖတ္သန္းမႈေတြကိုတင္ဆက္ထားပါတယ္။ Tadas Blinda ဆိုတာ လစ္သူေရးနီးယားမွာဒ႑ာရီဆန္ဆန္ေက်ာ္ၾကားတဲ့သူရဲေကာင္းတေယာက္ျဖစ္ျပီး ဒီေရာ္ဘင္ဟုဒ္ဆန္ဆန္ ရုပ္ရွင္ဟာသူတို႔ႏုိင္ငံမွာစံခ်ိန္တင္၀င္ေငြရခဲ့ပါတယ္။
https://www.imdb.com/title/tt1696190/
Sep 23 | Goethe-Institut (19:00)
Sep 29 | Goethe-Institut (16:00)
Sami Blood (Sweden)

၁၉၃၀ျပည့္ႏွစ္၀န္းက်င္ေတြက ဆီြဒင္ႏုိင္ငံမွာေနထုိင္တဲ့ Sami လူမ်ိဳးေတြနဲ႔ဆီြဒင္လူမ်ိဳးေတြၾကားက လူမ်ိဳးေရးအက်ပ္အတည္းေတြအေၾကာင္းကိုမိန္းကေလးတေယာက္ရဲ႕အေတြ႔အၾကံဳကေနတဆင့္ျမင္ရမယ္။ Sami ဆိုတာဥေရာပေျမာက္ပိုင္းကလူမ်ိဳးစုတစုျဖစ္ျပီး reindeer သမင္ၾကီးေတြကိုထိန္းေက်ာင္းေမြးျမဴတဲ့ လူမ်ိဳးစုျဖစ္ပါတယ္။ ဇာတ္လိုက္ျဖစ္သူ Elle Marja ဟာ ၁၄ႏွစ္အရြယ္မိန္းကေလးျဖစ္ျပီး သူအပါအ၀င္တျခား Sami မ်ိဳးႏြယ္၀င္ကေလးေတြဟာ လူမ်ိဳးေရးခြဲျခားမႈျပင္းထန္တဲ့မ်ိဳးႏြယ္စုေဘာ္ဒါေက်ာင္းကိုတက္ဖို႔ ဖိအားေပးခံရတယ္။ ေနာင္ ၁၇ႏွစ္အၾကာမွာေတာ့ Christina လို႔အမည္ေျပာင္းထားတဲ့ Elle ဟာသူ႔ေမြးရပ္ေျမကိုျပန္လာရင္းအတိတ္ကအျဖစ္ဆိုးေတြအေၾကာင္းျပန္ေအာက္ေမ့သတိရလာပါေတာ့တယ္။
https://www.imdb.com/title/tt5287168/
Sep 24 | Nay Pyi Taw Cinema (18:30)
Sep 27 | Nay Pyi Taw Cinema (15:30)
Sep 29 | Goethe-Institut (19:00)
Laces (Israel)

Reuven ဟာကား၀ပ္ေရွာ့ပိုင္ရွင္တေယာက္ျဖစ္ျပီး သူ႔အလုပ္နဲ႔ ေမာ္ေတာ္ကားအစိတ္အပိုင္းေတြကို သူ႔ဘ၀ထက္ပိုအေလးထားသူျဖစ္တယ္။ တေန႔သူ႔ဇနီးေဟာင္းကြယ္လြန္သြားျပီးေနာက္မွာေတာ့ သူ႔ရဲ႕ ၃၈ႏွစ္အရြယ္သားျဖစ္သူ Gadi ကိုေစာင့္ေရွာက္ဖို႔တာ၀န္ရွိလာတယ္။ Gadi ဟာကိုယ္ခႏၶာမသန္စြမ္းသူတေယာက္ျဖစ္တာမို႔ Reuven ရဲ႕ေန႔စဥ္ဘ၀မွာေျပာင္းလဲမႈေတြ စတင္ျဖစ္ေပၚလာပါေတာ့တယ္။ သားအဖႏွစ္ေယာက္ၾကားကေမတၱာလိုေလးနက္တဲ့အေၾကာင္းအရာကို ဟာသေလးေတြစြက္ျပီးေပါ့ေပါ့ပါးပါးျဖစ္ေအာင္ရိုက္ကူးတင္ဆက္ထားပါတယ္။
https://www.imdb.com/title/tt8524318/
Sep 24 | Goethe-Institut (19:00)
Kon-Tiki (Norway)

