၁၈၈၅ခုႏွစ္မွာ ဗမာႏုိင္ငံကိုျဗိတိသွ်ေတြသိမ္းပိုက္ခဲ့ျပီးေနာက္ပိုင္း ကုန္းေဘာင္ေခတ္မင္းမ်ိဳးမင္းႏြယ္ေတြနဲ႔ ေတာ္၀င္မိသားစုေတြပိုင္ဆိုင္တဲ့တန္ဖိုးၾကီးအႏုပညာလက္ရာ ေတာ္ေတာ္မ်ားမ်ားေပ်ာက္ရွကုန္တယ္။ ဒီအထဲမွာရွင္ဘုရင္အဆက္ဆက္စီးနင္းခဲ့တဲ့ ရထားလံုးေတြလည္းအပါအ၀င္ျဖစ္ပါတယ္။ တခ်ိဳ႕ကအခ်ိန္ကာလတုိက္စားမႈေအာက္မွာ ပ်က္စီးယိုယြင္းသြားၾကျပီျဖစ္ေပမယ့္ ရထားလံုး ၂ခုကေတာ့ျဗိတိန္မွာျပန္ေပၚလာတယ္။ ဒီဗမာ့နန္းသံုးရထားလံုးေတြရဲ႕ဇာတ္လမ္းကိုေလ့လာျခင္းျဖင့္ ကိုလိုနီေခတ္ဗမာႏုိင္ငံအေၾကာင္း၊ ဗမာႏုိင္ငံနဲ႔ပတ္သက္တဲ့အေနာက္ႏုိင္ငံသားေတြရဲ႕အျမင္ကိုသိႏုိင္ပါတယ္။
ရထားလံုးေတြဟာသမိုင္းအစဥ္အဆက္ဗမာဘုရင္ေတြရဲ႕စီးေတာ္ယာဥ္ျဖစ္ခဲ့တာပါ။ ျဗိတိသွ်အစိုးရအေနနဲ႔ဥေရာပစတိုင္ရထားလံုးတခုလက္ေဆာင္ေပးမယ္ဆိုရင္ အိႏၵိယနဲ႔ျမန္မာႏိုင္ငံၾကားကနယ္နိမိတ္ဆိုင္ရာစည္းမ်ဥ္းတခ်ိဳ႕ေျဖေလွ်ာ့ေပးမယ္လို႔ ဘၾကီးေတာ္မင္းတရားက ၁၇၉၆ခုႏွစ္မွာေျပာခဲ့ဖူးပါတယ္။ အဲ့ဒီတုန္းကျဗိတိသွ်ေတြဟာ ကာလ္ကတၱားမွာရံုးစိုက္ေနတဲ့အခ်ိန္ပါ။ ဘၾကီးေတာ္လက္ထက္မွာ ဗမာအင္ပါယာဘုန္းမီးေနလေတာက္ပေနခ်ိန္ျဖစ္ျပီး အာရကန္ (ရခိုင္)၊ မဏိပူရ၊ အာသံ၊ ပဲခူး၊ ဆုိင္ယမ္ (ထိုင္း) တုိ႔ကိုသိမ္းပိုက္ထားႏိုင္တဲ့အခ်ိန္လည္းျဖစ္တယ္။ ဒါေၾကာင့္ဘၾကီးေတာ္ရဲ႕ေတာင္းဆိုခ်က္ေတြကိုလိုက္ေလ်ာၾကရတဲ့အခ်ိန္လည္းျဖစ္ပါတယ္။

အဂၤလိပ္ေတြစီးေလ့ရွိတဲ့ၾကိဳးၾကာလည္တံပံုစံရထားကို ဘၾကီးေတာ္ကသေဘာက်တယ္။ ရထားထိုင္ခံုရဲ႕အေပၚမွာဗမာ့ယဥ္ေက်းမႈလက္ရာေတြမွာမပါမျဖစ္ ျပာသာဒ္စုလစ္မြန္းခၽြန္းေတြတပ္ဆင္ေပးဖို႔ ျဗိတိသွ်ေတြကိုေတာင္းဆိုပါတယ္။
ျဗိတိသွ်သံတမန္ Hiram Cox ကရထားလံုးလက္ေဆာင္ကိုယူလာတဲ့အခါမွာေတာ့ ထိုင္ခံုကသိပ္နိမ့္လြန္းေနတဲ့အတြက္အဲ့ဒီထဲတက္ထုိင္လိုက္ရင္ ေဘးမွာခစားေနတဲ႔သူ႔အေျခြအရံေတြထက္နိမ့္တဲ့ေနရာကိုေရာက္သြားတဲ့အတြက္ ဘၾကီးေတာ္ဟာရထားလံုးကိုမစီးခဲ့ပါဘူး။ ဘုရားသြားတဲ့အခ်ိန္နဲ႔ နန္းေတာ္ထဲကထြက္ျပီး အခမ္းအနားေတြတက္ေရာက္တဲ့အခ်ိန္ေတြမွာ သူစီးေနက်ရထားလံုးကိုပဲစီးျပီး ျဗိတိသွ်ေတြဆီကလက္ေဆာင္ရတဲ့ရထားလံုးကိုေတာ့ေက်းကၽြန္ေတြကိုဆြဲခိုင္းျပီး သူ႔ေရွ႕ကေန (အလွျပယာဥ္အျဖစ္) ထြက္ေစပါတယ္။
