Advertisement

Gillian Flynn ဆိုတဲ့စာေရးဆရာမကိုမသိၾကရင္ေတာင္ သူ႔၀တၳဳကိုမွီျငိမ္းရိုက္ကူးထားတဲ့ Gone Girl ကိုေတာ့ ရုပ္ရွင္၀ါသနာအိုးေတာ္ေတာ္မ်ားမ်ားၾကည့္ဖူးၾကပါလိမ့္မယ္။ Rosamund Pike ရဲ႕သရုပ္ေဆာင္ခ်က္ေတြက ပီျပင္လြန္းလို႔ပရိသတ္ေတြအၾကိဳက္ေတြ႔ခဲ့ၾကသလို အေကာင္းဆံုးအမ်ိဳးသမီးဇာတ္ေဆာင္ဆုအတြက္ေတာင္ လ်ာထားခံခဲ့ရပါတယ္။

Flynn ရဲ႕လံုးခ်င္း၀တၳဳ ၃အုပ္ဟာရုပ္ရွင္၊ တီဗီဇာတ္လမ္းတြဲေတြအျဖစ္ရိုက္ကူးျခင္းလည္းခံခဲ့ရပါတယ္။ သူ႔၀တၳဳေတြကို psychological thriller လို႔သတ္မွတ္ႏုိင္ျပီးဇာတ္ေကာင္ေတြကလည္းစိတ္ေ၀ဒနာတမ်ိဳးမ်ိဳး ခံစားေနရတာကိုေတြ႔ရမယ္။ ဇာတ္လမ္းပိုင္းအရၾကည့္ရင္ေရွ႕ဘာဆက္ျဖစ္မလဲဆိုတာခန္႔မွန္းလို႔မရဘဲ ဇာတ္လိုက္နဲ႔သူ႔စိတ္တေစၦေတြၾကား အားျပိဳင္တာေတြ၊ ရုတ္တရတ္ေပၚလာတဲ့စိတ္ခံစားခ်က္ေတြေၾကာင့္ ျဖစ္လာတဲ့အက်ိဳးဆက္ေတြအေၾကာင္းေရးေလ့ရွိတယ္။ အမ်ားအျမင္မွာလူေကာင္းလို႔ထင္ရေပမယ့္ စိတ္ထဲမွာေ၀ဒနာေတြခံစားေနရတဲ့ဇာတ္ေကာင္ေတြကိုၾကည့္ရင္း ကိုယ့္စိတ္နဲ႔အေတြးေတြကိုလည္း သတိထားစဥ္းစားမိလာတယ္။ ဒီေဆာင္းပါးမွာေတာ့ ၀တၳဳဇာတ္လမ္းေတြအေၾကာင္းေျပာရင္း ဇာတ္ေကာင္ေတြရဲ႕စိတ္ေ၀ဒနာကိုသရုပ္ခြဲျပခ်င္ပါတယ္။

Gone Girl

လူသိအမ်ားဆံုးနဲ႔အေအာင္ျမင္ဆံုး၀တၳဳလို႔ေျပာရမယ္။ လင္မယားႏွစ္ေယာက္အျပန္အလွန္ဆိုးက်ိဳးေပးတဲ့ toxic relationship အေၾကာင္းအပီျပင္ဆံုးေရးထားတဲ့၀တၳဳလို႔လည္းေျပာႏုိင္ပါတယ္။

အဓိကဇာတ္ေကာင္ Amy Dunne (Rosamund Pike) ဟာငယ္ငယ္ေလးကတည္းက သူ႔မိဘေတြရဲ႕ေမွ်ာ္လင့္ခ်က္အတိုင္းေတာ္တတ္ထက္ျမတ္ျပီးအစစအရာရာျပည့္စံုေနတဲ့မိန္းကေလးတေယာက္ ျဖစ္ေအာင္ေနခဲ့သူ။ သူ႔ခ်စ္သူ Nick Dunne (Ben Affleck) ကေတာ့သိပ္မေအာင္ျမင္တဲ့စာနယ္ဇင္းသမား။ တကယ္ေတာ့သူတုိ႔ ၂ေယာက္ဟာျမင္ျမင္ခ်င္းခ်စ္သြားလို႔တြဲျဖစ္ခဲ့တာပဲရွိေပမယ့္ အက်င့္စရုိက္ခ်င္းကအရမ္းကြာတယ္။ အဲ့ဒီေတာ့အိမ္ေထာင္သက္ၾကာလာတာနဲ႔အမွ် Amy နဲ႔ Nick တို႔ၾကားသေဘာထားမတိုက္ဆိုင္မႈေတြမ်ားလာတယ္။ တေန႔မွာ Amy အိမ္ကေနရုတ္တရတ္ေပ်ာက္ကြယ္သြားေတာ့ သူတို႔လင္မယားအိမ္ေထာင္ေရးအဆင္မေျပတာကိုရိပ္မိတဲ့ ပတ္၀န္းက်င္က Amy ရဲ႕ေပ်ာက္ဆံုးမႈမွာ Nick ရဲ႕ပေယာဂကင္းရဲ႕လားလို႔သံသယ၀င္လာၾကပါတယ္။

