Advertisement

၂၀၁၅ခုႏွစ္ Ngwe Saung Yacht Club & Resort မွာ Myanmar Wave Rider Cup ျပိဳင္ပြဲကိုက်င္းပခဲ့စဥ္ကစျပီး ျမန္မာႏုိင္ငံဟာေရလႊာလႈိင္းစီးအားကစားနဲ႔ရင္းႏွီးလာပါတယ္။ အဲ့ဒီျပိဳင္ပြဲမွာ ႏိုင္ငံ ၁၀ႏိုင္ငံက အားကစားသမား ၃၀ေက်ာ္ပါ၀င္ယွဥ္ျပိဳင္ခဲ့တယ္။ အဲ့ဒီေနာက္ပိုင္းဘူဂြဲကၽြန္းကအားကစားသမား ေတာ္ေတာ္မ်ားမ်ားထြက္ေပၚလာျပီးေရလႊာလႈိင္းစီးျခင္းလည္းေရပန္းစားလာခဲ့ပါတယ္။ ဒီႏွစ္အတြင္းမွာပဲ ျမန္မာ့ေရလႊာလႈိင္းစီးအသင္း (Surf Association of Myanmar-SAM) တည္ေထာင္ခဲ့ျပီး က်န္းမာေရးႏွင့္အားကစား၀န္ၾကီးဌာနနဲ႔ ႏုိင္ငံတကာေရလႊာလိႈင္းစီးအသင္းရဲ႕အသိအမွတ္ျပဳျခင္းခံခဲ့ရပါတယ္။ ဒါဟာေရလႊာလႈိင္းစီးအားကစားနဲ႔ပတ္သက္ျပီးမိုင္တုိင္တခုစိုက္ထူႏုိင္ခဲ့ျခင္းလို႔လည္းေျပာႏုိင္ပါတယ္။

SAM ကေနျပီးေတာ့ Surf & SUP National Championships ကိုအခုႏွစ္ေမလထဲမွာက်င္းပခဲ့ပါတယ္။ ဒီပြဲမွာ ႏုိင္ငံ ၆ႏိုင္ငံက အားကစားသမားေပါင္း ၄၀ေက်ာ္ပါ၀င္ခဲ့တယ္။ SAM ကအဖြဲ႔၀င္ႏွစ္ေယာက္ဟာဇြန္လမွာ International Judging and Officiating သင္တန္းကိုတက္ေရာက္ခဲ့ျပီး ျပိဳင္ပြဲေတြမွာလက္ေထာက္ဒိုင္အျဖစ္ေဆာင္ရြက္ဖို႔အသိအမွတ္ျပဳလက္မွတ္ရယူခဲ့ပါတယ္။ လတ္တေလာ ႏုိင္ငံ့လက္ေရြးစင္အသင္းမွာအသင္း၀င္ ၇ဦးရွိျပီး ဟန္ေဂရီကနည္းျပတေယာက္နဲ႔ ဘာလီကၽြန္းက ဘာလဂန္ကမ္းေျခမွာစခန္း၀င္ေလ့က်င့္လ်က္ရွိပါတယ္။ ဇူလိုင္ ၃၁ရက္ေန႔ကေန စက္တင္ဘာ ၂၈အထိၾကာျမင့္တဲ့ဒီေလ့က်င့္မႈျပီးရင္ ျမန္မာႏုိင္ငံကိုျပန္လာျပီးေငြေဆာင္ကမ္းေျခမွာ ေအာက္တိုဘာ ၁ရက္ေန႔ကေနစလု႔ိေလ့က်င့္မႈေတြဆက္လုပ္ရဦးမွာပါ။ ဒီေလ့က်င့္မႈေတြအားလံုးရဲ႕ရည္မွန္းခ်က္ကေတာ့ ဒီဇင္ဘာလက်ရင္ဖိလစ္ပိုင္မွာက်င္းပမယ့္ အၾကိမ္ ၃၀ေျမာက္ဆီးဂိမ္းမွာပါ၀င္ယွဥ္ျပိဳင္္ႏုိင္ဖို႔ပဲျဖစ္ပါတယ္။

