အာရွမွာႏို႔ထြက္ပစၥည္းထုတ္လုပ္တဲ့ကုမၸဏီေတြထဲက ထိပ္တန္းအမွတ္တံဆိပ္တခုျဖစ္တဲ့ Yili ဟာ သူ႔ရဲ႕ AMBROSIAL ဒိန္ခ်ဥ္ကို ျမန္မာနဲ႔စင္ကာပူတုိ႔မွာဒီႏွစ္အတြင္းျဖန္႔ခ်ီသြားေတာ့မွာပါ။ အရင္လကစင္ကာပူႏုိင္ငံမွာျပဳလုပ္က်င္းပတဲ့စာနယ္ဇင္းရွင္းလင္းပြဲကို Myanmore Plus ကတက္ေရာက္ခြင့္ရခဲ့ျပီး Mongolia Yili Industrial Group ရဲ႕ Vice President Mrs. An Lei နဲ႔အင္တာဗ်ဴးခြင့္ရခဲ့ပါတယ္။ ဒီဒိန္ခ်ဥ္ကေစ်းကြက္ထဲမွာေရာင္းခ်လ်က္ရွိတဲ့ဒိန္ခ်ဥ္ေတြထက္ ဘာေတြပိုထူးျခားမႈရွိလဲ၊ ဖတ္ၾကည့္ၾကရေအာင္ဗ်ာ။
အရင္ဆံုးဒီပြဲရဲ႕ရည္ရြယ္ခ်က္ကိုေျပာျပေပးပါ။
က်မတုိ႔ရဲ႕ AMBROSIAL ဒိန္ခ်ဥ္ကိုအေရွ႕ေတာင္အာရွေစ်းကြက္မွာစတင္ျဖန္႔ခ်ီေတာ့မွာပါ။ စင္ကာပူနဲ႔ျမန္မာမွာ အရင္ဆံုးျဖန္႔ခ်ီသြားမွာျဖစ္ပါတယ္။ ဒါက AMBROSIAL ေစ်းကြက္ခ်ဲ႕ထြင္ျခင္းအစီအစဥ္ရဲ႕ ပထမဆံုးေျခလွမ္းလည္းျဖစ္ပါတယ္။

တျခားႏုိင္ငံေတြမွာေကာ AMBROSIAL ကိုျဖန္႔ခ်ီေနေသးလားခင္ဗ်။
ဒါက Yili ရဲ႕ကမာၻ႔ေစ်းကြက္ခ်ဲ႕ထြင္ျခင္းအစီအစဥ္ ပထမဆံုးေျခလွမ္းျဖစ္ပါတယ္။ စင္ကာပူနဲ႔ျမန္မာကေနအေရွ႕ေတာင္အာရွ၊ ျပီးေတာ့တကမာၻလံုးေပါ့ေနာ္။
ဂရိပံုစံဒိန္ခ်ဥ္လို႔ေျပာထားတာေတြ႔ရတယ္။ ပံုမွန္ဒိန္ခ်ဥ္ေတြထက္ဘာပိုထူးျခားလဲဗ်။
ပထမဆံုးအခ်က္ကိုေျပာရရင္ေတာ့ အေရာင္အေသြးပါပဲ။ AMBROSIAL ဟာပ်စ္ႏွစ္ျပီးမလိုင္ပါ၀င္မႈမ်ားတဲ့အတြက္ နာမည္ၾကီးတယ္။ ဒါေၾကာင့္လည္း “မလိုင္အျပည့္ၾကြယ္၀တဲ့အရသာ” လို႔ေခၚတာပါ။ ဂရိႏုိင္ငံက Agricultural University of Athens နဲ႔ပူးေပါင္းျပီး ပရိုတင္း ၃၀ရာခိုင္ႏႈန္းပိုမိုပါ၀င္တဲ့ ဒိန္ခ်ဥ္ကိုထုတ္လုပ္ႏုိင္ခဲ့ပါတယ္။ ဒါေၾကာင့္ေသာက္လိုက္တာနဲ႔ မလိုင္ေတြပါးစပ္နဲ႔အျပည့္ပ်စ္ႏွစ္ေနတဲ့အရသာကိုခံစားရမယ္။
ေနာက္တခ်က္ကနည္းပညာျမင့္ျပီးသစ္လြင္တဲ့ထုတ္ပိုးမႈပံုစံပါ။ ေရခဲေသတၱာထဲထည့္ျပီးအေအးမခံဘဲလည္း ေအးျမတဲ့အရသာကိုခံစားႏိုင္ပါတယ္။ ဒါေၾကာင့္ဘယ္ေနရာဘယ္အခ်ိန္မွာမဆိုေသာက္သံုးႏုိင္ပါတယ္။

