ဦး Sharky နဲ႔သူ႔စားေသာက္ဆိုင္မွာ ၂နာရီေလာက္စကားေျပာျပီးေနာက္ ငါးကလီစာေတြ အခ်ဥ္တည္ထားတဲ့စည္ပိုင္းကိုသူကလိုက္ျပတယ္။ စင္တစ္ခုနဲ႔တစ္ခုသြားလာလႈပ္ရွားေနရင္း ဂ်ံဳေစ့ေတြ ပ်ားရည္ေတြကိုလိုက္ၾကည့္ေနတဲ့ ဦး Sharky ဟာ Charlie and the Chocolate Factory ထဲက Willie Wonka အတိုင္းပါပဲ။ သူ႔စားေသာက္ဆိုင္ကအခ်ဥ္တည္တဲ့နည္းဟာ တျခားဆိုင္ေတြနဲ႔ဘယ္လိုကြာျခားတယ္ ဆိုတာကိုလည္းရွင္းျပပါေသးတယ္။
ျပီးခဲ့တဲ့တစ္နာရီေလာက္ကအထိ က်ေနာ္နဲ႔ ဦး Sharky ဟာသဘာ၀ပတ္၀န္းက်င္ျပႆနာေတြ၊ ျမန္မာႏိုင္ငံက လူမ်ိဳးေရးအက်ပ္အတည္းေတြအေၾကာင္းေျပာေနၾကတာပါ။ သူ႔႔အေနနဲ႔ႏုိင္ငံေရးေလာကထဲ၀င္ဖို႔ စိတ္ကူးေနတယ္လို႔လည္းေျပာပါေသးတယ္။ ဒါေပမယ့္အခုသူ႔ေခါင္းထဲမွာငါးကလီစာေတြကို အခ်ဥ္တည္တဲ့အေၾကာင္းပဲ ရွိေတာ့တယ္။ ဒီကိစၥကိုပဲသူေျပာခ်င္ေတာ့တယ္။ တခုခုနဲ႔ပတ္သက္ျပီး စြဲစြဲလမ္းလမ္းအာရံုစူးစိုက္မႈရွိျခင္းက သူ႔ရဲ႕အဓိက၀ိေသသလကၡဏာလို႔ပဲေျပာရမယ္ထင္ပါတယ္။

Sharky လို႔လူသိမ်ားတဲ့ ဦးရဲထြဋ္၀င္းရဲ႕ျဖတ္သန္းမႈကိုေျပာရမယ္ဆိုရင္ သူ႔ဖခင္ကသံအမတ္တစ္ဦးျဖစ္ျပီး သူ႔ရဲ႕ငယ္စဥ္ဘ၀ကို အစၥေရး၊ အဂၤလန္၊ သီရိလကၤာ၊ အီတလီတို႔မွာလွည့္လည္ေနထိုင္ခဲ့တယ္။ ဒီလိုႏုိင္ငံတကာအေတြ႔အၾကံဳေတြေၾကာင့္ပဲ အစားအစာေတြကိုခ်စ္ျမတ္ႏုိးတတ္လာျပီး ေခတ္မီမီကမာၻၾကည့္ၾကည့္ျမင္ႏုိင္စြမ္းရွိခဲ့တာပါ။ ငယ္ငယ္က အစၥေရးပဲမုန္႔တလွည့္ အဂၤလိပ္ပူတင္းတလွည့္ ျဖတ္သန္းခဲ့ရတဲ့ေန႔ရက္ေတြအေၾကာင္းတသသေျပာေလ့ရွိတယ္။
သူဟာဆြစ္ဇာလန္မွာေကာ့ေတးဘားေတြနဲ႔ The Underground လို႔ေခၚတဲ့ႏုိက္ကလပ္ကိုစီမံခန္႔ခြဲရင္း ၾကြယ္၀ခ်မ္းသာလာခဲ့ပါတယ္။ သူ႔ရဲ႕အာရံုစူးစိုက္မႈ၊ မနားမေနၾကိဳးစားမႈေတြေၾကာင့္ပဲ အလုပ္ခြင္မွာသူ႔ကိုငါးမန္းတစ္ေကာင္လို႔တင္စားေခၚေ၀ၚၾကရာကေန Sharky ဆိုတဲ့နာမည္ေျပာင္ရလာတာပါ။ အဲ့ဒီမွာေငြေၾကးစုေဆာင္းမိလာျပီးသူ႔ဇနီးသည္၊ သမီးျဖစ္သူတို႔နဲ႔အတူျမန္မာႏုိင္ငံကိုျပန္လာခဲ့တယ္။ ဒီႏွစ္မွာေတာ့ Sharky’s စားေသာက္ဆိုင္ေတြကိုစီမံခန္႔ခြဲရင္း MasterChef Myanmar မွာအကဲျဖတ္ဒိုင္အျဖစ္ ေဆာင္ရြက္ရင္းအခ်ိန္ကုန္ခဲ့ပါတယ္။
Sharky’s စားေသာက္ဆိုင္ေတြရဲ႕ေအာင္ျမင္မႈကလည္း နည္းစနစ္တက်အခ်ိန္ယူၾကိဳးစားမႈေတြရဲ႕ အသီးအပြင့္လို႔ေျပာႏုိင္ပါတယ္။ ဟင္းလ်ာေတြထဲမွာသံုးတဲ့ကုန္ၾကမ္းပစၥည္းေတြကိုထိုင္းႏုိင္ငံကတင္သြင္းတယ္။ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းကိုတစိုက္မတ္မတ္စမ္းသပ္လုပ္ကိုင္ခဲ့ရာကေန fleur de sel (ပင္လယ္ေရမွခ်က္လုပ္ေသာ အရည္အေသြးျမင့္ဆားမႈန္တစ္မ်ိဳး) နဲ႔ ကၽြဲႏို႔နဲ႔လုပ္တဲ့ဒိန္ခဲတုိ႔ကို