ထိတ္လန္႔သည္းဖိုရုပ္ရွင္ႏွစ္သက္တဲ့သူေတြအတြက္ Halloween မွာၾကည့္ဖို႔ Netflix ကသရဲကားေတြကို စုစည္းတင္ျပေပးလိုက္ပါတယ္။
Marianne

Netflix ရဲ႕ျပင္သစ္ရုပ္သံဇာတ္လမ္းတြဲျဖစ္ျပီး ေသြးပ်က္စရာျပကြက္ေတာ္ေတာ္မ်ားမ်ားပါတယ္။ Emma Larsimon ဆိုတဲ့စာေရးဆရာမဟာ သူငယ္စဥ္ကအိပ္မက္ဆိုးထဲမွာအျမဲပါတတ္တဲ့စုန္းမ Marianne ကိုအေျခခံျပီး ၀တၳဳစာအုပ္ေတြစီးရီးလိုက္ေရးသားခဲ့တယ္။ အဲ့ဒီဇာတ္လမ္းကိုအဆံုးသတ္လိုက္တဲ့အခါမွာေတာ့ Marianne ဟာသူ႔အိပ္မက္ထဲကိုျပန္ေရာက္လာခဲ့ပါတယ္။ သူ႔ရဲ႕ငယ္သူငယ္ခ်င္းတေယာက္ကိုျပဳစားျပီး ၀တၳဳကိုဆက္မေရးရင္သူခ်စ္ခင္ရတဲ့သူေတြကိုအႏၱရာယ္ျပဳမယ္လို႔ျခိမ္းေျခာက္လာတဲ့အခါမွာေတာ့ Emma ဟာသူ႔ရဲ႕ဇာတိျမိဳ႕ေလးဆီျပန္လာျပီး အတိတ္ေဟာင္းကိုရင္ဆိုင္ရပါေတာ့တယ္။ Marianne နဲ႔ Emma အတိတ္ကဘယ္လိုပတ္သက္မႈေတြရွိခဲ့လဲ။ ဘာေၾကာင့္ Marianne ဟာသူ႔အေၾကာင္း၀တၳဳေရးေစခ်င္ရတာလဲ။ Season 1 မွာ အပိုင္း ၈ပိုင္းပါျပီး Season 2 လည္းထပ္ထြက္လာဦးမယ္လို႔သိရပါတယ္။
Eerie

Netflix ကပဲရိုက္ကူးထုတ္လုပ္လိုက္တဲ့ ဒီဖိလစ္ပိုင္ရုပ္ရွင္ကေတာ့ မယ္သီလရွင္ေက်ာင္းတေက်ာင္းမွာ Erika ဆိုတဲ့ေက်ာင္းသူေလးတေယာက္ကိုယ့္ကိုယ္ကိုယ္အဆံုးစီရင္သြားခဲ့ျပီးေနာက္ပိုင္း သူ႔ရဲ႕၀ိညာန္ဟာမကၽြတ္မလြတ္ဘဲ လူေတြကိုေျခာက္လွန္႔ေနခဲ့ပါတယ္။ ေက်ာင္းသူေတြကိုစိတ္ပိုင္းဆိုင္ရာ ညွိႏႈိင္းေဆြးေႏြးေပးတဲ့ဆရာမေလး Patricia ဟာ Erika ရဲ႕ေသဆံုးမႈကိုမသကၤာတာနဲ႔ ေက်ာင္းအုပ္ဆရာမၾကီးကိုမတိုင္ပင္ဘဲသူကိုယ္တိုင္စံုစမ္းၾကည့္တဲ့အခါ ထင္မွတ္မထားတဲ့အျဖစ္အပ်က္ေတြကို ၾကံဳခဲ့ရပါေတာ့တယ္။ ဒီဇာတ္ကားကေတာ့တစိမ့္စိမ့္နဲ႔ေျခာက္ျခားစရာေကာင္းေအာင္ရိုက္ကူးထားတဲ့အတြက္ ညဘက္က်မွအခန္းထဲတေယာက္တည္းေအးေအးေဆးေဆးၾကည့္ရင္ပိုအရသာရွိတယ္ဗ်။
Eli

