Chatrium Hotel Royal Lake Yangon ႏွင့္ Link for Aid တို႔မွ ပူးေပါင္းၿပီး နွစ္စဥ္ က်င္းပေနၾကျဖစ္ေသာ Music For Myanmar 2019 ရန္ပံုေငြဂီတေဖ်ာ္ေျဖပြဲႀကီးကို Chatrium Grand Ballroom မွာ ေအာက္တိုဘာလ (၄) ရက္ေန႔က ခမ္းနားႀကီးက်ယ္စြာျပဳလုပ္ခဲ့ပါတယ္။ ဒီပြဲကို Embassy of Ireland နဲ႔ Embassy of Italy တို႔ကေထာက္ခံအားေပးခဲ့ၾကပါတယ္။
အဲဒီညေလးမွာ အိုင္ယာလန္ႏိုင္ငံက အဆိုေတာ္ Simon Morgan ႏွင့္ David Shannon တို႔မွ အတြဲညီညီ ထူးျခားဆန္းသစ္တဲ့ ေအာ္ပရာစတိုင္ သီဆိုေဖ်ာ္ေျဖမႈမ်ားကို တင္ဆက္သြားၿပီး ျမန္မာေတးသံရွင္ ဂ်ဴဝယ္လ္ (Jewel) ကလည္း ေမတၱာျဖင့္ပါဝင္အားျဖည့္ခဲ့ပါတယ္။ ကိုဂၽြန္လြင္ကလည္းေမတၱာျဖင့္ Event Organiser အျဖစ္ပါ၀င္ကူညီေဆာင္ရြက္ေပးပါတယ္။
Simon ႏွင့္ David တုိ႔၏ ေခတ္ၿပိဳင္ Irish ေတးဂီတ၊ ေအာ္ပရာေတးဂီတ၊ ၾကည္ႏူးဖြယ္ရာ ေတးသံသာမ်ားႏွင့္အတူ အရသာထူးျခား ေကာင္းမြန္လွတဲ့ အေနာက္တိုင္း ညစာကို Beer/Wine free-flow မ်ားျဖင့္ တည္ခင္းဧည့္ခံခဲ့တဲ့အျပင္ Designer Sha Tra ရဲ႕ ဖက္ရွင္ရိႈးကိုလည္းျပသခဲ့ျပီး၊ ရန္ပံုေငြေလလံပြဲနဲ႔ ရန္ပံုေငြကံစမ္းမဲလက္မွတ္မ်ားကိုေရာင္းခ်တဲ့အစီအစဥ္မ်ားလည္းပါ၀င္ခဲ့ပါတယ္။
ဒီရန္ပံုေငြဂီတပြဲက ရရွိတဲ့အက်ိဳးအျမတ္ေတြကို Mary Chapman နားမၾကားေသာကေလးငယ္မ်ား စာသင္ေက်ာင္း၊ ေတာင္ဒဂံုျမိဳ႕နယ္ရွိ ‘NAC – NLD AIDS Centre’၊ ရန္ကုန္ၿမိဳ႕ ႏွင့္ ေတာင္ႀကီးၿမိဳ႕ရွိ New Humanity Myanmar ႏွင့္ ေရႊျပည္သာျမိဳ႕နယ္ရွိ နဝရတ္ဘုန္းေတာ္ၾကီးသင္ပညာေရးေက်ာင္း တို႔ကို ေထာက္ပံ့ေပးသြားမွာပါလို႔ Link for Aid ရဲ႕ founder Ms. Pamela McCourt Francescone ကေျပာပါတယ္။
Chatrium Hotel Royal Lake ရဲ႕ General Manager ေဒၚေမျမတ္မြန္၀င္းကလည္း “ၿပီးခဲ့တဲ့ ၂၀၁၈ ခုနွစ္အထိ ရရွိိခဲ့ေသာ ရန္ပံုေငြမ်ားနဲ႔ကၽြန္မတို႔ ႏွစ္စဥ္ေထာက္ပံ့ေပးေနက်ျဖစ္တဲ့ နဝရတ္ဘုန္းေတာ္ႀကီးေက်ာင္းမွာဆိုရင္ စာသင္ေက်ာင္းေဆာင္ (၃) ေဆာင္အထိေဆာက္လုပ္ေပးႏိုင္ခဲ့ပါျပီ။ ေနာင္တြင္လည္းကေလးငယ္မ်ားရဲ႕ပညာေရး၊ က်န္းမာေရး အစရွိတဲ့လုိအပ္တဲ့ေနရာေတြမွာ ပံ့ပိုးကူညီသြားႏိုင္ေအာင္ ရန္ပံုေငြမတည္ပြဲမ်ားက်င္းပဖို႔ၾကိဳးစားသြားမွာပါ” လို႔ေျပာၾကားခဲ့ပါတယ္။
Photo credit: Chatrium Hotel Royal Lake Yangon
UNICODE
Music for Myanmar ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကျင်းပ
