ေအာက္တိုဘာမွာရုပ္သံလိုင္းေတာ္ေတာ္မ်ားမ်ားကစိတ္၀င္စားစရာေကာင္းတဲ့ဇာတ္လမ္းတြဲနဲ႔ရုပ္ရွင္ေတြ ထြက္လာေတာ့မွာပါ။ HBO၊ Netflix၊ Hulu၊ Amazon Prime နဲ႔ CW တို႔က ေစာင့္ၾကည့္ရမယ့္ဇာတ္လမ္းတြဲနဲ႔ရုပ္ရွင္တခုစီကို ေဖာ္ျပေပးလိုက္ပါတယ္။
HBO’s Watchmen (20 Oct)

ဒီလအတြက္စိတ္၀င္စားစရာအေကာင္းဆံုး TV show လို႔ေျပာရမယ့္ Watchmen ဟာ DC Comics ရဲ႕ comic series ထဲကဇာတ္ေကာင္တခ်ိဳ႕ကိုမွီျငမ္းျပီး သီးသန္႔ဇာတ္လမ္းတခုအျဖစ္ဖန္တီးထားတာပါ။ မူရင္းဇာတ္ေကာင္ေတြထဲက Doctor Manhattan၊ Silk Spectre နဲ႔ Ozymandias တုိ႔ျပန္ပါလာမယ္လို႔သိရပါတယ္။ အင္တာနက္နဲ႔ စမတ္ဖုန္းေတြမထြန္းကားတဲ့ alternate reality တခုမွာဇာတ္အိမ္တည္ထားတယ္။ သကၠရာဇ္ကေတာ့ ၂၀၁၉ခုႏွစ္ပဲျဖစ္ျပီး ေနရာကေတာ့ အေမရိကန္ျပည္ေထာင္စု အိုကလာဟိုးမားျပည္နယ္က တူလ္ဆာျမိဳ႕ပါ။
၁၉၉၂ခုႏွစ္ကတည္းကသမၼတအျဖစ္တာ၀န္ထမ္းေဆာင္ေနတဲ့ Robert Redford ရဲ႕လက္ထက္မွာ superhero ေတြဟာ၎တုိ႔ရဲ႕ၾကမ္းတမ္းတဲ့အျပဳအမူေတြေၾကာင့္ ဥပေဒအရပိတ္ပင္ခံထားရတယ္။ Superhero တခ်ိဳ႕က ဒီကိစၥကိုမေက်နပ္တဲ့အတြက္အစိုးရကိုေတာ္လွန္ပုန္ကန္ဖို႔စီစဥ္ေနပါတယ္။ ဒီအေျခအေနမွာ superhero ေတြၾကားထဲအစိုးရကိုဆႏၵျပတဲ့အေနနဲ႔အၾကမ္းဖက္မယ့္အဖြဲ႔၊ သူတုိ႔ကိုဆန္႔က်င္ျပီး ျပည္သူေတြကိုကာကြယ္မယ့္အဖြဲ႔နဲ႔ ၾကားေနမယ့္အဖြဲ႔ဆိုျပီး အုပ္စုအမ်ိဳးမ်ိဳးကြဲသြားေတာ့တယ္။ ဒီၾကားထဲ Rorschach မ်က္ႏွာဖံုးေတြ၀တ္ဆင္ထားတဲ့ The Seventh Cavalry က ရဲတပ္ဖြဲ႔၀င္ေတြရဲ႕အိမ္ကို အၾကမ္းဖက္တိုက္ခုိက္မယ္လို႔ျခိမ္းေျခာက္လာတဲ့အခါ ရဲေတြလည္းသူတို႔မိသားစုကိုကာကြယ္ဖို႔ မ်က္ႏွာဖံုးတပ္ျပီးအလုပ္လုပ္ရမယ့္အေျခအေနျဖစ္လာပါတယ္။
