Advertisement

လူမႈအသိုင္းအ၀ိုင္းကအျဖစ္အပ်က္ေတြကို ဓာတ္ပံုဆရာခံစားမိတဲ့အတိုင္း ျပည္သူေတြကိုျပန္ေျပာျပဖို႔အတြက္ ၀ါသနာတူအမ်ိဳးသမီးဓာတ္ပံုဆရာ ၅ေယာက္ပူးေပါင္းရင္း Thuma Collective ရယ္လို႔ျဖစ္လာတယ္။ ဒီအဖြဲ႔က သတင္းဓာတ္ပံုပညာ (သို႔) အလွဓာတ္ပံုပညာနဲ႔မသက္ဆိုင္ဘဲ စိတ္ခံစားခ်က္နဲ႔ တကိုယ္ရည္အေတြ႔အၾကံဳ အေတြးအျမင္ေတြကိုဓာတ္ပံုေတြကတဆင့္ေဖာ္ျပဖို႔ရည္ရြယ္ပါတယ္။

“Thuma Collective ကိုလြန္ခဲ့တဲ့ ၂ႏွစ္ေလာက္ကစတင္ဖြဲ႔စည္းခဲ့တာပါ။ အခု Disclosure ကေတာ့က်မတုိ႔ရဲ႕ ဒုတိယျပပြဲေပါ့။ ၂၀၁၈ခုႏွစ္မွာ Us and Beyond ဆိုတဲ့ပြဲေလးလုပ္ဖူးပါတယ္” လို႔ Thuma တဦးျဖစ္သူ မေရႊ၀တ္မႈန္ကေျပာပါတယ္။

ဘိုကေလးေစ်းေအာက္လမ္းထဲကျမန္မာဒိ႒ (Myanmar Deitta) ျပခန္းမွာ စက္တင္ဘာ ၂၈ကေန ေအာက္တုိဘာ ၂၀ရက္ေန႔အထိခင္းက်င္းထားတဲ့ Disclosure ဟာဓာတ္ပံုဆရာမတဦးစီရဲ႕ပုဂၢိဳလ္ေရးဘ၀ေတြနဲ႔ သူတို႔နဲ႔ေတြ႔ၾကံဳဆက္ဆံဖူးတဲ့လူေတြရဲ႕အေၾကာင္း ထင္ဟပ္ေနတယ္။

ျပခန္းထဲ၀င္တာနဲ႔စေတြ႔ရမွာကေတာ့ ရန္ကုန္ျမိဳ႕ရဲ႕ပံုရိပ္ေတြပါ။ Landscape ပံုေတြကို vertical ratio နဲ႔ျပသထားတယ္။ အေဆာက္အဦးနဲ႔၎တို႔ရဲ႕ပတ္၀န္းက်င္ကပံုရိပ္ေတြကို ေဒါင္လိုက္ေဘာင္ေတြထဲ ထည့္သြင္းလိုက္ေတာ့ ၾကည့္လိုက္တာနဲ႔ရန္ကုန္ရဲ႕မြန္းက်ပ္မႈကိုခံစားရတယ္။ အေဆာက္အအံုသစ္ေတြနဲ႔ အေဟာင္းေတြေရာယွက္တည္ရွိေနပံုကပရမ္းပတာဆန္ေနျပီး ဒီထဲကပဲသူမတူတဲ့အလွတရားထြက္လာပါတယ္။ မတင္ထက္ပိုင္ကေတာ့ သူ႔ရဲ႕ဒီ collection ကို Beautiful Chaos လို႔အမည္ေပးထားတယ္။

နံရံမွာကပ္ထားတဲ့ polaroid ေသးေသးေလးေတြကိုေတြ႔ရင္ေတာ့ မရီတာခင္ရဲ႕ Homeostasis ဆီေရာက္ပါျပီ။ သူနဲ႔သူ႔မိသားစုရဲ႕ေန႔စဥ္ဘ၀ပံုရိပ္ေတြကိုအရွိအတုိင္းရိုက္ျပထားတယ္။ သူ႔ပံုေတြကသာမန္မိသားစုတစု ေန႔တုိင္းေတြ႔ၾကံဳေလ့ရွိတဲ့အေၾကာင္းအရာေတြပါပဲ။ ေျမးေလးကိုခ်ီထားတဲ့အဘိုး၊ ေၾကာင္ေလးနဲ႔အိပ္ေနတဲ့ ကေလးမ၊ စာဖတ္ရင္းသမ္းေနတဲ့အေမ။ အိမ္ဆိုတာေနရာတခုကိုေျပာတာလား၊ လူတစုကိုေျပာတာလား။ သင့္အတြက္အိမ္ဆိုတာကဘာလဲ။