အိမ္ထဲကအိမ္ျပင္ထြက္လို႔မရေအာင္ ဆိုးဆိုးရြားရြားဓာတ္မတည့္တဲ့ေရာဂါခံစားေနရတဲ့ေကာင္ေလး Eli ဟာသူ႔ကိုတာ၀န္ယူကုသေပးေနတဲ့ဆရာ၀န္မ Isabella Horn အထူးျပဳလုပ္ထားတဲ့တိုက္ၾကီးထဲမွာ ေနေနရပါတယ္။ ပိုးသတ္ထားတဲ့အေဆာက္အအံုျဖစ္လို႔ Eli ဟာမိဘေတြနဲ႔လြတ္လြတ္လပ္လပ္ေနရေပမယ့္ မၾကာခင္မွာပဲသဘာ၀လြန္အျဖစ္အပ်က္ေတြကိုေတြ႔ၾကံဳလာရတယ္။ တေစၦတေကာင္က lie (အလိမ္အညာ) ဆိုတဲ့စာလံုးကိုမၾကာဏေရးျပလာေတာ့ Dr Horn ရဲ႕ကုထံုးေတြဟာစစ္မွန္မႈရွိရဲ႕လားလို႔ Eli သံသယျဖစ္လာတယ္။ တခ်ိန္တည္းမွာပဲ Eli ေလးဟာျပင္းထန္တဲ့ကုထံုးေတြကိုခံစားလာရပါေတာ့တယ္။
I am the Pretty Thing that Lives in the House

သူနာျပဳဆရာမေလး Lily Saylor ဟာစိတ္ေ၀ဒနာခံစားေနရတဲ့ထိတ္လန္႔သည္းဖိုစာေရးဆရာမ Iris Blum ကိုေစာင့္ေရွာက္ေနသူပါ။ သူတို႔ေနတဲ့စံအိမ္ၾကီးဟာတခ်ိန္ကလက္ထပ္ခါနီးစံုတြဲတတြဲေနခဲ့တဲ့အိမ္ျဖစ္ျပီး အဲ့ဒီစံုတြဲဟာမဂၤလာေဆာင္မယ့္ေန႔မွာပဲေပ်ာက္ခ်င္းမလွေပ်ာက္ကြယ္သြားခဲ့တယ္။ Lily ဟာအိမ္မွာေနေနတုန္း နံရံမွာအမည္းကြက္ၾကီးေပၚလာျပီး တျဖည္းျဖည္းၾကီးလာတာ၊ အျဖဴ၀တ္ထားတဲ့လူတေယာက္ ေနာက္ျပန္လမ္းေလွ်ာက္သြားတာစတဲ့ထူးထူးျခားျခားအျဖစ္အပ်က္ေတြနဲ႔ၾကံဳခဲ့ရတယ္။ Lily လည္းအိမ္ၾကီးရဲ႕လွ်ိဳ႕၀ွက္ခ်က္ေတြကိုစူးစမ္းရင္း စာေရးဆရာမ Iris ရဲ႕ေနာက္ေၾကာင္းကိုပါ တျဖည္းျဖည္းသိလာရပါတယ္။
Veronica

ေနၾကတ္ခ်ိန္မွာသူငယ္ခ်င္းေတြနဲ႔အတူတူ Ouija board သံုးျပီးမၾကာေသးမီကကြယ္လြန္သြားတဲ့ ဖခင္ျဖစ္သူနဲ႔ဆက္သြယ္ဖို႔ၾကိဳးစားမိခဲ့တဲ့ေက်ာင္းသူေလး Veronica ဟာမေကာင္းဆိုး၀ါး၀ိညာဥ္တေကာင္ သူ႔ေနာက္လိုက္လာတာကိုသတိထားမိခဲ့ပါတယ္။ Veronica ရဲ႕ကိုယ္ေပၚမွာ လက္သည္းရာေတြ ကိုက္ရာေတြေပၚလာျပီး ပုဏၰကတိုက္သလိုျဖစ္ရပ္ေတြနဲ႔လည္းရင္ဆိုင္လာရတယ္။ ဒီမေကာင္းဆိုး၀ါးဟာ Veronica တို႔မိသားစုကိုပါရန္ျပဳဖို႔လုပ္လာတဲ့အခါမွာေတာ့ သူ႔ကိုတုိက္ထုတ္ဖို႔ Veronica ဟာမ်က္မျမင္သီလရွင္အဘြားအို Sister Death နဲ႔ပူးေပါင္းရပါေတာ့တယ္။ စပိန္ႏုိင္ငံ Vallecas မွာ ၁၉၉၁ခုႏွစ္ကျဖစ္ပြားခဲ့တဲ့သဘာ၀လြန္ျဖစ္ရပ္တခုကို အနည္းငယ္မွီးထားတယ္လို႔သိရပါတယ္။
Unicode
ထိတ်လန့်သည်းဖိုရုပ်ရှင်နှစ်သက်တဲ့သူတွေအတွက် Halloween မှာကြည့်ဖို့ Netflix ကသရဲကားတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။
Marianne

