Promotions at Knob N’ Knockers

Enjoy happy hour prices on all our Beers from 5.00 PM – 8.00 PM
Knob N’ Knockers မှာနေ့စဉ်နေ့တိုင်း ညနေ ၅နာရီကနေ ၈နာရီအထိ Happy Hour အစီအစဉ်ရှိတယ်နော့်။ သင်ကြိုက်နှစ်သက်ရာဘီယာတွေကိုအောက်ပါအတိုင်းအထူးဈေးနှုန်းတွေနဲ့ရရှိနိုင်မှာပါ။
Yoma 1 Litre – 3500 MMK
Carlsberg 1 Litre – 5500 MMK
Tuborg 1 Litre – 4500 MMK
Yoma Tower – 12500 MMK
Carlsberg Tower – 16500 MMK
Tuborg Tower – 15000 MMK
Order တခုလုပ်တိုင်းအမြည်းအဖြစ် အာလူးချောင်းကြော် (သို့) ငါးပါးနီအသုပ်ရမှာပါ။
Set Lunch Promotion Monday-Sunday
အတန်ဆုံးကတော့ ၅၅၀၀တန် set lunch ပဲဗျ။ တပတ်လုံးနေ့လယ်စာအချိန်တွေမှာရနိုင်ပြီး ဟင်းပွဲတပွဲ၊ အချိုပွဲတပွဲနဲ့ လီမွန်တီး ဒါမှမဟုတ် ကော်ဖီ သောက်စရာတခွက်ရွေးချယ်နိုင်တယ်။ မရောနိစ်အခြေခံ tartar sauce၊ အာလူးချောင်းကြော်နဲ့ငါးအသားလွှာကြော်၊ ကြက်သားပြားကင်နဲ့အာလူးထောင်း၊ မီးအေးအေးနဲ့ချက်ထားတဲ့ဆိတ်သားဟင်းနဲ့ထမင်း၊ ၀က်ပေါင်ခြောက်၊ ၀က်သားနဲ့မှိုတွေပါတဲ့ အီတာလျံ cabonara စတဲ့ဟင်းပွဲ ၄ပွဲထဲကကြိုက်နှစ်သက်ရာတပွဲရွေးချယ်နိုင်ပါတယ်။ အချိုပွဲအနေနဲ့ ပန်းသီးအစာသွပ်ကိတ်ကိုသုံးဆောင်နိုင်မှာပါ။
Monday & Tuesday – Buy 1 get 1 free Wine Glass
တနင်္လာနဲ့အင်္ဂါနေ့တွေမှာ ၀ိုင်တခွက်ဝယ်ရင် တခွက်လက်ဆောင်ရမှာပါ။
Wednesday – Couple’s Night
စုံတွဲတွေလာလို့ရှိရင် အမျိုးသားဖြစ်သူက drink တခွက်မှာတိုင်း အမျိုးသမီးက cocktail တခွက်အခမဲ့သုံးဆောင်နိုင်မှာပါ။
Friday Ladies’ Night
သောကြာနေ့တိုင်း lady တွေအတွက် ညနေ ၆နာရီက ၉နာရီအထိ ကော့တေးအခမဲ့သုံးဆောင်နိုင်မယ့် promotion ရှိပါတယ်။
Saturday – Beer Buffet
စနေနေ့တိုင်း ည ၈နာရီကနေ ၁၁နာရီအထိ လူ ၂ယောက်ကိုမှ ကျပ် ၁၅၀၀၀ တည်းနဲ့ ဘီယာအ၀သောက်ဘူဖေးရှိပါတယ်။
10% off on all food items on Sunday
Knob N’ Knockers မှာ တနင်္ဂနွေနေ့တနေ့လုံး food item တွေအတွက် ၁၀ရာခိုင်နှုန်း discount ရှိတယ်နော်။ ၀က်လက်၊ ၀က်နံရိုးကင်တို့ကို recommend ပေးချင်ပါတယ်။ ဂျာမနီနဲ့အီတလီအစားအသောက်တွေရတဲ့ ဒီဆိုင်လေးရဲ့ menu ကို www.knobnknockers-myanmar.com မှာကြည့်ရှုနိုင်ပါတယ်။
အောက်ပါဝိုင်အမျိုးအစားတွေထဲကနှစ်သက်ရာ ၂ပုလင်းဝယ်ရင် တပုလင်းလက်ဆောင်ရဦးမှာနော်။
Vitiano Falesco, Rosso 2015 – 35,000mmk
Cadis Pinot Grigio Delle Venezie 2017 – 32,500mmk
Knob N’ Knockers
No. D12 မြေညီထပ်၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း ဗဟန်းမြို့နယ်၊ ရန်ကုန်။
09 699 849777
11:00 AM – 12:00 AM
Fan Meeting with Nautilus

