Mystery Halloween Party (Oct 25th, Knob N’ Knockers)

Halloween မှာသရဲတစ္ဆေတွေလိုပြင်ဆင်ပြီးပါတီလုပ်ရတာကြိုက်တယ်ဆိုရင်တော့ Knob N’ Knockers မှာ Mystery Halloween Party ရှိတယ်နော့်။ အကောင်းဆုံးဝတ်ဆင်လာတဲ့သူကိုရွေးချယ်ဆုပေးမယ့် costume contest နဲ့တခြားထူးထူးခြားခြားလက်ဆောင်တွေလည်းစီစဉ်ထားပါတယ်။ Rave ချင်သူများအတွက် TIM Records နဲ့ သင့်အ၀တ်အစားအပြင်အဆင်တွေကြည့်ကောင်းမကောင်း စစ်ဆေးအကြံပေးမယ့် cosplayer တွေလည်းရှိပါတယ်။
ဝင်ကြေး – ၅၀၀၀ကျပ်
အကောင်းဆုံးဝတ်စုံအတွက်ဆုကြေးငွေ ၂သိန်းကျပ်
Knob N’ Knockers
No. D12 မြေညီထပ်၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း ဗဟန်းမြို့နယ်၊ ရန်ကုန်။
09 699 849777
11:00 AM – 12:00 AM
Wakanda “One Night In Africa” Vol. 9 (Oct 26th, Knob N’ Knockers)

One Nght in Africa မှာတော့ အာဖရိကန်ယဉ်ကျေးမှုတေးသွားတွေနဲ့ကခုန်မြူးထူးနိုင်မှာဖြစ်ပြီး DJ Sunny ကလည်း Afrobeat သံစဉ်တွေကိုတညလုံးတီးခတ်ပေးသွားမှာပါ။ ည ၉နာရီခွဲကနေ ညဥ့်နက်တဲ့အထိ ကဲလို့ရပြီနော့်။ ပထမဆုံး drink တခွက်အခမဲ့တိုက်ဦးမှာပါ။
NO COVER CHARGE!!!
Knob N’ Knockers
No. D12 မြေညီထပ်၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း ဗဟန်းမြို့နယ်၊ ရန်ကုန်။
09 699 849777
11:00 AM – 12:00 AM
Prime Rib

သောကြာနေ့
သောကြာနေ့တိုင်း ၁.၃ကီလိုဂရမ်ရှိတဲ့ Black Angus Tomahawk ကိုထင်းမီးနဲ့ချက်ထားတဲ့ဟင်းလျာ၊ အရန်ဟင်း ၂ပွဲနဲ့ Domaine Boyar Merlot တပုလင်းကို ကျပ် ၉၉၀၀၀ နဲ့ရရှိနိုင်ပြီနော်။ ကိုယ့်မိသားစု၊ အပေါင်းအသင်းတွေနဲ့ဝိုင်းဖွဲ့စားလို့သင့်လျော်ပါတယ်။
စနေနေ့
စနေနေ့တိုင်း ညနေ ၆နာရီကနေ ၉နာရီအထိ ကျပ်၂၅၀၀၀ + (Gov Tax 5% + Service Charges 5%) တည်းနဲ့ အမဲရင်လူးသားကင်၊ ပဲဟင်း + အရွက်သုပ်တို့ကို ကြိုက်သလောက်စားလို့ရတဲ့အပြင် Heneiken, Kirin, Myanmar Premium စတဲ့ဘီယာ ၃မျိုးထဲက ကိုယ်ကြိုက်တာကို free flow သောက်လို့ရပါတယ်။ Beer မသောက်တဲ့သူတွေအတွက်လည်း Soft Drinks Free Flow ရနိုင်ပါတယ်။
တနင်္ဂနွေနေ့
New York Striploin 250g ၂ပွဲ အရံဟင်း ၂မျိုး Red Wine ၁လုံးကိုမှ စုစုပေါင်း ၄၉၀၀၀ကျပ် + (Gov Tax 5%+ Service Charges 5%) တည်းနဲ့သုံးဆောင်နိုင်မှာပါ။
ဒီ promotion တွေအားလုံးအတွက်ကြိုတင်ဘွတ်ကင်လုပ်ထားချင်တယ်ဆိုရင်တော့ 09264655551 ကိုဆက်သွယ်လိုက်ပါ။
Prime Rib
G13/14၊ Urban Asia Center၊ ၄၈လမ်းနှင့်မဟာဗန္ဒုလလမ်းထောင့်၊ ရန်ကုန်။
10:30am – 11:00pm
Celebrate World Pasta Day with your friends!