ဇာတ္လမ္းထဲက Amy ရဲ႕စိတ္အေျခအေနကို စိတ္ပညာရႈေထာင့္ကဆန္းစစ္ၾကည့္တဲ့အခါ Amy မွာ psychopathy နဲ႔ borderline personality disorder ေတြရွိေၾကာင္းေတြ႕ရတယ္။ ေအာက္ကစာပိုဒ္ေတြမွာ SPOILER ပါပါတယ္။

Amy ဟာငယ္ငယ္ကတည္းကသူမမိဘေတြရဲ႕၀တၳဳဇာတ္ေကာင္ Amazing Amy ဆိုတဲ့ေကာင္မေလးလို အားနည္းခ်က္မရွိဘဲ ေနရာတုိင္းမွာထူးခၽြန္တဲ့သူတေယာက္အျဖစ္ေနခဲ့ရတယ္။ ဒါေၾကာင့္ Amy ဟာငယ္ငယ္ကတည္းက လူအာရံုစိုက္တာခ်ီးမြမ္းတာကိုမက္ေမာတယ္။ သူ႔ကိုဂရုမစိုက္တဲ့သူေတြ၊ အသိအမွတ္မျပဳတဲ့သူေတြကိုလည္းအျငိွဳးတၾကီးလက္စားေခ်တတ္တယ္။ တကယ္ေတာ့ဒါဟာ သားသမီးကိုအရမ္းေအာင္ျမင္ျဖစ္ထြန္းေစခ်င္တဲ့မိဘေတြနဲ႔ၾကီးျပင္းလာသူေတြမွာ ေတြ႔ရေလ့ရွိတဲ့စိတ္အေျခအေနတခုပါ။ ခင္ပြန္းသည္ျဖစ္သူ Nick ဟာသူမအေပၚစိတ္မ၀င္စားေတာ့ဘဲ တျခားမိန္းကေလးတေယာက္နဲ႔ေဖာက္ျပန္တဲ့အခါ သာမန္လူေတြလိုထိပ္တိုက္ေျဖရွင္းတာတို႔၊ ေဒါသတၾကီးေပါက္ကြဲတာတုိ႔လုပ္မယ့္အစား အကြက္က်က်လက္စားေခ်ဖို႔အခ်ိန္ယူျပင္ဆင္တယ္။ Amy ဟာသူငယ္ငယ္ကတြဲခဲ့တဲ့ရည္းစားတေယာက္ကိုလည္း မုဒိမ္းမႈနဲ႔ေထာင္က်ေအာင္အကြက္ဆင္ခဲ့ေသးတယ္။ ေသြးေအးရက္စက္တာဟာ psychopath ေတြရဲ႕စရိုက္ျဖစ္ျပီး၊ မိမိဘ၀ကိုေက်နပ္ျခင္းမရွိဘဲ လူအမ်ားအထင္ၾကီးဖို႔ပဲစဥ္းစားေနတာ၊ အမွားအမွန္ခြဲျခားႏုိင္စြမ္းမရွိဘဲစိတ္ထင္ရာလုပ္တာေတြကေတာ့ borderline personality disorder ရဲ႕ေရာဂါလကၡဏာေတြျဖစ္ပါတယ္။

Ref: https://www.health.com/relationships/is-that-gone-girl-character-a-psychopath

Dark Places

သူ႔၀တၳဳကိုမွီးတဲ့ရုပ္ရွင္ေတြထဲမွာ လူသိအနည္းဆံုးလို႔ေျပာရမယ္။ အဓိကဇာတ္ေကာင္ Libby Day (Charlize Theron) ဟာငယ္စဥ္ကသူ႔အေမနဲ႔ ညီမေတြကို အစ္ကိုျဖစ္သူကနတ္ဆိုးကိုယဇ္ပူေဇာ္တဲ့အေနနဲ႔ သတ္ပစ္လိုက္တယ္လို႔တရားရံုးမွာထြက္ဆိုခဲ့ေတာ့ သူ႔အစ္ကိုေထာင္ဒဏ္ႏွစ္ရွည္က်သြားပါတယ္။