ျပည္တြင္းမွာတင္ထုတ္လုပ္ႏုိင္ခဲ့ပါတယ္။ အေနာက္တိုင္းဟင္းလ်ာေတြကိုတမ်ိဳးတဖံုဆန္းသစ္ေအာင္ ခ်က္ျပဳတ္ျပီး ျမန္မာလူမ်ိဳးေတြနဲ႔မိတ္ဆက္ေပးခဲ့တယ္။ ေဒၚေအာင္ဆန္းစုၾကည္ေတာင္ ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ေနခဲ့ရစဥ္က Sharky’s ရဲ႕ဆိတ္ႏုိ႔ဒိန္ခဲကိုမွာယူစားသံုးခဲ့တယ္လို႔သိရပါတယ္။ အခုအခ်ိန္မွာေတာ့ Sharky’s ဟာျမန္မာႏိုင္ငံသားေတြနဲ႔ရင္းႏွီးတဲ့အမွတ္တံဆိပ္တစ္ခုျဖစ္ေနပါျပီ။ ရန္ကုန္၊ ပုဂံ၊ ငပလီတုိ႔မွာဆိုင္ခြဲေတြလည္းဖြင့္လွစ္ထားႏုိင္ခဲ့တယ္။ ငါးမန္းေတြကအျမဲလိုလိုကူးခတ္ေနမွ အသက္ရွင္ရပ္တည္ႏိုင္တာမ်ိဳးပါ။ ငါးမန္းတစ္ေကာင္လို႔တင္စားေခၚေ၀ၚျခင္းခံရတဲ့ ဦး Sharky ကေကာ ေရွ႕ေလွ်ာက္ဘာအစီအစဥ္ေတြရွိေသးလဲလို႔ေမးၾကည့္ေတာ့ ႏုိင္ငံေရးေလာကထဲ၀င္ဖို႔စိတ္ကူးေနတယ္လို႔ သူကေျပာပါတယ္။
ကမာၻလွည့္ခရီးသြား၊ ႏိုက္ကလပ္မန္ေနဂ်ာ၊ စားေသာက္ဆိုင္ပိုင္ရွင္ဘ၀ကေန ႏိုင္ငံေရးေလာကထဲ၀င္ဖို႔ ဘယ္လိုစိတ္ကူးရသြားတာလဲ။ တခုခုဆိုရူးရူးမူးမူးအာရံုစူးစိုက္လုပ္ကိုင္ေလ့ရွိတဲ့ သူ႔ဗီဇေၾကာင့္လို႔ပဲေျပာရပါလိမ့္မယ္။ ဦး Sharky အတြက္ကေတာ့စားေသာက္ဆိုင္တည္ေထာင္တယ္ဆိုတာ အလြန္အေသးစိတ္ျပီးနက္နဲတဲ့အလုပ္တစ္ခုပါ။ လတ္တေလာသူေခါင္းထဲမွာေတာ့ သူ႔ႏိုင္ငံနဲ႔ ႏုိင္ငံ့အနာဂတ္သာရွိပါတယ္။
“Sharky’s စားေသာက္ဆိုင္အေၾကာင္းမေျပာၾကရေအာင္ကြာ” လို႔သူကဆုိတယ္။ အဲ့ဒါနဲ႔ကၽြန္ေတာ္တို႔လည္း သူအကဲျဖတ္ဒိုင္အျဖစ္ေဆာင္ရြက္ေနတဲ့ MasterChef Myanmar အေၾကာင္းေျပာျဖစ္ၾကပါတယ္။ သန္႔ရွင္းမႈ၊ အစားအေသာက္ကိုတန္ဖိုးထားမႈ၊ စီမံခန္႔ခြဲမႈေတြအေၾကာင္း ဒီပြဲကေနေျပာျပခ်င္လို႔႔ အကဲျဖတ္အျဖစ္ေဆာင္ရြက္ခဲ့ပါသတဲ့။ အစိုးရဌာနေတြနဲ႔ေက်ာင္းေတြဟာ ဒီလိုကိစၥမ်ိဳးေတြနဲ႔ပတ္သက္ျပီး အသိပညာေပးဖို႔ပ်က္ကြက္ေလ့ရွိတာမို႔ ေဖ်ာ္ေျဖေရးအစီအစဥ္ေတြကေနတဆင့္ ျပည္သူေတြဆီအသိပညာဗဟုသုတေတြျဖန္႔ေ၀ဖို႔ ဦး Sharky ကၾကိဳးစားတယ္။ ဟင္းလ်ာေတြကိုေ၀ဖန္တဲ့အခါ ေဂဟစနစ္နဲ႔စိုက္ပ်ိဳးေမြးျမဴေရးရႈေထာင့္ကေနေ၀ဖန္ေလ့ရွိပါတယ္။

ျမန္မာ့ဟင္းလ်ာေတြကိုႏုိင္ငံတကာမ်က္ႏွာစာမွာပြဲလယ္တင့္ေစဖို႔လည္းသူကေမွ်ာ္လင့္တယ္။ အိမ္နီးခ်င္း ထိုင္းႏိုင္ငံနဲ႔ဗီယက္နမ္ႏုိင္ငံတုိ႔ကဟင္းလ်ာေတြဟာကမာၻတလႊားလူသိမ်ားလာေပမယ့္ ျမန္မာ့ရိုးရာအစားအေသာက္ေတြကေတာ့ အခုအခ်ိန္ထိနာမည္မၾကီးေသးပါဘူး။ “ေနာက္မၾကာခင္ေခတ္စားလာမယ့္အာရွအစားအေသာက္ဟာ ျမန္မာ့ဟင္းလ်ာေတြပဲျဖစ္ရမယ္။ အစားအေသာက္ဆိုတာဖက္ရွင္လိုပဲ သံသရာလည္ေလ့ရွိတယ္။ ႏိုင္ငံတိုင္းရဲ႕ရိုးရာဟင္းလ်ာေတြဟာ သူ႔အလွည့္နဲ႔သူေခတ္စားလာမွာပါ” လို႔ဦး Sharky ကယံုၾကည္မႈရွိရွိေျပာပါတယ္။ MasterChef မွာဒိုင္လုပ္ရျခင္းရဲ႕ရည္ရြယ္ခ်က္ကိုက ျမန္မာ့အစားအေသာက္ေတြကိုကမာၻနဲ႔မိတ္ဆက္ေပးမယ့္ ျမန္မာစားဖိုမွဴးတစ္ေယာက္ရွာဖို႔ပါ။