၁၈၂၄ ကေန ၁၈၂၆ အထိျဖစ္ပြားခဲ့တဲ့ပထမအဂၤလိပ္-ဗမာစစ္ပြဲမွာ တတိယေျမာက္ဗမာႏုိင္ငံေတာ္ဟာ ၇၅ႏွစ္အတြင္းပထမဆံုးအၾကိမ္အျဖစ္အေရးနိမ့္ခဲ့ရပါတယ္။ ရန္ကုန္ဟာျဗိတိသွ်ေတြလက္ထဲက်ေရာက္သြားျပီး ဗမာစစ္တပ္ကလည္းဖရိုဖရဲျဖစ္သြားခဲ့တယ္။ ဘၾကီးေတာ္အေနနဲ႔ အာသံ၊ မဏိပူရ၊ ရခိုင္နဲ႔ တနသၤာရီတုိ႔ကိုအေရွ႕အိႏၵိယကုမၸဏီလက္ထဲ ထည့္လိုက္ရပါေတာ့တယ္။
ဗမာ့နန္းသံုးရထားေတြကလည္းျဗိတိသွ်ေတြလက္ထဲေရာက္သြားတယ္။ Colonel Miles ရဲ႕ အမွတ္ ၈၉တပ္ဟာ ထား၀ယ္ျမိဳ႕နယ္မွာတန္ဖိုးၾကီးအသံုးအေဆာင္ေတြကိုလုယက္သိမ္းပိုက္ေနတုန္း အလုပ္ရံုတခုမွာဘၾကီးေတာ္မင္းတရားရဲ႕ရထားနဲ႔ဆင္တူတဲ့ နန္းသံုးရထားတစီးကိုေတြ႔ခဲ့ရပါတယ္။ Miles လည္း ရထားကိုကာလ္ကတၱားပို႔ျပီး ေလလံတင္တယ္။ ေလလံေအာင္သြားတဲ့သူက လန္ဒန္ျမိဳ႕ Piccadilly Circus က Egyptian Hall မွာျပသခဲ့ပါတယ္။

“ဗမာ့ေတာ္၀င္နန္းသံုးရထား” ကိုလူေတာ္ေတာ္မ်ားမ်ားစိတ္၀င္တစားၾကည့္ရႈခဲ့ၾကတယ္။ ဒီရထားအတြက္လက္မွတ္ေရာင္းရေငြဟာ သူ႔ေရွ႕ကျပသခဲ့တဲ့နပိုလီယန္ရထားအတြက္ရတဲ့ လက္မွတ္ေရာင္းရေငြကိုယွဥ္ႏုိင္ခဲ့ပါတယ္။
ဒါေပမယ့္ဒီရထားဟာဘၾကီးေတာ္မင္းတရားရဲ႕စီးေတာ္ယာဥ္မဟုတ္ခဲ့ပါဘူး။ သူ႔မွာပါတဲ့ေခါင္ခၽြန္းဟာ ၇ဆင့္ပဲရွိတာေၾကာင့္ သူေကာင္းမ်ိဳး၀င္ပုဂၢိဳလ္တေယာက္ေယာက္ပိုင္တယ္လို႔ပဲယူဆရပါတယ္။ ဘုရင္ေတြရဲ႕ရထားလံုးေတြမွာ ေခါင္ခၽြန္းဟာ ၉ဆင့္ပါရွိပါတယ္။ ဒါေၾကာင့္ထား၀ယ္ျမိဳ႕၀န္ဦးေရႊတုတ္ရဲ႕ ရထားလို႔ထင္ရပါတယ္။ ဒါေပမယ့္ ဒီရထားလံုးရဲ႕အသြင္အျပင္ကလည္း အံ့မခန္းလွပတယ္။ ရထားမ်က္ႏွာျပင္တခုလံုးေရႊပိန္းခ်ထားျပီး ေက်ာက္သံပတၱျမား ၂ေသာင္းေက်ာ္စီျခယ္ထားပါတယ္။ သစ္သားေတြကိုထြင္းထုထားပံုကလည္း ေသသပ္လွပလြန္းတာမို႔ဥေရာပဒီဇိုင္းအေက်ာ္အေမာ္တေယာက္ေယာက္လုပ္ထားသလားလို႔ေတာင္ ထင္မွတ္မွားရေၾကာင္းမွတ္ခ်က္ျပဳၾကပါတယ္။ ဗမာႏုိင္ငံအေၾကာင္းသိပ္မသိတဲ့ျဗိတိသွ်ေတြဟာ ဗမာဆိုတာေရႊႏုိင္ငံၾကီးလို႔ထင္လာတဲ့အထိပါပဲ။