အရြယ္ေရာက္လာတဲ့အခ်ိန္မွာေတာ့ Libby ဟာအတိတ္ကအျဖစ္ဆိုးေတြရဲ႕ေျခာက္လွန္႔မႈကိုခံစားေနရဆဲပါ။ လူေတြကိုေၾကာက္လန္႔ေနတဲ့ Libby ဟာဘယ္သူနဲ႔မွခိုင္မာတဲ့ေပါင္းသင္းဆက္ဆံေရး တည္ေဆာက္ႏုိင္စြမ္းမရွိဘဲတေယာက္တည္းေနတယ္။ ဘ၀ကိုစိတ္ကုန္ေနတဲ့အတြက္ အလုပ္လုပ္ခ်င္စိတ္လည္းမရွိဘူး။ သူ႔ကိုသနားတဲ့သူေတြလွဴဒါန္းတဲ့ေငြနဲ႔ရပ္တည္ေနတာပါ။  ဒါေပမယ့္တေန႔မွာအေပ်ာ္တမ္းစံုေထာက္အဖြဲ႔နဲ႔ေတြ႔ဆံုမိျပီး သူငယ္ငယ္ကတရားရံုးမွာေျပာခဲ့တဲ့ ထြက္ဆိုခ်က္ေတြမွန္ရဲ႕လားဆိုျပီးသူ႔ကိုယ္သူသံသယျဖစ္လာတယ္။ အမႈသြားအမႈလာကိုျပန္ေလ့လာၾကည့္တဲ့အခါမွာလည္း ဟာကြက္ေတြအမ်ားၾကီးေတြ႔ရတဲ့အတြက္ သူ႔အစ္ကိုကရားခံအစစ္ဟုတ္မဟုတ္စံုစမ္းပါေတာ့တယ္။

ဒီဇာတ္လမ္းမွာအတိတ္ကအျဖစ္ဆိုးေၾကာင့္ရတဲ့စိတ္အနာတရ (PTSD) အေၾကာင္းပါးပါးေလးေျပာထားေပမယ့္ ဇာတ္ေကာင္စရိုက္အသားေပးဆိုတာထက္ ဇာတ္လမ္းအသားေပးတဲ့၀တၳဳပါ။

Sharp Objects

Flynn ရဲ႕ပြဲဦးထြက္လံုးခ်င္းျဖစ္ပါတယ္။ က်ေနာ္ကေတာ့ Gone Girl ထက္ဒီ၀တၳဳကိုပိုၾကိဳက္တယ္။ စိတ္ေ၀ဒနာေတြနဲ႔ပတ္သက္ျပီး အေသးစိတ္ပိုသိရတဲ့ဇာတ္လမ္းလည္းျဖစ္ပါတယ္။ HBO ကရိုက္ထားတဲ့ TV series ကိုမၾကည့္ရေသးတဲ့အတြက္၀တၳဳရဲ႕ဇာတ္လမ္းကိုပဲေျပာျပပါ့မယ္။ SPOILER ပါပါတယ္ေနာ္။

Camille (Amy Adams) ဟာဂ်ာနယ္လစ္တေယာက္ျဖစ္ျပီး သူမရဲ႕ဇာတိျမိဳ႕ေလးမွာျဖစ္ပြားခဲ့တဲ့ လူသတ္မႈေတြအေၾကာင္းစံုစမ္းျပီးသတင္းေရးသားဖို႔ ဇာတိျမိဳ႕ကိုခဏျပန္လာေနပါတယ္။ သူမဟာအေမျဖစ္သူ Adora (Patricia Clarkson) နဲ႔ဆက္ဆံေရးအဆင္မေျပဘူး။ ငယ္ငယ္ကသူမရဲ႕အေမတူအေဖကြဲညီမ Marian ကြယ္လြန္သြားခဲ့တာသူ႔အျပစ္မကင္းဘူးဆိုျပီးေနာင္တရရာကေန စိတ္က်န္းမာေရးေဆးရံုေရာက္တဲ့အထိ ဆိုး၀ါးသြားခဲ့တယ္။ ကေလးမေလးေတြအသတ္ခံရတဲ့လူသတ္မႈေတြအေၾကာင္းစံုစမ္းရာကေန ညီမျဖစ္သူေသဆံုးခဲ့တဲ့အေၾကာင္းရင္းနဲ႔ မိခင္ျဖစ္သူရဲ႕စိတ္ေ၀ဒနာေတြကိုသိရွိလာပါေတာ့တယ္။