Chatrium Hotel Royal Lake Yangon နှင့် Link for Aid တို့မှ ပူးပေါင်းပြီး နှစ်စဉ် ကျင်းပနေကြဖြစ်သော Music For Myanmar 2019 ရန်ပုံငွေဂီတဖျော်ဖြေပွဲကြီးကို Chatrium Grand Ballroom မှာ အောက်တိုဘာလ (၄) ရက်နေ့က ခမ်းနားကြီးကျယ်စွာပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို Embassy of Ireland နဲ့ Embassy of Italy တို့ကထောက်ခံအားပေးခဲ့ကြပါတယ်။
အဲဒီညလေးမှာ အိုင်ယာလန်နိုင်ငံက အဆိုတော် Simon Morgan နှင့် David Shannon တို့မှ အတွဲညီညီ ထူးခြားဆန်းသစ်တဲ့ အော်ပရာစတိုင် သီဆိုဖျော်ဖြေမှုများကို တင်ဆက်သွားပြီး မြန်မာတေးသံရှင် ဂျူဝယ်လ် (Jewel) ကလည်း မေတ္တာဖြင့်ပါဝင်အားဖြည့်ခဲ့ပါတယ်။ ကိုဂျွန်လွင်ကလည်းမေတ္တာဖြင့် Event Organiser အဖြစ်ပါဝင်ကူညီဆောင်ရွက်ပေးပါတယ်။
Simon နှင့် David တို့၏ ခေတ်ပြိုင် Irish တေးဂီတ၊ အော်ပရာတေးဂီတ၊ ကြည်နူးဖွယ်ရာ တေးသံသာများနှင့်အတူ အရသာထူးခြား ကောင်းမွန်လှတဲ့ အနောက်တိုင်း ညစာကို Beer/Wine free-flow များဖြင့် တည်ခင်းဧည့်ခံခဲ့တဲ့အပြင် Designer Sha Tra ရဲ့ ဖက်ရှင်ရှိုးကိုလည်းပြသခဲ့ပြီး၊ ရန်ပုံငွေလေလံပွဲနဲ့ ရန်ပုံငွေကံစမ်းမဲလက်မှတ်များကိုရောင်းချတဲ့အစီအစဉ်များလည်းပါဝင်ခဲ့ပါတယ်။
ဒီရန်ပုံငွေဂီတပွဲက ရရှိတဲ့အကျိုးအမြတ်တွေကို Mary Chapman နားမကြားသောကလေးငယ်များ စာသင်ကျောင်း၊ တောင်ဒဂုံမြို့နယ်ရှိ ‘NAC – NLD AIDS Centre’၊ ရန်ကုန်မြို့ နှင့် တောင်ကြီးမြို့ရှိ New Humanity Myanmar နှင့် ရွှေပြည်သာမြို့နယ်ရှိ နဝရတ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တို့ကို ထောက်ပံ့ပေးသွားမှာပါလို Link for Aid ရဲ့ founder Ms. Pamela McCourt Francescone ကပြောပါတယ်။
Chatrium Hotel Royal Lake ရဲ့ General Manager ဒေါ်မေမြတ်မွန်ဝင်းကလည်း “ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အထိ ရရှိခဲ့သော ရန်ပုံငွေများနဲ့ကျွန်မတို့ နှစ်စဉ်ထောက်ပံ့ပေးနေကျဖြစ်တဲ့ နဝရတ်ဘုန်းတော်ကြီးကျောင်းမှာဆိုရင် စာသင်ကျောင်းဆောင် (၃) ဆောင်အထိဆောက်လုပ်ပေးနိုင်ခဲ့ပါပြီ။ နောင်တွင်လည်းကလေးငယ်များရဲ့ပညာရေး၊ ကျန်းမာရေး အစရှိတဲ့လိုအပ်တဲ့နေရာတွေမှာ ပံ့ပိုးကူညီသွားနိုင်အောင် ရန်ပုံငွေမတည်ပွဲများကျင်းပဖို့ကြိုးစားသွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။