၂၀၀၈ခုႏွစ္ကျဖစ္ပြားခဲ့တဲ့ တရုတ္ျပည္ကႏို႔ထြက္ပစၥည္းေတြထဲမယ္လမင္းေတြ႔ရတဲ့ျပႆနာမွာ Yili ကုမၸဏီလည္းပါ၀င္ခဲ့တာသိရတယ္။ စားသံုးသူေတြေဘးကင္းေစဖို႔ Yili ထုတ္ကုန္ေတြရဲ႕အရည္အေသြးကို ဘယ္လိုထိန္းသိမ္းပါသလဲ။
ဒီျပႆနာကတရုတ္ႏုိင္ငံရဲ႕ႏုိ႔ထြက္ပစၥည္းကုမၸဏီေတာ္ေတာ္မ်ားမ်ားကိုရိုက္ခတ္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္ကစျပီး Yili အေနနဲ႔ေငြေၾကးေတြအမ်ားၾကီးရင္းႏွီးျမွဳပ္ႏွံရင္း ထိပ္တန္းအရည္အေသြးရွိတဲ့ႏြားျခံေတြကႏို႔ကိုပဲ ကုန္ၾကမ္းအျဖစ္အသံုးျပဳခဲ့တယ္။ ထုတ္ကုန္ေတြအႏၱရာယ္ကင္းဖို႔အတြက္အရည္အေသြးေစာင့္ၾကည့္ ထိန္းခ်ဳပ္ေရးစနစ္ေတြလည္းရွိျပီး ကုန္ၾကမ္းကေန ေစ်းကြက္ထဲေရာက္တဲ့အထိ ၾကပ္ၾကပ္မတ္မတ္စစ္ေဆးလ်က္ရွိပါတယ္။ စားသံုးသူေဘးအႏၱရာယ္ကင္းစင္ေရးကက်မတုိ႔ရဲ႕ ပထမဦးစားေပးျဖစ္ျပီး မည္သည့္နည္းနဲ႔မွအမွားခံလို႔မရပါဘူး။
အခုကုန္ၾကမ္းပစၥည္းေတြကို ဘယ္ေဒသေတြကေနရယူပါသလဲ။
ဥေရာပ၊ Oceania၊ အေမရိကတိုက္ေတြမွာ supplier ေတြရွိပါတယ္။
ျမန္မာႏိုင္ငံကလည္းစိုက္ပ်ိဳးေမြးျမဴေရးထြန္းကားတဲ့ႏိုင္ငံပါပဲ။ ေနာက္ပိုင္းက်ရင္ေဒသခံလုပ္ငန္းရွင္ေတြနဲ႔ အက်ိဳးတူပူးေပါင္းဖို႔ေကာအစီအစဥ္ရွိပါသလား။
AMBROSIAL ကအခုေစ်းကြက္စတင္ခ်ဲ႕ထြင္ခါစပဲရွိေသးတယ္။ ေစ်းကြက္ထဲမျဖန္႔ခ်ီခင္မွာ ေဒသခံအရာရွိေတြနဲ႔ ပူးေပါင္းျပီး စားသံုးသူစစ္တမ္းေတြေကာက္ခံခဲ့တယ္။ ေနာက္ပိုင္းက်ရင္ေတာ့ ေစ်းကြက္ကိုျပန္လည္သံုးသပ္ျပီးအလုပ္တြဲလုပ္ႏုိင္တဲ့လုပ္ငန္းရွင္ေတြရွိမရွိေလ့လာသြားမွာပါ။
ျမန္မာျပည္သူေတြအေနနဲ႔ AMBROSIAL ကိုဘယ္ေတာ့ေလာက္၀ယ္လို႔ရမလဲ။
Yili ကအခုျပည္တြင္းကျဖန္႔ခ်ီေရးလုပ္ငန္းရွင္ေတြနဲ႔စတင္ျဖန္႔ခ်ီေနပါျပီ။ Capital, Denko, Amazing Mart, 1 Stop Mart, Oasis Mini Mart, Orange နဲ႔ convenience stores ေတြမွာမၾကာခင္၀ယ္ယူရရွိႏုိင္ေတာ့မွာပါ။

Unicode
