Advertisement

ဒါရိုက္တာ Ari Aster ဟာ Hereditary နဲ႔ထိတ္လန္႔သည္းဖိုရုပ္ရွင္ေလာကကို ကိုင္လႈပ္ခဲ့အျပီး ၂ႏွစ္အၾကာမွာ Midsommar ကိုပရိသတ္ေတြဆီအေရာက္ပို႔ခဲ့ပါတယ္။ ဒီကားမွာလည္း Hereditary ထဲကလို တိတၳိကိုးကြယ္မႈ၊ ဇာတ္ေကာင္ေတြၾကားထဲကလူမႈေရးအရႈပ္အရွင္းေတြနဲ႔ ေသြးထြက္သံယိုျပကြက္ေတာ္ေတာ္မ်ားမ်ားပါ၀င္ျပီး Aster ရဲ႕ ေနာက္ထပ္ masterpiece တခုလို႔ပဲေျပာရမယ္ဗ်။

ဇာတ္လမ္းအက်ဥ္းကေတာ့ အဓိကဇာတ္ေကာင္ Dani ရဲ႕ညီမျဖစ္သူ Terri ဟာစိတ္ေ၀ဒနာခံစားေနရသူ ျဖစ္ပါတယ္။ တညမွာ Terri ကစိတ္ေဖာက္ျပန္ျပီး အိမ္ထဲကိုကားအိတ္ေဇာေငြ႔ေတြထည့္ျပီး သူအပါအ၀င္မိဘႏွစ္ပါးလံုးကိုေသေၾကာင္းၾကံစည္ခဲ့တယ္။ အိမ္ခြဲေနတဲ့ Dani ကေတာ့အသက္ခ်မ္းသာရာ ရခဲ့ေပမယ့္ တမိသားစုလံုးကိုဆံုးရႈံးခဲ့ရတဲ့အတြက္ ေျဖမဆည္ႏုိင္ေအာင္စိတ္ထိခိုက္ခဲ့ရတယ္။ သူ႔ခ်စ္သူ Christian နဲ႔လည္းဆက္ဆံေရးအဆင္မေျပျဖစ္လာပါတယ္။

တေန႔မွာ Christian ရဲ႕သူငယ္ခ်င္း Pelle ဟာသူ႔ဇာတိ Sweden ႏိုင္ငံကေက်းရြာေလးတရြာမွာ ႏွစ္ ၉၀မွ တၾကိမ္က်င္းပတဲ့ေႏြလယ္ပြဲေတာ္က်င္းပမယ့္အေၾကာင္းေျပာလာေတာ့ စိတ္ေျပလက္ေပ်ာက္ျဖစ္ေအာင္သြားလည္ဖို႔ Dani ဆံုးျဖတ္လိုက္တယ္။ အဲ့ဒါနဲ႔ပဲ Dani လည္း Christian တုိ႔နဲ႔အတူ Sweden ႏိုင္ငံ Halsingland က Harga ဆိုတဲ့လူမနီးသူမနီးရြာေလးဆီေရာက္လာခဲ့ပါတယ္။

ရြာသားေတြအားလံုးဟာဆြတ္ဆြတ္ျဖဴတဲ့၀တ္ရံုေတြ၀တ္ထားျပီး နံရံေဆးေရးပန္းခ်ီေတြရွိတဲ့ ၂ထပ္အိမ္ၾကီးေတြထဲမွာစုေပါင္းေနထိုင္ၾကတယ္။ လူ႔အဖြဲ႕အစည္းနဲ႔ကင္းကြာေနတာမို႔ ဖုန္းလိုင္းမမိသလို၊ ေခတ္ေပၚလွ်ပ္စစ္ပစၥည္းေတြလည္းမရွိပါဘူး။ သူတို႔ေတြဟာလူ႔ဘ၀ကို ဥတု ၄ပါးအျဖစ္ရႈျမင္ၾကျပီး အသက္ ၇၂ႏွစ္ျပည့္သြားျပီဆိုရင္ ရာသီစက္၀န္းအျပည့္သက္တမ္းေစ့ေနထိုင္ခဲ့ျပီးျပီလို႔သတ္မွတ္တဲ့အတြက္ ကိုယ့္ကိုယ္ကိုယ္သတ္ေသေလ့ရွိပါတယ္။