၁၉၄၇ခုႏွစ္မွာ ေနာ္ေ၀လူမ်ိဳးမႏုႆေဗဒပညာရွင္ Thor Heyerdahl ဟာေတာင္အေမရိကတုိက္သားေတြအေနနဲ႔ ပိုလီနီးရွားေဒသမွာအေျခခ်ခဲ့ေၾကာင္းသက္ေသျပဖို႔ ပစိဖိတ္သမုဒၵရာကိုေဖာင္တစီး၊ လူ ၅ေယာက္နဲ႔ေလ့လာေရးခရီးထြက္တဲ့ဇာတ္လမ္းပါ။ သူတို႔မွာေခတ္မီပစၥည္းဆိုလို႔ ေရဒီယို၊ အသက္ကယ္ေလွနဲ႔ ကင္မရာတုိ႔ပဲပါတယ္။ သူတို႔ရဲ႕ေဖာင္ကိုေတာ့ အင္ကာလူမ်ိဳးေတြရဲ႕ဖန္ဆင္းရွင္နတ္ဘုရားနာမည္ကိုလိုက္ျပီး Kon-Tiki လို႔ေပးလိုက္တယ္။ ဒီျဖစ္ရပ္မွန္စြန္႔စားခန္းရုပ္ရွင္ဟာ ေနာ္ေ၀မွာစံခ်ိန္တင္၀င္ေငြေကာင္းခဲ့ျပီး အေကာင္းဆံုးႏုိင္ငံျခားရုပ္ရွင္အျဖစ္ေအာ္စကာ ဆန္ခါတင္စာရင္း၀င္ခဲ့ဖူးပါတယ္။
https://www.imdb.com/title/tt1613750/
Sep 25 | Nay Pyi Taw Cinema (18:30)
Sep 29 | Goethe-Institut (21:00)
Our Struggles (Belgium)

အလုပ္အရမ္းမ်ားတဲ့ဖခင္တဦးျဖစ္သူ Olivier ဟာတေန႔မွာသူ႔ဇနီးသည္ရုတ္တရတ္ေပ်ာက္ကြယ္သြားတဲ့အခါ ကေလးနဲ႔အလုပ္ကတဘက္ ဇနီးသည္ေပ်ာက္ဆံုးသြားတာကိုရွာရတာကတဘက္နဲ႔ ရုန္းကန္လႈပ္ရွားရတာေတြကို တင္ဆက္ထားပါတယ္။ သူ႔ဇနီးကအိမ္ကထြက္သြားခဲ့တာလား၊ ဒါမွမဟုတ္ တျခားပေယာဂတခုခုေၾကာင့္ေပ်ာက္ဆံုးသြားခဲ့တာလား။ ေငြေရာင္ပိတ္ကားေပၚမွာပဲ အေျဖရွာလိုက္ပါေနာ္။
https://www.imdb.com/title/tt7773210/
Sep 25 | Goethe-Institut (19:00)
King of the Belgians (EU Film Repository)

ဘုရင္စနစ္ကိုသေရာ္တဲ့ျပက္လံုးေလးေတြေ၀ေ၀ဆာဆာနဲ႔ၾကည့္ရမယ့္ စိတ္ကူးယဥ္ဇာတ္ျမဴးရုပ္ရွင္ပါ။ ဘယ္လ္ဂ်ီယံဘုရင္ တတိယေျမာက္နီကိုလတ္စ္ဟာသူ႔ဘ၀ကိုျငီးေငြ႕ေနျပီး ရည္ရြယ္ခ်က္ေပ်ာက္ဆံုးေနသူ။ သူ႔ရဲ႕ပံုရိပ္ကိုျမွင့္တင္တဲ့ရုပ္ရွင္ရိုက္ဖို႔တူရကီႏုိင္ငံကိုဒါရိုက္တာတေယာက္နဲ႔သြားေနတုန္း ဘယ္လ္ဂ်ီယံေတာင္ပိုင္းေဒသကလြတ္လပ္ေရးေၾကညာလိုက္တယ္။ တိုင္းျပည္ကိုျပန္လည္စုစည္းဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔နီကိုလတ္စ္ဟာသူ႔ႏုိင္ငံကိုျပန္လာမယ္လုပ္တုန္းမွာပဲ ကမာၻၾကီးကို ေနမုန္တုိင္း (solar storm) ၀င္ေရာက္တုိက္ခတ္တဲ့အတြက္ ပို႔ေဆာင္ဆက္သြယ္ေရးနည္းပညာေတြအကုန္ပ်က္ေတာက္ကုန္တယ္။ ဖုန္းလည္းသံုးမရ၊ ေလယာဥ္ေတြလည္းထြက္လို႔မရေတာ့တဲ့အေျခအေနမွာ နီကိုလတ္စ္တေယာက္သူ႔ႏုိင္ငံကို ဘယ္လိုနည္းနဲ႔စည္းလံုးမႈျပန္တည္ေဆာက္မလဲ။
https://www.imdb.com/title/tt4818804/