လူေတြကိုမ်က္ႏွာဖံုးသာေပးလိုက္ သူတို႔ရဲ႕နဂိုရုပ္ကိုထုတ္ျပလိမ့္မယ္ ဆုိတဲ့စကားအတုိင္း မ်က္ႏွာဖံုးတခုရဲ႕ေနာက္ကြယ္ကိုေရာက္သြားတဲ့အခါလူေတြရဲ႕စိတ္အေျခအေနဘယ္လိုေျပာင္းလဲသြားလဲဆိုတာ ဒီစီးရီးမွာၾကည့္ရမယ္။ Hero နဲ႔ villain ၾကားမွာက်င့္၀တ္ဆိုတဲ့စည္းမ်ဥ္းေလးပဲျခားထားတယ္ဆိုတဲ့ အယူအဆကေတာ့ Watchmen အပါအ၀င္ DC Comics အမ်ားစုရဲ႕အေျခခံဒႆနျဖစ္ပါတယ္။ Zack Snyder ရဲ႕ Watchmen ရုပ္ရွင္ၾကည့္ဖူးတဲ့သူေတြကေတာ့ ဒီစီးရီးကိုေစာင့္ေမွ်ာ္ေနၾကမွာေသခ်ာပါတယ္။
Hulu’s Looking for Alaska (18 Oct)

John Green ရဲ႕နာမည္ၾကီးလံုးခ်င္း၀တၳဳကိုအေျခခံထားတဲ့ဒီဇာတ္လမ္းတြဲဟာ ၈ပိုင္္းသာပါတဲ့ mini-series ပါ။ ဒီဇာတ္လမ္းမွာနာမည္ေက်ာ္ပုဂၢိဳလ္ေတြေနာက္ဆံုးေျပာသြားခဲ့တဲ့စကားေတြကိုစြဲလမ္းျပီး အဲ့ဒီစကားေတြထဲကအနက္အဓိပၸာယ္ကိုရွာေဖြေနတဲ့ Miles “Pudge” Halter ဟာေဘာ္ဒါတက္ရင္း ဥာဏ္မ်ားတဲ့မိန္းမေခ်ာေလး Alaska Young ကိုခ်စ္မိသြားခဲ့တယ္။ Pudge တုိ႔သူငယ္ခ်င္း ၄ေယာက္နဲ႔ သူတုိ႔ပတ္၀န္းက်င္တုိ႔ၾကားထိေတြ႔ဆက္ဆံမႈေတြကိုရိုက္ကူးထားတဲ့ ဆယ္ေက်ာ္သက္ဒရာမာဇာတ္လမ္းေလးပါ။
Green ဟာဒီဇာတ္လမ္းကိုသူ႔ဆယ္ေက်ာ္သက္ဘ၀မွာေတြ႔ၾကံဳခဲ့ရတဲ့အျဖစ္အပ်က္ေတြကို အေျခခံေရးသားထားျခင္းျဖစ္ပါတယ္။ သူကိုယ္တိုင္ကလည္း နာမည္ေက်ာ္ပုဂၢိဳလ္ေတြရဲ႕ last words ေတြကိုစြဲလမ္းသူပါ။ ဒါေၾကာင့္ Pudge ဟာသူ႔ရဲ႕အက်င့္စရိုက္အတိုင္းဖန္တီးထားတဲ့ဇာတ္ေကာင္လို႔ေျပာရမယ္။ ဒီဇာတ္လမ္းကစိတ္ကူးယဥ္ဆိုေပမယ့္ ဇာတ္လမ္းထဲကပတ္၀န္းက်င္အခင္းအက်င္းေတြကေတာ့ တကယ့္အျဖစ္အပ်က္ေတြပါလို႔ Green ကေျပာဖူးပါတယ္။
Netflix’s Dolemite is My Name (25 Oct)

၁၉၇၀ခုႏွစ္မ်ားဆီကနာမည္ေက်ာ္ခဲ့တဲ့ လူရႊင္ေတာ္ Rudy Ray Moore ဟာ Dolemite ဆိုတဲ့ဇာတ္ေကာင္တေယာက္အေၾကာင္း reggae သီခ်င္းထဲကေနၾကားရျပီးေနာက္ ဒီဇာတ္ေကာင္ရဲ႕နာမည္နဲ႔ရုပ္ရွင္တကားရိုက္ပါတယ္။ သူ႔ရဲ႕ေဖ်ာ္ေျဖပြဲေတြမွာလည္း သူ႔ကိုယ္သူ Dolemite အျဖစ္သတ္မွတ္ေဖ်ာ္ေျဖတယ္။ ဒီဒုတိယတန္းစားရုပ္ရွင္ထဲမွာ Dolemite ကႏိုက္ကလပ္ပိုင္ရွင္ျဖစ္ျပီး သူ႔ျပိဳင္ဘက္ Willie Green ကအမႈဆင္ျပီးေခ်ာက္တြန္းလို႔ေထာင္ဒဏ္ႏွစ္ ၂၀က်သြားရသူပါ။ သူေထာင္ကထြက္လာျပီးေနာက္မွာမိတ္ေဆြျဖစ္သူ Queen Bee ရဲ႕အကူအညီနဲ႔ Green ကိုလက္စားျပန္ေခ်တဲ့ဇာတ္လမ္းျဖစ္ပါတယ္။