ဒီလို ritual suicide ကို Sweden ဘာသာနဲ႔ Ättestupa လို႔ေခၚျပီး သမိုင္းမတင္မီေခတ္က Norse လူမ်ိဳးစုေတြမွာတကယ္က်င့္သံုးခဲ့တဲ့အေလ့အထတခုပါ။ အဲ့ဒီတုန္းကေတာ့သက္ၾကီးရြယ္အိုေတြဟာ လူမ်ိဳးစုအတြက္၀န္ထုပ္၀န္ပိုးမျဖစ္ရေအာင္ ကိုယ့္ကိုယ္ကိုယ္သတ္ေသၾကျခင္းျဖစ္ပါတယ္။ (သူတုိ႔ဘာသာမေသလည္း ရြာသားေတြကသတ္ပစ္ေလ့ရွိပါတယ္) က်ေနာ္တို႔အျမင္မွာေတာ့ ဒီအေလ့အထၾကီးကရက္စက္သလိုရွိေပမယ့္ သူတို႔အျမင္မွာလည္း သက္ၾကီးရြယ္အိုေတြကိုဘိုးဘြားရိပ္သာမွာပစ္ထားတဲ့က်ေနာ္တို႔ရဲ႕ဓေလ့ကို ရက္စက္တယ္လို႔ထင္မွာပါပဲ။ သူ႔အရပ္နဲ႔သူ႔ဇာတ္ျဖစ္ေနၾကတဲ့အတြက္အျပစ္တင္ဖို႔ေတာ့ခက္တယ္ဗ်။

၉ရက္ၾကာျမင့္တဲ့ဒီေႏြလယ္ပြဲေတာ္ရဲ႕ပထမဆံုးေန႔က Ättestupa ျဖစ္ျပီး အသက္ ၇၂ႏွစ္ရွိျပီျဖစ္တဲ့ အဘိုးအိုနဲ႔ အဘြားအိုတုိ႔ဟာေတာင္ေပၚကခုန္ခ်ျပီးသတ္ေသလိုက္ၾကတယ္။ Dani တို႔ကဒီျမင္ကြင္းေၾကာင့္ အရမ္းေျခာက္ျခားသြားေပမယ့္ သူတို႔နဲ႔အတူလိုက္လာတဲ့သူငယ္ခ်င္း Josh ကသူ႔ရဲ႕မႏုႆေဗဒစာတမ္းကို Harga ရြာအေပၚအေျခခံျပီးျပဳစုေနတဲ့အတြက္ Josh ကိုငဲ့ျပီးဆက္ေနဖို႔ဆံုးျဖတ္လိုက္ပါတယ္။ သူတို႔လိုပဲတျခားႏိုင္ငံကအလည္လာတဲ့ Simon နဲ႔ Connie တို႔ကေတာ့ေနာက္တေန႔မွာပဲ ျပန္ဖို႔ဆံုးျဖတ္လိုက္ၾကတယ္။

အဲ့ဒီေနာက္မွာေတာ့ Harga ရြာသားေတြရဲ႕ေၾကာက္လန္႔စရာဓေလ့ထံုးစံေတြကိုတျဖည္းျဖည္းသိျမင္လာခဲ့ျပီး တခ်ိန္တည္းမွာပဲ Dani နဲ႔ Christian တို႔ရဲ႕ဆက္ဆံေရးကလည္းတစတစယိုယြင္းလာခဲ့တယ္။ ေႏြလယ္ညအိပ္မက္ဆိုးကေန Dani တို႔လြတ္ေျမာက္ႏုိင္ပါ့မလား။

