Advertisement

Let’s Celebrate Sweet Autumn!

ကျပ် ၂၁၃၉၀၀ (US$ 138) တည်းနဲ့ Sedona မှာဇိမ်ရှိရှိ staycation လုပ်နိုင်မယ့်အခွင့်အရေးနော့်။ Inya Wing က Premier Room မှာတည်းခိုခွင့်၊ D’Cuisine စားသောက်ဆိုင်မှာ ဘူဖေးမနက်စာကို ၂ယောက်စာစားသုံးခွင့်တွေအပြင် check out လုပ်တဲ့အချိန်မှာလည်း လမုန့်ဘူးတဘူးကိုလက်ဆောင်အဖြစ်ပေးသွားဦးမှာပါ။

Luxury Package: US$138 or MMK 213,900
Deluxe Package: US$128 or MMK 198,400 

ပါဝင်သောဝန်ဆောင်မှုများ

  • D’Cuisine စားသောက်ဆိုင်မှာ ဘူဖေးမနက်စာကို ၂ယောက်စာစားသုံးခွင့် (၆နှစ်အောက်ကလေးတွေဆိုရင် ၂ယောက်အထိအခမဲ့သုံးဆောင်နိုင်ပါတယ်)
  • Luxury Package မှာဆိုရင် ကိုယ့်စိတ်ကြိုက်လမုန့်ပြုလုပ်ခွင့်၊ Deluxe Package မှာဆိုရင်တော့ ရှိပြီးသားလမုန့်အရသာ ၆မျိုးထဲကကိုယ်ကြိုက်တဲ့အရသာကိုရွေးချယ်ခွင့်
  • Wi-Fi
  • ရေကူးကန်သုံးစွဲခွင့်
  • တနေ့ ၃ထည်အထိအ၀တ်လျှော်ဖွတ်ပေးမယ့်ဝန်ဆောင်မှု
  • အခန်းတွင်းကဘားအသုံးပြုခွင့်

စည်းမျဉ်းစည်းကမ်းများ

  • ဒီ promotion ဟာ စက်တင်ဘာ ၁၂ရက်နေ့အထိဖြစ်ပါတယ်
  • ၁ ညအနည်းဆုံးတည်းခိုရပါမယ်
  • ဈေးနှုန်းထဲတွင်ဝန်ဆောင်ခ ၁၀ရာခိုင်နှုန်းနဲ့ အခွန် ၅ရာခိုင်နှုန်းပါဝင်ပြီးဖြစ်ပါတယ်
  • ၃ နာရီအထိ Early Check-in & Late Check-out ရပါတယ်
  • ကြိုတင်ဘွတ်ကင်လုပ်ထားဖို့လိုပါတယ်
  • လမုန့်ဘူးကူပွန်ကို check in လုပ်တဲ့အချိန်မှာထုတ်ပေးသွားမှာဖြစ်ပြီး ဧည့်သည်တွေအနေနဲ့၎င်းတို့တည်းခိုနေစဉ်အတွင်း စိတ်ကြိုက်လမုန့်တွေရွေးလို့ရပါတယ်
  • လက်ဆောင်ပစ္စည်းထုတ်ယူတဲ့အခါမှာ front desk ကိုအသိပေးပါ
  • ကူပွန်အားတခြားသူထံလွှဲပြောင်းခွင့်မရှိပါ၊ ငွေကြေးအဖြစ်ပြောင်းလဲပေးမှာမဟုတ်ပါ၊ တခြားသော promotion များနှင့်ပူးတွဲခံစားခွင့်မရှိပါ