ျပပြဲလည္းျပီးေရာ ရထားၾကီးလည္းေပ်ာက္သြားပါေတာ့တယ္။ ၁၈၄၇ခုႏွစ္မွာ Edwin Hughes ရဲ႕ Great Mammoth Equestrian Establishment ဆုိတဲ့ျပပြဲမွာပါတဲ့ ဆပ္ကပ္သံုးရထားလံုးတစင္းက ဗမာ့ရထားလံုးနဲ႔ပံုစံခ်င္းဆင္တူပါတယ္။ ဒီအခါမွာေတာ့ရထားလံုးကိုဆင္ေတြနဲ႔ဆြဲေစျပီး လန္ဒန္လမ္းမေပၚမွာေမာင္းႏွင္ျပခဲ့တယ္။
ကုန္းေဘာင္ဘုရင္ေတြဟာသိပ္ခ်မ္းသာၾကြယ္၀လြန္းတာမို႔ ျဗိတိသွ်ေတြအေနနဲ႔တႏိုင္ငံလံုးသိမ္းပိုက္ဖို႔ ၾကံလာၾကပါေတာ့တယ္။ ၁၈၈၅ခုႏွစ္ တတိယအဂၤလိပ္-ဗမာစစ္ပြဲအျပီးမွာေတာ့ ဗမာႏုိင္ငံဟာျဗိတိသွ်ကိုလုိနီျဖစ္သြားပါတယ္။ ေနာက္ဆံုးဗမာဘုရင္သီေပါမင္းဟာလည္း အိႏၵိယမွာေနအိမ္အက်ယ္ခ်ဳပ္နဲ႔ေသသည္အထိေနခဲ့ရတယ္။ ကုန္းေဘာင္ဘုရင္ေတြရဲ႕ရထားတုိင္းဟာ အလြန္လွပလက္ရာေျမာက္ျပီး သီေပါမင္းမွာဆိုရင္လည္း ေရႊနဲ႔စိန္တန္ဆာဆင္ထားျပီး ထီးျဖဴမိုးတဲ့ရထားရွိပါတယ္။ ဒါေပမယ့္လည္းထီးနန္းကိုလက္လႊတ္ဆံုးရႈံးရတဲ့အခ်ိန္မွာေတာ့ သီေပါမင္းဟာသာမန္သစ္သားလွည္းကိုပဲစီးရင္းဗမာျပည္ကထြက္ခြာခဲ့ရတယ္။

အဲ့ဒီေနာက္ဗမာဘုရင္ေတြရဲ႕အဖိုးတန္အသံုးအေဆာင္မွန္သမွ် ျဗိတိသွ်ေတြသိမ္းယူခဲ့ၾကပါတယ္။ သီေပါမင္းရဲ႕ရထားကေတာ့ လန္ဒန္ေရာက္လာခဲ့တယ္လို႔ ၁၈၈၆ခုႏွစ္ထုတ္ ျဗိတိသွ်သတင္းစာတေစာင္မွာေတြ႔ရတယ္။ ဒါေပမယ့္အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ မေဖာ္ျပခဲ့ပါဘူး။ အဲ့ဒီေခတ္ကဓာတ္ပံုေတြထဲမွာဗမာအမ်ိဳးသားႏွစ္ေယာက္ ရထားတစီးထဲထုိင္ေနၾကျပီး ပံုေအာက္မွာ “သီေပါမင္း၏ေတာ္၀င္ေရႊရထား” လို႔စာတမ္းထိုးထားတာကလြဲရင္ ခုႏွစ္နဲ႔ေနရာကိုမေဖာ္ျပထားဘူး။ ၁၈၉၉တုန္းက သတင္းစာတေစာင္ရဲ႕သတင္းကေတာ့အထူးျခားဆံုးပါပဲ။ သူတို႔ကိုယ္သူတို႔သီေပါမင္းရဲ႕ေရႊေရာင္နန္းသံုးရထားကိုေမာင္းႏွင္ခဲ့သူလို႔ေျပာတဲ့သူႏွစ္ေယာက္ဟာ လန္ဒန္ျမိဳ႕မွာလွည္းေမာင္းျပီးေၾကာ္ျငာေတြျဖန္႔ေ၀လို႔ဒဏ္ရိုက္ခံရတဲ့သတင္းပါ။ သီေပါမင္းရဲ႕ရထားအစစ္အမွန္လား၊ ပံုစံတူရထားအတုတစီးပဲလားဆိုတာကေတာ့ ကၽြႏု္ပ္တုိ႔ဘယ္ေတာ့မွသိႏုိင္မယ္မထင္ပါဘူး။