အာရှမှာနို့ထွက်ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီတွေထဲက ထိပ်တန်းအမှတ်တံဆိပ်တခုဖြစ်တဲ့ Yili ဟာ သူ့ရဲ့ AMBROSIAL ဒိန်ချဉ်ကို မြန်မာနဲ့စင်ကာပူတို့မှာဒီနှစ်အတွင်းဖြန့်ချီသွားတော့မှာပါ။ အရင်လကစင်ကာပူနိုင်ငံမှာပြုလုပ်ကျင်းပတဲ့စာနယ်ဇင်းရှင်းလင်းပွဲကို Myanmore Plus ကတက်ရောက်ခွင့်ရခဲ့ပြီး Mongolia Yili Industrial Group ရဲ့ Vice President Mrs. An Lei နဲ့အင်တာဗျူးခွင့်ရခဲ့ပါတယ်။ ဒီဒိန်ချဉ်ကဈေးကွက်ထဲမှာရောင်းချလျက်ရှိတဲ့ဒိန်ချဉ်တွေထက် ဘာတွေပိုထူးခြားမှုရှိလဲ၊ ဖတ်ကြည့်ကြရအောင်ဗျာ။
အရင်ဆုံးဒီပွဲရဲ့ရည်ရွယ်ချက်ကိုပြောပြပေးပါ။
ကျမတို့ရဲ့ AMBROSIAL ဒိန်ချဉ်ကိုအရှေ့တောင်အာရှဈေးကွက်မှာစတင်ဖြန့်ချီတော့မှာပါ။ စင်ကာပူနဲ့မြန်မာမှာ အရင်ဆုံးဖြန့်ချီသွားမှာဖြစ်ပါတယ်။ ဒါက AMBROSIAL ဈေးကွက်ချဲ့ထွင်ခြင်းအစီအစဉ်ရဲ့ ပထမဆုံးခြေလှမ်းလည်းဖြစ်ပါတယ်။
တခြားနိုင်ငံတွေမှာကော AMBROSIAL ကိုဖြန့်ချီနေသေးလားခင်ဗျ။
ဒါက Yili ရဲ့ကမ္ဘာ့ဈေးကွက်ချဲ့ထွင်ခြင်းအစီအစဉ် ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ စင်ကာပူနဲ့မြန်မာကနေအရှေ့တောင်အာရှ၊ ပြီးတော့တကမ္ဘာလုံးပေါ့နော်။
ဂရိပုံစံဒိန်ချဉ်လို့ပြောထားတာတွေ့ရတယ်။ ပုံမှန်ဒိန်ချဉ်တွေထက်ဘာပိုထူးခြားလဲဗျ။
ပထမဆုံးအချက်ကိုပြောရရင်တော့ အရောင်အသွေးပါပဲ။ AMBROSIAL ဟာပျစ်နှစ်ပြီးမလိုင်ပါဝင်မှုများတဲ့အတွက် နာမည်ကြီးတယ်။ ဒါကြောင့်လည်း “မလိုင်အပြည့်ကြွယ်ဝတဲ့အရသာ” လို့ခေါ်တာပါ။ ဂရိနိုင်ငံက Agricultural University of Athens နဲ့ပူးပေါင်းပြီး ပရိုတင်း ၃၀ရာခိုင်နှုန်းပိုမိုပါဝင်တဲ့ ဒိန်ချဉ်ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်သောက်လိုက်တာနဲ့ မလိုင်တွေပါးစပ်နဲ့အပြည့်ပျစ်နှစ်နေတဲ့အရသာကိုခံစားရမယ်။
နောက်တချက်ကနည်းပညာမြင့်ပြီးသစ်လွင်တဲ့ထုတ်ပိုးမှုပုံစံပါ။ ရေခဲသေတ္တာထဲထည့်ပြီးအအေးမခံဘဲလည်း အေးမြတဲ့အရသာကိုခံစားနိုင်ပါတယ်။ ဒါကြောင့်ဘယ်နေရာဘယ်အချိန်မှာမဆိုသောက်သုံးနိုင်ပါတယ်။