Thwe Thwe Soe at Ngwe Saung beach. (Photo: Phone Kyaw Moe Myint)

မသြယ္သြယ္စိုးဟာႏိုင္ငံ့လက္ေရြးစင္အသင္းမွာတဦးတည္းေသာအမ်ိဳးသမီးအဖြဲ႔၀င္ျဖစ္သလို အေတြ႔အၾကံဳအရင့္က်က္ဆံုးလည္းျဖစ္တယ္။ သူငယ္ခ်င္းေတြက နီဒါလို႔ေခၚၾကတဲ့သူမဟာ ကယ္လီဖိုးနီးယားကကမ္းေျခ ၇ခု၊ အင္ဒိုနီးရွားကကမ္းေျခ ၉ခုနဲ႔ ျမန္မာႏုိင္ငံကေငြေဆာင္ကမ္းေျခတို႔မွာ ေရလႊာလႈိင္းစီးဖူးတယ္။ သူမရဲ႕အားကစားအေတြ႔အၾကံဳတေလွ်ာက္မွာအၾကီးမားဆံုးျပိဳင္ပြဲျဖစ္တဲ့ဆီးဂိမ္းမွာ ပါ၀င္ယွဥ္ျပိဳင္မယ့္သူလည္းျဖစ္ပါတယ္။ သူမရဲ႕ေလ့က်င့္ျပင္ဆင္မႈေတြနဲ႔ပတ္သက္ျပီး မင္းရဲေက်ာ္ကေမးျမန္းခဲ့ပါတယ္။   

ရန္ကုန္မွာေမြးဖြားၾကီးျပင္းခဲ့တဲ့နီဒါဟာ ငယ္ငယ္ေလးကတည္းကအားကစား၀ါသနာၾကီးခဲ့သူပါ။ ေမာျပီးလဲမက်ခင္္အခ်ိန္အထိ သူမအိမ္ကိုဘယ္ႏွပတ္ေျပးႏုိင္သလဲဆိုတာစမ္းသပ္ေျပးၾကည့္ခဲ့ဖူးတယ္။ သူမရဲ႕စြမ္းေဆာင္ရည္ေတြကိုကန္႔သတ္မထားဘဲ ေလ့က်င့္မႈျပင္းျပင္းထန္ထန္လုပ္ေလ့ရွိသူလည္းျဖစ္ပါတယ္။

“ပထမဦးဆံုးအၾကိမ္ေရလႊာလႈိင္းစီးတုန္းက ငိုေတာင္ငိုမိတယ္။ ဘယ္လိုစီးရမွန္းမသိဘူးေလ။ ေျခမကိုင္္မိ လက္မကိုင္မိပါပဲ” လို႔သူမအေတြ႔အၾကံဳကိုရယ္ရင္းေျပာျပပါတယ္။

ပထမဦးဆံုးအၾကိမ္ေအာင္ေအာင္ျမင္ျမင္နဲ႔လႈိင္းစီးျပီးသြားတဲ့အခါမွာေတာ့လႈိင္းစီးရတဲ့ခံစားခ်က္ကို စြဲလမ္းသြားပါေတာ့တယ္။ အဆံုးအစမဲ့က်ယ္ေျပာလွတဲ့သမုဒၶရာၾကီးထဲ ေရလႈိင္းစီးေနရတဲ့အခါ ေသြးေၾကာထဲ adrenaline ေတြျဖာစီးသြားတဲ့ခံစားခ်က္ကိုသူမႏွစ္သက္ပါတဲ့။

“က်မတို႔လူသားေတြနဲ႔ဒီလိုစြမ္းေဆာင္ရည္မ်ိဳးရွိတာကိုအံ့ၾသမိပါတယ္” လို႔ျပံဳးရင္းေျပာပါတယ္။

Thwe Thwe Soe (Photo: Phone Kyaw Moe Myint)