ဒါေတြအားလံုးဟာလြန္ခဲ့တဲ့ရာစုႏွစ္တခုကအျဖစ္အပ်က္ေတြျဖစ္ျပီး လက္ရွိျမန္မာႏုိင္ငံမွာ မူရင္းနန္းသံုးရထားေတြမရွိေတာ့ပါဘူး။ အမ်ားစုကအခ်ိန္ကာလရဲ႕တုိက္စားမႈေအာက္မွာ ေပ်ာက္ကြယ္ကုန္ၾကပါျပီ။ အစိုးရအေနနဲ႔ျဗိတိသွ်ျပတိုက္ေတြကေန ေရွးဗမာႏုိင္ငံရဲ႕အသံုးအေဆာင္ပစၥည္းေတြကိုျပန္ရယူဖို႔ၾကိဳးစားခဲ့မယ္ဆိုရင္ေတာ့ ဗမာ့နန္းသံုးရထားေတြကိုျပန္ျမင္ရကိန္းရွိပါတယ္။
Christian Gilberti ရဲ႕ Whatever Happened to the Carriages of the Burmese Kings? ေဆာင္းပါးကိုျမန္မာလိုျပန္ဆိုေဖာ္ျပျခင္းျဖစ္ပါတယ္။
UNICODE
၁၈၈၅ခုနှစ်မှာ ဗမာနိုင်ငံကိုဗြိတိသျှတွေသိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ကုန်းဘောင်ခေတ်မင်းမျိုးမင်းနွယ်တွေနဲ့ တော်ဝင်မိသားစုတွေပိုင်ဆိုင်တဲ့တန်ဖိုးကြီးအနုပညာလက်ရာ တော်တော်များများပျောက်ရှကုန်တယ်။ ဒီအထဲမှာရှင်ဘုရင်အဆက်ဆက်စီးနင်းခဲ့တဲ့ ရထားလုံးတွေလည်းအပါအဝင်ဖြစ်ပါတယ်။ တချို့ကအချိန်ကာလတိုက်စားမှုအောက်မှာ ပျက်စီးယိုယွင်းသွားကြပြီဖြစ်ပေမယ့် ရထားလုံး ၂ခုကတော့ဗြိတိန်မှာပြန်ပေါ်လာတယ်။ ဒီဗမာ့နန်းသုံးရထားလုံးတွေရဲ့ဇာတ်လမ်းကိုလေ့လာခြင်းဖြင့် ကိုလိုနီခေတ်ဗမာနိုင်ငံအကြောင်း၊ ဗမာနိုင်ငံနဲ့ပတ်သက်တဲ့အနောက်နိုင်ငံသားတွေရဲ့အမြင်ကိုသိနိုင်ပါတယ်။
ရထားလုံးတွေဟာသမိုင်းအစဉ်အဆက်ဗမာဘုရင်တွေရဲ့စီးတော်ယာဉ်ဖြစ်ခဲ့တာပါ။ ဗြိတိသျှအစိုးရအနေနဲ့ဥရောပစတိုင်ရထားလုံးတခုလက်ဆောင်ပေးမယ်ဆိုရင် အိန္ဒိယနဲ့မြန်မာနိုင်ငံကြားကနယ်နိမိတ်ဆိုင်ရာစည်းမျဉ်းတချို့ဖြေလျှော့ပေးမယ်လို့ ဘကြီးတော်မင်းတရားက ၁၇၉၆ခုနှစ်မှာပြောခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းကဗြိတိသျှတွေဟာ ကာလ်ကတ္တားမှာရုံးစိုက်နေတဲ့အချိန်ပါ။ ဘကြီးတော်လက်ထက်မှာ ဗမာအင်ပါယာဘုန်းမီးနေလတောက်ပနေချိန်ဖြစ်ပြီး အာရကန် (ရခိုင်)၊ မဏိပူရ၊ အာသံ၊ ပဲခူး၊ ဆိုင်ယမ် (ထိုင်း) တို့ကိုသိမ်းပိုက်ထားနိုင်တဲ့အချိန်လည်းဖြစ်တယ်။ ဒါကြောင့်ဘကြီးတော်ရဲ့တောင်းဆိုချက်တွေကိုလိုက်လျောကြရတဲ့အချိန်လည်းဖြစ်ပါတယ်။
အင်္ဂလိပ်တွေစီးလေ့ရှိတဲ့ကြိုးကြာလည်တံပုံစံရထားကို ဘကြီးတော်ကသဘောကျတယ်။ ရထားထိုင်ခုံရဲ့အပေါ်မှာဗမာ့ယဉ်ကျေးမှုလက်ရာတွေမှာမပါမဖြစ် ပြာသာဒ်စုလစ်မွန်းချွန်းတွေတပ်ဆင်ပေးဖို့ ဗြိတိသျှတွေကိုတောင်းဆိုပါတယ်။
ဗြိတိသျှသံတမန် Hiram Cox ကရထားလုံးလက်ဆောင်ကိုယူလာတဲ့အခါမှာတော့ ထိုင်ခုံကသိပ်နိမ့်လွန်းနေတဲ့အတွက်အဲ့ဒီထဲတက်ထိုင်လိုက်ရင် ဘေးမှာခစားနေတဲ့သူ့အခြွေအရံတွေထက်နိမ့်တဲ့နေရာကိုရောက်သွားတဲ့အတွက် ဘကြီးတော်ဟာရထားလုံးကိုမစီးခဲ့ပါဘူး။ ဘုရားသွားတဲ့အချိန်နဲ့ နန်းတော်ထဲကထွက်ပြီး အခမ်းအနားတွေတက်ရောက်တဲ့အချိန်တွေမှာ သူစီးနေကျရထားလုံးကိုပဲစီးပြီး ဗြိတိသျှတွေဆီကလက်ဆောင်ရတဲ့ရထားလုံးကိုတော့ကျေးကျွန်တွေကိုဆွဲခိုင်းပြီး သူ့ရှေ့ကနေ (အလှပြယာဉ်အဖြစ်) ထွက်စေပါတယ်။
၁၈၂၄ ကနေ ၁၈၂၆ အထိဖြစ်ပွားခဲ့တဲ့ပထမအင်္ဂလိပ်-ဗမာစစ်ပွဲမှာ တတိယမြောက်ဗမာနိုင်ငံတော်ဟာ ၇၅နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်အရေးနိမ့်ခဲ့ရပါတယ်။ ရန်ကုန်ဟာဗြိတိသျှတွေလက်ထဲကျရောက်သွားပြီး ဗမာစစ်တပ်ကလည်းဖရိုဖရဲဖြစ်သွားခဲ့တယ်။ ဘကြီးတော်အနေနဲ့ အာသံ၊ မဏိပူရ၊ ရခိုင်နဲ့ တနင်္သာရီတို့ကိုအရှေ့အိန္ဒိယကုမ္ပဏီလက်ထဲ ထည့်လိုက်ရပါတော့တယ်။
ဗမာ့နန်းသုံးရထားတွေကလည်းဗြိတိသျှတွေလက်ထဲရောက်သွားတယ်။ Colonel Miles ရဲ့ အမှတ် ၈၉တပ်ဟာ ထားဝယ်မြို့နယ်မှာတန်ဖိုးကြီးအသုံးအဆောင်တွေကိုလုယက်သိမ်းပိုက်နေတုန်း အလုပ်ရုံတခုမှာဘကြီးတော်မင်းတရားရဲ့ရထားနဲ့ဆင်တူတဲ့ နန်းသုံးရထားတစီးကိုတွေ့ခဲ့ရပါတယ်။ Miles လည်း ရထားကိုကာလ်ကတ္တားပို့ပြီး လေလံတင်တယ်။ လေလံအောင်သွားတဲ့သူက လန်ဒန်မြို့ Piccadilly Circus က Egyptian Hall မှာပြသခဲ့ပါတယ်။