Aster ဟာဒီရုပ္ရွင္ကိုမရိုက္ခင္ Sweden ႏိုင္ငံကျပတိုက္ေတြ၊ ေရွးေဟာင္းလူမ်ိဳးစုေတြေနထုိင္သြားခဲ့တဲ့ ေက်းရြာေတြဆီသြားျပီး Norse လူမ်ိဳးတို႔ရဲ႕ယဥ္ေက်းမႈနဲ႔ တိတၳိကိုးကြယ္မႈကိုေလ့လာခဲ့ရပါတယ္။ Midsummer ပြဲေတာ္ဟာဆြီဒင္ႏုိင္ငံမွာတကယ္ရွိတဲ့ပြဲေတာ္ဆိုေပမယ့္ လူကိုယဇ္ပူေဇာ္တဲ့အေလ့အထေတြ၊ နတ္ကိုးကြယ္မႈေတြမရွိခဲ့ေၾကာင္း သမိုင္းအေထာက္အထားေတြအရသိရပါတယ္။ ဒီပြဲေတာ္မွာဆိုရင္ လူငယ္ေတြအေနနဲ႔ေက်းလတ္ကိုအလည္သြားၾကျပီးပန္းေတြခူးလိုက္၊ လူေတြစုျပီးကလိုက္နဲ႔ အခ်ိန္ျဖဳန္းၾကတဲ့ေပ်ာ္ပြဲရႊင္ပြဲတခုသာျဖစ္တယ္။ ဒါေပမယ့္ Aster ဟာတျခားေသာဥေရာပႏိုင္ငံေတြက တိတၳိအယူအဆေတြကိုစုေပါင္းျပီး Midsommar ကိုဇာတ္လမ္းေရးဖြဲ႔ခဲ့တာပါ။

ဥေရာပသမိုင္းမွာတကယ္ရွိခဲ့တဲ့ဓေလ့ထံုးစံေတြလည္းပါသလို စိတ္ကူးယဥ္ဇာတ္ကြက္ေတြလည္းပါပါတယ္။ ဥပမာ မိန္းမျဖစ္သူက သူသေဘာက်တဲ့ေယာက်္ားကိုျပဳစားဖို႔ အဲ့ဒီေယာက်္ားစားမယ့္မုန္႔ထဲ အဂၤါဇာတ္ကအေမႊးေတြထည့္ေကၽြးတာ၊ အရက္ထဲရာသီေသြးထည့္တုိက္တာဟာ တခ်ိန္ကဥေရာပတိုက္မွာေခတ္စားခဲ့တဲ့စုန္းအတတ္ေမွာ္အတတ္ေတြကလာတဲ့အယူအဆျဖစ္ပါတယ္။

ေနာက္ျပီးေတာ့ ယဇ္ေကာင္ရဲ႕ေက်ာကိုခြဲ၊ နံရိုးေတြျဖတ္၊ အဆုတ္ႏွစ္ျခမ္းကိုအျပင္ဆြဲထုတ္ျပီး ေလထဲၾကိဳးနဲ႔ခ်ီသတ္ေလ့ရွိတဲ့ဓေလ့ကလည္းေရွးက Viking လူမ်ိဳးေတြရဲ႕ Blood Eagle ကိုအေျခခံထားတာပါ။ ေသြးေတြစီးက်ေနတဲ့အဆုတ္ေတြဟာေက်ာရဲ႕တဘက္တခ်က္မွာအေတာင္ပံေတြလိုထြက္ေနတာကို အေၾကာင္းျပဳျပီး ေသြးစြန္းတဲ့သိမ္းငွက္လို႔ေခၚျခင္းျဖစ္ပါတယ္။ ေရွးေဟာင္း Scandinavian ေတြရဲ႕ကဗ်ာလကၤာေတြထဲ Blood Eagle ကိုထည့္သြင္းဖြဲ႔ဆိုထားတာေတြ႔ရေပမယ့္ အျပင္မွာလက္ေတြ႔က်င့္သံုးခဲ့ျခင္းရွိမရွိသက္ေသမျပႏုိင္ေသးပါဘူး။

Midsommar နဲ႔ Hereditary မွာတူညီတဲ့အပိုင္းေလးေတြရွိေပမယ့္ အဓိကကြဲျပားခ်က္ကေတာ့ Midsommar မွာသရဲတေစၦတေကာင္မွမပါဘဲ လူကိုသာမေကာင္းဆိုး၀ါးအျဖစ္ပံုေဖာ္ထားတာပါပဲ။ ဒါေပမယ့္ မတူညီတဲ့ယဥ္ေက်းမႈတခုကိုက်င့္သံုးေနတဲ့ Harga ရြာသားေတြအတြက္ကေတာ့ လူသတ္ယဇ္ပူေဇာ္တာ၊ မိမိကိုယ္ကိုသတ္ေသဖို႔အားေပးတာေတြဟာ အကုသိုလ္ဒုစရိုက္မဟုတ္ဘဲ အျမတ္တႏုိးထားစရာဓေလ့ထံုးစံတခုသာျဖစ္ပါတယ္။