Dolemite is My Name ကေတာ့ Rudy Ray Moore ရဲ႕ဘ၀အတၳဳပတၱိရုပ္ရွင္ျဖစ္ျပီး အဓိကဇာတ္ေကာင္ေနရာမွာ Eddie Murphy ကသရုပ္ေဆာင္ထားပါတယ္။ ေတးဂီတေတြျမိဳင္ျမိဳင္ဆိုင္ဆိုင္နဲ႔ ဟာသဇာတ္ျမဴးပံုစံရိုက္ကူးထားလို႔ၾကည့္ေပ်ာ္တဲ့ရုပ္ရွင္ျဖစ္လာမွာပါ။
Amazon Prime’s Modern Love (18 Oct)

ဒီဇာတ္လမ္းတြဲကေတာ့မ်က္ေမွာက္ေခတ္မွာေတြ႔ရေလ့ရွိတဲ့အခ်စ္ဇာတ္လမ္းေတြအေၾကာင္း episode တခု၊ ဇာတ္လမ္းတပုဒ္ပံုစံနဲ႔ရိုက္ကူးထားတဲ့ anthology series ျဖစ္ပါတယ္။ New York Times မွာအပတ္စဥ္ပါေလ့ရွိတဲ့ Modern Love ဇာတ္လမ္းတြဲေတြကိုအေျခခံထားတယ္။ လိင္ပိုင္းဆိုင္ရာအခ်စ္၊ ျဖဴစင္တဲ့သူငယ္ခ်င္းေတြၾကားကအခ်စ္၊ မိသားစု၀င္ေတြၾကားကအခ်စ္၊ ကိုယ့္ကိုယ္ကိုယ္ခ်စ္တဲ့အခ်စ္ စသျဖင့္အခ်စ္ရဲ႕သဘာ၀ပံုစံအမ်ိဳးမ်ိဳးကို အခ်စ္ဟာသပံုစံတင္ဆက္ထားတာပါ။ Anne Hathaway၊ Tina Fey၊ Dev Patel၊ Andrew Scott တို႔လိုနာမည္ၾကီးသရုပ္ေဆာင္ေတြပါ၀င္ထားတာမို႔ ေစာင့္ၾကည့္သင့္တဲ့ဇာတ္လမ္းတြဲတခုလို႔ေျပာရမယ္။
CW’s Nancy Drew (9 Oct)

Nancy Drew ဇာတ္ေကာင္ပါ၀င္ထားတဲ့စံုေထာက္ဇာတ္လမ္းတြဲေတြကိုအေျခခံတဲ့ဇာတ္လမ္းပါ။ Drew နဲ႔သူမသူငယ္ခ်င္းေတြဟာလူသတ္မႈတခုရဲ႕မ်က္ျမင္သက္ေသေတြျဖစ္သလို အဓိကသံသယအျဖစ္ခံရသူေတြလည္းျဖစ္လာတယ္။ ဒီလိုနဲ႔ပဲ Drew လည္းသူမနဲ႔သူငယ္ခ်င္းေတြမွာ အျပစ္မရွိေၾကာင္းသက္ေသျပဖို႔ ေကာလိပ္တက္မယ့္အစီအစဥ္ကိုေရႊ႕ဆိုင္းရင္း ဒီလွ်ိဳ႕၀ွက္တဲ့လူသတ္မႈရဲ႕တရားခံကိုရွာေဖြထုတ္ေဖာ္ဖို႔ၾကိဳးစားရပါေတာ့တယ္။
UNICODE