Sep 26 | Nay Pyi Taw Cinema (18:30)
Like Crazy (Italy)

Villa Biondi စိတ္က်န္းမာေရးေဆးရံုက Beatrice ဟာအလြန္စကားမ်ားသူျဖစ္ျပီး သူ႔ကိုယ္သူသန္းေပါင္းမ်ားစြာခ်မ္းသာတဲ့ျမိဳ႕စားကေတာ္လို႔ထင္ေနသူပါ။ ဒါ့အျပင္ကမာၻ႔ေခါင္းေဆာင္ေတာ္ေတာ္မ်ားမ်ားနဲ႔ရင္းႏွီးတယ္လို႔လည္းေျပာတတ္ေသးတယ္။ ေဆးရံုမွာရွက္ေၾကာက္တတ္ျပီး စိတ္ဖိစီးမႈေရာဂါခံစားေနရတဲ့ Donatella နဲ႔အဖြဲ႔က်သြားျပီး တေန႔ေဆးရံုကေနႏွစ္ေယာက္သားထြက္ေျပးလာၾကပါတယ္။ စရိုက္သဘာ၀အရမ္းကြာတဲ့သူတုိ႔ႏွစ္ေယာက္ ႏိုင္ငံအႏွံ႔ေလွ်ာက္သြားရင္းစစ္မွန္တဲ့ေပ်ာ္ရႊင္မႈနဲ႔ ရူးသြပ္ျခင္းအဓိပၸာယ္တုိ႔ကိုလိုက္ရွာၾကပါေတာ့တယ္။ ဟာသနဲ႔ဒရာမာကိုအခ်ိဳးအစားညီညီတင္ျပႏုိင္ခဲ့တာမို႔ ၂၀၁၆ခုႏွစ္ကက်င္းပတဲ့ European Film Awards မွာအေကာင္းဆံုးရုပ္ရွင္ဆုရခဲ့ပါတယ္။
https://www.imdb.com/title/tt4621872/
Sep 26 | Goethe-Institut (19:00)
စက္တင္ဘာလ ၂၆ရက္ေန႔ေနာက္ပိုင္းျပသသြားမယ့္ရုပ္ရွင္ေတြအေၾကာင္း မနက္ျဖန္ဆက္လက္ေဖာ္ျပသြားပါ့မယ္။

UNICODE
ဥရောပရုပ်ရှင်ပွဲတော် (အပိုင်း – ၁)
ရုပ်ရှင်ဝါသနာအိုးတွေအတွက်တော့ တော်တော်ပျော်စရာကောင်းတဲ့ရက်သတ္တပတ်ပါပဲ။ ၂၈ကြိမ်မြောက်ဥရောပရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၂၉ရက်နေ့အထိရန်ကုန်က နေပြည်တော်ရုပ်ရှင်ရုံနဲ့ Goethe-Institut Myanmar Villa တို့မှာကျင်းပသွားဖို့ရှိပါတယ်။
ဟောလိဝုဒ် box office ရုပ်ရှင်အများစုက CGI တွေ၊ အက်ရှင်ပြကွက်တွေကိုအလေးပေးပြီး လူအများစုကြိုက်အောင်ရိုက်ပြတာများတယ်။ ဥရောပရုပ်ရှင်တွေဟာဇာတ်လမ်းနဲ့ဇာတ်ကောင်စရိုက် အသားပေးတာများပြီးရုပ်ရှင်ရိုက်ကူးခြင်းအနုပညာနဲ့ သရုပ်ဆောင်စွမ်းရည်တွေကိုပိုအားထားတယ်။ ရုပ်ရှင်တော်တော်များများမှာ သက်ဆိုင်ရာဥရောပနိုင်ငံတွေရဲ့သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုကိုတွေ့ရမှာပါ။ ဒီဆောင်းပါးမှာ European Film Festival 2019 ကျရင်ရန်ကုန်မှာပြသသွားမယ့်ရုပ်ရှင်တွေနဲ့ အချိန်ဇယားတွေအကြောင်းပြောပြချင်ပါတယ်။ ရုပ်ရှင်အားလုံးဟာအင်္ဂလိပ်စာတန်းထိုးထားပါတယ်။ ပြသမယ့်နေရာတွေဆီ ပွဲမစခင် ၁နာရီလောက်ကြိုသွားပြီးဦးရာလူစနစ်နဲ့ လက်မှတ်တွေကိုအခမဲ့ရယူနိုင်ပါတယ်။