ျပခန္းမွာေရာက္ေနတဲ့ကာလပတ္လံုးက်ေနာ္သတိထားမိေနတာကေတာ့ ေသြးေတြစြန္းေနတဲ့ပံုစံလုပ္ထားတဲ့ အျဖဴေရာင္ပိတ္ကားၾကီးပါ။ မေရႊ၀တ္မႈန္ကဒီပိတ္ကားၾကီးကိုအမ်ိဳးသမီးတို႔ရဲ႕ေသြးစြန္းတဲ့နာရီေတြအေၾကာင္း ေျပာျပရာမွာေနာက္ခံအျဖစ္သံုးပါတယ္။ Dharmata ဆိုတဲ့ဒီ collection ဟာ လစဥ္ဓမၼတာလာတဲ့ျဖစ္စဥ္ကို အရွိအတိုင္းေကာ သရုပ္ေဖာ္ပံုေတြနဲ႔ေကာျပထားတယ္။ သူကေတာ့ခႏၶာေဗဒျဖစ္စဥ္တခုကို ရိုက္ျပလိုက္တာပါပဲ။ ဒါကိုလူမႈေရးအျမင္နဲ႔ဘာသာျပန္ျပီး ဓမၼတာလာေနတဲ့မိန္းမေတြကယုတ္ညံ့တယ္ဆုိတဲ့ ေရွးရိုးစြဲမဟာပုရိသအျမင္ကိုေတာ္လွန္မလား။ စီးပြားေရးအျမင္နဲ႔ဘာသာျပန္ျပီး ဓမၼတာလာေနတဲ့အခ်ိန္မိန္းမေတြကိုအလုပ္ကေနနားရက္ (menstrual leave) ေပးသင့္မေပးသင့္ ေဆြးေႏြးမလား။ သင့္အေပၚမွာပဲမူတည္ပါတယ္။

ေခါင္မိုးေပၚကေနခ်ိတ္ဆြဲထားတဲ့ဓာတ္ပံုကားခ်ပ္ၾကီးေတြမွာေတာ့ မခင္ၾကည္ထက္ရဲ႕သူစိမ္းေတြကိုေတြ႔ရမယ္။ မခင္ၾကည္ထက္ဟာသူ႔ရဲ႕သူစိမ္းေတြနဲ႔ေျပာဆိုဆက္ဆံရမွာေၾကာက္ရြံ႕တဲ့စိတ္ကိုေျဖေဖ်ာက္ဖို႔ ဒီ collection ကိုဖန္တီးခဲ့တာပါ။ Somagnosia* လို႔အမည္ေပးထားတဲ့ဒီ collection မွာသူဟာသူစိမ္းေတြကိုခြင့္ေတာင္းျပီး ဓာတ္ပံုရိုက္ခဲ့တယ္။ က်ေနာ့္ကိုအဆြဲေဆာင္ႏုိင္ဆံုးဓာတ္ပံုကေတာ့ ေခြးရုပ္ေလးကိုပိုက္ထားတဲ့ မိန္းကေလးရဲ႕ပံုပါပဲ။ အဲ့ဒီမိန္းကေလးဟာသူ႔ေခြးေသဆံုးသြားျပီးေနာက္မခြဲႏိုင္တဲ့အတြက္ အထဲမွာအစာသြပ္ျပီးအရုပ္လုပ္ထားတာပါ။ ျပံဳးေယာင္သန္းေနတဲ့ေခြးေလးရဲ႕မ်က္ႏွာဟာ သူေသလြန္ျပီးတဲ့ေနာက္မွာေတာင္ သူ႔သခင္ရဲ႕ရင္ခြင္ထဲေနႏိုင္တဲ့အတြက္ၾကည္ႏူးေနသလိုပါပဲ။