ႏိုင္ငံေတာ္အဆင့္ေရလႊာလႈိင္းစီးျပိဳင္ပြဲအျပီး ေမလမွာပဲ နီဒါဟာႏိုင္ငံ့လက္ေရြးစင္အသင္းမွာပါ၀င္ခဲ့ပါတယ္။ ၅ေပ၆လက္မရွည္တဲ့ေလွ်ာစီးဘုတ္ျပားကိုသံုးျပီး လက္ေရြးစင္အသင္းရဲ႕နည္းျပျဖစ္သူ Robbie နဲ႔တေန႔ကို ၅နာရီကေန ၇နာရီၾကာျမင့္တဲ့အထိကယ္လီဖုိးနီးယားမွာ ၂လတိတိေလ့က်င့္ခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ ဘာလီမွာေလ့က်င့္မႈေတြလုပ္လ်က္ရွိပါတယ္။  

နည္းျပ ၂ေယာက္နဲ႔ေလ့က်င့္မႈေတြလုပ္တာကို အဖြဲ႔မန္ေနဂ်ာကဗီဒီယိုရိုက္ကူးထားတယ္။ ညေနေရာက္တဲ့အခ်ိန္မွာ အဲ့ဒီဗီဒီယိုကိုျပန္ၾကည့္ျပီးဘယ္ေနရာေတြမွာျပဳျပင္ဖို႔လုိသလဲျပန္ေဆြးေႏြးၾကပါတယ္။

“က်မသူငယ္ခ်င္းေတြကက်မကိုတေန႔ထက္တေန႔ပိုၾကိဳးစားဖို႔တြန္းအားေပးပါတယ္။ ပိုပိုၾကီးတဲ့လႈိင္းလံုးေတြကို စီးႏုိင္ေအာင္လည္းအားေပးတယ္။ က်မကအသင္းမွာတျခားအဖြဲ႔၀င္ေတြထက္အသက္ၾကီးသလို အေတြ႔အၾကံဳလည္းပိုမ်ားေတာ့သူတုိ႔ေရွ႕မွာေၾကာက္ေနလို႔မျဖစ္ဘူးေလ” လို႔ေျပာပါတယ္။

“အသားေတြလည္းေတာ္ေတာ္မဲေနပါျပီ” လို႔ရယ္ရယ္ေမာေမာေျပာပါေသးတယ္။

ဘာဂ်ာငါးနဲ႔လုပ္ထားတဲ့ burrito မုန္႔ရယ္ ကိုလာေအးေအးေလးရယ္ေသာက္လိုက္ရင္ ခြန္အားေတြျပန္ျပည့္သြားတယ္လို႔ဆိုေပမယ့္ ကယ္လီဖိုးနီးယား၊ လာတီဂိုကမ္းေျခကေန၀င္ခ်ိန္အလွကိုေတာ့လြမ္းေနတုန္းပဲလို႔ နီဒါကဆိုတယ္။

Sunset in Bali. (Photo: Phone Kyaw Moe Myint)

“ေကာင္းကင္ၾကီးနဲ႔ ေရျပင္ကပန္းေရာင္သန္းေနျပီး ပတ္၀န္းက်င္တခုလံုးအရမ္းလွလြန္းလို႔ အိပ္မက္မ်ားလားဆိုျပီးကိုယ့္လက္ကိုယ္ျပန္ဆြဲဆိတ္ၾကည့္ရတဲ့အထိပါပဲ” လို႔ နီဒါကေျပာျပပါတယ္။

ေရလႊာလႈိင္းစီး၀ါသနာရွင္ေတြကိုတရားထိုင္ျပီးသမာဓိအားေကာင္းေအာင္ေလ့က်င့္ဖို႔ သူမကအၾကံေပးပါတယ္။ ပင္လယ္ျပင္ဆိုတာအျမဲလိုလွပသာယာေနတာမဟုတ္ဘဲ တခါတရံလႈိင္းေလထန္တတ္တာမုိ႔ ဘယ္အေျခအေနမွာမဆိုစိတ္ဓာတ္တည္ျငိမ္ေနဖို႔လိုတယ္လို႔ေျပာတယ္။ မလိုလားအပ္တဲ့အႏၱရာယ္ေတြမျဖစ္ေအာင္ ကိုယ္တတ္ႏိုင္တဲ့လႈိင္းေလာက္ကိုပဲစီးပါလို႔ သူမကအၾကံေပးပါေသးတယ္။