ကိုရီးယားသီချင်းအေးအေးလေးတွေကို အသံချိုချိုလေးနဲ့သီဆိုတတ်တဲ့ Korean artist တစ်ဦးဖြစ်တဲ့ Nautilus နဲ့သူ့ရဲ့ပရိသတ်တွေအတူတူတွေ့ဆုံခွင့်ရမယ့် official fan meeting ကို စက်တင်ဘာလ (၁၄) ရက်နေ့၊ Sule Square မှာ စီစဉ်ထားပါတယ်။
Nautilus ဟာမြန်မာပရိသတ်တွေနဲ့သိပ်တော့မစိမ်းပါဘူး။ မေလတုန်းက The ONE Entertainment Park မှာကျင်းပသွားခဲ့တဲ့ K – Wonder Music Festival မှာ Bumkey၊ Luna၊ BeWhy တို့လို ကိုရီးယားအဆိုတော်တွေအပြင် မြန်မာနိုင်ငံက Ar-T၊ Mary တို့နဲ့အတူတူဖျော်ဖြေခဲ့ဖူးပါတယ်။
Nautilus ဟာ
၂၀၁၉ အတွက်တကယ်ကိုအသိအမှတ်ပြုရလောက်တဲ့တက်သစ်စအဆိုတော်ဖြစ်ပြီး OST
သီချင်းတွေနဲ့  Cover Song တော်တော်များများကိုအသံအားကောင်းကောင်းနဲ
့တင်ဆက်နိုင်ခဲ့တဲ့ YouTuber တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ digital single
တွေကနေတဆင့်ကိုရီးယားနိုင်ငံမှာ နာမည်ကြီးလူသိများလာတာပါ။ Nautilus ဟာ One
Piece နဲ့ Dragon Ball တို့ရဲ့ Theme Song တွေကိုလည်း Cover
ပြန်ဆိုပြီးပရိသတ်အခိုင်အမာရယူထားနိုင်ခဲ့တယ်။
သူ့ရဲ့သီချင်းတွေနဲ့လှုပ်ရှားမှုတွေကို အောက်ပါ YouTube link မှာတွေ့နိုင်ပါတယ်။
https://www.youtube.com/channel/UCMHNanY8sX0hTK2EV4RTavg
သူ့ရဲ့ Facebook page 노틸러스-nautilus ကိုလည်း follow လုပ်ထားလို့ရပါတယ်။
Fan meeting မှာ Nautilus ကသီချင်းတွေနဲ့ဖျော်ဖြေဖို့ရှိသလို ပရိသတ်တွေနဲ့အတူဓာတ်ပုံရိုက်မယ်၊ လက်မှတ်ရေးထိုးပြီးအမှတ်တရလက်ဆောင်တွေပေးသွားမယ့်အစီအစဉ်လေးတွေလည်းပါဝင်မှာမို့ Nautilus နဲ့ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံဖို့ပြင်ဆင်ထားလိုက်တော့နော်။
Date: 14.9.2019 (Sat)
Time: 2:30 PM ~ 4:30 PM
Place: Sule Square, Yangon
Merchandise package: 10,000ks per person (Fan sign, Goodie Bag, Hi-touch, Selfie, Poster & Photo card) Fan Meeting အတွက် Merchandise Package လက်မှတ်များကို စက်တင်ဘာ (၁၄) ရက်နေ့မှာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ပွဲနဲ့ပတ်သက်တဲ့သတင်းတွေအချိန်နဲ့တပြေးညီသိနိုင်ဖို့ အောက်ပါ link ကို follow လုပ်ထားပါနော်။
https://www.facebook.com/events/483445189176907/
Jazz Night at Sarkies Bar