Camille ဟာေဆးရံုကဆင္းျပီးေနာက္ပိုင္းမွာေတာင္ကိုယ့္ကိုယ္ကိုယ္အနာတရျဖစ္ေအာင္လုပ္တဲ့ စိတ္ေ၀ဒနာကိုခံစားေနရဆဲပါ။ စိတ္ပညာရႈေထာင့္အရဆိုရင္ ညီမျဖစ္သူကိုမကာကြယ္ႏိုင္တဲ့အတြက္ ကိုယ့္ကိုယ္ကိုယ္အျပစ္ေပးတဲ့အေနနဲ႔ ကိုယ့္ခႏၶာကိုယ္ကိုနာက်င္ေအာင္လုပ္တဲ့သေဘာပါပဲ။ သူမဟာခၽြန္ထက္တဲ့အရာတခုခုသံုးျပီး သူမကိုစိတ္ပိုင္းဆုိင္ရာအရထိခိုက္ေစတဲ့စကားလံုးေတြကို ခႏၶာကိုယ္အေပၚမွာေရးျခစ္ေလ့ရွိပါတယ္။

မိခင္ျဖစ္သူ Adora ကေတာ့ Munchausen Syndrome By Proxy ဆိုတဲ့စိတ္ေ၀ဒနာကိုခံစားေနရတယ္။ ဒီေရာဂါကေတာ့ေနထုိင္မေကာင္းျဖစ္ေနတဲ့သူေတြကိုျပဳစုရင္း တပါးသူရဲ႕ဂရုစိုက္မႈ၊ ၾကင္နာသနားမႈကို လူနာနဲ႔အတူတူခံယူလိုတဲ့ေရာဂါျဖစ္ပါတယ္။ Adora ဟာ သမီးငယ္ Marian မက်န္းမာေအာင္ ေဆးေတြတိုက္ေလ့ရွိျပီးအဲ့ဒီေဆးေတြေၾကာင့္ပဲ Marian ကြယ္လြန္ခဲ့ရတယ္။ ဒီအတြက္သူ႔ကိုယ္သူအျပစ္တင္ေနသလို သူ႔ျပဳစုေစာင့္ေရွာက္မႈကိုမလိုအပ္တဲ့ Camille ကိုလည္းမေက်နပ္ဘူး။  သမီးအငယ္ဆံုးျဖစ္သူ Amma (Eliza Scanlen) ကိုလည္းေဆးေတြတိုက္ျပီး ေနမေကာင္းျဖစ္ေအာင္လုပ္လာပါေတာ့တယ္။ Camille တေယာက္ Amma ကိုအခ်ိန္မီကယ္တင္ႏုိင္ပါ့မလား။

သူတုိ႔မိသားစုထဲကေနာက္ထပ္စိတ္ေ၀ဒနာရွင္တေယာက္ကေတာ့ Amma ျဖစ္ပါတယ္။ သူမကေတာ့ narcissism နဲ႔ sadism ကိုခံစားေနရသူပါ။ Narcissism ေၾကာင့္ တျခားမိန္းကေလးေတြသူ႔ထက္ပုိျပီး နာမည္ၾကီးလာရင္ လူအာရံုစိုက္ခံရရင္ မနာလိုျဖစ္ေလ့ရွိတယ္။ တပါးသူေ၀ဒနာခံစားရတာ ဒုကၡေရာက္တာကိုၾကည့္ျပီးသာယာမႈရွာတဲ့ sadism ေၾကာင့္မိန္းကေလးေတြကိုသတ္တာေတာင္ရိုးရိုးမသတ္ဘဲ သြားေတြႏႈတ္ျပီးမွသတ္ေလ့ရွိသလို၊ ေမြးျမဴေရး၀က္ေတြဇီးတင္တာ အသတ္ခံရတာကိုလည္း မက္မက္ေမာေမာၾကည့္ေလ့ရွိသူတေယာက္ပါ။

Ref: https://www.webmd.com/mental-health/munchausen-by-proxy#1

Gillian Flynn အေၾကာင္း

၁၉၇၁ ခုႏွစ္မွာေမြးခဲ့တဲ့ Flynn ဟာစာေရးဆရာတေယာက္အျဖစ္မရပ္တည္ခင္က စာနယ္ဇင္းသမားတေယာက္အျဖစ္ရပ္တည္ခဲ့ျပီး Entertainment Weekly မွာရုပ္ရွင္ေ၀ဖန္ေရးေတြလည္း ေရးသားခဲ့ဖူးပါတယ္။ ဒါေၾကာင့္လည္းသူ႔၀တၳဳေတြမွာ စာနယ္ဇင္းသမားဇာတ္ေကာင္ေတြပါ၀င္ေလ့ရွိျပီး၊ ေထာက္လွမ္းေရးဆန္ဆန္ဇာတ္လမ္းေတြအေရးမ်ားပါတယ္။

