Advertisement

၄၈လမ္းနဲ႔ မဟာဗႏၶဳလလမ္းေထာင့္က Urban Asia Center ရဲ႕ေျမညီထပ္ဟာ foodie ေတြအတြက္ေတာ့ one stop နိဗၺာန္ဘံုပါ။ အစားအေသာက္ယဥ္ေက်းမႈေပါင္းစံုကိုတေနရာတည္းမွာစားလို႔ရတဲ့အျပင္ ညဘက္ night out ထြက္ခ်င္သူမ်ားအတြက္ ဘားေတြလည္းရွိတယ္။ ခ်စ္သူနဲ႔ဒိတ္ဖို႔လား၊ သူငယ္ခ်င္းေတြနဲ႔အတူတူ မုန္႔စားဖို႔လား၊ ဒါမွမဟုတ္ အိမ္မွာခ်က္တဲ့ဟင္းမၾကိဳက္လို႔လား။ ဘာေၾကာင့္ပဲျဖစ္ျဖစ္ပိတ္ရက္မွာ အျပင္ထြက္မုန္႔စားဖို႔စီစဥ္ေနသူေတြအတြက္ Urban Asia Center ထဲမွာျမည္းစမ္းစားၾကည့္သင့္တဲ့ဆိုင္ေတြနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ မဟာဗႏၶဳလလမ္း၀င္ေပါက္က၀င္လိုက္တာနဲ႔ ေအာက္ကဆိုင္ေတြကိုအတန္းလိုက္ေတြ႔ႏုိင္မွာပါ။

The Northern

ဖြင့္တာတလေက်ာ္ေလာက္ပဲရွိေသးတဲ့ဒီဆိုင္ေလးက ရွမ္းျပည္ေျမာက္ပိုင္းမူဆယ္နယ္စပ္ကဟင္းလ်ာေတြနဲ႔ အကင္ေတြကိုအဓိကထားေရာင္းပါတယ္။ အပူအစပ္ၾကိဳက္တဲ့သူေတြနဲ႔ အကင္ေလးစားရင္းဘီယာေသာက္ခ်င္တဲ့သူေတြအတြက္ ဒီဆုိင္ကိုညႊန္းပါတယ္။ မစားမျဖစ္စားၾကည့္သင့္တာကေတာ့ ငါးခူခ်ဥ္ေစာ္ခါးသီးခ်က္နဲ႔အမဲလွ်ာဆာခံုပဲ။ အကင္ေတြထဲမွာေတာ့ အမဲဆီကင္၊ ငါးကင္နဲ႔ ခရမ္းသီးကင္တို႔ကဘီယာနဲ႔ေတာ္ေတာ္လိုက္ပါတယ္။ အကင္ေတြကိုဘိန္းေစ့ေလးျဖဴးေပးတဲ့အတြက္ ေမႊးဆိမ့္တဲ့အရသာကိုခံစားရမွာပါ။

Urban Asia Center၊ ၄၈လမ္းနဲ႔ မဟာဗႏၶဳလလမ္းေထာင့္၊ ဗိုလ္တေထာင္။
09 959 367 096
3pm – 11pm
ပ်မ္းမွ်ေစ်းႏႈန္း – ဟင္းပြဲ (က်ပ္ ၅၀၀၀ – ၁၀၀၀၀)၊ အကင္ (က်ပ္ ၅၀၀ – ၁၈၀၀)

အညာသူ

အညာဟင္းလ်ာေတြကိုျမည္းစမ္းခ်င္သူေတြ၊ အိမ္နဲ႔ေ၀းေနတဲ့အညာသူအညာသားေတြအတြက္ အညာထမင္းဟင္းေတြေရာင္းတဲ့ဆိုင္ေလးကိုတေခါက္ေလာက္ေတာ့အေရာက္သြားစားၾကည့္ေနာ္။ ဖြင့္တာ ၂လေလာက္ပဲရွိေသးေပမယ့္ ၾကားရက္ေတြမွာဆိုေန႔လယ္ဘက္ထိုင္ခံုေတြျပည့္ေနတဲ့အထိလူမ်ားပါတယ္။ မနက္စာနန္းၾကီးသုပ္၊ မုန္႔ဟင္းခါးတုိ႔ရပါတယ္။ မနက္စာမ်ားမ်ားစားတတ္သူေတြကေတာ့ ဆႏြင္းထမင္းေၾကာ္နဲ႔ၾကက္ေပါင္ေၾကာ္ကိုအၾကိဳက္ေတြ႔မွာပါ။ ေန႔လယ္စာကေတာ့ဟင္းအမ်ိဳးေပါင္း ၂၀ေလာက္ရွိတာမို႔ေရြးစရာေတာ္ေတာ္စံုတယ္။ ၀က္ေျမအိုးခ်က္နဲ႔ ပုစြန္ခ်ဥ္ေပါင္ကိုညႊန္းပါတယ္။ အခမဲ့ခ်ေပးတဲ့ပဲတီခ်ဥ္ေလးကခံတြင္းျမိန္ေစမွာပါ။