၂၀၀၈ခုနှစ်ကဖြစ်ပွားခဲ့တဲ့ တရုတ်ပြည်ကနို့ထွက်ပစ္စည်းတွေထဲမယ်လမင်းတွေ့ရတဲ့ပြဿနာမှာ Yili ကုမ္ပဏီလည်းပါဝင်ခဲ့တာသိရတယ်။ စားသုံးသူတွေဘေးကင်းစေဖို့ Yili ထုတ်ကုန်တွေရဲ့အရည်အသွေးကို ဘယ်လိုထိန်းသိမ်းပါသလဲ။
ဒီပြဿနာကတရုတ်နိုင်ငံရဲ့နို့ထွက်ပစ္စည်းကုမ္ပဏီတော်တော်များများကိုရိုက်ခတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး Yili အနေနဲ့ငွေကြေးတွေအများကြီးရင်းနှီးမြှုပ်နှံရင်း ထိပ်တန်းအရည်အသွေးရှိတဲ့နွားခြံတွေကနို့ကိုပဲ ကုန်ကြမ်းအဖြစ်အသုံးပြုခဲ့တယ်။ ထုတ်ကုန်တွေအန္တရာယ်ကင်းဖို့အတွက်အရည်အသွေးစောင့်ကြည့် ထိန်းချုပ်ရေးစနစ်တွေလည်းရှိပြီး ကုန်ကြမ်းကနေ ဈေးကွက်ထဲရောက်တဲ့အထိ ကြပ်ကြပ်မတ်မတ်စစ်ဆေးလျက်ရှိပါတယ်။ စားသုံးသူဘေးအန္တရာယ်ကင်းစင်ရေးကကျမတို့ရဲ့ ပထမဦးစားပေးဖြစ်ပြီး မည်သည့်နည်းနဲ့မှအမှားခံလို့မရပါဘူး။
အခုကုန်ကြမ်းပစ္စည်းတွေကို ဘယ်ဒေသတွေကနေရယူပါသလဲ။
ဥရောပ၊ Oceania၊ အမေရိကတိုက်တွေမှာ supplier တွေရှိပါတယ်။
မြန်မာနိုင်ငံကလည်းစိုက်ပျိုးမွေးမြူရေးထွန်းကားတဲ့နိုင်ငံပါပဲ။ နောက်ပိုင်းကျရင်ဒေသခံလုပ်ငန်းရှင်တွေနဲ့ အကျိုးတူပူးပေါင်းဖို့ကောအစီအစဉ်ရှိပါသလား။
AMBROSIAL ကအခုဈေးကွက်စတင်ချဲ့ထွင်ခါစပဲရှိသေးတယ်။ ဈေးကွက်ထဲမဖြန့်ချီခင်မှာ ဒေသခံအရာရှိတွေနဲ့ ပူးပေါင်းပြီး စားသုံးသူစစ်တမ်းတွေကောက်ခံခဲ့တယ်။ နောက်ပိုင်းကျရင်တော့ ဈေးကွက်ကိုပြန်လည်သုံးသပ်ပြီးအလုပ်တွဲလုပ်နိုင်တဲ့လုပ်ငန်းရှင်တွေရှိမရှိလေ့လာသွားမှာပါ။
မြန်မာပြည်သူတွေအနေနဲ့ AMBROSIAL ကိုဘယ်တော့လောက်ဝယ်လို့ရမလဲ။
Yili ကအခုပြည်တွင်းကဖြန့်ချီရေးလုပ်ငန်းရှင်တွေနဲ့စတင်ဖြန့်ချီနေပါပြီ။ Capital, Denko, Amazing Mart, 1 Stop Mart, Oasis Mini Mart, Orange နဲ့ convenience stores တွေမှာမကြာခင်ဝယ်ယူရရှိနိုင်တော့မှာပါ။