“ၾကိဳးစားပါ၊ အျပဳသေဘာပဲေတြးပါ၊ ကိုယ္ပိုင္ဟန္နဲ႔ကိုယ္လႈိင္းစီးဖို႔လည္းမေမ့ပါနဲ႔။”

ဘာလီကေလ့က်င့္မႈေတြကိုေအာက္ပါဗီဒီယိုမွာၾကည့္ႏုိင္ပါတယ္။

https://www.facebook.com/watch/?v=2970438153180652

အဂၤလိပ္ဘာသာနဲ႔ေဆာင္းပါးကို https://www.myanmore.com/2019/09/thwe-thwe-soe-road-to-sea-games-2019/ မွာဖတ္ႏုိင္ပါတယ္။

UNICODE

၂၀၁၅ခုနှစ် Ngwe Saung Yacht Club & Resort မှာ Myanmar Wave Rider Cup ပြိုင်ပွဲကိုကျင်းပခဲ့စဉ်ကစပြီး မြန်မာနိုင်ငံဟာရေလွှာလှိုင်းစီးအားကစားနဲ့ရင်းနှီးလာပါတယ်။ အဲ့ဒီပြိုင်ပွဲမှာ နိုင်ငံ ၁ဝနိုင်ငံက အားကစားသမား ၃ဝကျော်ပါဝင်ယှဉ်ပြိုင်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်းဘူဂွဲကျွန်းကအားကစားသမား တော်တော်များများထွက်ပေါ်လာပြီးရေလွှာလှိုင်းစီးခြင်းလည်းရေပန်းစားလာခဲ့ပါတယ်။ ဒီနှစ်အတွင်းမှာပဲ မြန်မာ့ရေလွှာလှိုင်းစီးအသင်း (Surf Association of Myanmar-SAM) တည်ထောင်ခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ နိုင်ငံတကာရေလွှာလှိုင်းစီးအသင်းရဲ့အသိအမှတ်ပြုခြင်းခံခဲ့ရတယ်။ ဒါဟာရေလွှာလှိုင်းစီးအားကစားနဲ့ပတ်သက်ပြီးမိုင်တိုင်တခုစိုက်ထူနိုင်ခဲ့ခြင်းလို့လည်းပြောနိုင်ပါတယ်။

SAM ကနေပြီးတော့ Surf & SUP National Championships ကိုအခုနှစ်မေလထဲမှာကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ နိုင်ငံ ၆နိုင်ငံက အားကစားသမားပေါင်း ၄ဝကျော်ပါဝင်ခဲ့တယ်။ SAM ကအဖွဲ့ဝင်နှစ်ယောက်ဟာဇွန်လမှာ International Judging and Officiating သင်တန်းကိုတက်ရောက်ခဲ့ပြီး ပြိုင်ပွဲတွေမှာလက်ထောက်ဒိုင်အဖြစ်ဆောင်ရွက်ဖို့အသိအမှတ်ပြုလက်မှတ်ရယူခဲ့ပါတယ်။ လတ်တလော နိုင်ငံ့လက်ရွေးစင်အသင်းမှာအသင်းဝင် ရဦးရှိပြီး ဟန်ဂေရီကနည်းပြတယောက်နဲ့ ဘာလီကျွန်းက ဘာလဂန်ကမ်းခြေမှာစခန်းဝင်လေ့ကျင့်လျက်ရှိပါတယ်။ ဇူလိုင် ၃၁ရက်နေ့ကနေ စက်တင်ဘာ ၂၈အထိကြာမြင့်တဲ့ဒီလေ့ကျင့်မှုပြီးရင် မြန်မာနိုင်ငံကိုပြန်လာပြီးငွေဆောင်ကမ်းခြေမှာ အောက်တိုဘာ ၁ရက်နေ့ကနေစလို့လေ့ကျင့်မှုတွေဆက်လုပ်ရဦးမှာပါ။ ဒီလေ့ကျင့်မှုတွေအားလုံးရဲ့ရည်မှန်းချက်ကတော့ ဒီဇင်ဘာလကျရင်ဖိလစ်ပိုင်မှာကျင်းပမယ့် အကြိမ် ၃ဝမြောက်ဆီးဂိမ်းမှာပါဝင်ယှဉ်ပြိုင််နိုင်ဖို့ပဲဖြစ်ပါတယ်။