Celebrate the Mid-Autumn Festival at Sedona Hotel Yangon

Sedona Hotel Yangon က ချစ်သူခင်သူတွေနဲ့ဝေမျှသုံးဆောင်နိုင်တဲ့ လမုန့်ပွဲတော်ကိုစတင်လိုက်ပါပြီ။ စက်တင်ဘာ ၁ရက်နေ့အထိဝယ်ယူသူတိုင်းကို လမုန့်ဘူးတဘူးလျှင် ၁၅ရာခိုင်နှုန်းလျှော့ဈေးပေးသွားမှာဖြစ်ပြီး ဘူး ၁၀၀နဲ့အထက်ဝယ်ယူသူတိုင်း ၂၀ရာခိုင်နှုန်းလျှော့ဈေးပေးသွားမှာပါ။ ဒီပွဲတော်က စက်တင်ဘာ ၁၃ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်။ အနံ့အရသာမျိုးစုံနဲ့လမုန့်တွေစားသုံးရင်း ဆောင်းဦးရာသီကိုကြိုဆိုလိုက်ရအောင်။

Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။

Super Sunday Brunch

မီလီယာရဲ့ Super Sunday Brunch ကို စက်တင်ဘာလအတွက် ၈ရက်နေ့တစ်ရက်တည်းသာ တည်ခင်း ရောင်းချ ပေးသွားမှာ ဖြစ်ပြီး ပုံမှန်ဟင်းလျာများအပြင် အထူးအနေနဲ့ နော်ဝေးနိုင်ငံရဲ့ နာမည်ကြီး King Crab၊ အထူးအရည်အသွေးကောင်းမွန်တဲ့ သံပချုပ်ကောင်များ၊ Oyster များနဲ့ စပိန်နိုင်ငံရဲ့ ဟင်းလျာဖြစ်တဲ့ Paella ကို ကျောက်ပုဇွန်နဲ့ ချက်ပြုတ်ဆင်ပေးထားတဲ့ ဟင်းပွဲများလည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နူးညံ့သော Black Truffle မှိုနဲ့ ပြင်ဆင်ပေးထားတဲ့ Pasta၊ သြစတြေးလျ Wagyu အမဲကင်များနဲ့အတူ အခြားတန်ဖိုးကြီး ဟင်းလျာများကိုပါ တစ်နေရာတည်းမှာ သုံးဆောင်ခံစားနိုင်မှာဖြစ်လို့ လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုပါ။

Sangria, Mojito, ဝိုင်ဖြူ၊ ဝိုင်နီ၊ စပါကလင်ဝိုင်၊ ဘီယာနဲ့ အအေးမျိုးစုံကို စိတ်ကြိုက် သုံးဆောင်နိုင်မယ့် အခွင့်အရေးပါဝင်တဲ့ ဒီ Super Sunday Brunch ကို တစ်ဦးလျှင် ၅၈ ဒေါ်လာဖြင့်လာရောက်သုံးဆောင်ရင်း လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိတဲ့ အားလပ်ရက်လေးကို အဆင့်အတန်းမြင့်စွာ ဖြတ်သန်းလိုက်ပါ။

ဒီ Super Sunday Brunch ကို The Market စားသောက်ဆိုင်နဲ့အတူ Premium Distribution မှ ပူးပေါင်း စီစဉ်ထားတာဖြစ်ပါတယ်။ ကြိုတင်စာရင်းပေးသွင်းထားမှ စိတ်ချရမှာမို့ ၀၁ ၉၃၄ ၅၀၀၀ သို့ ခုပဲ ခေါ်ဆိုလိုက်ပါ။

Sunday at 11:30 AM – 3 PM

Meliá Yangon
၁၉၂၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်း။

Prime Rib

ကြာသာပတေးနေ့

အပတ်စဉ် ကြာသပတေးနေ့တိုင်းမှာအမဲနံရိုး Promotion လေးရှိနေတယ်နော်။ Promotion အချိန်ကတော့ 6:00pm မှ 9:00 pm ထိဖြစ်ပါတယ်။ ပန်းသီးပင်ကထင်းနဲ့ ၉နာရီခန့် ဖြေးညှင်းစွာကင်ထားတဲ့ အမဲနံရိုး + ပဲဟင်း + အရွက်သုပ်တို့ကို ကျပ် ၂၂၈၀၀ + (Gov Tax 5% + Service Charges 5%) နဲ့ ကြိုက်သလောက်စားလို့ရတဲ့အပြင် Heneiken, Kirin, Myanmar Premium စတဲ့ဘီယာ ၃မျိုးထဲက ကိုယ်ကြိုက်တာကို free flow သောက်လို့ရပါတယ်။ Beer မသောက်တဲ့သူတွေအတွက်လည်း Soft Drinks Free Flow ရနိုင်ပါတယ်။

သောကြာနေ့

သောကြာနေ့တိုင်း ၁.၃ကီလိုဂရမ်ရှိတဲ့ Black Angus Tomahawk ကိုထင်းမီးနဲ့ချက်ထားတဲ့ဟင်းလျာ၊ အရန်ဟင်း ၂ပွဲနဲ့ Domaine Boyar Merlot တပုလင်းကို ကျပ် ၉၉၀၀၀ နဲ့ရရှိနိုင်ပြီနော်။ ကိုယ့်မိသားစု၊ အပေါင်းအသင်းတွေနဲ့ဝိုင်းဖွဲ့စားလို့သင့်လျော်ပါတယ်။

စနေနေ့

စနေနေ့တိုင်း ညနေ ၆နာရီကနေ ၉နာရီအထိ ကျပ်၂၅၀၀၀ + (Gov Tax 5% + Service Charges 5%) တည်းနဲ့ အမဲရင်လူးသားကင်၊ ပဲဟင်း + အရွက်သုပ်တို့ကို ကြိုက်သလောက်စားလို့ရတဲ့အပြင် Heneiken, Kirin, Myanmar Premium စတဲ့ဘီယာ ၃မျိုးထဲက ကိုယ်ကြိုက်တာကို free flow သောက်လို့ရပါတယ်။ Beer မသောက်တဲ့သူတွေအတွက်လည်း Soft Drinks Free Flow ရနိုင်ပါတယ်။

တနင်္ဂနွေနေ့

New York Striploin 250g ၂ပွဲ အရံဟင်း ၂မျိုး Red Wine ၁လုံးကိုမှ စုစုပေါင်း ၄၉၀၀၀ကျပ် + (Gov Tax 5%+ Service Charges 5%) တည်းနဲ့သုံးဆောင်နိုင်မှာပါ။

ဒီ promotion တွေအားလုံးအတွက်ကြိုတင်ဘွတ်ကင်လုပ်ထားချင်တယ်ဆိုရင်တော့ 09264655551 ကိုဆက်သွယ်လိုက်ပါ။

Prime Rib
G13/14၊ Urban Asia Center၊ ၄၈လမ်းနှင့်မဟာဗန္ဒုလလမ်းထောင့်၊ ရန်ကုန်။
10:30am – 11:00pm

Occitanie Escapade at The Strand Restaurant

5th to 7th September 2019

ပြင်သစ်နိုင်ငံတောင်ပိုင်း Occitanie ဒေသကဟင်းလျာတွေကို ပြင်သစ်အထိသွားစရာမလိုဘဲ The Strand Restaurant မှာတင်သုံးဆောင်လို့ရနေပြီနော်။ Executive Chef Patrick Périé အထူးပြင်ဆင်ချက်ပြုတ်ထားတဲ့ five-course menu ဟာပြင်သစ်နိုင်ငံတောင်ပိုင်းရဲ့ ဟင်းလျာအငွေ့အသက်တွေ ထုံလွှမ်းနေမှာပါ။

စက်တင်ဘာ ၅ရက်နေ့ကနေ ၇ရက်နေ့အထိ ညနေပိုင်းအချိန်တွေမှာ Occitanie Escapade menu ကို တယောက်လျှင် ၇၅ဒေါ်လာနဲ့သုံးဆောင်နိုင်ပါပြီ။

(95) 1243 377~79 ကိုဆက်ပြီး reservation လုပ်လို့ရပါတယ်။

Jazz Night at Sarkies Bar
Wednesday 11th September 2019

စက်တင်ဘာ ၁၁ရက်နေ့ကစလို့ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ည ၇နာရီကနေ ၁၀နာရီအထိ Strand Hotel က Sarkies Bar ရဲ့နာမည်ကြီး Strand Sour ကိုသောက်ရင်း Jazz ဂီတတွေနားထောင်ရအောင်လေ။