ျမန္မာႏိုင္ငံရဲ႕အစားအေသာက္ျပင္ဆင္ခ်က္ျပဳတ္ပံုကိုဘယ္လိုျမင္လဲလို႔ေမးၾကည့္တဲ့အခါ သူကႏွာေခါင္းကိုရႈံ႕လိုက္ရင္း “အေျခအေနဆိုးတယ္ကြ။ အရည္အေသြးေတြက်လာတယ္။ စားေနတဲ့အစားအေသာက္ကအရင္ကနဲ႔အတူတူပဲ။ ဒါေပမယ့္လူေနမႈစနစ္ကေတာ့ေျပာင္းသြားျပီ။ ေက်းလတ္ကကေလးေတြျမိဳ႕ကိုေျပာင္းလာၾကတယ္။ လမ္းေလွ်ာက္ဖို႔စက္ဘီးစီးဖို႔ထက္ ဖုန္းနဲ႔ကစားေနၾကတာကမ်ားတယ္။ အဲ့ဒီေတာ့က်န္းမာေရးယိုယြင္းလာေတာ့တာေပါ့။ ျပီးေတာ့ျမန္မာႏုိင္ငံက ဟင္းခ်က္ဆီစားသံုးမႈအျမင့္ဆံုးႏုိင္ငံေတြထဲမွာပါတယ္” လို႔ေျပာပါတယ္။
အရည္အေသြးမေကာင္းတဲ့ ျဖစ္သလိုခ်က္ျပဳတ္ျပင္ဆင္ထားတဲ့ အစားအေသာက္ေတြဟာ သဘာ၀သယံဇာတကိုေစာ္ကားသလိုမ်ားျဖစ္ေနသလားလို႔ေမးၾကည့္ေတာ့ ခ်က္ခ်င္းပဲ “ဒါေပါ့ကြ။ လူနဲ႔အစားအေသာက္ၾကားက အညမညဆက္ႏြယ္မႈကိုေတာ္ေတာ္မ်ားမ်ားသတိမထားမိၾကဘူး။ ဟင္းတစ္ခြက္ျဖစ္လာဖို႔ဆုိတာ အပင္နဲ႔တိရစာၦန္ေတြရဲ႕အသက္ကိုစေတးရတာေလ” လို႔ ဦး Sharky ကျပန္ေျဖပါတယ္။
ဒီအေတြးအေခၚကေဂဟစနစ္ေပၚအေျခခံတဲ့အစားအစာေတြကိုတန္ဖိုးထားမႈကေနဆင္းသက္လာတာပါ။ အစားအစာ၊ ေျမၾကီးနဲ႔ ႏုိင္ငံဆိုတာ တစ္ခုတည္းပဲလို႔ ဦး Sharky ကယံုၾကည္တယ္။ “တခ်ိန္က်ရင္ငါတုိ႔အားလံုးေျမၾကီးထဲျပန္သြားရမွာပဲ” လို႔ေတြးေတြးဆဆေျပာပါတယ္။ ဒီအေတြးအေခၚေၾကာင့္ပဲ ဦး Sharky ဟာအစားအေသာက္ေလာကကေန ႏုိင္ငံေရးေလာကထဲ၀င္ေရာက္ခ်င္တာပါ။ သူ႔အတြက္ေတာ့ Sharky’s ဟာျမန္မာပဲ။ သူခ်က္ျပဳတ္လုိက္တဲ့ဟင္းလ်ာေတြကလည္း သူ႔ဇာတိေျမရဲ႕ၾကြယ္၀မႈကိုသက္ေသထူေနပါတယ္။ အစားအေသာက္ထုတ္လုပ္ပံု၊ ျပင္ဆင္ခ်က္ျပဳတ္ပံုေတြက ႏိုင္ငံတစ္ႏုိင္ငံရဲ႕တန္ဖိုး၊ က်င့္၀တ္၊ ဂုဏ္သိကၡာေတြကိုထင္ဟပ္ေနတယ္။ ျမန္မာေတြရဲ႕ယဥ္ေက်းမႈႏွလံုးသည္းပြတ္ပုဂံျမိဳ႕မွာ ပလတ္စတစ္အိတ္ေတြ ကြန္ဒံုးအေဟာင္းေတြကိုေတြ႔ရေတာ့ သူဘယ္ေလာက္ေဒါသျဖစ္ရတဲ့အေၾကာင္းေျပာတယ္။ ကၽြန္ေတာ္နဲ႔စကားေျပာေနတဲ့အခ်ိန္တေလွ်ာက္လံုး ဒီတစ္ခါပဲသူေဒါသထြက္တာကိုျမင္ခဲ့ရတာပါ။

ဦး Sharky ရဲ႕ႏုိင္ငံေရးအျမင္ဟာ စိုက္ပ်ိဳးေမြးျမဴေရးနဲ႔ပတ္သက္တဲ့ဗဟုသုတေတြအေပၚအေျခခံပါတယ္။ အစားအေသာက္၊ ေရအရင္းအျမစ္၊ ရွားပါးသယံဇာတေတြနဲ႔ ျပည့္စံုကံုလံုတဲ့အသိုင္းအ၀ိုင္းတစ္ခု တည္ေဆာက္ေရးကိုစိတ္၀င္စားတယ္။ “ငါကခရမ္းခ်ဥ္သီးအေၾကာင္းစိတ္မ၀င္စားဘူး၊ ခရမ္းခ်ဥ္သီးအခြံကိုဘယ္လိုသံုးရမလဲဆိုတာပဲစိတ္၀င္စားတယ္။ သံပုရာသီးအခြံကိုဘယ္လိုျပန္အသံုးျပဳမလဲ၊ စြန္႔ပစ္ပစၥည္းေတြကိုဘယ္လိုျပန္သံုးမလဲလို႔ငါေတြးတယ္။ ျမန္မာႏုိင္ငံလိုဆင္းရဲတဲ့ႏုိင္ငံမွာေတာင္ အလာဟသျဖစ္သြားတဲ့့အစားအေသာက္အရင္းအျမစ္ေတြအမ်ားၾကီးပဲ” လို႔သူကဆိုပါတယ္။