အမ်ိဳးသမီးေတြကို villain အျဖစ္ထားတာ၊ မေကာင္းတဲ့မိန္းမေတြအျဖစ္ပံုေဖာ္တာေတြမ်ားတဲ့အတြက္ ေ၀ဖန္ေရးဆရာေတြက Flynn ကိုေ၀ဖန္ခဲ့ၾကဖူးတယ္။ ဒီကိစၥနဲ႔ပတ္သက္ျပီး Flynn ကအခုလိုေခ်ပပါတယ္။ “က်မအေနနဲ႔အမ်ိဳးသမီး villain ေတြကိုသံုးရျခင္းကအမ်ိဳးသမီးေတြဟာပင္ကိုယ္အားျဖင့္ စိတ္သေဘာထားျဖဴစင္တယ္၊ မိခင္စိတ္ျပည့္၀တယ္ဆိုတဲ့ ေခါက္ရိုးက်ိဳးအျမင္ေတြကိုသေဘာမက်လို႔ပါ။ အမ်ိဳးသမီးေတြလည္းဆိုးႏုိင္တာပဲေလ။”

https://www.theguardian.com/books/2013/may/01/gillian-flynn-bestseller-gone-girl-misogyny

(UNICODE)

Gillian Flynn ဆိုတဲ့စာရေးဆရာမကိုမသိကြရင်တောင် သူ့ဝတ္ထုကိုမှီငြိမ်းရိုက်ကူးထားတဲ့ Gone Girl ကိုတော့ ရုပ်ရှင်ဝါသနာအိုးတော်တော်များများကြည့်ဖူးကြပါလိမ့်မယ်။ Rosamund Pike ရဲ့သရုပ်ဆောင်ချက်တွေက ပီပြင်လွန်းလို့ပရိသတ်တွေအကြိုက်တွေ့ခဲ့ကြသလို အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအတွက်တောင် လျာထားခံခဲ့ရပါတယ်။

Flynn ရဲ့လုံးချင်းဝတ္ထု ၃အုပ်ဟာရုပ်ရှင်၊ တီဗီဇာတ်လမ်းတွဲတွေအဖြစ်ရိုက်ကူးခြင်းလည်းခံခဲ့ရပါတယ်။ သူ့ဝတ္ထုတွေကို psychological thriller လို့သတ်မှတ်နိုင်ပြီးဇာတ်ကောင်တွေကလည်းစိတ်ဝေဒနာတမျိုးမျိုး ခံစားနေရတာကိုတွေ့ရမယ်။ ဇာတ်လမ်းပိုင်းအရကြည့်ရင်ရှေ့ဘာဆက်ဖြစ်မလဲဆိုတာခန့်မှန်းလို့မရဘဲ ဇာတ်လိုက်နဲ့သူ့စိတ်တစ္ဆေတွေကြား အားပြိုင်တာတွေ၊ ရုတ်တရတ်ပေါ်လာတဲ့စိတ်ခံစားချက်တွေကြောင့် ဖြစ်လာတဲ့အကျိုးဆက်တွေအကြောင်းရေးလေ့ရှိတယ်။ အများအမြင်မှာလူကောင်းလို့ထင်ရပေမယ့် စိတ်ထဲမှာဝေဒနာတွေခံစားနေရတဲ့ဇာတ်ကောင်တွေကိုကြည့်ရင်းကိုယ့်စိတ်နဲ့အတွေးတွေကိုလည်း သတိထားစဉ်းစားမိလာတယ်။ ဒီဆောင်းပါးမှာတော့ ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတဲ့ဝတ္ထုတွေနဲ့ ဇာတ်လမ်းထဲကဇာတ်ကောင်တွေခံစားနေရတဲ့စိတ်ဝေဒနာတွေအကြောင်းပြောပြချင်ပါတယ်။