အောက်တိုဘာ ၂၅မှာကျရောက်မယ့် ကမ္ဘာ့ပါစတာနေ့အထိမ်းအမှတ်အနေနဲ့ ၂၅ရက်နေ့ကနေ ၃၁ရက်နေ့အထိ table တခုမှာပါစတာတပွဲအခမဲ့ကျွေးသွားမှာပါ။ အရသာစုံလင်လှတဲ့ပါစတာတွေကိုသုံးဆောင်နိုင်ဖို့ The Ritz ကို မြန်မြန်လေးသွားလိုက်တော့နော်။
T&C – From 25 – 31 October; order at least 1 food item; 1 tasting dish for each table.
The RITZ
အမှတ် (၆၁)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်း၊ ရန်ကုန်။
01 525 935
11am – 11pm
Organic Chalois Beef at Babett Yangon

ပြင်သစ်နိုင်ငံ Auvergne ဒေသမှာအော်ဂဲနစ်နည်းပညာနဲ့မွေးမြူထုတ်လုပ်ထားတဲ့ Charolais အမဲသားကို Babett Yangon ကတိုက်ရိုက်တင်သွင်းထားတာပါ။ ဒီအမဲသားကို အောက်တိုဘာကနေ နိုဝင်ဘာအထိ စားလို့ရနေပြီနော်။ ၄၅ရက်ကြာအောင် dry age လုပ်ထားပြီး ၆၀၀ဂရမ်ရှိတဲ့ Charolais prime rib နဲ့ ၃၅၀ဂရမ်ရှိတဲ့ rib eye တို့ကိုသုံးဆောင်နိုင်ပါပြီ။ အမဲသားနဲ့အတူတွဲဖက်သုံးဆောင်ဖို့ပြင်သစ်ဝိုင်နီကိုလည်း တခွက် ကျပ် ၁၀၀၀၀ ကနေရနိုင်ပါတယ်။
HOTEL G YANGON
အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။
Saturday Wine Night: 10% off for all Wine!!

ဝိုင်ချစ်သူများအတွက် Ember က စနေနေ့ Wine Night မှာဝိုင်တွေအားလုံး ၁၀ရာခိုင်နှုန်းလျှော့ဈေးပေးမှာ ဖြစ်ပါတယ်။ ချစ်သူခင်သူတွေနဲ့အတူတူဝိုင်အကောင်းစားတွေသောက်ရင်း ပိတ်ရက်ကိုဖြတ်သန်းရအောင်နော်။
Ember Japanese Restaurant
ကမ္ဘာအေးဘုရားလမ်းနှင့်ကန်ဘဲ့လမ်းထောင့်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
09 777 178630
12pm until late
Family Fun Package of Sedona Hotel Yangon

မိသားစုနဲ့အတူတူ staycation နေရင်းပိတ်ရက်ကိုကုန်ဆုံးချင်သူများအတွက် Sedona Hotel Yangon ရဲ့ Family Fun Package လေးကအသင့်တော်ဆုံးဖြစ်မှာပါ။ ၂၇၄၃၅၀ကျပ် (177 USD) နဲ့မိသားစုတစုစာ တည်းခိုနိုင်ခွင့်ရမယ့်အပြင် ရေကူးကန်အသုံးပြုခွင့်၊ Dufu စားသောက်ဆိုင်မှာ ဘူဖေးမနက်စာသုံးဆောင်ခွင့်၊ ကလေးအတွက် extra bed၊ တညစာဘူဖေး dinner သုံးဆောင်ခွင့်တွေရဦးမှာနော့်။ ဒီ promotion က ဒီလ ၃၁ရက်နေ့အထိပဲမို့လို့ အခုပဲ +95 1 860 5377 ကိုဆက်ပြီးဘွတ်ကင်တင်လိုက်ပါ။
Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
Luis de Camões Discovery Menu (The Strand)

Strand ရဲ့ Executive Chef Patrick Périé ဟာ ၁၅၂၄ခုနှစ်မှာမွေးဖွားခဲ့တဲ့ နာမည်ကျော်ပေါ်တူဂီကဗျာဆရာ Luis Vaz de Camões ကိုဂုဏ်ပြုတဲ့အနေနဲ့ ဒီဟင်းပွဲ ၃ပွဲပါ set menu ကိုပေါ်တူဂီရိုးရာဟင်းလျာတွေနဲ့ ဖန်တီးခဲ့ပါတယ်။ တဦးကို $19++ နဲ့ ကြက်ဥပါတဲ့ခရမ်းချဉ်သီးဟင်းရည်နဲ့ crouton ပေါင်မုန့်ခြောက်၊ ဂေါ်ဖီထုပ်၊ ကန်စွန်းဥတို့နဲ့ပြင်ဆင်ထားတဲ့ Pico ကျွန်းကအမဲတင်ပါးသားကင်၊ ပေါ်တူဂီရိုးရာကြက်ဥမုန့် (custard tart) တို့ကိုသုံးဆောင်ရမှာပါ။ အောက်တိုဘာတလလုံး ရနိုင်ပါတယ်။
(95) 1 243 377~79 ကိုခေါ်ပြီး reservation လုပ်လိုက်ပါ။
The Strand Hotel Yangon
အမှတ် (၉၂)၊ ကမ်းနားလမ်း၊ ရန်ကုန်။
မြန်မာနိုင်ငံရဲ့ပထမဆုံးဘီယာပွဲတော် MYANFEST