The Distant Barking of Dogs (EU Film Repository)
၁ဝနှစ်သားအရွယ် Oleg နဲ့အဘွားဖြစ်သူတို့ဟာ ယူကရိန်းနိုင်ငံကရွာလေးတခုမှာနေထိုင်ကြပြီး သူတို့နေတဲ့နေရာကရုရှားနဲ့ယူကရိန်းနှစ်နိုင်ငံစစ်ဖြစ်နေတဲ့နေရာနဲ့ခဲတပစ်လောက်ပဲဝေးတဲ့နေရာပါ။ ရွာသူရွာသားတွေဘေးကင်းရာပြောင်းရွှေ့သွားပေမယ့် သူတို့မှာတခြားသွားစရာနေရာလည်းမရှိတဲ့အတွက် ရွာမှာပဲနေခဲ့ရပါတယ်။ ဘဝကတဖြည်းဖြည်းကြမ်းတမ်းလာပေမယ့် ဇာတိမြေမှာအသက်ရှင်ဖို့ရုန်းကန်ကြရတဲ့ မြေးအဘွား ၂ယောက်အကြောင်းရိုက်ကူးထားတဲ့သမိုင်းနောက်ခံရုပ်ရှင်ဖြစ်ပါတယ်။
https://www.imdb.com/title/tt7341660/
Sep 23 | Nay Pyi Taw Cinema (18:30)
Sep 28 | Goethe-Institut (14:00)
Fireheart: The Legend of Tadas Blinda (Lithuania)
၁၈၆ဝခုနှစ်ဝန်းကျင် ဇာဘုရင်တွေအုပ်ချုပ်နေစဉ်ကာလက လစ်သူရေးနီးယားကျေးရွာလေးတရွာမှာ မြေရှင်တွေနဲ့အခြေခံလူတန်းစားတွေကြားကလူမှုရေး၊ နိုင်ငံရေးပြဿနာတွေမှာပါဝင်မိတဲ့ Tadas Blinda ဆိုတဲ့အမျိုးသမီးတယောက်ရဲ့ဘဝနဲ့ဖြတ်သန်းမှုတွေကိုတင်ဆက်ထားပါတယ်။ Tadas Blinda ဆိုတာ လစ်သူရေးနီးယားမှာဒဏ္ဍာရီဆန်ဆန်ကျော်ကြားတဲ့သူရဲကောင်းတယောက်ဖြစ်ပြီး ဒီရော်ဘင်ဟုဒ်ဆန်ဆန် ရုပ်ရှင်ဟာသူတို့နိုင်ငံမှာစံချိန်တင်ဝင်ငွေရခဲ့ပါတယ်။
https://www.imdb.com/title/tt1696190/
Sep 23 | Goethe-Institut (19:00)
Sep 29 | Goethe-Institut (16:00)
Sami Blood (Sweden)
၁၉၃ဝပြည့်နှစ်ဝန်းကျင်တွေက ဆွီဒင်နိုင်ငံမှာနေထိုင်တဲ့ Sami လူမျိုးတွေနဲ့ဆွီဒင်လူမျိုးတွေကြားက လူမျိုးရေးအကျပ်အတည်းတွေအကြောင်းကိုမိန်းကလေးတယောက်ရဲ့အတွေ့အကြုံကနေတဆင့်မြင်ရမယ်။ Sami ဆိုတာဥရောပမြောက်ပိုင်းကလူမျိုးစုတစုဖြစ်ပြီး reindeer သမင်ကြီးတွေကိုထိန်းကျောင်းမွေးမြူတဲ့ လူမျိုးစုဖြစ်ပါတယ်။ ဇာတ်လိုက်ဖြစ်သူ Elle Marja ဟာ ၁၄နှစ်အရွယ်မိန်းကလေးဖြစ်ပြီး သူအပါအဝင်တခြား Sami မျိုးနွယ်ဝင်ကလေးတွေဟာ လူမျိုးရေးခွဲခြားမှုပြင်းထန်တဲ့မျိုးနွယ်စုဘော်ဒါကျောင်းကိုတက်ဖို့ ဖိအားပေးခံရတယ်။ နောင် ၁ရနှစ်အကြာမှာတော့ Christina လို့အမည်ပြောင်းထားတဲ့ Elle ဟာသူ့မွေးရပ်မြေကိုပြန်လာရင်းအတိတ်ကအဖြစ်ဆိုးတွေအကြောင်းပြန်အောက်မေ့သတိရလာပါတော့တယ်။