Gone Girl

လူသိအများဆုံးနဲ့အအောင်မြင်ဆုံးဝတ္ထုလို့ပြောရမယ်။ လင်မယားနှစ်ယောက်အပြန်အလှန်ဆိုးကျိုးပေးတဲ့ toxic relationship အကြောင်းအပီပြင်ဆုံးရေးထားတဲ့ဝတ္ထုလို့လည်းပြောနိုင်ပါတယ်။
အဓိကဇာတ်ကောင် Amy Dunne (Rosamund Pike) ဟာငယ်ငယ်လေးကတည်းက သူ့မိဘတွေရဲ့မျှော်လင့်ချက်အတိုင်းတော်တတ်ထက်မြတ်ပြီးအစစအရာရာပြည့်စုံနေတဲ့မိန်းကလေးတယောက် ဖြစ်အောင်နေခဲ့သူ။ သူ့ချစ်သူ Nick Dunne (Ben Affleck) ကတော့သိပ်မအောင်မြင်တဲ့စာနယ်ဇင်းသမား။ တကယ်တော့သူတို့ ၂ယောက်ဟာမြင်မြင်ချင်းချစ်သွားလို့တွဲဖြစ်ခဲ့တာပဲရှိပေမယ့် အကျင့်စရိုက်ချင်းကအရမ်းကွာတယ်။ အဲ့ဒီတော့အိမ်ထောင်သက်ကြာလာတာနဲ့အမျှ Amy နဲ့ Nick တို့ကြားသဘောထားမတိုက်ဆိုင်မှုတွေများလာတယ်။ တနေ့မှာ Amy အိမ်ကနေရုတ်တရတ်ပျောက်ကွယ်သွားတော့ သူတို့လင်မယားအိမ်ထောင်ရေးအဆင်မပြေတာကိုရိပ်မိတဲ့ ပတ်ဝန်းကျင်က Amy ရဲ့ပျောက်ဆုံးမှုမှာ Nick ရဲ့ပယောဂကင်းရဲ့လားလို့သံသယဝင်လာကြပါတယ်။
ဇာတ်လမ်းထဲက Amy ရဲ့စိတ်အခြေအနေကို စိတ်ပညာရှုထောင့်ကဆန်းစစ်ကြည့်တဲ့အခါ Amy မှာ psychopathy နဲ့ borderline personality disorder တွေရှိကြောင်းတွေ့ရတယ်။ အောက်ကစာပိုဒ်တွေမှာ SPOILER ပါပါတယ်။
Amy ဟာငယ်ငယ်ကတည်းကသူမမိဘတွေရဲ့ဝတ္ထုဇာတ်ကောင် Amazing Amy ဆိုတဲ့ကောင်မလေးလို အားနည်းချက်မရှိဘဲ နေရာတိုင်းမှာထူးချွန်တဲ့သူတယောက်အဖြစ်နေခဲ့ရတယ်။ ဒါကြောင့် Amy ဟာငယ်ငယ်ကတည်းက လူအာရုံစိုက်တာချီးမွမ်းတာကိုမက်မောတယ်။ သူ့ကိုဂရုမစိုက်တဲ့သူတွေ၊ အသိအမှတ်မပြုတဲ့သူတွေကိုလည်းအငြိှုးတကြီးလက်စားချေတတ်တယ်။ တကယ်တော့ဒါဟာ သားသမီးကိုအရမ်းအောင်မြင်ဖြစ်ထွန်းစေချင်တဲ့မိဘတွေနဲ့ကြီးပြင်းလာသူတွေမှာ တွေ့ရလေ့ရှိတဲ့စိတ်အခြေအနေတခုပါ။ ခင်ပွန်းသည်ဖြစ်သူ Nick ဟာသူမအပေါ်စိတ်မဝင်စားတော့ဘဲ တခြားမိန်းကလေးတယောက်နဲ့ဖောက်ပြန်တဲ့အခါ သာမန်လူတွေလိုထိပ်တိုက်ဖြေရှင်းတာတို့၊ ဒေါသတကြီးပေါက်ကွဲတာတို့လုပ်မယ့်အစား အကွက်ကျကျလက်စားချေဖို့အချိန်ယူပြင်ဆင်တယ်။ Amy ဟာသူငယ်ငယ်ကတွဲခဲ့တဲ့ရည်းစားတယောက်ကိုလည်း မုဒိမ်းမှုနဲ့ထောင်ကျအောင်အကွက်ဆင်ခဲ့သေးတယ်။ သွေးအေးရက်စက်တာဟာ psychopath တွေရဲ့စရိုက်ဖြစ်ပြီး၊ မိမိဘဝကိုကျေနပ်ခြင်းမရှိဘဲ လူအများအထင်ကြီးဖို့ပဲစဉ်းစားနေတာ၊ အမှားအမှန်ခွဲခြားနိုင်စွမ်းမရှိဘဲစိတ်ထင်ရာလုပ်တာတွေကတော့ borderline personality disorder ရဲ့ရောဂါလက္ခဏာတွေဖြစ်ပါတယ်။

Ref: https://www.health.com/relationships/is-that-gone-girl-character-a-psychopath