မသွယ်သွယ်စိုးဟာနိုင်ငံ့လက်ရွေးစင်အသင်းမှာတဦးတည်းသောအမျိုးသမီးအဖွဲ့ဝင်ဖြစ်သလို အတွေ့အကြုံအရင့်ကျက်ဆုံးလည်းဖြစ်တယ်။ သူငယ်ချင်းတွေက နီဒါလို့ခေါ်ကြတဲ့သူမဟာ ကယ်လီဖိုးနီးယားကကမ်းခြေ ရခု၊ အင်ဒိုနီးရှားကကမ်းခြေ ၉ခုနဲ့ မြန်မာနိုင်ငံကငွေဆောင်ကမ်းခြေတို့မှာ ရေလွှာလှိုင်းစီးဖူးတယ်။ သူမရဲ့အားကစားအတွေ့အကြုံတလျှောက်မှာအကြီးမားဆုံးပြိုင်ပွဲဖြစ်တဲ့ဆီးဂိမ်းမှာ ပါဝင်ယှဉ်ပြိုင်မယ့်သူလည်းဖြစ်ပါတယ်။ သူမရဲ့လေ့ကျင့်ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး မင်းရဲကျော်ကမေးမြန်းခဲ့ပါတယ်။

ရန်ကုန်မှာမွေးဖွားကြီးပြင်းခဲ့တဲ့နီဒါဟာ ငယ်ငယ်လေးကတည်းကအားကစားဝါသနာကြီးခဲ့သူပါ။ မောပြီးလဲမကျခင််အချိန်အထိ သူမအိမ်ကိုဘယ်နှပတ်ပြေးနိုင်သလဲဆိုတာစမ်းသပ်ပြေးကြည့်ခဲ့ဖူးတယ်။ သူမရဲ့စွမ်းဆောင်ရည်တွေကိုကန့်သတ်မထားဘဲ လေ့ကျင့်မှုပြင်းပြင်းထန်ထန်လုပ်လေ့ရှိသူလည်းဖြစ်တယ်။
“ပထမဦးဆုံးအကြိမ်ရေလွှာလှိုင်းစီးတုန်းက ငိုတောင်ငိုမိတယ်။ ဘယ်လိုစီးရမှန်းမသိဘူးလေ။ ခြေမကိုင််မိ လက်မကိုင်မိပါပဲ” လို့သူမအတွေ့အကြုံကိုရယ်ရင်းပြောပြပါတယ်။

ပထမဦးဆုံးအကြိမ်အောင်အောင်မြင်မြင်နဲ့လှိုင်းစီးပြီးသွားတဲ့အခါမှာတော့လှိုင်းစီးရတဲ့ခံစားချက်ကို စွဲလမ်းသွားပါတော့တယ်။ အဆုံးအစမဲ့ကျယ်ပြောလှတဲ့သမုဒ္ဓရာကြီးထဲ ရေလှိုင်းစီးနေရတဲ့အခါ သွေးကြောထဲ adrenaline တွေဖြာစီးသွားတဲ့ခံစားချက်ကိုသူမနှစ်သက်ပါတဲ့။
“ကျမတို့လူသားတွေနဲ့ဒီလိုစွမ်းဆောင်ရည်မျိုးရှိတာကိုအံ့သြမိပါတယ်” လို့ပြုံးရင်းပြောပါတယ်။
နိုင်ငံတော်အဆင့်ရေလွှာလှိုင်းစီးပြိုင်ပွဲအပြီး မေလမှာပဲ နီဒါဟာနိုင်ငံ့လက်ရွေးစင်အသင်းမှာပါဝင်ခဲ့ပါတယ်။ ၅ပေ၆လက်မရှည်တဲ့လျှောစီးဘုတ်ပြားကိုသုံးပြီး လက်ရွေးစင်အသင်းရဲ့နည်းပြဖြစ်သူ Robbie နဲ့တနေ့ကို ၅နာရီကနေ ရနာရီကြာမြင့်တဲ့အထိကယ်လီဖိုးနီးယားမှာ ၂လတိတိလေ့ကျင့်ခဲ့တယ်။ အခုအချိန်မှာတော့ ဘာလီမှာလေ့ကျင့်မှုတွေလုပ်လျက်ရှိပါတယ်။
နည်းပြ ၂ယောက်နဲ့လေ့ကျင့်မှုတွေလုပ်တာကို အဖွဲ့မန်နေဂျာကဗီဒီယိုရိုက်ကူးထားတယ်။ ညနေရောက်တဲ့အချိန်မှာ အဲ့ဒီဗီဒီယိုကိုပြန်ကြည့်ပြီးဘယ်နေရာတွေမှာပြုပြင်ဖို့လိုသလဲပြန်ဆွေးနွေးကြပါတယ်။