အောက်တိုဘာမှာရုပ်သံလိုင်းတော်တော်များများကစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွဲနဲ့ရုပ်ရှင်တွေ ထွက်လာတော့မှာပါ။ HBO၊ Netflix၊ Hulu၊ Amazon Prime နဲ့ CW တို့က စောင့်ကြည့်ရမယ့်ဇာတ်လမ်းတွဲနဲ့ရုပ်ရှင်တခုစီကို ဖော်ပြပေးလိုက်ပါတယ်။
HBO’s Watchmen (20 Oct)
ဒီလအတွက်စိတ်ဝင်စားစရာအကောင်းဆုံး TV show လို့ပြောရမယ့် Watchmen ဟာ DC Comics ရဲ့ comic series ထဲကဇာတ်ကောင်တချို့ကိုမှီငြမ်းပြီး သီးသန့်ဇာတ်လမ်းတခုအဖြစ်ဖန်တီးထားတာပါ။ မူရင်းဇာတ်ကောင်တွေထဲက Doctor Manhattan၊ Silk Spectre နဲ့ Ozymandias တို့ပြန်ပါလာမယ်လို့သိရပါတယ်။ အင်တာနက်နဲ့ စမတ်ဖုန်းတွေမထွန်းကားတဲ့ alternate reality တခုမှာဇာတ်အိမ်တည်ထားတယ်။ သက္ကရာဇ်ကတော့ ၂၀၁၉ခုနှစ်ပဲဖြစ်ပြီး နေရာကတော့ အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမားပြည်နယ်က တူလ်ဆာမြို့ပါ။
၁၉၉၂ခုနှစ်ကတည်းကသမ္မတအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ Robert Redford ရဲ့လက်ထက်မှာ superhero တွေဟာ၎င်းတို့ရဲ့ကြမ်းတမ်းတဲ့အပြုအမူတွေကြောင့် ဥပဒေအရပိတ်ပင်ခံထားရတယ်။ Superhero တချို့က ဒီကိစ္စကိုမကျေနပ်တဲ့အတွက်အစိုးရကိုတော်လှန်ပုန်ကန်ဖို့စီစဉ်နေပါတယ်။ ဒီအခြေအနေမှာ superhero တွေကြားထဲအစိုးရကိုဆန္ဒပြတဲ့အနေနဲ့အကြမ်းဖက်မယ့်အဖွဲ့၊ သူတို့ကိုဆန့်ကျင်ပြီး ပြည်သူတွေကိုကာကွယ်မယ့်အဖွဲ့နဲ့ ကြားနေမယ့်အဖွဲ့ဆိုပြီး အုပ်စုအမျိုးမျိုးကွဲသွားတော့တယ်။ ဒီကြားထဲ Rorschach မျက်နှာဖုံးတွေဝတ်ဆင်ထားတဲ့ The Seventh Cavalry က ရဲတပ်ဖွဲ့ဝင်တွေရဲ့အိမ်ကို အကြမ်းဖက်တိုက်ခိုက်မယ်လို့ခြိမ်းခြောက်လာတဲ့အခါ ရဲတွေလည်းသူတို့မိသားစုကိုကာကွယ်ဖို့ မျက်နှာဖုံးတပ်ပြီးအလုပ်လုပ်ရမယ့်အခြေအနေဖြစ်လာပါတယ်။