ရာသီဥတုေျပာင္းလဲျခင္းျပႆနာေတြခံစားေနရတဲ့ ဘဂၤါလားေဒ့ရွ္လိုႏုိင္ငံေတြကျပည္သူေတြ အစုလိုက္အျပံဳလိုက္ေရၾကည္ရာျမက္ႏုရာရွာေဖြတဲ့ကိစၥလို ႏုိင္ငံတကာအေရးေတြကိုလည္း မ်က္ေျခမျပတ္ပါဘူး။ ဘဂၤါလားေဒ့ရွ္မွာေတာင္သူ ၃ႏွစ္ေလာက္ေနခဲ့ဖူးေၾကာင္းေျပာပါတယ္။ အစားအေသာက္ဟာအနာဂတ္မွာလက္နက္တစ္ခုျဖစ္လာလိမ့္မယ္။ အစားအေသာက္အရင္းအျမစ္ေတြကနည္းပညာနဲ႔ဖန္တီးဖို႔မျဖစ္ႏုိင္ဘူးလို႔သူကယံုၾကည္တယ္။
လူဦးေရေပါက္ကြဲမႈေတြေၾကာင့္အစာေရစာရွားပါးလာတာနဲ႔အမွ် ျမန္မာႏုိင္ငံလိုဆန္ေရစပါးေပါမ်ားတဲ့ ႏုိင္ငံေတြရဲ႕အခန္းက႑အေရးပါလာလိမ့္မယ္လို႔သူျမင္တယ္။ ဒီအတြက္ေၾကာင့္ပဲသူဟာႏုိင္ငံေရးစလုပ္ဖို႔ စိတ္၀င္စားလာတာလို႔ေျပာပါတယ္။ သူ႔အတြက္ေတာ့ႏုိင္ငံေရးလုပ္တယ္ဆိုတာအာဏာရဖို႔မဟုတ္ဘဲ သူ႔အသိပညာေတြသံုးျပီးအမိေျမအက်ိဳးအတြက္တာ၀န္ထမ္းေဆာင္တဲ့သေဘာသာျဖစ္တယ္။
ဘယ္ေတာ့ေလာက္ႏုိင္ငံေရးစလုပ္မလဲလို႔ေမးၾကည့္ေတာ့ ေနာက္ႏွစ္ေလာက္ျဖစ္မယ္လို႔ ယံုၾကည္မႈရွိရွိျပန္ေျဖပါတယ္။ ကမာၻတလႊားတီဗီအစီအစဥ္ေတြေၾကာင့္လူသိမ်ားလာသူေတြ ႏုိင္ငံေရးေလာကထဲ၀င္ေရာက္ေနတဲ့အခ်ိန္ျဖစ္လို႔ ဦး Sharky ရဲ႕ေအာင္ျမင္ေက်ာ္ၾကားမႈကလည္း သူ႔ႏိုင္ငံေရးခရီးစဥ္မွာအေထာက္အပံ့တစ္ခုျဖစ္လာႏိုင္ပါတယ္။
ေနာက္ဆံုးပိတ္အေနနဲ႔ျမန္မာႏုိင္ငံအပါအ၀င္ႏိုင္ငံေတာ္ေတာ္မ်ားမ်ားရင္ဆိုင္ေနရတဲ့ ေရာဂါဘယ၊ ငတ္မြတ္ေခါင္းပါးျခင္း၊ မိုးေခါင္ေရရွားမႈ၊ လူမ်ိဳးေရးအက်ပ္အတည္းေတြအေၾကာင္းေျပာျဖစ္ၾကတယ္။ ဒီမေရရာမႈေတြနဲ႔ျပည့္ေနတဲ့ကမာၻၾကီးရဲ႕အနာဂတ္ကို အေကာင္းျမင္ႏုိင္ရဲ႕လားလို႔ေမးၾကည့္ေတာ့ သူတခဏျငိမ္က်သြားျပီး… “လူတုိင္းကိုယ္တတ္ႏုိင္သေလာက္ရုန္းကန္ၾကရမွာပဲ” လို႔ေျပာပါတယ္။ “လူဆိုတာမုဆိုးေတြပါ။ သားေကာင္မဟုတ္ဘူး။ ငါတို႔ေတြအားလံုးရွင္သန္ရပ္တည္ႏုိင္ဖို႔ ကိုယ္တတ္ႏုိင္သေလာက္ရုန္းကန္ၾကရမွာပါ။ ငါတုိ႔ၾကိဳးစားဖို႔လိုတယ္။”
အဲ့ဒီေနာက္သူ႔ေရွ႕မွာထုိင္ေနတဲ့ကၽြန္ေတာ္၊ အလုပ္လုပ္ေနတဲ့၀န္ထမ္းေတြ၊ စားသံုးသူေတြကိုေက်ာ္ျပီး အေ၀းတစ္ေနရာဆီေငးၾကည့္ေနပါတယ္။ ျပီးေတာ့ခ်က္ခ်င္းဆိုသလိုပဲသူ႔မ်က္လံုးေတြအေရာင္ေတာက္လာျပီး “လာကြာ၊ ငါတုိ႔ျခံကထြက္တဲ့ဂ်ံဳေတြသြားၾကည့္ရေအာင္” လို႔အျပံဳးနဲ႔ဖိတ္ေခၚတယ္။ ငါးမန္းတစ္ေကာင္လိုမရပ္မနားကူးခတ္ေနတဲ့ ဦး Sharky မွာျမန္မာႏုိင္ငံအတြက္အိပ္မက္နဲ႔ေမွ်ာ္လင့္ခ်က္ေတြအမ်ားၾကီးရွိေနပါေသးတယ္။