“ကျမသူငယ်ချင်းတွေကကျမကိုတနေ့ထက်တနေ့ပိုကြိုးစားဖို့တွန်းအားပေးပါတယ်။ ပိုပိုကြီးတဲ့လှိုင်းလုံးတွေကို စီးနိုင်အောင်လည်းအားပေးတယ်။ ကျမကအသင်းမှာတခြားအဖွဲ့ဝင်တွေထက်အသက်ကြီးသလို အတွေ့အကြုံလည်းပိုများတော့သူတို့ရှေ့မှာကြောက်နေလို့မဖြစ်ဘူးလေ” လို့ပြောပါတယ်။
“အသားတွေလည်းတော်တော်မဲနေပါပြီ” လို့ရယ်ရယ်မောမောပြောပါသေးတယ်။

ဘာဂျာငါးနဲ့လုပ်ထားတဲ့ burrito မုန့်ရယ် ကိုလာအေးအေးလေးရယ်သောက်လိုက်ရင် ခွန်အားတွေပြန်ပြည့်သွားတယ်လို့ဆိုပေမယ့် ကယ်လီဖိုးနီးယား၊ လာတီဂိုကမ်းခြေကနေဝင်ချိန်အလှကိုတော့လွမ်းနေတုန်းပဲလို့ နီဒါကဆိုတယ်။
“ကောင်းကင်ကြီးနဲ့ ရေပြင်ကပန်းရောင်သန်းနေပြီး ပတ်ဝန်းကျင်တခုလုံးအရမ်းလှလွန်းလို့ အိပ်မက်များလားဆိုပြီးကိုယ့်လက်ကိုယ်ပြန်ဆွဲဆိတ်ကြည့်ရတဲ့အထိပါပဲ” လို့ နီဒါကပြောပြပါတယ်။

ရေလွှာလှိုင်းစီးဝါသနာရှင်တွေကိုတရားထိုင်ပြီးသမာဓိအားကောင်းအောင်လေ့ကျင့်ဖို့ သူမကအကြံပေးတယ်။ ပင်လယ်ပြင်ဆိုတာအမြဲလိုလှပသာယာနေတာမဟုတ်ဘဲ တခါတရံလှိုင်းလေထန်တတ်တာမို့ ဘယ်အခြေအနေမှာမဆိုစိတ်ဓာတ်တည်ငြိမ်နေဖို့လိုတယ်လို့ပြောတယ်။ မလိုလားအပ်တဲ့အန္တရာယ်တွေမဖြစ်အောင် ကိုယ်တတ်နိုင်တဲ့လှိုင်းလောက်ကိုပဲစီးပါလို့ သူမကအကြံပေးပါသေးတယ်။

“ကြိုးစားပါ၊ အပြုသဘောပဲတွေးပါ၊ ကိုယ်ပိုင်ဟန်နဲ့ကိုယ်လှိုင်းစီးဖို့လည်းမမေ့ပါနဲ့။”

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here