နိုင်ငံကျော်ဘီယာအမှတ်တံဆိပ်မြန်မာဘီယာဟာ မြန်မာနိုင်ငံမှာအကြီးဆုံးဘီယာပွဲတော်ကြီးဖြစ်လာမယ့် “MYANFEST” ကို အောက်တိုဘာလ ၂၅၊ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ Thuwunna Bhumi Event Park မှာ ကျင်းပသွားမယ်လို့သိရပါတယ်။
“MYANFEST” ကဘီယာပွဲတော်ဖြစ်တဲ့အတွက် ပွဲတော်တွင်းမှာမြန်မာဘီယာ တစ်မျိုးတည်းမဟုတ်ဘဲ MBL ထုတ်ကုန်များဖြစ်တဲ့ Myanmar Premium၊ Kirin၊ Black Shield Stout နှင့် Andaman Gold ဘီယာများကိုလည်း စားသုံးသူများစိတ်ကြိုက်ရွေးချယ်သောက်သုံးနိုင်မှာဖြစ်ပါတယ်။ “MYANFEST” တွင် ဘီယာသာမကဘဲ Sausage နှင့် Pretzel အပြင် ဘီယာနှင့် လိုက်ဖက်သော အစားအသောက်များကို ရောင်းချသွားမယ်လို့သိရပါတယ်။ ဖျော်ဖြေရေးအစီအစဉ်အနေနဲ့ “Oktoberfest” အငွေ့အသက်များပါဝင်တဲ့အကများ၊ ဂိမ်းများအပြင်နိုင်ငံကျော်တေးသံရှင်များလည်း ပါဝင်ဖျော်ဖြေသွားမှာပါ။
“MYANFEST” ဝင်ခွင့်ဈေးနှုန်းက ၉၀၀၀ ကျပ် ဖြစ်ပြီးလက်မှတ် တစ်စောင်တွင် မြန်မာဘီယာခွက်ကြီး နှစ်ခွက် (500 ml) နှင့် Pretzel တစ်ခုကို စားသုံးနိုင်မယ့်ကူပွန်ကိုပြန်လည်ရရှိမယ်လို့သိရပါတယ်။
Date: 25 & 26-OCT-2019 (Friday & Saturday)
Venue: Thuwanabumi Event Park
Ticket: Ks9000
Time: 4:00PM to 12:00AM
Saturday’s Australian BBQ Buffet Dinner

စနေနေ့ညနေ ၆နာရီကနေ ၁၀နာရီအထိ Rose Garden Hotel Yangon မှာသြစတြေးလျစတိုင် BBQ ဘူဖေးညစာရှိတယ်နော့်။ သားပိုက်ကောင်၊ မိကျောင်းသား၊ emu ငှက်သားတို့လိုထူးထူးဆန်းဆန်းအသားတွေကိုလည်းစားရဦးမယ့်အပြင် သိုးသား၊ သြစတြေးလျအမဲသား၊ red snapper၊ ocean trout၊ ကျားပုစွန်တွေအပါအ၀င် စားစရာတော်တော်စုံပါတယ်။ Draught beer နဲ့ soft drink တွေ free flow ရနိုင်ပါတယ်။ ဒါတွေအကုန်လုံးကို ၂၆ဒေါ်လာတည်းနဲ့သုံးဆောင်နိုင်ပါပြီ။ ကလေးတွေဆို ၅၀ရာခိုင်နှုန်း discount ရှိပါတယ်။
01-371992 သို့မဟုတ် [email protected] မှာ ဘွတ်ကင်တင်လို့ရပါတယ်။ ဒီလင့်ကနေတဆင့် ဘွတ်ကင်တင်လို့လည်းရပါတယ် à http://bit.ly/AUbbqbuffetdinner
Rose Garden Hotel – Yangon
၁၇၁၊ ပန်းဆိုးတန်းအထက်လမ်း၊ ကန်တော်ကြီးအနီး၊ ရန်ကုန်။