အဲ့ဒီေနာက္မွာေတာ့နံရံေတြေပၚမွာရႈခင္းေတြကိုေနာက္ခံထားျပီးကပ္ထားတဲ့ အမ်ိဳးသားပံုေတြကိုေတြ႔ရမယ္။ မယုယုျမင့္သန္းက Sorry Not Sorry လို႔အမည္ေပးထားတဲ့ဒီ collection မွာလြန္ခဲ့တဲ့ ၂ႏွစ္အတြင္း သူမနဲ႔ေတြ႔ဆံုခဲ့တဲ့အမ်ိဳးသားေတြရဲ႕ပံုေတြကိုတခါသံုးဖလင္နဲ႔ျပသထားတယ္။ ပံုေတြကိုဖလင္ကူးတဲ့ေနရာမွာ ၀ီစကီ၊ ေကာ္ဖီ စတာေတြနဲ႔စိမ္ျပီးစမ္းသပ္ကူးခဲ့ပါတယ္။ Break-up တခုကိုေမ့ႏုိင္ဖုိ႔ သူစိမ္းေယာက်္ားေတြနဲ႔ေတြ႔ခဲ့ေၾကာင္း၊ အခ်စ္ဆိုတာသူ႔အတြက္တခါသံုးပစၥည္းဆန္လာေၾကာင္း၊ စမ္းသပ္လုပ္ကိုင္ၾကည့္မယ့္ကိစၥတခုျဖစ္လာေၾကာင္း မယုယုျမင့္သန္းကဆုိတယ္။

ဒီေဆာင္းပါးကဓာတ္ပံုေတြကိုၾကည့္ျပီးက်ေနာ္ခံစားရတဲ့အတုိင္းေရးထားျခင္းျဖစ္တဲ့အတြက္ တျခားသူေတြနဲ႔အျမင္ခ်င္းတူခ်င္မွတူပါလိမ့္မယ္။ ကိုယ္ကိုယ္တိုင္သြားျပီးၾကည့္မယ္ဆိုရင္လည္း ေအာက္တိုဘာ ၂၀ရက္ေန႔အထိ မနက္ ၁၁နာရီကေန ညေန၅နာရီအတြင္း ျမန္မာဒိ႒မွာၾကည့္လို႔ရပါတယ္။

Somagnosia = ႏိုဘယ္ဆုရဂ်ပန္စာေရးဆရာ Yasunari Kawabata ရဲ႕ ေနာက္ဆံုးလံုးခ်င္း၀တၳဳ Dandelions ထဲမွာဇာတ္ေကာင္မိန္းကေလး Kizaki Ineko ဟာလူေတြကိုေတြ႔ျမင္ႏိုင္ျခင္းမရွိတဲ့ေရာဂါခံစားေနရသူပါ။ Kawabata က ဒီစိတ္ကူးယဥ္ေရာဂါကို Somagnosia လို႔အမည္ေပးခဲ့ပါတယ္။

Unicode

လူမှုအသိုင်းအဝိုင်းကအဖြစ်အပျက်တွေကို ဓာတ်ပုံဆရာခံစားမိတဲ့အတိုင်း ပြည်သူတွေကိုပြန်ပြောပြဖို့အတွက် ဝါသနာတူအမျိုးသမီးဓာတ်ပုံဆရာ ၅ယောက်ပူးပေါင်းရင်း Thuma Collective ရယ်လို့ဖြစ်လာတယ်။ ဒီအဖွဲ့က သတင်းဓာတ်ပုံပညာ (သို့) အလှဓာတ်ပုံပညာနဲ့မသက်ဆိုင်ဘဲ စိတ်ခံစားချက်နဲ့ တကိုယ်ရည်အတွေ့အကြုံ အတွေးအမြင်တွေကိုဓာတ်ပုံတွေကတဆင့်ဖော်ပြဖို့ရည်ရွယ်ပါတယ်။

“Thuma Collective ကိုလွန်ခဲ့တဲ့ ၂နှစ်လောက်ကစတင်ဖွဲ့စည်းခဲ့တာပါ။ အခု Disclosure ကတော့ကျမတို့ရဲ့ ဒုတိယပြပွဲပေါ့။ ၂၀၁၈ခုနှစ်မှာ Us and Beyond ဆိုတဲ့ပွဲလေးလုပ်ဖူးပါတယ်” လို့ Thuma တဦးဖြစ်သူ မရွှေဝတ်မှုန်ကပြောပါတယ်။