UNICODE

ဒါရိုက်တာ Ari Aster ဟာ Hereditary နဲ့ထိတ်လန့်သည်းဖိုရုပ်ရှင်လောကကို ကိုင်လှုပ်ခဲ့အပြီး ၂နှစ်အကြာမှာ Midsommar ကိုပရိသတ်တွေဆီအရောက်ပို့ခဲ့ပါတယ်။ ဒီကားမှာလည်း Hereditary ထဲကလို တိတ္ထိကိုးကွယ်မှု၊ ဇာတ်ကောင်တွေကြားထဲကလူမှုရေးအရှုပ်အရှင်းတွေနဲ့ သွေးထွက်သံယိုပြကွက်တော်တော်များများပါဝင်ပြီး Aster ရဲ့ နောက်ထပ် masterpiece တခုလို့ပဲပြောရမယ်ဗျ။

ဇာတ်လမ်းအကျဉ်းကတော့ အဓိကဇာတ်ကောင် Dani ရဲ့ညီမဖြစ်သူ Terri ဟာစိတ်ဝေဒနာခံစားနေရသူ ဖြစ်ပါတယ်။ တညမှာ Terri ကစိတ်ဖောက်ပြန်ပြီး အိမ်ထဲကိုကားအိတ်ဇောငွေ့တွေထည့်ပြီး သူအပါအဝင်မိဘနှစ်ပါးလုံးကိုသေကြောင်းကြံစည်ခဲ့တယ်။ အိမ်ခွဲနေတဲ့ Dani ကတော့အသက်ချမ်းသာရာ ရခဲ့ပေမယ့် တမိသားစုလုံးကိုဆုံးရှုံးခဲ့ရတဲ့အတွက် ဖြေမဆည်နိုင်အောင်စိတ်ထိခိုက်ခဲ့ရတယ်။ သူ့ချစ်သူ Christian နဲ့လည်းဆက်ဆံရေးအဆင်မပြေဖြစ်လာပါတယ်။
တနေ့မှာ Christian ရဲ့သူငယ်ချင်း Pelle ဟာသူ့ဇာတိ Sweden နိုင်ငံကကျေးရွာလေးတရွာမှာ နှစ် ၉၀မှ တကြိမ်ကျင်းပတဲ့နွေလယ်ပွဲတော်ကျင်းပမယ့်အကြောင်းပြောလာတော့ စိတ်ပြေလက်ပျောက်ဖြစ်အောင်သွားလည်ဖို့ Dani ဆုံးဖြတ်လိုက်တယ်။ အဲ့ဒါနဲ့ပဲ Dani လည်း Christian တို့နဲ့အတူ Sweden နိုင်ငံ Halsingland က Harga ဆိုတဲ့လူမနီးသူမနီးရွာလေးဆီရောက်လာခဲ့ပါတယ်။

ရွာသားတွေအားလုံးဟာဆွတ်ဆွတ်ဖြူတဲ့ဝတ်ရုံတွေဝတ်ထားပြီး နံရံဆေးရေးပန်းချီတွေရှိတဲ့ ၂ထပ်အိမ်ကြီးတွေထဲမှာစုပေါင်းနေထိုင်ကြတယ်။ လူ့အဖွဲ့အစည်းနဲ့ကင်းကွာနေတာမို့ ဖုန်းလိုင်းမမိသလို၊ ခေတ်ပေါ်လျှပ်စစ်ပစ္စည်းတွေလည်းမရှိပါဘူး။ သူတို့တွေဟာလူ့ဘဝကို ဥတု ၄ပါးအဖြစ်ရှုမြင်ကြပြီး အသက် ၇၂နှစ်ပြည့်သွားပြီဆိုရင် ရာသီစက်ဝန်းအပြည့်သက်တမ်းစေ့နေထိုင်ခဲ့ပြီးပြီလို့သတ်မှတ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်သတ်သေလေ့ရှိပါတယ်။