“ဗမာ့တော်ဝင်နန်းသုံးရထား” ကိုလူတော်တော်များများစိတ်ဝင်တစားကြည့်ရှုခဲ့ကြတယ်။ ဒီရထားအတွက်လက်မှတ်ရောင်းရငွေဟာ သူ့ရှေ့ကပြသခဲ့တဲ့နပိုလီယန်ရထားအတွက်ရတဲ့ လက်မှတ်ရောင်းရငွေကိုယှဉ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့်ဒီရထားဟာဘကြီးတော်မင်းတရားရဲ့စီးတော်ယာဉ်မဟုတ်ခဲ့ပါဘူး။ သူ့မှာပါတဲ့ခေါင်ချွန်းဟာ ရဆင့်ပဲရှိတာကြောင့် သူကောင်းမျိုးဝင်ပုဂ္ဂိုလ်တယောက်ယောက်ပိုင်တယ်လို့ပဲယူဆရပါတယ်။ ဘုရင်တွေရဲ့ရထားလုံးတွေမှာ ခေါင်ချွန်းဟာ ၉ဆင့်ပါရှိပါတယ်။ ဒါကြောင့်ထားဝယ်မြို့ဝန်ဦးရွှေတုတ်ရဲ့ ရထားလို့ထင်ရပါတယ်။ ဒါပေမယ့် ဒီရထားလုံးရဲ့အသွင်အပြင်ကလည်း အံ့မခန်းလှပတယ်။ ရထားမျက်နှာပြင်တခုလုံးရွှေပိန်းချထားပြီး ကျောက်သံပတ္တမြား ၂သောင်းကျော်စီခြယ်ထားပါတယ်။ သစ်သားတွေကိုထွင်းထုထားပုံကလည်း သေသပ်လှပလွန်းတာမို့ဥရောပဒီဇိုင်းအကျော်အမော်တယောက်ယောက်လုပ်ထားသလားလို့တောင် ထင်မှတ်မှားရကြောင်းမှတ်ချက်ပြုကြပါတယ်။ ဗမာနိုင်ငံအကြောင်းသိပ်မသိတဲ့ဗြိတိသျှတွေဟာ ဗမာဆိုတာရွှေနိုင်ငံကြီးလို့ထင်လာတဲ့အထိပါပဲ။
ပြပွဲလည်းပြီးရော ရထားကြီးလည်းပျောက်သွားပါတော့တယ်။ ၁၈၄ရခုနှစ်မှာ Edwin Hughes ရဲ့ Great Mammoth Equestrian Establishment ဆိုတဲ့ပြပွဲမှာပါတဲ့ ဆပ်ကပ်သုံးရထားလုံးတစင်းက ဗမာ့ရထားလုံးနဲ့ပုံစံချင်းဆင်တူပါတယ်။ ဒီအခါမှာတော့ရထားလုံးကိုဆင်တွေနဲ့ဆွဲစေပြီး လန်ဒန်လမ်းမပေါ်မှာမောင်းနှင်ပြခဲ့တယ်။
ကုန်းဘောင်ဘုရင်တွေဟာသိပ်ချမ်းသာကြွယ်ဝလွန်းတာမို့ ဗြိတိသျှတွေအနေနဲ့တနိုင်ငံလုံးသိမ်းပိုက်ဖို့ ကြံလာကြပါတော့တယ်။ ၁၈၈၅ခုနှစ် တတိယအင်္ဂလိပ်-ဗမာစစ်ပွဲအပြီးမှာတော့ ဗမာနိုင်ငံဟာဗြိတိသျှကိုလိုနီဖြစ်သွားပါတယ်။ နောက်ဆုံးဗမာဘုရင်သီပေါမင်းဟာလည်း