(95) 1243 377~79 မှာ reservation လုပ်နိုင်ပါတယ်။

The Strand Hotel Yangon
အမှတ် (၉၂)၊ ကမ်းနားလမ်း၊ ရန်ကုန်။

Promotions at Knob N’ Knockers

Enjoy happy hour prices on all our Beers from 5.00 PM – 8.00 PM

Knob N’ Knockers မှာနေ့စဉ်နေ့တိုင်း ညနေ ၅နာရီကနေ ၈နာရီအထိ Happy Hour အစီအစဉ်ရှိတယ်နော့်။ သင်ကြိုက်နှစ်သက်ရာဘီယာတွေကိုအောက်ပါအတိုင်းအထူးဈေးနှုန်းတွေနဲ့ရရှိနိုင်မှာပါ။

Yoma           1 Litre – 3500 MMK
Carlsberg      1 Litre – 5500 MMK
Tuborg         1 Litre – 4500 MMK 

Yoma           Tower – 12500 MMK
Carlsberg      Tower – 16500 MMK
Tuborg         Tower – 15000 MMK

Order တခုလုပ်တိုင်းအမြည်းအဖြစ် အာလူးချောင်းကြော် (သို့) ငါးပါးနီအသုပ်ရမှာပါ။

Set Lunch Promotion Monday-Sunday

အတန်ဆုံးကတော့ ၅၅၀၀တန် set lunch ပဲဗျ။ တပတ်လုံးနေ့လယ်စာအချိန်တွေမှာရနိုင်ပြီး ဟင်းပွဲတပွဲ၊ အချိုပွဲတပွဲနဲ့ လီမွန်တီး ဒါမှမဟုတ် ကော်ဖီ သောက်စရာတခွက်ရွေးချယ်နိုင်တယ်။ မရောနိစ်အခြေခံ tartar sauce၊ အာလူးချောင်းကြော်နဲ့ငါးအသားလွှာကြော်၊ ကြက်သားပြားကင်နဲ့အာလူးထောင်း၊ မီးအေးအေးနဲ့ချက်ထားတဲ့ဆိတ်သားဟင်းနဲ့ထမင်း၊ ၀က်ပေါင်ခြောက်၊ ၀က်သားနဲ့မှိုတွေပါတဲ့ အီတာလျံ cabonara စတဲ့ဟင်းပွဲ ၄ပွဲထဲကကြိုက်နှစ်သက်ရာတပွဲရွေးချယ်နိုင်ပါတယ်။ အချိုပွဲအနေနဲ့ ပန်းသီးအစာသွပ်ကိတ်ကိုသုံးဆောင်နိုင်မှာပါ။

Monday & Tuesday – Buy 1 get 1 free Wine Glass

တနင်္လာနဲ့အင်္ဂါနေ့တွေမှာ ၀ိုင်တခွက်ဝယ်ရင် တခွက်လက်ဆောင်ရမှာပါ။

Wednesday – Couple’s Night

စုံတွဲတွေလာလို့ရှိရင် အမျိုးသားဖြစ်သူက drink တခွက်မှာတိုင်း အမျိုးသမီးက cocktail တခွက်အခမဲ့သုံးဆောင်နိုင်မှာပါ။

Friday Ladies’ Night

သောကြာနေ့တိုင်း lady တွေအတွက် ညနေ ၆နာရီက ၉နာရီအထိ ကော့တေးအခမဲ့သုံးဆောင်နိုင်မယ့် promotion ရှိပါတယ်။

Saturday – Beer Buffet

စနေနေ့တိုင်း ည ၈နာရီကနေ ၁၁နာရီအထိ လူ ၂ယောက်ကိုမှ ကျပ် ၁၅၀၀၀ တည်းနဲ့ ဘီယာအ၀သောက်ဘူဖေးရှိပါတယ်။