ဘိုကလေးဈေးအောက်လမ်းထဲကမြန်မာဒိဋ္ဌ (Myanmar Deitta) ပြခန်းမှာ စက်တင်ဘာ ၂၈ကနေ အောက်တိုဘာ ၂၀ရက်နေ့အထိခင်းကျင်းထားတဲ့ Disclosure ဟာဓာတ်ပုံဆရာမတဦးစီရဲ့ပုဂ္ဂိုလ်ရေးဘဝတွေနဲ့ သူတို့နဲ့တွေ့ကြုံဆက်ဆံဖူးတဲ့လူတွေရဲ့အကြောင်း ထင်ဟပ်နေတယ်။

ပြခန်းထဲဝင်တာနဲ့စတွေ့ရမှာကတော့ ရန်ကုန်မြို့ရဲ့ပုံရိပ်တွေပါ။ Landscape ပုံတွေကို vertical ratio နဲ့ပြသထားတယ်။ အဆောက်အဦးနဲ့၎င်းတို့ရဲ့ပတ်ဝန်းကျင်ကပုံရိပ်တွေကို ဒေါင်လိုက်ဘောင်တွေထဲ ထည့်သွင်းလိုက်တော့ ကြည့်လိုက်တာနဲ့ရန်ကုန်ရဲ့မွန်းကျပ်မှုကိုခံစားရတယ်။ အဆောက်အအုံသစ်တွေနဲ့ အဟောင်းတွေရောယှက်တည်ရှိနေပုံကပရမ်းပတာဆန်နေပြီး ဒီထဲကပဲသူမတူတဲ့အလှတရားထွက်လာပါတယ်။ မတင်ထက်ပိုင်ကတော့ သူ့ရဲ့ဒီ collection ကို Beautiful Chaos လို့အမည်ပေးထားတယ်။

နံရံမှာကပ်ထားတဲ့ polaroid သေးသေးလေးတွေကိုတွေ့ရင်တော့ မရီတာခင်ရဲ့ Homeostasis ဆီရောက်ပါပြီ။ သူနဲ့သူ့မိသားစုရဲ့နေ့စဉ်ဘဝပုံရိပ်တွေကိုအရှိအတိုင်းရိုက်ပြထားတယ်။ သူ့ပုံတွေကသာမန်မိသားစုတစု နေ့တိုင်းတွေ့ကြုံလေ့ရှိတဲ့အကြောင်းအရာတွေပါပဲ။ မြေးလေးကိုချီထားတဲ့အဘိုး၊ ကြောင်လေးနဲ့အိပ်နေတဲ့ ကလေးမ၊ စာဖတ်ရင်းသမ်းနေတဲ့အမေ။ အိမ်ဆိုတာနေရာတခုကိုပြောတာလား၊ လူတစုကိုပြောတာလား။ သင့်အတွက်အိမ်ဆိုတာကဘာလဲ။

ပြခန်းမှာရောက်နေတဲ့ကာလပတ်လုံးကျနော်သတိထားမိနေတာကတော့ သွေးတွေစွန်းနေတဲ့ပုံစံလုပ်ထားတဲ့ အဖြူရောင်ပိတ်ကားကြီးပါ။ မရွှေဝတ်မှုန်ကဒီပိတ်ကားကြီးကိုအမျိုးသမီးတို့ရဲ့သွေးစွန်းတဲ့နာရီတွေအကြောင်း ပြောပြရာမှာနောက်ခံအဖြစ်သုံးပါတယ်။ Dharmata ဆိုတဲ့ဒီ collection ဟာ လစဉ်ဓမ္မတာလာတဲ့ဖြစ်စဉ်ကို အရှိအတိုင်းကော သရုပ်ဖော်ပုံတွေနဲ့ကောပြထားတယ်။ သူကတော့ခန္ဓာဗေဒဖြစ်စဉ်တခုကို ရိုက်ပြလိုက်တာပါပဲ။ ဒါကိုလူမှုရေးအမြင်နဲ့ဘာသာပြန်ပြီး ဓမ္မတာလာနေတဲ့မိန်းမတွေကယုတ်ညံ့တယ်ဆိုတဲ့ ရှေးရိုးစွဲမဟာပုရိသအမြင်ကိုတော်လှန်မလား။ စီးပွားရေးအမြင်နဲ့ဘာသာပြန်ပြီး ဓမ္မတာလာနေတဲ့အချိန်မိန်းမတွေကိုအလုပ်ကနေနားရက် (menstrual leave) ပေးသင့်မပေးသင့် ဆွေးနွေးမလား။ သင့်အပေါ်မှာပဲမူတည်ပါတယ်။