Tom Sanders ရဲ႕ Ye Htut Win: More than a MasterChef ကိုျမန္မာဘာသာျပန္ဆိုေဖာ္ျပျခင္းျဖစ္ပါတယ္။
Unicode
ဦး Sharky နဲ့သူ့စားသောက်ဆိုင်မှာ ၂နာရီလောက်စကားပြောပြီးနောက် ငါးကလီစာတွေ အချဉ်တည်ထားတဲ့စည်ပိုင်းကိုသူကလိုက်ပြတယ်။ စင်တစ်ခုနဲ့တစ်ခုသွားလာလှုပ်ရှားနေရင်း ဂျုံစေ့တွေ ပျားရည်တွေကိုလိုက်ကြည့်နေတဲ့ ဦး Sharky ဟာ Charlie and the Chocolate Factory ထဲက Willie Wonka အတိုင်းပါပဲ။ သူ့စားသောက်ဆိုင်ကအချဉ်တည်တဲ့နည်းဟာ တခြားဆိုင်တွေနဲ့ဘယ်လိုကွာခြားတယ် ဆိုတာကိုလည်းရှင်းပြပါသေးတယ်။
ပြီးခဲ့တဲ့တစ်နာရီလောက်ကအထိ ကျနော်နဲ့ ဦး Sharky ဟာသဘာဝပတ်ဝန်းကျင်ပြဿနာတွေ၊ မြန်မာနိုင်ငံက လူမျိုးရေးအကျပ်အတည်းတွေအကြောင်းပြောနေကြတာပါ။ သူ့အနေနဲ့နိုင်ငံရေးလောကထဲဝင်ဖို့ စိတ်ကူးနေတယ်လို့လည်းပြောပါသေးတယ်။ ဒါပေမယ့်အခုသူ့ခေါင်းထဲမှာငါးကလီစာတွေကို အချဉ်တည်တဲ့အကြောင်းပဲ ရှိတော့တယ်။ ဒီကိစ္စကိုပဲသူပြောချင်တော့တယ်။ တခုခုနဲ့ပတ်သက်ပြီး စွဲစွဲလမ်းလမ်းအာရုံစူးစိုက်မှုရှိခြင်းက သူ့ရဲ့အဓိကဝိသေသလက္ခဏာလို့ပဲပြောရမယ်ထင်ပါတယ်။
Photo by Gerhard Joren.
Sharky လို့လူသိများတဲ့ ဦးရဲထွဋ်ဝင်းရဲ့ဖြတ်သန်းမှုကိုပြောရမယ်ဆိုရင် သူ့ဖခင်ကသံအမတ်တစ်ဦးဖြစ်ပြီး သူ့ရဲ့ငယ်စဉ်ဘဝကို အစ္စရေး၊ အင်္ဂလန်၊ သီရိလင်္ကာ၊ အီတလီတို့မှာလှည့်လည်နေထိုင်ခဲ့တယ်။ ဒီလိုနိုင်ငံတကာအတွေ့အကြုံတွေကြောင့်ပဲ အစားအစာတွေကိုချစ်မြတ်နိုးတတ်လာပြီး ခေတ်မီမီကမ္ဘာကြည့်ကြည့်မြင်နိုင်စွမ်းရှိခဲ့တာပါ။ ငယ်ငယ်က အစ္စရေးပဲမုန့်တလှည့် အင်္ဂလိပ်ပူတင်းတလှည့် ဖြတ်သန်းခဲ့ရတဲ့နေ့ရက်တွေအကြောင်းတသသပြောလေ့ရှိတယ်။
သူဟာဆွစ်ဇာလန်မှာကော့တေးဘားတွေနဲ့ The Underground လို့ခေါ်တဲ့နိုက်ကလပ်ကိုစီမံခန့်ခွဲရင်း ကြွယ်ဝချမ်းသာလာခဲ့ပါတယ်။ သူ့ရဲ့အာရုံစူးစိုက်မှု၊ မနားမနေကြိုးစားမှုတွေကြောင့်ပဲ အလုပ်ခွင်မှာသူ့ကိုငါးမန်းတစ်ကောင်လို့တင်စားခေါ်ဝေါ်ကြရာကနေ Sharky ဆိုတဲ့နာမည်ပြောင်ရလာတာပါ။ အဲ့ဒီမှာငွေကြေးစုဆောင်းမိလာပြီးသူ့ဇနီးသည်၊ သမီးဖြစ်သူတို့နဲ့အတူမြန်မာနိုင်ငံကိုပြန်လာခဲ့တယ်။ ဒီနှစ်မှာတော့ Sharky’s စားသောက်ဆိုင်တွေကိုစီမံခန့်ခွဲရင်း MasterChef Myanmar မှာအကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ရင်းအချိန်ကုန်ခဲ့ပါတယ်။