Wednesday 18th September 2019
အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ည ၇နာရီကနေ ၁၀နာရီအထိ Strand Hotel က Sarkies Bar ရဲ့နာမည်ကြီး Strand Sour ကိုသောက်ရင်း Jazz ဂီတတွေနားထောင်ရအောင်လေ။
(95) 1243 377~79 မှာ reservation လုပ်နိုင်ပါတယ်။
The Strand Hotel Yangon
အမှတ် (၉၂)၊ ကမ်းနားလမ်း၊ ရန်ကုန်။
Fundraising Exhibition for Seng Mai Maran’s Medical Fund

ကချင်အမျိုးသမီး ဓါတ်ပုံဆရာမ ဆိုင်းမိုင်မရန် နှင့် မိတ်ဆွေ ဧါတ်ပုံဆရာများ ရိုက်ကူးထားသော ကချင် ဒေသနှင့် ပတ်သတ်သော ဓါတ်ပုံများကို စက်တင်ဘာ ၃ရက်နေ့မှ စပြီး မြန်မာဒိဌ ပြခန်းတွင် ပြသရန် စီစဉ်ထားပါတယ်။ ပြပွဲမှ ဓါတ်ပုံများအားလုံးကို ရောင်းချသွားမှာဖြစ်ပြီး ရောင်းရငွေ အားလုံးကို ဆိုင်းမိုင်ရဲ့ အရေးပေါ် ဆေးကုသရန်ပုံငွေအတွက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ဒီပိတ်ရက်မှာလည်း မနက် ၁၁နာရီကနေ ညနေ ၅နာရီအထိရှိနေမှာဖြစ်လို့ သွားရောက်လေ့လာအားပေးကြဖို့ညွှန်းပေးလိုက်ပါတယ်နော်။
အသေးစိတ်အချက်အလက်များအတွက် https://www.facebook.com/events/956970074641076/?event_time_id=956970111307739 မှာကြည့်နိုင်ပါတယ်။
Myanmar Deitta
အမှတ် ၁၃၀၊ ဗိုလ်ကလေးဈေးလမ်း၊ ရန်ကုန်။
Sedona Hotel Yangon ရဲ့ ၂၃နှစ်မြောက်မွေးနေ့

Sedona Hotel Yangon ရဲ့ ၂၃နှစ်မြောက်မွေးနေ့မှာ ၂ယောက်စာဘူဖေးအားပေးသူတိုင်းကို နောက်ထပ်ဘူဖေး ၂ခုအခမဲ့စားသုံးခွင့်လက်ဆောင်ပေးသွားမယ့်အပြင် D’Cuisine စားသောက်ဆိုင်မှာ နေ့စဉ်နေ့လယ်စာနဲ့ညစာဘူဖေးတွေမှာ တကြိမ်စားသုံးနိုင်မယ့်လက်ဆောင်ကိုပါထပ်ပေးသွားမှာပါ။ Du Fu, Lobby Lounge နဲ့ Orzo restaurant တွေမှာလည်း ၂၃ရာခိုင်နှုန်း discount ရှိတယ်နော်။ ဒီ promotion တွေကို စက်တင်ဘာ ၃၀အထိရနိုင်ပါတယ်။
Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
Promotions at Ember