ခေါင်မိုးပေါ်ကနေချိတ်ဆွဲထားတဲ့ဓာတ်ပုံကားချပ်ကြီးတွေမှာတော့ မခင်ကြည်ထက်ရဲ့သူစိမ်းတွေကိုတွေ့ရမယ်။ မခင်ကြည်ထက်ဟာသူ့ရဲ့သူစိမ်းတွေနဲ့ပြောဆိုဆက်ဆံရမှာကြောက်ရွံ့တဲ့စိတ်ကိုဖြေဖျောက်ဖို့ ဒီ collection ကိုဖန်တီးခဲ့တာပါ။ Somagnosia* လို့အမည်ပေးထားတဲ့ဒီ collection မှာသူဟာသူစိမ်းတွေကိုခွင့်တောင်းပြီး ဓာတ်ပုံရိုက်ခဲ့တယ်။ ကျနော့်ကိုအဆွဲဆောင်နိုင်ဆုံးဓာတ်ပုံကတော့ ခွေးရုပ်လေးကိုပိုက်ထားတဲ့ မိန်းကလေးရဲ့ပုံပါပဲ။ အဲ့ဒီမိန်းကလေးဟာသူ့ခွေးသေဆုံးသွားပြီးနောက်မခွဲနိုင်တဲ့အတွက် အထဲမှာအစာသွပ်ပြီးအရုပ်လုပ်ထားတာပါ။ ပြုံးယောင်သန်းနေတဲ့ခွေးလေးရဲ့မျက်နှာဟာ သူသေလွန်ပြီးတဲ့နောက်မှာတောင် သူ့သခင်ရဲ့ရင်ခွင်ထဲနေနိုင်တဲ့အတွက်ကြည်နူးနေသလိုပါပဲ။

အဲ့ဒီနောက်မှာတော့နံရံတွေပေါ်မှာရှုခင်းတွေကိုနောက်ခံထားပြီးကပ်ထားတဲ့ အမျိုးသားပုံတွေကိုတွေ့ရမယ်။ မယုယုမြင့်သန်းက Sorry Not Sorry လို့အမည်ပေးထားတဲ့ဒီ collection မှာလွန်ခဲ့တဲ့ ၂နှစ်အတွင်း သူမနဲ့တွေ့ဆုံခဲ့တဲ့အမျိုးသားတွေရဲ့ပုံတွေကိုတခါသုံးဖလင်နဲ့ပြသထားတယ်။ ပုံတွေကိုဖလင်ကူးတဲ့နေရာမှာ ဝီစကီ၊ ကော်ဖီ စတာတွေနဲ့စိမ်ပြီးစမ်းသပ်ကူးခဲ့ပါတယ်။ Break-up တခုကိုမေ့နိုင်ဖို့ သူစိမ်းယောကျ်ားတွေနဲ့တွေ့ခဲ့ကြောင်း၊ အချစ်ဆိုတာသူ့အတွက်တခါသုံးပစ္စည်းဆန်လာကြောင်း၊ စမ်းသပ်လုပ်ကိုင်ကြည့်မယ့်ကိစ္စတခုဖြစ်လာကြောင်း မယုယုမြင့်သန်းကဆိုတယ်။

ဒီဆောင်းပါးကဓာတ်ပုံတွေကိုကြည့်ပြီးကျနော်ခံစားရတဲ့အတိုင်းရေးထားခြင်းဖြစ်တဲ့အတွက် တခြားသူတွေနဲ့အမြင်ချင်းတူချင်မှတူပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင်သွားပြီးကြည့်မယ်ဆိုရင်လည်း အောက်တိုဘာ ၂၀ရက်နေ့အထိ မနက် ၁၁နာရီကနေ ညနေ၅နာရီအတွင်း မြန်မာဒိဋ္ဌမှာကြည့်လို့ရပါတယ်။

Somagnosia = နိုဘယ်ဆုရဂျပန်စာရေးဆရာ Yasunari Kawabata ရဲ့ နောက်ဆုံးလုံးချင်းဝတ္ထု Dandelions ထဲမှာဇာတ်ကောင်မိန်းကလေး Kizaki Ineko ဟာလူတွေကိုတွေ့မြင်နိုင်ခြင်းမရှိတဲ့ရောဂါခံစားနေရသူပါ။ Kawabata က ဒီစိတ်ကူးယဉ်ရောဂါကို Somagnosia လို့အမည်ပေးခဲ့ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here