10% off on all food items on Sunday

Knob N’ Knockers မှာ တနင်္ဂနွေနေ့တနေ့လုံး food item တွေအတွက် ၁၀ရာခိုင်နှုန်း discount ရှိတယ်နော်။ ၀က်လက်၊ ၀က်နံရိုးကင်တို့ကို recommend ပေးချင်ပါတယ်။ ဂျာမနီနဲ့အီတလီအစားအသောက်တွေရတဲ့ ဒီဆိုင်လေးရဲ့ menu ကို www.knobnknockers-myanmar.com မှာကြည့်ရှုနိုင်ပါတယ်။

အောက်ပါဝိုင်အမျိုးအစားတွေထဲကနှစ်သက်ရာ ၂ပုလင်းဝယ်ရင် တပုလင်းလက်ဆောင်ရဦးမှာနော်။

Vitiano Falesco, Rosso 2015 – 35,000mmk
Cadis Pinot Grigio Delle Venezie 2017 – 32,500mmk

Knob N’ Knockers
No. D12 မြေညီထပ်၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း ဗဟန်းမြို့နယ်၊ ရန်ကုန်။
09 699 849777
11:00 AM – 12:00 AM

Promotions at Ember

သောကြာနေ့ကနေတနင်္ဂနွေနေ့အထိ Ember မှာ promotion တွေရှိတယ်ဆိုတာလည်းမမေ့နဲ့ဦးနော်။

သောကြာနေ့မှာဆိုရင်ညနေ ၆နာရီကနေ ၉နာရီအထိ TGIF လုပ်ကြမယ့်သူများအတွက် Myanmar Premium Beer Buy 1 Get 1 promotion ရှိပါတယ်။

စနေနေ့မှာဆိုရင်တော့ ဘီယာ ၂ပုလင်းမှာတာနဲ့ မြည်းဖို့ karaage လို့ခေါ်တဲ့ အကြော် snack တပွဲရမှာပါ။ ည ၁၀နာရီခွဲအထိနော်။

တနင်္ဂနွေနေ့ကျရင်တော့ ကျပ် ၅သောင်းဖိုးညစာစားတာနဲ့ ၂လသက်တမ်းရှိတဲ့ ၅၀၀၀ တန် voucher ကိုချီးမြှင့်သွားမှာဖြစ်ပါတယ်။

Ember Japanese Restaurant
ကမ္ဘာအေးဘုရားလမ်းနှင့်ကန်ဘဲ့လမ်းထောင့်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
09 777 178630
12pm until late

Babett Goes Live x Fun Band

စက်တင်ဘာ ၇ရက်နေ့ကျရင် Babett Yangon မှာ Fun Band ရဲ့ဖျော်ဖြေမှုကိုနားဆင်ခံစားရင်း ကိုယ်ကြိုက်နှစ်သက် drink တခုခုသောက်ရအောင်လေ။ ည ၈နာရီကနေ ၁၁နာရီအထိဖျော်ဖြေသွားမှာနော့်။

ဝိုင်🍷 from only 4,500 MMK
ဘီယာ🍺 from 2,500 MMK
ကော့တေး🍸 from 7,500MMK

+95 1 243 639 မှာ booking လုပ်နိုင်ပါတယ်။

HOTEL G YANGON
အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။

50% Italian Cuisine Discount at The Ritz Yangon

The Ritz မှာ စက်တင်ဘာ ၁ရက်နေ့ကနေ ၃၀ရက်နေ့အထိ အီတလီဟင်းလျာတွေကို ၅၀ရာခိုင်နှုန်း discount နဲ့သုံးဆောင်လို့ရနေပြီနော်။ လှပစွာတန်ဆာဆင်ထားတဲ့ ၂ထပ်အဆောက်အအုံမှာ ကိုယ်ချစ်တဲ့ခင်တဲ့သူတွေနဲ့အီတလီဟင်းလျာတွေကိုအတူတူစားရအောင်။ နေ့လယ်စာအဖြစ်ကော၊ ညစာအဖြစ်ကောသုံးဆောင်နိုင်ပါတယ်။ (ဖျော်ရည်နှင့်သောက်စရာ menu များ discount ထဲတွင်မပါဝင်ပါ)