https://www.imdb.com/title/tt5287168/
Sep 24 | Nay Pyi Taw Cinema (18:30)
Sep 27 | Nay Pyi Taw Cinema (15:30)
Sep 29 | Goethe-Institut (19:00)
Laces (Israel)
Reuven ဟာကားဝပ်ရှော့ပိုင်ရှင်တယောက်ဖြစ်ပြီး သူ့အလုပ်နဲ့ မော်တော်ကားအစိတ်အပိုင်းတွေကို သူ့ဘဝထက်ပိုအလေးထားသူဖြစ်တယ်။ တနေ့သူ့ဇနီးဟောင်းကွယ်လွန်သွားပြီးနောက်မှာတော့ သူ့ရဲ့ ၃၈နှစ်အရွယ်သားဖြစ်သူ Gadi ကိုစောင့်ရှောက်ဖို့တာဝန်ရှိလာတယ်။ Gadi ဟာကိုယ်ခန္ဓာမသန်စွမ်းသူတယောက်ဖြစ်တာမို့ Reuven ရဲ့နေ့စဉ်ဘဝမှာပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်လာပါတော့တယ်။ သားအဖနှစ်ယောက်ကြားကမေတ္တာလိုလေးနက်တဲ့အကြောင်းအရာကို ဟာသလေးတွေစွက်ပြီးပေါ့ပေါ့ပါးပါးဖြစ်အောင်ရိုက်ကူးတင်ဆက်ထားပါတယ်။
https://www.imdb.com/title/tt8524318/
Sep 24 | Goethe-Institut (19:00)
Kon-Tiki (Norway)
၁၉၄ရခုနှစ်မှာ နော်ဝေလူမျိုးမနုဿဗေဒပညာရှင် Thor Heyerdahl ဟာတောင်အမေရိကတိုက်သားတွေအနေနဲ့ ပိုလီနီးရှားဒေသမှာအခြေချခဲ့ကြောင်းသက်သေပြဖို့ ပစိဖိတ်သမုဒ္ဒရာကိုဖောင်တစီး၊ လူ ၅ယောက်နဲ့လေ့လာရေးခရီးထွက်တဲ့ဇာတ်လမ်းပါ။ သူတို့မှာခေတ်မီပစ္စည်းဆိုလို့ ရေဒီယို၊ အသက်ကယ်လှေနဲ့ ကင်မရာတို့ပဲပါတယ်။ သူတို့ရဲ့ဖောင်ကိုတော့ အင်ကာလူမျိုးတွေရဲ့ဖန်ဆင်းရှင်နတ်ဘုရားနာမည်ကိုလိုက်ပြီး Kon-Tiki လို့ပေးလိုက်တယ်။ ဒီဖြစ်ရပ်မှန်စွန့်စားခန်းရုပ်ရှင်ဟာ နော်ဝေမှာစံချိန်တင်ဝင်ငွေကောင်းခဲ့ပြီး အကောင်းဆုံးနိုင်ငံခြားရုပ်ရှင်အဖြစ်အော်စကာ ဆန်ခါတင်စာရင်းဝင်ခဲ့ဖူးပါတယ်။
https://www.imdb.com/title/tt1613750/
Sep 25 | Nay Pyi Taw Cinema (18:30)
Sep 29 | Goethe-Institut (21:00)
Our Struggles (Belgium)
အလုပ်အရမ်းများတဲ့ဖခင်တဦးဖြစ်သူ Olivier ဟာတနေ့မှာသူ့ဇနီးသည်ရုတ်တရတ်ပျောက်ကွယ်သွားတဲ့အခါ ကလေးနဲ့အလုပ်ကတဘက် ဇနီးသည်ပျောက်ဆုံးသွားတာကိုရှာရတာကတဘက်နဲ့ ရုန်းကန်လှုပ်ရှားရတာတွေကို တင်ဆက်ထားပါတယ်။ သူ့ဇနီးကအိမ်ကထွက်သွားခဲ့တာလား၊ ဒါမှမဟုတ် တခြားပယောဂတခုခုကြောင့်ပျောက်ဆုံးသွားခဲ့တာလား။ ငွေရောင်ပိတ်ကားပေါ်မှာပဲ အဖြေရှာလိုက်ပါနော်။