Netflix ရဲ့ပြင်သစ်ရုပ်သံဇာတ်လမ်းတွဲဖြစ်ပြီး သွေးပျက်စရာပြကွက်တော်တော်များများပါတယ်။ Emma Larsimon ဆိုတဲ့စာရေးဆရာမဟာ သူငယ်စဉ်ကအိပ်မက်ဆိုးထဲမှာအမြဲပါတတ်တဲ့စုန်းမ Marianne ကိုအခြေခံပြီး ဝတ္ထုစာအုပ်တွေစီးရီးလိုက်ရေးသားခဲ့တယ်။ အဲ့ဒီဇာတ်လမ်းကိုအဆုံးသတ်လိုက်တဲ့အခါမှာတော့ Marianne ဟာသူ့အိပ်မက်ထဲကိုပြန်ရောက်လာခဲ့ပါတယ်။ သူ့ရဲ့ငယ်သူငယ်ချင်းတယောက်ကိုပြုစားပြီး ဝတ္ထုကိုဆက်မရေးရင်သူချစ်ခင်ရတဲ့သူတွေကိုအန္တရာယ်ပြုမယ်လို့ခြိမ်းခြောက်လာတဲ့အခါမှာတော့ Emma ဟာသူ့ရဲ့ဇာတိမြို့လေးဆီပြန်လာပြီး အတိတ်ဟောင်းကိုရင်ဆိုင်ရပါတော့တယ်။ Marianne နဲ့ Emma အတိတ်ကဘယ်လိုပတ်သက်မှုတွေရှိခဲ့လဲ။ ဘာကြောင့် Marianne ဟာသူ့အကြောင်းဝတ္ထုရေးစေချင်ရတာလဲ။ Season 1 မှာ အပိုင်း ၈ပိုင်းပါပြီး Season 2 လည်းထပ်ထွက်လာဦးမယ်လို့သိရပါတယ်။
Eerie

Netflix ကပဲရိုက်ကူးထုတ်လုပ်လိုက်တဲ့ ဒီဖိလစ်ပိုင်ရုပ်ရှင်ကတော့ မယ်သီလရှင်ကျောင်းတကျောင်းမှာ Erika ဆိုတဲ့ကျောင်းသူလေးတယောက်ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့ပြီးနောက်ပိုင်း သူ့ရဲ့ဝိညာန်ဟာမကျွတ်မလွတ်ဘဲ လူတွေကိုခြောက်လှန့်နေခဲ့ပါတယ်။ ကျောင်းသူတွေကိုစိတ်ပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပေးတဲ့ဆရာမလေး Patricia ဟာ Erika ရဲ့သေဆုံးမှုကိုမသင်္ကာတာနဲ့ ကျောင်းအုပ်ဆရာမကြီးကိုမတိုင်ပင်ဘဲသူကိုယ်တိုင်စုံစမ်းကြည့်တဲ့အခါ ထင်မှတ်မထားတဲ့အဖြစ်အပျက်တွေကို ကြုံခဲ့ရပါတော့တယ်။ ဒီဇာတ်ကားကတော့တစိမ့်စိမ့်နဲ့ခြောက်ခြားစရာကောင်းအောင်ရိုက်ကူးထားတဲ့အတွက် ညဘက်ကျမှအခန်းထဲတယောက်တည်းအေးအေးဆေးဆေးကြည့်ရင်ပိုအရသာရှိတယ်ဗျ။
Eli