The RITZ
အမှတ် (၆၁)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်း၊ ရန်ကုန်။
01 525 935
11am – 11pm

FG Live Lounge – Irene Zin Mar Myint

September 7 ရက်နေ့ FG Live Lounge မှာ Irene Zin Mar Myint ရဲ.ဖျော်ဖြေတင်ဆက်မှုတွေရှိပါတယ်။
လက်မှတ်အကန့်အသတ်ရှိတာဖြစ်လို့ အခုကတည်းက ဝယ်ထားမှ စိတ်ချရမယ်နော်

The Stage is Yours!
September 7 ➡ Irene Zin Mar Myint
Band ➡ Lucky Hand
ပွဲအချိန် ➡ ည ၆း၀၀ နာရီ
နေရာ ➡ ရေကူးစတူဒီယို (ဝေဇယန္တာလမ်းမကြီးပေါ်ရှိ Gandamar Whole Sale အနီး)
လက်မှတ် ဈေးနှုန်း ➡ ၁၅၀၀၀ ကျပ်

Crafts Weekend

နှစ်နှစ်တာ ပြုပြင်မွမ်းမံထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မှုအပြီးတွင် ဟိုတယ်နှင့်ခရီးအဆောက်အဦကို စက်တင်ဘာလ ၁၄ရက်နှင့် ၁၅ရက်တွင် ပထမဆုံးအကြိမ်အဖြစ် အများပြည်သူအတွက် ဖွင့်လှစ်သွားတော့မှာပါ။

ရိုးရာအထည်အလိပ်များ၊ ရွှေထည်လက်ဝတ်ရတနာများနှင့် ယွန်းထည်များအပါအဝင် မြန်မာနိုင်ငံ၏အလှပဆုံးသော လက်မှုလက်ရာများကို ပြသသွားမှာဖြစ်ပါတယ်။ လက်မှုပစ္စည်းများကို ကြည့်ရှုဝယ်ယူနိုင်မည်ဖြစ်ပြီး ကလေးများအတွက် ကစားပျော်ရွှင်စရာများလည်းစီစဉ်ထားတယ်လို့သိရပါတယ်။

မြန်မာ့လက်မှုပညာရှင်များနှင့် လာရောက်တွေ့ဆုံပြီး ၄င်းတို့၏ ဖန်တီးမှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို လေ့လာနိုင်ရန်နှင့် သမိုင်းဝင် ဟိုတယ်နှင့်ခရီးအဆောက်အဦအား ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းစဉ် ဓာတ်ပုံမှတ်တမ်းကို လေ့လာကြည့်ရှုနိုင်ပါတယ်။

Old Tourist Burma အဆောက်အဦး။ မဟာဘန္ဓုလနှင့် ဆူးလေလမ်းထောင့်။

Acceptance Short Film Screening #2

ဒါရိုက်တာ ညီဇော်ထွေးရဲ့”အိပ်တန်းပြန်ငှက်” ရုပ်ရှင်ဇာတ်လမ်းတိုကို ဝဇီရာရုပ်ရှင်ရုံမှာ ဒုတိယအကြိမ်ပြသမှာပါ။ “အိပ်တန်းပြန်ငှက်” ဟာ ဝဿန်ရုပ်ရှင်ပွဲတော်ရဲ့  ပြိုင်ပွဲဝင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အစီအစဉ်အရပြသရက် (၂) ရက်ရှိပါတယ်။ ပထမ screening ကို မတက်ရောက်နိုင်သူတွေအတွက် ဒီရက်က ပိုပြီး အဆင်ပြေမှာပါ။

ဝဇီရာရုပ်ရှင်ရုံ
ဗိုလ်ချုပ်လမ်း။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here