Dark Places

သူ့ဝတ္ထုကိုမှီးတဲ့ရုပ်ရှင်တွေထဲမှာ လူသိအနည်းဆုံးလို့ပြောရမယ်။ အဓိကဇာတ်ကောင် Libby Day (Charlize Theron) ဟာငယ်စဉ်ကသူ့အမေနဲ့ ညီမတွေကို အစ်ကိုဖြစ်သူကနတ်ဆိုးကိုယဇ်ပူဇော်တဲ့အနေနဲ့ သတ်ပစ်လိုက်တယ်လို့တရားရုံးမှာထွက်ဆိုခဲ့တော့ သူ့အစ်ကိုထောင်ဒဏ်နှစ်ရှည်ကျသွားပါတယ်။
အရွယ်ရောက်လာတဲ့အချိန်မှာတော့ Libby ဟာအတိတ်ကအဖြစ်ဆိုးတွေရဲ့ခြောက်လှန့်မှုကိုခံစားနေရဆဲပါ။ လူတွေကိုကြောက်လန့်နေတဲ့ Libby ဟာဘယ်သူနဲ့မှခိုင်မာတဲ့ပေါင်းသင်းဆက်ဆံရေး တည်ဆောက်နိုင်စွမ်းမရှိဘဲတယောက်တည်းနေတယ်။ ဘဝကိုစိတ်ကုန်နေတဲ့အတွက် အလုပ်လုပ်ချင်စိတ်လည်းမရှိဘူး။ သူ့ကိုသနားတဲ့သူတွေလှူဒါန်းတဲ့ငွေနဲ့ရပ်တည်နေတာပါ။ ဒါပေမယ့်တနေ့မှာအပျော်တမ်းစုံထောက်အဖွဲ့နဲ့တွေ့ဆုံမိပြီး သူငယ်ငယ်ကတရားရုံးမှာပြောခဲ့တဲ့ ထွက်ဆိုချက်တွေမှန်ရဲ့လားဆိုပြီးသူ့ကိုယ်သူသံသယဖြစ်လာတယ်။ အမှုသွားအမှုလာကိုပြန်လေ့လာကြည့်တဲ့အခါမှာလည်း ဟာကွက်တွေအများကြီးတွေ့ရတဲ့အတွက် သူ့အစ်ကိုကရားခံအစစ်ဟုတ်မဟုတ်စုံစမ်းပါတော့တယ်။
ဒီဇာတ်လမ်းမှာအတိတ်ကအဖြစ်ဆိုးကြောင့်ရတဲ့စိတ်အနာတရ (PTSD) အကြောင်းပါးပါးလေးပြောထားပေမယ့် ဇာတ်ကောင်စရိုက်အသားပေးဆိုတာထက် ဇာတ်လမ်းအသားပေးတဲ့ဝတ္ထုပါ။

Sharp Objects

Flynn ရဲ့ပွဲဦးထွက်လုံးချင်းဖြစ်ပါတယ်။ ကျနော်ကတော့ Gone Girl ထက်ဒီဝတ္ထုကိုပိုကြိုက်တယ်။ စိတ်ဝေဒနာတွေနဲ့ပတ်သက်ပြီး အသေးစိတ်ပိုသိရတဲ့ဇာတ်လမ်းလည်းဖြစ်ပါတယ်။ HBO ကရိုက်ထားတဲ့ TV series ကိုမကြည့်ရသေးတဲ့အတွက်ဝတ္ထုရဲ့ဇာတ်လမ်းကိုပဲပြောပြပါ့မယ်။ SPOILER ပါပါတယ်နော်။
Camille (Amy Adams) ဟာဂျာနယ်လစ်တယောက်ဖြစ်ပြီး သူမရဲ့ဇာတိမြို့လေးမှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေအကြောင်းစုံစမ်းပြီးသတင်းရေးသားဖို့ ဇာတိမြို့ကိုခဏပြန်လာနေပါတယ်။ သူမဟာအမေဖြစ်သူ Adora (Patricia Clarkson) နဲ့ဆက်ဆံရေးအဆင်မပြေဘူး။ ငယ်ငယ်ကသူမရဲ့အမေတူအဖေကွဲညီမ Marian ကွယ်လွန်သွားခဲ့တာသူ့အပြစ်မကင်းဘူးဆိုပြီးနောင်တရရာကနေ စိတ်ကျန်းမာရေးဆေးရုံရောက်တဲ့အထိ ဆိုးဝါးသွားခဲ့တယ်။ ကလေးမလေးတွေအသတ်ခံရတဲ့လူသတ်မှုတွေအကြောင်းစုံစမ်းရာကနေ ညီမဖြစ်သူသေဆုံးခဲ့တဲ့အကြောင်းရင်းနဲ့ မိခင်ဖြစ်သူရဲ့စိတ်ဝေဒနာတွေကိုသိရှိလာပါတော့တယ်။
Camille ဟာဆေးရုံကဆင်းပြီးနောက်ပိုင်းမှာတောင်ကိုယ့်ကိုယ်ကိုယ်အနာတရဖြစ်အောင်လုပ်တဲ့ စိတ်ဝေဒနာကိုခံစားနေရဆဲပါ။ စိတ်ပညာရှုထောင့်အရဆိုရင် ညီမဖြစ်သူကိုမကာကွယ်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်အပြစ်ပေးတဲ့အနေနဲ့ ကိုယ့်ခန္ဓာကိုယ်ကိုနာကျင်အောင်လုပ်တဲ့သဘောပါပဲ။ သူမဟာချွန်ထက်တဲ့အရာတခုခုသုံးပြီး သူမကိုစိတ်ပိုင်းဆိုင်ရာအရထိခိုက်စေတဲ့စကားလုံးတွေကို ခန္ဓာကိုယ်အပေါ်မှာရေးခြစ်လေ့ရှိပါတယ်။
မိခင်ဖြစ်သူ Adora ကတော့ Munchausen Syndrome By Proxy ဆိုတဲ့စိတ်ဝေဒနာကိုခံစားနေရတယ်။ ဒီရောဂါကတော့နေထိုင်မကောင်းဖြစ်နေတဲ့သူတွေကိုပြုစုရင်း တပါးသူရဲ့ဂရုစိုက်မှု၊ ကြင်နာသနားမှုကို လူနာနဲ့အတူတူခံယူလိုတဲ့ရောဂါဖြစ်ပါတယ်။ Adora ဟာ သမီးငယ် Marian မကျန်းမာအောင် ဆေးတွေတိုက်လေ့ရှိပြီးအဲ့ဒီဆေးတွေကြောင့်ပဲ Marian ကွယ်လွန်ခဲ့ရတယ်။ ဒီအတွက်သူ့ကိုယ်သူအပြစ်တင်နေသလို သူ့ပြုစုစောင့်ရှောက်မှုကိုမလိုအပ်တဲ့ Camille ကိုလည်းမကျေနပ်ဘူး။ သမီးအငယ်ဆုံးဖြစ်သူ Amma (Eliza Scanlen) ကိုလည်းဆေးတွေတိုက်ပြီး နေမကောင်းဖြစ်အောင်လုပ်လာပါတော့တယ်။ Camille တယောက် Amma ကိုအချိန်မီကယ်တင်နိုင်ပါ့မလား။
သူတို့မိသားစုထဲကနောက်ထပ်စိတ်ဝေဒနာရှင်တယောက်ကတော့ Amma ဖြစ်ပါတယ်။ သူမကတော့ narcissism နဲ့ sadism ကိုခံစားနေရသူပါ။ Narcissism ကြောင့် တခြားမိန်းကလေးတွေသူ့ထက်ပိုပြီး နာမည်ကြီးလာရင် လူအာရုံစိုက်ခံရရင် မနာလိုဖြစ်လေ့ရှိတယ်။ တပါးသူဝေဒနာခံစားရတာ ဒုက္ခရောက်တာကိုကြည့်ပြီးသာယာမှုရှာတဲ့ sadism ကြောင့်မိန်းကလေးတွေကိုသတ်တာတောင်ရိုးရိုးမသတ်ဘဲ သွားတွေနှုတ်ပြီးမှသတ်လေ့ရှိသလို၊ မွေးမြူရေးဝက်တွေဇီးတင်တာ အသတ်ခံရတာကိုလည်း မက်မက်မောမောကြည့်လေ့ရှိသူတယောက်ပါ။
Ref: https://www.webmd.com/mental-health/munchausen-by-proxy#1