လူတွေကိုမျက်နှာဖုံးသာပေးလိုက် သူတို့ရဲ့နဂိုရုပ်ကိုထုတ်ပြလိမ့်မယ် ဆိုတဲ့စကားအတိုင်း မျက်နှာဖုံးတခုရဲ့နောက်ကွယ်ကိုရောက်သွားတဲ့အခါလူတွေရဲ့စိတ်အခြေအနေဘယ်လိုပြောင်းလဲသွားလဲဆိုတာ ဒီစီးရီးမှာကြည့်ရမယ်။ Hero နဲ့ villain ကြားမှာကျင့်ဝတ်ဆိုတဲ့စည်းမျဉ်းလေးပဲခြားထားတယ်ဆိုတဲ့ အယူအဆကတော့ Watchmen အပါအဝင် DC Comics အများစုရဲ့အခြေခံဒဿနဖြစ်ပါတယ်။ Zack Snyder ရဲ့ Watchmen ရုပ်ရှင်ကြည့်ဖူးတဲ့သူတွေကတော့ ဒီစီးရီးကိုစောင့်မျှော်နေကြမှာသေချာပါတယ်။
Hulu’s Looking for Alaska (18 Oct)
John Green ရဲ့နာမည်ကြီးလုံးချင်းဝတ္ထုကိုအခြေခံထားတဲ့ဒီဇာတ်လမ်းတွဲဟာ ၈ပိုင်းသာပါတဲ့ mini-series ပါ။ ဒီဇာတ်လမ်းမှာနာမည်ကျော်ပုဂ္ဂိုလ်တွေနောက်ဆုံးပြောသွားခဲ့တဲ့စကားတွေကိုစွဲလမ်းပြီး အဲ့ဒီစကားတွေထဲကအနက်အဓိပ္ပာယ်ကိုရှာဖွေနေတဲ့ Miles “Pudge” Halter ဟာဘော်ဒါတက်ရင်း ဉာဏ်များတဲ့မိန်းမချောလေး Alaska Young ကိုချစ်မိသွားခဲ့တယ်။ Pudge တို့သူငယ်ချင်း ၄ယောက်နဲ့ သူတို့ပတ်ဝန်းကျင်တို့ကြားထိတွေ့ဆက်ဆံမှုတွေကိုရိုက်ကူးထားတဲ့ ဆယ်ကျော်သက်ဒရာမာဇာတ်လမ်းလေးပါ။
Green ဟာဒီဇာတ်လမ်းကိုသူ့ဆယ်ကျော်သက်ဘဝမှာတွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကို အခြေခံရေးသားထားခြင်းဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ last words တွေကိုစွဲလမ်းသူပါ။ ဒါကြောင့် Pudge ဟာသူ့ရဲ့အကျင့်စရိုက်အတိုင်းဖန်တီးထားတဲ့ဇာတ်ကောင်လို့ပြောရမယ်။ ဒီဇာတ်လမ်းကစိတ်ကူးယဉ်ဆိုပေမယ့် ဇာတ်လမ်းထဲကပတ်ဝန်းကျင်အခင်းအကျင်းတွေကတော့ တကယ့်အဖြစ်အပျက်တွေပါလို့ Green ကပြောဖူးပါတယ်။
Netflix’s Dolemite is My Name (25 Oct)
၁၉၇၀ခုနှစ်များဆီကနာမည်ကျော်ခဲ့တဲ့ လူရွှင်တော် Rudy Ray Moore ဟာ Dolemite ဆိုတဲ့ဇာတ်ကောင်တယောက်အကြောင်း reggae သီချင်းထဲကနေကြားရပြီးနောက် ဒီဇာတ်ကောင်ရဲ့နာမည်နဲ့ရုပ်ရှင်တကားရိုက်ပါတယ်။ သူ့ရဲ့ဖျော်ဖြေပွဲတွေမှာလည်း သူ့ကိုယ်သူ Dolemite အဖြစ်သတ်မှတ်ဖျော်ဖြေတယ်။ ဒီဒုတိယတန်းစားရုပ်ရှင်ထဲမှာ Dolemite ကနိုက်ကလပ်ပိုင်ရှင်ဖြစ်ပြီး သူ့ပြိုင်ဘက် Willie Green ကအမှုဆင်ပြီးချောက်တွန်းလို့ထောင်ဒဏ်နှစ် ၂၀ကျသွားရသူပါ။ သူထောင်ကထွက်လာပြီးနောက်မှာမိတ်ဆွေဖြစ်သူ Queen Bee ရဲ့အကူအညီနဲ့ Green ကိုလက်စားပြန်ချေတဲ့ဇာတ်လမ်းဖြစ်ပါတယ်။