အိန္ဒိယမှာနေအိမ်အကျယ်ချုပ်နဲ့သေသည်အထိနေခဲ့ရတယ်။ ကုန်းဘောင်ဘုရင်တွေရဲ့ရထားတိုင်းဟာ အလွန်လှပလက်ရာမြောက်ပြီး သီပေါမင်းမှာဆိုရင်လည်း ရွှေနဲ့စိန်တန်ဆာဆင်ထားပြီး ထီးဖြူမိုးတဲ့ရထားရှိပါတယ်။ ဒါပေမယ့်လည်းထီးနန်းကိုလက်လွှတ်ဆုံးရှုံးရတဲ့အချိန်မှာတော့ သီပေါမင်းဟာသာမန်သစ်သားလှည်းကိုပဲစီးရင်းဗမာပြည်ကထွက်ခွာခဲ့ရတယ်။
အဲ့ဒီနောက်ဗမာဘုရင်တွေရဲ့အဖိုးတန်အသုံးအဆောင်မှန်သမျှ ဗြိတိသျှတွေသိမ်းယူခဲ့ကြပါတယ်။ သီပေါမင်းရဲ့ရထားကတော့ လန်ဒန်ရောက်လာခဲ့တယ်လို့ ၁၈၈၆ခုနှစ်ထုတ် ဗြိတိသျှသတင်းစာတစောင်မှာတွေ့ရတယ်။ ဒါပေမယ့်အသေးစိတ်အချက်အလက်တွေကိုတော့ မဖော်ပြခဲ့ပါဘူး။ အဲ့ဒီခေတ်ကဓာတ်ပုံတွေထဲမှာဗမာအမျိုးသားနှစ်ယောက် ရထားတစီးထဲထိုင်နေကြပြီး ပုံအောက်မှာ “သီပေါမင်း၏တော်ဝင်ရွှေရထား” လို့စာတမ်းထိုးထားတာကလွဲရင် ခုနှစ်နဲ့နေရာကိုမဖော်ပြထားဘူး။ ၁၈၉၉တုန်းက သတင်းစာတစောင်ရဲ့သတင်းကတော့အထူးခြားဆုံးပါ။ သူတို့ကိုယ်သူတို့သီပေါမင်းရဲ့ရွှေရောင်နန်းသုံးရထားကိုမောင်းနှင်ခဲ့သူလို့ပြောတဲ့သူနှစ်ယောက်ဟာ လန်ဒန်မြို့မှာလှည်းမောင်းပြီးကြော်ငြာတွေဖြန့်ဝေလို့ဒဏ်ရိုက်ခံရတဲ့သတင်းပါ။ သီပေါမင်းရဲ့ရထားအစစ်အမှန်လား၊ ပုံစံတူရထားအတုတစီးပဲလားဆိုတာကတော့ ကျွနု်ပ်တို့ဘယ်တော့မှသိနိုင်မယ်မထင်ပါဘူး။
ဒါတွေအားလုံးဟာလွန်ခဲ့တဲ့ရာစုနှစ်တခုကအဖြစ်အပျက်တွေဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာ မူရင်းနန်းသုံးရထားတွေမရှိတော့ပါဘူး။ အများစုကအချိန်ကာလရဲ့တိုက်စားမှုအောက်မှာ ပျောက်ကွယ်ကုန်ကြပါပြီ။ အစိုးရအနေနဲ့ဗြိတိသျှပြတိုက်တွေကနေ ရှေးဗမာနိုင်ငံရဲ့အသုံးအဆောင်ပစ္စည်းတွေကိုပြန်ရယူဖို့ကြိုးစားခဲ့မယ်ဆိုရင်တော့ ဗမာ့နန်းသုံးရထားတွေကိုပြန်မြင်ရကိန်းရှိပါတယ်။
Christian Gilberti ရဲ့ Whatever Happened to the Carriages of the Burmese Kings? ဆောင်းပါးကိုမြန်မာလိုပြန်ဆိုဖော်ပြခြင်းဖြစ်ပါတယ်။