သောကြာနေ့ကနေတနင်္ဂနွေနေ့အထိ Ember မှာ promotion တွေရှိတယ်ဆိုတာလည်းမမေ့နဲ့ဦးနော်။
သောကြာနေ့မှာဆိုရင်ညနေ ၆နာရီကနေ ၉နာရီအထိ TGIF လုပ်ကြမယ့်သူများအတွက် Myanmar Premium Beer Buy 1 Get 1 promotion ရှိပါတယ်။
စနေနေ့မှာဆိုရင်တော့ ဘီယာ ၂ပုလင်းမှာတာနဲ့ မြည်းဖို့ karaage လို့ခေါ်တဲ့ အကြော် snack တပွဲရမှာပါ။ ည ၁၀နာရီခွဲအထိနော်။
တနင်္ဂနွေနေ့ကျရင်တော့ ကျပ် ၅သောင်းဖိုးညစာစားတာနဲ့ ၂လသက်တမ်းရှိတဲ့ ၅၀၀၀ တန် voucher ကိုချီးမြှင့်သွားမှာဖြစ်ပါတယ်။
Ember Japanese Restaurant
ကမ္ဘာအေးဘုရားလမ်းနှင့်ကန်ဘဲ့လမ်းထောင့်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
09 777 178630
12pm until late
50% Italian Cuisine Discount at The Ritz Yangon

အတန်ဆုံး offer
အီတလီဟင်းလျာတွေကို ၅၀ရာခိုင်နှုန်း discount နဲ့သုံးဆောင်ပါ
စက်တင်ဘာ ၃၀ရက်နေ့အထိသာ
The RITZ
အမှတ် (၆၁)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်း၊ ရန်ကုန်။
01 525 935
11am – 11pm
Crafts Weekend

နှစ်နှစ်တာ ပြုပြင်မွမ်းမံထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မှုအပြီးတွင် ဟိုတယ်နှင့်ခရီးအဆောက်အဦကို စက်တင်ဘာလ ၁၄ရက်နှင့် ၁၅ရက်တွင် ပထမဆုံးအကြိမ်အဖြစ် အများပြည်သူအတွက် ဖွင့်လှစ်သွားတော့မှာပါ။
ရိုးရာအထည်အလိပ်များ၊ ရွှေထည်လက်ဝတ်ရတနာများနှင့် ယွန်းထည်များအပါအဝင် မြန်မာနိုင်ငံ၏အလှပဆုံးသော လက်မှုလက်ရာများကို ပြသသွားမှာဖြစ်ပါတယ်။ လက်မှုပစ္စည်းများကို ကြည့်ရှုဝယ်ယူနိုင်မည်ဖြစ်ပြီး ကလေးများအတွက် ကစားပျော်ရွှင်စရာများလည်းစီစဉ်ထားတယ်လို့သိရပါတယ်။
မြန်မာ့လက်မှုပညာရှင်များနှင့် လာရောက်တွေ့ဆုံပြီး ၄င်းတို့၏ ဖန်တီးမှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို လေ့လာနိုင်ရန်နှင့် သမိုင်းဝင် ဟိုတယ်နှင့်ခရီးအဆောက်အဦအား ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းစဉ် ဓာတ်ပုံမှတ်တမ်းကို လေ့လာကြည့်ရှုနိုင်ပါတယ်။
Old Tourist Burma အဆောက်အဦး။ မဟာဘန္ဓုလနှင့် ဆူးလေလမ်းထောင့်။
VOY Album Launch

ဒီ Music Album မှာ ပါဝင်တဲ့ သီချင်း ၈ ပုဒ်ဟာ VOY 2018 Song Contest မှာ ရွေးချယ်ခံထားရတဲ့ သီချင်းတွေပါ။ ၂၀၁၈ အတွက် လူငယ်တွေရင်ထဲမှာ ဘာတွေ ရှိနေလဲ။ ဒါကို ဂီတနဲ့ဘယ်လိုပြောသွားကြလဲဆိုတာ ခံစားရမှာ ဖြစ်ပါတယ်။
14 September 2019
7 PM to 11 PM
Rose Garden Hotel (Swe Daw Hall)
အမှတ် ၁၇၁၊ ပန်းဆိုးတန်းအပေါ်ဘလောက်၊ ရန်ကုန်။
Prime Rib