Gillian Flynn အကြောင်း

၁၉၇၁ ခုနှစ်မှာမွေးခဲ့တဲ့ Flynn ဟာစာရေးဆရာတယောက်အဖြစ်မရပ်တည်ခင်က စာနယ်ဇင်းသမားတယောက်အဖြစ်ရပ်တည်ခဲ့ပြီး Entertainment Weekly မှာရုပ်ရှင်ဝေဖန်ရေးတွေလည်း ရေးသားခဲ့ဖူးပါတယ်။ ဒါကြောင့်လည်းသူ့ဝတ္ထုတွေမှာ စာနယ်ဇင်းသမားဇာတ်ကောင်တွေပါဝင်လေ့ရှိပြီး၊ ထောက်လှမ်းရေးဆန်ဆန်ဇာတ်လမ်းတွေအရေးများပါတယ်။
အမျိုးသမီးတွေကို villain အဖြစ်ထားတာ၊ မကောင်းတဲ့မိန်းမတွေအဖြစ်ပုံဖော်တာတွေများတဲ့အတွက် ဝေဖန်ရေးဆရာတွေက Flynn ကိုဝေဖန်ခဲ့ကြဖူးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Flynn ကအခုလိုချေပပါတယ်။ “ကျမအနေနဲ့အမျိုးသမီး villain တွေကိုသုံးရခြင်းကအမျိုးသမီးတွေဟာပင်ကိုယ်အားဖြင့် စိတ်သဘောထားဖြူစင်တယ်၊ မိခင်စိတ်ပြည့်ဝတယ်ဆိုတဲ့ ခေါက်ရိုးကျိုးအမြင်တွေကိုသဘောမကျလို့ပါ။ အမျိုးသမီးတွေလည်းဆိုးနိုင်တာပဲလေ။”

https://www.theguardian.com/books/2013/may/01/gillian-flynn-bestseller-gone-girl-misogyny

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here