Sharky’s စားသောက်ဆိုင်တွေရဲ့အောင်မြင်မှုကလည်း နည်းစနစ်တကျအချိန်ယူကြိုးစားမှုတွေရဲ့ အသီးအပွင့်လို့ပြောနိုင်ပါတယ်။ ဟင်းလျာတွေထဲမှာသုံးတဲ့ကုန်ကြမ်းပစ္စည်းတွေကိုထိုင်းနိုင်ငံကတင်သွင်းတယ်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကိုတစိုက်မတ်မတ်စမ်းသပ်လုပ်ကိုင်ခဲ့ရာကနေ fleur de sel (ပင်လယ်ရေမှချက်လုပ်သော အရည်အသွေးမြင့်ဆားမှုန်တစ်မျိုး) နဲ့ ကျွဲနို့နဲ့လုပ်တဲ့ဒိန်ခဲတို့ကို ပြည်တွင်းမှာတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အနောက်တိုင်းဟင်းလျာတွေကိုတမျိုးတဖုံဆန်းသစ်အောင် ချက်ပြုတ်ပြီး မြန်မာလူမျိုးတွေနဲ့မိတ်ဆက်ပေးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်တောင် နေအိမ်အကျယ်ချုပ်နဲ့နေခဲ့ရစဉ်က Sharky’s ရဲ့ဆိတ်နို့ဒိန်ခဲကိုမှာယူစားသုံးခဲ့တယ်လို့သိရပါတယ်။ အခုအချိန်မှာတော့ Sharky’s ဟာမြန်မာနိုင်ငံသားတွေနဲ့ရင်းနှီးတဲ့အမှတ်တံဆိပ်တစ်ခုဖြစ်နေပါပြီ။ ရန်ကုန်၊ ပုဂံ၊ ငပလီတို့မှာဆိုင်ခွဲတွေလည်းဖွင့်လှစ်ထားနိုင်ခဲ့တယ်။ ငါးမန်းတွေကအမြဲလိုလိုကူးခတ်နေမှ အသက်ရှင်ရပ်တည်နိုင်တာမျိုးပါ။ ငါးမန်းတစ်ကောင်လို့တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ ဦး Sharky ကကော ရှေ့လျှောက်ဘာအစီအစဉ်တွေရှိသေးလဲလို့မေးကြည့်တော့ နိုင်ငံရေးလောကထဲဝင်ဖို့စိတ်ကူးနေတယ်လို့ သူကပြောပါတယ်။
ကမ္ဘာလှည့်ခရီးသွား၊ နိုက်ကလပ်မန်နေဂျာ၊ စားသောက်ဆိုင်ပိုင်ရှင်ဘဝကနေ နိုင်ငံရေးလောကထဲဝင်ဖို့ ဘယ်လိုစိတ်ကူးရသွားတာလဲ။ တခုခုဆိုရူးရူးမူးမူးအာရုံစူးစိုက်လုပ်ကိုင်လေ့ရှိတဲ့ သူ့ဗီဇကြောင့်လို့ပဲပြောရပါလိမ့်မယ်။ ဦး Sharky အတွက်ကတော့စားသောက်ဆိုင်တည်ထောင်တယ်ဆိုတာ အလွန်အသေးစိတ်ပြီးနက်နဲတဲ့အလုပ်တစ်ခုပါ။ လတ်တလောသူခေါင်းထဲမှာတော့ သူ့နိုင်ငံနဲ့ နိုင်ငံ့အနာဂတ်သာရှိပါတယ်။
“Sharky’s စားသောက်ဆိုင်အကြောင်းမပြောကြရအောင်ကွာ” လို့သူကဆိုတယ်။ အဲ့ဒါနဲ့ကျွန်တော်တို့လည်း သူအကဲဖြတ်ဒိုင်အဖြစ်ဆောင်ရွက်နေတဲ့ MasterChef Myanmar အကြောင်းပြောဖြစ်ကြပါတယ်။ သန့်ရှင်းမှု၊ အစားအသောက်ကိုတန်ဖိုးထားမှု၊ စီမံခန့်ခွဲမှုတွေအကြောင်း ဒီပွဲကနေပြောပြချင်လို့ အကဲဖြတ်အဖြစ်ဆောင်ရွက်ခဲ့ပါသတဲ့။ အစိုးရဌာနတွေနဲ့ကျောင်းတွေဟာ ဒီလိုကိစ္စမျိုးတွေနဲ့ပတ်သက်ပြီး အသိပညာပေးဖို့ပျက်ကွက်လေ့ရှိတာမို့ ဖျော်ဖြေရေးအစီအစဉ်တွေကနေတဆင့် ပြည်သူတွေဆီအသိပညာဗဟုသုတတွေဖြန့်ဝေဖို့ ဦး Sharky ကကြိုးစားတယ်။ ဟင်းလျာတွေကိုဝေဖန်တဲ့အခါ ဂေဟစနစ်နဲ့စိုက်ပျိုးမွေးမြူရေးရှုထောင့်ကနေဝေဖန်လေ့ရှိပါတယ်။
Credit: MasterChef Myanmar