အိမ်ထဲကအိမ်ပြင်ထွက်လို့မရအောင် ဆိုးဆိုးရွားရွားဓာတ်မတည့်တဲ့ရောဂါခံစားနေရတဲ့ကောင်လေး Eli ဟာသူ့ကိုတာဝန်ယူကုသပေးနေတဲ့ဆရာဝန်မ Isabella Horn အထူးပြုလုပ်ထားတဲ့တိုက်ကြီးထဲမှာ နေနေရပါတယ်။ ပိုးသတ်ထားတဲ့အဆောက်အအုံဖြစ်လို့ Eli ဟာမိဘတွေနဲ့လွတ်လွတ်လပ်လပ်နေရပေမယ့် မကြာခင်မှာပဲသဘာဝလွန်အဖြစ်အပျက်တွေကိုတွေ့ကြုံလာရတယ်။ တစ္ဆေတကောင်က lie (အလိမ်အညာ) ဆိုတဲ့စာလုံးကိုမကြာဏရေးပြလာတော့ Dr Horn ရဲ့ကုထုံးတွေဟာစစ်မှန်မှုရှိရဲ့လားလို့ Eli သံသယဖြစ်လာတယ်။ တချိန်တည်းမှာပဲ Eli လေးဟာပြင်းထန်တဲ့ကုထုံးတွေကိုခံစားလာရပါတော့တယ်။
I am the Pretty Thing that Lives in the House

သူနာပြုဆရာမလေး Lily Saylor ဟာစိတ်ဝေဒနာခံစားနေရတဲ့ထိတ်လန့်သည်းဖိုစာရေးဆရာမ Iris Blum ကိုစောင့်ရှောက်နေသူပါ။ သူတို့နေတဲ့စံအိမ်ကြီးဟာတချိန်ကလက်ထပ်ခါနီးစုံတွဲတတွဲနေခဲ့တဲ့အိမ်ဖြစ်ပြီး အဲ့ဒီစုံတွဲဟာမင်္ဂလာဆောင်မယ့်နေ့မှာပဲပျောက်ချင်းမလှပျောက်ကွယ်သွားခဲ့တယ်။ Lily ဟာအိမ်မှာနေနေတုန်း နံရံမှာအမည်းကွက်ကြီးပေါ်လာပြီး တဖြည်းဖြည်းကြီးလာတာ၊ အဖြူဝတ်ထားတဲ့လူတယောက် နောက်ပြန်လမ်းလျှောက်သွားတာစတဲ့ထူးထူးခြားခြားအဖြစ်အပျက်တွေနဲ့ကြုံခဲ့ရတယ်။ Lily လည်းအိမ်ကြီးရဲ့လျှို့ဝှက်ချက်တွေကိုစူးစမ်းရင်း စာရေးဆရာမ Iris ရဲ့နောက်ကြောင်းကိုပါ တဖြည်းဖြည်းသိလာရပါတယ်။
Veronica

နေကြတ်ချိန်မှာသူငယ်ချင်းတွေနဲ့အတူတူ Ouija board သုံးပြီးမကြာသေးမီကကွယ်လွန်သွားတဲ့ ဖခင်ဖြစ်သူနဲ့ဆက်သွယ်ဖို့ကြိုးစားမိခဲ့တဲ့ကျောင်းသူလေး Veronica ဟာမကောင်းဆိုးဝါးဝိညာဉ်တကောင် သူ့နောက်လိုက်လာတာကိုသတိထားမိခဲ့ပါတယ်။ Veronica ရဲ့ကိုယ်ပေါ်မှာ လက်သည်းရာတွေ ကိုက်ရာတွေပေါ်လာပြီး ပုဏ္ဏကတိုက်သလိုဖြစ်ရပ်တွေနဲ့လည်းရင်ဆိုင်လာရတယ်။ ဒီမကောင်းဆိုးဝါးဟာ Veronica တို့မိသားစုကိုပါရန်ပြုဖို့လုပ်လာတဲ့အခါမှာတော့ သူ့ကိုတိုက်ထုတ်ဖို့ Veronica ဟာမျက်မမြင်သီလရှင်အဘွားအို Sister Death နဲ့ပူးပေါင်းရပါတော့တယ်။ စပိန်နိုင်ငံ Vallecas မှာ ၁၉၉၁ခုနှစ်ကဖြစ်ပွားခဲ့တဲ့သဘာဝလွန်ဖြစ်ရပ်တခုကို အနည်းငယ်မှီးထားတယ်လို့သိရပါတယ်။