ဒီလို ritual suicide ကို Sweden ဘာသာနဲ့ Ättestupa လို့ခေါ်ပြီး သမိုင်းမတင်မီခေတ်က Norse လူမျိုးစုတွေမှာတကယ်ကျင့်သုံးခဲ့တဲ့အလေ့အထတခုပါ။ အဲ့ဒီတုန်းကတော့သက်ကြီးရွယ်အိုတွေဟာ လူမျိုးစုအတွက်ဝန်ထုပ်ဝန်ပိုးမဖြစ်ရအောင် ကိုယ့်ကိုယ်ကိုယ်သတ်သေကြခြင်းဖြစ်ပါတယ်။ (သူတို့ဘာသာမသေလည်း ရွာသားတွေကသတ်ပစ်လေ့ရှိပါတယ်) ကျနော်တို့အမြင်မှာတော့ ဒီအလေ့အထကြီးကရက်စက်သလိုရှိပေမယ့် သူတို့အမြင်မှာလည်း သက်ကြီးရွယ်အိုတွေကိုဘိုးဘွားရိပ်သာမှာပစ်ထားတဲ့ကျနော်တို့ရဲ့ဓလေ့ကို ရက်စက်တယ်လို့ထင်မှာပါပဲ။ သူ့အရပ်နဲ့သူ့ဇာတ်ဖြစ်နေကြတဲ့အတွက်အပြစ်တင်ဖို့တော့ခက်တယ်ဗျ။
၉ရက်ကြာမြင့်တဲ့ဒီနွေလယ်ပွဲတော်ရဲ့ပထမဆုံးနေ့က Ättestupa ဖြစ်ပြီး အသက် ၇၂နှစ်ရှိပြီဖြစ်တဲ့ အဘိုးအိုနဲ့ အဘွားအိုတို့ဟာတောင်ပေါ်ကခုန်ချပြီးသတ်သေလိုက်ကြတယ်။ Dani တို့ကဒီမြင်ကွင်းကြောင့် အရမ်းခြောက်ခြားသွားပေမယ့် သူတို့နဲ့အတူလိုက်လာတဲ့သူငယ်ချင်း Josh ကသူ့ရဲ့မနုဿဗေဒစာတမ်းကို Harga ရွာအပေါ်အခြေခံပြီးပြုစုနေတဲ့အတွက် Josh ကိုငဲ့ပြီးဆက်နေဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူတို့လိုပဲတခြားနိုင်ငံကအလည်လာတဲ့ Simon နဲ့ Connie တို့ကတော့နောက်တနေ့မှာပဲ ပြန်ဖို့ဆုံးဖြတ်လိုက်ကြတယ်။

အဲ့ဒီနောက်မှာတော့ Harga ရွာသားတွေရဲ့ကြောက်လန့်စရာဓလေ့ထုံးစံတွေကိုတဖြည်းဖြည်းသိမြင်လာခဲ့ပြီး တချိန်တည်းမှာပဲ Dani နဲ့ Christian တို့ရဲ့ဆက်ဆံရေးကလည်းတစတစယိုယွင်းလာခဲ့တယ်။ နွေလယ်ညအိပ်မက်ဆိုးကနေ Dani တို့လွတ်မြောက်နိုင်ပါ့မလား။