https://www.imdb.com/title/tt7773210/
Sep 25 | Goethe-Institut (19:00)
King of the Belgians (EU Film Repository)
ဘုရင်စနစ်ကိုသရော်တဲ့ပြက်လုံးလေးတွေဝေဝေဆာဆာနဲ့ကြည့်ရမယ့် စိတ်ကူးယဉ်ဇာတ်မြူးရုပ်ရှင်ပါ။ ဘယ်လ်ဂျီယံဘုရင် တတိယမြောက်နီကိုလတ်စ်ဟာသူ့ဘဝကိုငြီးငွေ့နေပြီး ရည်ရွယ်ချက်ပျောက်ဆုံးနေသူ။ သူ့ရဲ့ပုံရိပ်ကိုမြှင့်တင်တဲ့ရုပ်ရှင်ရိုက်ဖို့တူရကီနိုင်ငံကိုဒါရိုက်တာတယောက်နဲ့သွားနေတုန်း ဘယ်လ်ဂျီယံတောင်ပိုင်းဒေသကလွတ်လပ်ရေးကြေညာလိုက်တယ်။ တိုင်းပြည်ကိုပြန်လည်စုစည်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့နီကိုလတ်စ်ဟာသူ့နိုင်ငံကိုပြန်လာမယ်လုပ်တုန်းမှာပဲ ကမ္ဘာကြီးကို နေမုန်တိုင်း (solar storm) ဝင်ရောက်တိုက်ခတ်တဲ့အတွက် ပို့ဆောင်ဆက်သွယ်ရေးနည်းပညာတွေအကုန်ပျက်တောက်ကုန်တယ်။ ဖုန်းလည်းသုံးမရ၊ လေယာဉ်တွေလည်းထွက်လို့မရတော့တဲ့အခြေအနေမှာ နီကိုလတ်စ်တယောက်သူ့နိုင်ငံကို ဘယ်လိုနည်းနဲ့စည်းလုံးမှုပြန်တည်ဆောက်မလဲ။
https://www.imdb.com/title/tt4818804/
Sep 26 | Nay Pyi Taw Cinema (18:30)
Like Crazy (Italy)
Villa Biondi စိတ်ကျန်းမာရေးဆေးရုံက Beatrice ဟာအလွန်စကားများသူဖြစ်ပြီး သူ့ကိုယ်သူသန်းပေါင်းများစွာချမ်းသာတဲ့မြို့စားကတော်လို့ထင်နေသူပါ။ ဒါ့အပြင်ကမ္ဘာ့ခေါင်းဆောင်တော်တော်များများနဲ့ရင်းနှီးတယ်လို့လည်းပြောတတ်သေးတယ်။ ဆေးရုံမှာရှက်ကြောက်တတ်ပြီး စိတ်ဖိစီးမှုရောဂါခံစားနေရတဲ့ Donatella နဲ့အဖွဲ့ကျသွားပြီး တနေ့ဆေးရုံကနေနှစ်ယောက်သားထွက်ပြေးလာကြပါတယ်။ စရိုက်သဘာဝအရမ်းကွာတဲ့သူတို့နှစ်ယောက် နိုင်ငံအနှံ့လျှောက်သွားရင်းစစ်မှန်တဲ့ပျော်ရွှင်မှုနဲ့ ရူးသွပ်ခြင်းအဓိပ္ပာယ်တို့ကိုလိုက်ရှာကြပါတော့တယ်။ ဟာသနဲ့ဒရာမာကိုအချိုးအစားညီညီတင်ပြနိုင်ခဲ့တာမို့ ၂၀၁၆ခုနှစ်ကကျင်းပတဲ့ European Film Awards မှာအကောင်းဆုံးရုပ်ရှင်ဆုရခဲ့ပါတယ်။
https://www.imdb.com/title/tt4621872/
Sep 26 | Goethe-Institut (19:00)
စက်တင်ဘာလ ၂၆ရက်နေ့နောက်ပိုင်းပြသသွားမယ့်ရုပ်ရှင်တွေအကြောင်း မနက်ဖြန်မှာဆက်လက်ဖော်ပြသွားပါ့မယ်။