မြန်မာ့ဟင်းလျာတွေကိုနိုင်ငံတကာမျက်နှာစာမှာပွဲလယ်တင့်စေဖို့လည်းသူကမျှော်လင့်တယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ဗီယက်နမ်နိုင်ငံတို့ကဟင်းလျာတွေဟာကမ္ဘာတလွှားလူသိများလာပေမယ့် မြန်မာ့ရိုးရာအစားအသောက်တွေကတော့ အခုအချိန်ထိနာမည်မကြီးသေးပါဘူး။ “နောက်မကြာခင်ခေတ်စားလာမယ့်အာရှအစားအသောက်ဟာ မြန်မာ့ဟင်းလျာတွေပဲဖြစ်ရမယ်။ အစားအသောက်ဆိုတာဖက်ရှင်လိုပဲ သံသရာလည်လေ့ရှိတယ်။ နိုင်ငံတိုင်းရဲ့ရိုးရာဟင်းလျာတွေဟာ သူ့အလှည့်နဲ့သူခေတ်စားလာမှာပါ” လို့ဦး Sharky ကယုံကြည်မှုရှိရှိပြောပါတယ်။ MasterChef မှာဒိုင်လုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကိုက မြန်မာ့အစားအသောက်တွေကိုကမ္ဘာနဲ့မိတ်ဆက်ပေးမယ့် မြန်မာစားဖိုမှူးတစ်ယောက်ရှာဖို့ပါ။
မြန်မာနိုင်ငံရဲ့အစားအသောက်ပြင်ဆင်ချက်ပြုတ်ပုံကိုဘယ်လိုမြင်လဲလို့မေးကြည့်တဲ့အခါ သူကနှာခေါင်းကိုရှုံ့လိုက်ရင်း “အခြေအနေဆိုးတယ်ကွ။ အရည်အသွေးတွေကျလာတယ်။ စားနေတဲ့အစားအသောက်ကအရင်ကနဲ့အတူတူပဲ။ ဒါပေမယ့်လူနေမှုစနစ်ကတော့ပြောင်းသွားပြီ။ ကျေးလတ်ကကလေးတွေမြို့ကိုပြောင်းလာကြတယ်။ လမ်းလျှောက်ဖို့စက်ဘီးစီးဖို့ထက် ဖုန်းနဲ့ကစားနေကြတာကများတယ်။ အဲ့ဒီတော့ကျန်းမာရေးယိုယွင်းလာတော့တာပေါ့။ ပြီးတော့မြန်မာနိုင်ငံက ဟင်းချက်ဆီစားသုံးမှုအမြင့်ဆုံးနိုင်ငံတွေထဲမှာပါတယ်” လို့ပြောပါတယ်။
အရည်အသွေးမကောင်းတဲ့ ဖြစ်သလိုချက်ပြုတ်ပြင်ဆင်ထားတဲ့ အစားအသောက်တွေဟာ သဘာဝသယံဇာတကိုစော်ကားသလိုများဖြစ်နေသလားလို့မေးကြည့်တော့ ချက်ချင်းပဲ “ဒါပေါ့ကွ။ လူနဲ့အစားအသောက်ကြားက အညမညဆက်နွယ်မှုကိုတော်တော်များများသတိမထားမိကြဘူး။ ဟင်းတစ်ခွက်ဖြစ်လာဖို့ဆိုတာ အပင်နဲ့တိရစ္ဆာန်တွေရဲ့အသက်ကိုစတေးရတာလေ” လို့ ဦး Sharky ကပြန်ဖြေပါတယ်။
ဒီအတွေးအခေါ်ကဂေဟစနစ်ပေါ်အခြေခံတဲ့အစားအစာတွေကိုတန်ဖိုးထားမှုကနေဆင်းသက်လာတာပါ။ အစားအစာ၊ မြေကြီးနဲ့ နိုင်ငံဆိုတာ တစ်ခုတည်းပဲလို့ ဦး Sharky ကယုံကြည်တယ်။ “တချိန်ကျရင်ငါတို့အားလုံးမြေကြီးထဲပြန်သွားရမှာပဲ” လို့တွေးတွေးဆဆပြောပါတယ်။ ဒီအတွေးအခေါ်ကြောင့်ပဲ ဦး Sharky ဟာအစားအသောက်လောကကနေ နိုင်ငံရေးလောကထဲဝင်ရောက်ချင်တာပါ။ သူ့အတွက်တော့ Sharky’s ဟာမြန်မာပဲ။ သူချက်ပြုတ်လိုက်တဲ့ဟင်းလျာတွေကလည်း သူ့ဇာတိမြေရဲ့ကြွယ်ဝမှုကိုသက်သေထူနေပါတယ်။ အစားအသောက်ထုတ်လုပ်ပုံ၊ ပြင်ဆင်ချက်ပြုတ်ပုံတွေက နိုင်ငံတစ်နိုင်ငံရဲ့တန်ဖိုး၊ ကျင့်ဝတ်၊ ဂုဏ်သိက္ခာတွေကိုထင်ဟပ်နေတယ်။ မြန်မာတွေရဲ့ယဉ်ကျေးမှုနှလုံးသည်းပွတ်ပုဂံမြို့မှာ ပလတ်စတစ်အိတ်တွေ ကွန်ဒုံးအဟောင်းတွေကိုတွေ့ရတော့ သူဘယ်လောက်ဒေါသဖြစ်ရတဲ့အကြောင်းပြောတယ်။ ကျွန်တော်နဲ့စကားပြောနေတဲ့အချိန်တလျှောက်လုံး ဒီတစ်ခါပဲသူဒေါသထွက်တာကိုမြင်ခဲ့ရတာပါ။
Photo by Gerhard Joren.