Dolemite is My Name ကတော့ Rudy Ray Moore ရဲ့ဘဝအတ္ထုပတ္တိရုပ်ရှင်ဖြစ်ပြီး အဓိကဇာတ်ကောင်နေရာမှာ Eddie Murphy ကသရုပ်ဆောင်ထားပါတယ်။ တေးဂီတတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဟာသဇာတ်မြူးပုံစံရိုက်ကူးထားလို့ကြည့်ပျော်တဲ့ရုပ်ရှင်ဖြစ်လာမှာပါ။
Amazon Prime’s Modern Love (18 Oct)
ဒီဇာတ်လမ်းတွဲကတော့မျက်မှောက်ခေတ်မှာတွေ့ရလေ့ရှိတဲ့အချစ်ဇာတ်လမ်းတွေအကြောင်း episode တခု၊ ဇာတ်လမ်းတပုဒ်ပုံစံနဲ့ရိုက်ကူးထားတဲ့ anthology series ဖြစ်ပါတယ်။ New York Times မှာအပတ်စဉ်ပါလေ့ရှိတဲ့ Modern Love ဇာတ်လမ်းတွဲတွေကိုအခြေခံထားတယ်။ လိင်ပိုင်းဆိုင်ရာအချစ်၊ ဖြူစင်တဲ့သူငယ်ချင်းတွေကြားကအချစ်၊ မိသားစုဝင်တွေကြားကအချစ်၊ ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့အချစ် စသဖြင့်အချစ်ရဲ့သဘာဝပုံစံအမျိုးမျိုးကို အချစ်ဟာသပုံစံတင်ဆက်ထားတာပါ။ Anne Hathaway၊ Tina Fey၊ Dev Patel၊ Andrew Scott တို့လိုနာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားတာမို့ စောင့်ကြည့်သင့်တဲ့ဇာတ်လမ်းတွဲတခုလို့ပြောရမယ်။
CW’s Nancy Drew (9 Oct)
Nancy Drew ဇာတ်ကောင်ပါဝင်ထားတဲ့စုံထောက်ဇာတ်လမ်းတွဲတွေကိုအခြေခံတဲ့ဇာတ်လမ်းပါ။ Drew နဲ့သူမသူငယ်ချင်းတွေဟာလူသတ်မှုတခုရဲ့မျက်မြင်သက်သေတွေဖြစ်သလို အဓိကသံသယအဖြစ်ခံရသူတွေလည်းဖြစ်လာတယ်။ ဒီလိုနဲ့ပဲ Drew လည်းသူမနဲ့သူငယ်ချင်းတွေမှာ အပြစ်မရှိကြောင်းသက်သေပြဖို့ ကောလိပ်တက်မယ့်အစီအစဉ်ကိုရွှေ့ဆိုင်းရင်း ဒီလျှို့ဝှက်တဲ့လူသတ်မှုရဲ့တရားခံကိုရှာဖွေထုတ်ဖော်ဖို့ကြိုးစားရပါတော့တယ်။