ကြာသာပတေးနေ့
အပတ်စဉ် ကြာသပတေးနေ့တိုင်းမှာအမဲနံရိုး Promotion လေးရှိနေတယ်နော်။ Promotion အချိန်ကတော့ 6:00pm မှ 9:00 pm ထိဖြစ်ပါတယ်။ ပန်းသီးပင်ကထင်းနဲ့ ၉နာရီခန့် ဖြေးညှင်းစွာကင်ထားတဲ့ အမဲနံရိုး + ပဲဟင်း + အရွက်သုပ်တို့ကို ကျပ် ၂၂၈၀၀ + (Gov Tax 5% + Service Charges 5%) နဲ့ ကြိုက်သလောက်စားလို့ရတဲ့အပြင် Heneiken, Kirin, Myanmar Premium စတဲ့ဘီယာ ၃မျိုးထဲက ကိုယ်ကြိုက်တာကို free flow သောက်လို့ရပါတယ်။ Beer မသောက်တဲ့သူတွေအတွက်လည်း Soft Drinks Free Flow ရနိုင်ပါတယ်။
သောကြာနေ့
သောကြာနေ့တိုင်း ၁.၃ကီလိုဂရမ်ရှိတဲ့ Black Angus Tomahawk ကိုထင်းမီးနဲ့ချက်ထားတဲ့ဟင်းလျာ၊ အရန်ဟင်း ၂ပွဲနဲ့ Domaine Boyar Merlot တပုလင်းကို ကျပ် ၉၉၀၀၀ နဲ့ရရှိနိုင်ပြီနော်။ ကိုယ့်မိသားစု၊ အပေါင်းအသင်းတွေနဲ့ဝိုင်းဖွဲ့စားလို့သင့်လျော်ပါတယ်။
စနေနေ့
စနေနေ့တိုင်း ညနေ ၆နာရီကနေ ၉နာရီအထိ ကျပ်၂၅၀၀၀ + (Gov Tax 5% + Service Charges 5%) တည်းနဲ့ အမဲရင်လူးသားကင်၊ ပဲဟင်း + အရွက်သုပ်တို့ကို ကြိုက်သလောက်စားလို့ရတဲ့အပြင် Heneiken, Kirin, Myanmar Premium စတဲ့ဘီယာ ၃မျိုးထဲက ကိုယ်ကြိုက်တာကို free flow သောက်လို့ရပါတယ်။ Beer မသောက်တဲ့သူတွေအတွက်လည်း Soft Drinks Free Flow ရနိုင်ပါတယ်။
တနင်္ဂနွေနေ့
New York Striploin 250g ၂ပွဲ အရံဟင်း ၂မျိုး Red Wine ၁လုံးကိုမှ စုစုပေါင်း ၄၉၀၀၀ကျပ် + (Gov Tax 5%+ Service Charges 5%) တည်းနဲ့သုံးဆောင်နိုင်မှာပါ။
ဒီ promotion တွေအားလုံးအတွက်ကြိုတင်ဘွတ်ကင်လုပ်ထားချင်တယ်ဆိုရင်တော့ 09264655551 ကိုဆက်သွယ်လိုက်ပါ။
Prime Rib
G13/14၊ Urban Asia Center၊ ၄၈လမ်းနှင့်မဟာဗန္ဒုလလမ်းထောင့်၊ ရန်ကုန်။
10:30am – 11:00pm
Babett Goes Live x Hazel

ဒီအပတ်အတွက် Babett Goes Live မှာတော့ Voice Myanmar ရဲ့ season 2 မှာ Top 4 အထိပါဝင်နိုင်ခဲ့တဲ့ တေးသံရှင် Hazel ရဲ့ဖျော်ဖြေမှုကိုနားဆင်ခံစားရမှာပါ။ စနေနေ့ည ၈နာရီကနေ ၁၁နာရီအထိနားဆင်နိုင်ပါတယ်။
HOTEL G YANGON
အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။