ဦး Sharky ရဲ့နိုင်ငံရေးအမြင်ဟာ စိုက်ပျိုးမွေးမြူရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေအပေါ်အခြေခံပါတယ်။ အစားအသောက်၊ ရေအရင်းအမြစ်၊ ရှားပါးသယံဇာတတွေနဲ့ ပြည့်စုံကုံလုံတဲ့အသိုင်းအဝိုင်းတစ်ခု တည်ဆောက်ရေးကိုစိတ်ဝင်စားတယ်။ “ငါကခရမ်းချဉ်သီးအကြောင်းစိတ်မဝင်စားဘူး၊ ခရမ်းချဉ်သီးအခွံကိုဘယ်လိုသုံးရမလဲဆိုတာပဲစိတ်ဝင်စားတယ်။ သံပုရာသီးအခွံကိုဘယ်လိုပြန်အသုံးပြုမလဲ၊ စွန့်ပစ်ပစ္စည်းတွေကိုဘယ်လိုပြန်သုံးမလဲလို့ငါတွေးတယ်။ မြန်မာနိုင်ငံလိုဆင်းရဲတဲ့နိုင်ငံမှာတောင် အလာဟသဖြစ်သွားတဲ့အစားအသောက်အရင်းအမြစ်တွေအများကြီးပဲ” လို့သူကဆိုပါတယ်။
ရာသီဥတုပြောင်းလဲခြင်းပြဿနာတွေခံစားနေရတဲ့ ဘင်္ဂါလားဒေ့ရှ်လိုနိုင်ငံတွေကပြည်သူတွေ အစုလိုက်အပြုံလိုက်ရေကြည်ရာမြက်နုရာရှာဖွေတဲ့ကိစ္စလို နိုင်ငံတကာအရေးတွေကိုလည်း မျက်ခြေမပြတ်ပါဘူး။ ဘင်္ဂါလားဒေ့ရှ်မှာတောင်သူ ၃နှစ်လောက်နေခဲ့ဖူးကြောင်းပြောပါတယ်။ အစားအသောက်ဟာအနာဂတ်မှာလက်နက်တစ်ခုဖြစ်လာလိမ့်မယ်။ အစားအသောက်အရင်းအမြစ်တွေကနည်းပညာနဲ့ဖန်တီးဖို့မဖြစ်နိုင်ဘူးလို့သူကယုံကြည်တယ်။
လူဦးရေပေါက်ကွဲမှုတွေကြောင့်အစာရေစာရှားပါးလာတာနဲ့အမျှ မြန်မာနိုင်ငံလိုဆန်ရေစပါးပေါများတဲ့ နိုင်ငံတွေရဲ့အခန်းကဏ္ဍအရေးပါလာလိမ့်မယ်လို့သူမြင်တယ်။ ဒီအတွက်ကြောင့်ပဲသူဟာနိုင်ငံရေးစလုပ်ဖို့ စိတ်ဝင်စားလာတာလို့ပြောပါတယ်။ သူ့အတွက်တော့နိုင်ငံရေးလုပ်တယ်ဆိုတာအာဏာရဖို့မဟုတ်ဘဲ သူ့အသိပညာတွေသုံးပြီးအမိမြေအကျိုးအတွက်တာဝန်ထမ်းဆောင်တဲ့သဘောသာဖြစ်တယ်။
ဘယ်တော့လောက်နိုင်ငံရေးစလုပ်မလဲလို့မေးကြည့်တော့ နောက်နှစ်လောက်ဖြစ်မယ်လို့ ယုံကြည်မှုရှိရှိပြန်ဖြေပါတယ်။ ကမ္ဘာတလွှားတီဗီအစီအစဉ်တွေကြောင့်လူသိများလာသူတွေ နိုင်ငံရေးလောကထဲဝင်ရောက်နေတဲ့အချိန်ဖြစ်လို့ ဦး Sharky ရဲ့အောင်မြင်ကျော်ကြားမှုကလည်း သူ့နိုင်ငံရေးခရီးစဉ်မှာအထောက်အပံ့တစ်ခုဖြစ်လာနိုင်ပါတယ်။
နောက်ဆုံးပိတ်အနေနဲ့မြန်မာနိုင်ငံအပါအဝင်နိုင်ငံတော်တော်များများရင်ဆိုင်နေရတဲ့ ရောဂါဘယ၊ ငတ်မွတ်ခေါင်းပါးခြင်း၊ မိုးခေါင်ရေရှားမှု၊ လူမျိုးရေးအကျပ်အတည်းတွေအကြောင်းပြောဖြစ်ကြတယ်။ ဒီမရေရာမှုတွေနဲ့ပြည့်နေတဲ့ကမ္ဘာကြီးရဲ့အနာဂတ်ကို အကောင်းမြင်နိုင်ရဲ့လားလို့မေးကြည့်တော့ သူတခဏငြိမ်ကျသွားပြီး… “လူတိုင်းကိုယ်တတ်နိုင်သလောက်ရုန်းကန်ကြရမှာပဲ” လို့ပြောပါတယ်။ “လူဆိုတာမုဆိုးတွေပါ။ သားကောင်မဟုတ်ဘူး။ ငါတို့တွေအားလုံးရှင်သန်ရပ်တည်နိုင်ဖို့ ကိုယ်တတ်နိုင်သလောက်ရုန်းကန်ကြရမှာပါ။ ငါတို့ကြိုးစားဖို့လိုတယ်။”
အဲ့ဒီနောက်သူ့ရှေ့မှာထိုင်နေတဲ့ကျွန်တော်၊ အလုပ်လုပ်နေတဲ့ဝန်ထမ်းတွေ၊ စားသုံးသူတွေကိုကျော်ပြီး အဝေးတစ်နေရာဆီငေးကြည့်နေပါတယ်။ ပြီးတော့ချက်ချင်းဆိုသလိုပဲသူ့မျက်လုံးတွေအရောင်တောက်လာပြီး “လာကွာ၊ ငါတို့ခြံကထွက်တဲ့ဂျုံတွေသွားကြည့်ရအောင်” လို့အပြုံးနဲ့ဖိတ်ခေါ်တယ်။ ငါးမန်းတစ်ကောင်လိုမရပ်မနားကူးခတ်နေတဲ့ ဦး Sharky မှာမြန်မာနိုင်ငံအတွက်အိပ်မက်နဲ့မျှော်လင့်ချက်တွေအများကြီးရှိနေပါသေးတယ်။
Tom Sanders ရဲ့ Ye Htut Win: More than a MasterChef ကိုမြန်မာဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်ပါတယ်။