
Ticket: Ks9000
Time: 4:00PM to 12:00AM
Unicode
နိုင်ငံကျော်ဘီယာအမှတ်တံဆိပ်မြန်မာဘီယာဟာ မြန်မာနိုင်ငံမှာအကြီးဆုံးဘီယာပွဲတော်ကြီးဖြစ်လာမယ့် “MYANFEST” ကို အောက်တိုဘာလ ၂၅၊ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ Thuwunna Bhumi Event Park မှာ ကျင်းပသွားမယ်လို့သိရပါတယ်။
“MYANFEST” ကို ကမ္ဘာကျော်ဂျာမန်ဘီယာပွဲတော် “Oktoberfest” ပွဲတော်ကြီးကဲ့သို့ လူအများ ပျော်ရွှင်စွာ ဆင်နွှဲနိုင်တဲ့ပွဲတော်ကြီးဖြစ်အောင်ကျင်းပသွားမယ်လို့ဆိုပါတယ်။ “Oktoberfest” ဟာ ၁၈၁၀ ပြည့်နှစ်တွင် ဂျာမနီနိုင်ငံမှာစတင်ခဲ့ပြီး ယခုအချိန်တွင် နိုင်ငံပေါင်းများစွာ၌ ဂုဏ်ယူစွာဆင်နွှဲကြတဲ့ ဘီယာပွဲတော်ကြီးပါ။ မြန်မာနိုင်ငံတွင်လည်း “Oktoberfest” ပွဲတော်ကြီးကို ပျော်ရွှင်စွာဆင်နွှဲကြသူများ တစ်နှစ်ထက်တစ်နှစ် များပြားလာပါတယ်။ ဒါကြောင့်မြန်မာဘီယာကလည်း စားသုံးသူများအတွက်ဆန်းသစ်သော အတွေ့အကြုံများပေးနိုင်ဖို့၎င်းပွဲတော်၏ အငွေ့အသက်ကိုအခြေခံပြီးမြန်မာနိုင်ငံသားများနဲ့ကိုက်ညီတဲ့ “MYANFEST” ကို ကျင်းပသွားမှာပါ။
“MYANFEST” ကဘီယာပွဲတော်ဖြစ်တဲ့အတွက် ပွဲတော်တွင်းမှာမြန်မာဘီယာ တစ်မျိုးတည်းမဟုတ်ဘဲ MBL ထုတ်ကုန်များဖြစ်တဲ့ Myanmar Premium၊ Kirin၊ Black Shield Stout နှင့် Andaman Gold ဘီယာများကိုလည်း စားသုံးသူများစိတ်ကြိုက်ရွေးချယ်သောက်သုံးနိုင်မှာဖြစ်ပါတယ်။ “MYANFEST” တွင် ဘီယာသာမကဘဲ Sausage နှင့် Pretzel အပြင် ဘီယာနှင့် လိုက်ဖက်သော မြန်မာလူမျိုးများ ကြိုက်နှစ်သက်သည့် အစားအသောက်များကို ရောင်းချသွားမယ်လို့သိရပါတယ်။ ဖျော်ဖြေရေးအစီအစဉ်အနေနဲ့ “Oktoberfest” အငွေ့အသက်များပါဝင်တဲ့အကများ၊ ဂိမ်းများအပြင်နိုင်ငံကျော်တေးသံရှင်များလည်း ပါဝင်ဖျော်ဖြေသွားမှာပါ။
“MYANFEST” ဝင်ခွင့်ဈေးနှုန်းက ၉၀၀၀ ကျပ် ဖြစ်ပြီးလက်မှတ် တစ်စောင်တွင် မြန်မာဘီယာခွက်ကြီး နှစ်ခွက် (500 ml) နှင့် Pretzel တစ်ခုကို စားသုံးနိုင်မယ့်ကူပွန်ကိုပြန်လည်ရရှိမယ်လို့သိရပါတယ်။
“MYANFEST” ကိုပရိသတ်များ ပိုမိုသိရှိနိုင်စေရန်အတွက် ပွဲအကြိုလှုပ်ရှားမှုများအနေဖြင့် လူစည်ကားသော နေရာများ၊ Supermarket များ နှင့် အချို့သောမြန်မာဘီယာစားသောက်ဆိုင်များတွင် “MYANFEST” ဝတ်စုံဝတ်ဆင်ထားသူများမှ စိတ်ဝင်စားစရာအစီအစဉ်များတင်ဆက်လျက်ရှိပါတယ်။
“MYANFEST” လက်မှတ်များကို Official Ticketing Partner ဖြစ်သော “MyanPwel” Ticketing Service တွင် ဝယ်ယူနိုင်ပါတယ်။ သိချင်တာတွေရှိရင် Myanpwel Hotline No: 09 445151010 ကို ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်။
Date: 25 & 26-OCT-2019 (Friday & Saturday)
Venue: Thuwanabumi Event Park
Ticket: Ks9000
Time: 4:00PM to 12:00AM