Aster ဟာဒီရုပ်ရှင်ကိုမရိုက်ခင် Sweden နိုင်ငံကပြတိုက်တွေ၊ ရှေးဟောင်းလူမျိုးစုတွေနေထိုင်သွားခဲ့တဲ့ ကျေးရွာတွေဆီသွားပြီး Norse လူမျိုးတို့ရဲ့ယဉ်ကျေးမှုနဲ့ တိတ္ထိကိုးကွယ်မှုကိုလေ့လာခဲ့ရပါတယ်။ Midsummer ပွဲတော်ဟာဆွီဒင်နိုင်ငံမှာတကယ်ရှိတဲ့ပွဲတော်ဆိုပေမယ့် လူကိုယဇ်ပူဇော်တဲ့အလေ့အထတွေ၊ နတ်ကိုးကွယ်မှုတွေမရှိခဲ့ကြောင်း သမိုင်းအထောက်အထားတွေအရသိရပါတယ်။ ဒီပွဲတော်မှာဆိုရင် လူငယ်တွေအနေနဲ့ကျေးလတ်ကိုအလည်သွားကြပြီးပန်းတွေခူးလိုက်၊ လူတွေစုပြီးကလိုက်နဲ့ အချိန်ဖြုန်းကြတဲ့ပျော်ပွဲရွှင်ပွဲတခုသာဖြစ်တယ်။ ဒါပေမယ့် Aster ဟာတခြားသောဥရောပနိုင်ငံတွေက တိတ္ထိအယူအဆတွေကိုစုပေါင်းပြီး Midsommar ကိုဇာတ်လမ်းရေးဖွဲ့ခဲ့တာပါ။

ဥရောပသမိုင်းထဲမှာတကယ်ရှိခဲ့တဲ့ဓလေ့ထုံးစံတွေလည်းပါသလို စိတ်ကူးယဉ်ဇာတ်ကွက်တွေလည်းပါပါတယ်။ ဥပမာ မိန်းမဖြစ်သူက သူသဘောကျတဲ့ယောကျ်ားကိုပြုစားဖို့ အဲ့ဒီယောကျ်ားစားမယ့်မုန့်ထဲ အင်္ဂါဇာတ်ကအမွှေးတွေထည့်ကျွေးတာ၊ အရက်ထဲရာသီသွေးထည့်တိုက်တာဟာ တချိန်ကဥရောပတိုက်မှာခေတ်စားခဲ့တဲ့စုန်းအတတ်မှော်အတတ်တွေကလာတဲ့အယူအဆဖြစ်ပါတယ်။
နောက်ပြီးတော့ ယဇ်ကောင်ရဲ့ကျောကိုခွဲ၊ နံရိုးတွေဖြတ်၊ အဆုတ်နှစ်ခြမ်းကိုအပြင်ဆွဲထုတ်ပြီး လေထဲကြိုးနဲ့ချီသတ်လေ့ရှိတဲ့ဓလေ့ကလည်းရှေးက Viking လူမျိုးတွေရဲ့ Blood Eagle ကိုအခြေခံထားတာပါ။

သွေးတွေစီးကျနေတဲ့အဆုတ်တွေဟာကျောရဲ့တဘက်တချက်မှာအတောင်ပံတွေလိုထွက်နေတာကို အကြောင်းပြုပြီး သွေးစွန်းတဲ့သိမ်းငှက်လို့ခေါ်ခြင်းဖြစ်ပါတယ်။ ရှေးဟောင်း Scandinavian တွေရဲ့ကဗျာလင်္ကာတွေထဲ Blood Eagle ကိုထည့်သွင်းဖွဲ့ဆိုထားတာတွေ့ရပေမယ့် အပြင်မှာလက်တွေ့ကျင့်သုံးခဲ့ခြင်းရှိမရှိသက်သေမပြနိုင်သေးပါဘူး။
Midsommar နဲ့ Hereditary မှာတူညီတဲ့အပိုင်းလေးတွေရှိပေမယ့် အဓိကကွဲပြားချက်ကတော့ Midsommar မှာသရဲတစ္ဆေတကောင်မှမပါဘဲ လူကိုသာမကောင်းဆိုးဝါးအဖြစ်ပုံဖော်ထားတာပါပဲ။ ဒါပေမယ့် မတူညီတဲ့ယဉ်ကျေးမှုတခုကိုကျင့်သုံးနေတဲ့ Harga ရွာသားတွေအတွက်ကတော့ လူသတ်ယဇ်ပူဇော်တာ၊ မိမိကိုယ်ကိုသတ်သေဖို့အားပေးတာတွေဟာ အကုသိုလ်ဒုစရိုက်မဟုတ်ဘဲ အမြတ်တနိုးထားစရာဓလေ့ထုံးစံတခုသာဖြစ်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here