Urban Asia Center ေျမညီထပ္၊ ၄၈လမ္းနဲ႔ မဟာဗႏၶဳလလမ္းေထာင့္၊ ဗိုလ္တေထာင္။
09 506 6609
7am – 3pm
ပ်မ္းမွ်ေစ်းႏႈန္း – ဟင္းပြဲ (က်ပ္ ၁၀၀၀ – ၅၀၀၀)၊ အရန္ဟင္း (က်ပ္ ၅၀၀ – ၁၀၀၀)

Prime Rib

အေနာက္တုိင္းအစားအစာနဲ႔ အသားကင္ၾကိဳက္သူဆိုရင္ေတာ့ Prime Rib ကလြဲျပီးတျခားမရွာပါနဲ႔ေတာ့။ Steak, sandwich ေတြပါ၀င္တဲ့ a la carte menu အျပင္ အရမ္းတန္တဲ့အ၀စားအစီအစဥ္ေတြလည္းရွိတယ္။ အဂၤါေန႔မွာဆို ၀က္နံရိုးကင္အ၀စား promotion (က်ပ္ ၁၉၈၀၀)၊ ၾကာသာပေတးေန႔ဆို အမဲနံရိုးကင္အ၀စား promotion (က်ပ္ ၂၂၈၀၀)၊ စေနေန႔ဆို အမဲရင္ပံုသားကင္အ၀စား promotion (က်ပ္ ၂၅၀၀၀) အစီအစဥ္ေတြကို ညေန ၆နာရီကေန ၉နာရီအထိရႏိုင္ပါတယ္။ အသားကင္ေတြအျပင္ ပဲဟင္း၊ အရြက္သုပ္၊ ဘီယာနဲ႔ soft drink ေတြပါ free flow ရႏိုင္ဦးမွာေနာ္။ Gov Tax 5% + Service Charges 5% ေတာ့ထပ္မံေပးရမွာပါ။

G13/14၊ Urban Asia Center ေျမညီထပ္၊ ၄၈လမ္းနဲ႔ မဟာဗႏၶဳလလမ္းေထာင့္၊ ဗိုလ္တေထာင္။
09 264 655 551 (Promotion ေတြကိုဘြတ္ကင္လုပ္ထားသင့္ပါတယ္)
10:30am – 11:00pm

Homay

တရုတ္အစားအစာၾကိဳက္သူအတြက္ေတာ့ Homay ကအဆင္ေျပမွာပါ။ သူ႔ရဲ႕ signature ပီကင္းဘဲကင္ကို ေရေႏြးေငြ႔နဲ႔ေပါင္းထားတဲ့ဂ်ံဳျပား၊ ျခစ္ထားတဲ့သခြားသီးနဲ႔ ၾကက္သြန္ျမိတ္ေလးေတြနဲ႔ ေဆာ့စ္ပါတဲ့ေသတၱာေလးနဲ႔တည္ခင္းေပးတယ္။ ဘဲကင္ကအရိုးမပါဘူး။ အဆီမပါဘဲ နီရဲေနတဲ့အေရခြံကၾကြပ္ျပီး အသားကႏူးညံ့တယ္။ သူကဂ်ံဳျပားအိအိေလးေပၚမွာအသားကိုတင္၊ ေဆာ့စ္ေလးဆမ္း၊ သခြားသီးနဲ႔ၾကက္သြန္ျမိတ္ေလး နည္းနည္းျဖဴးျပီး ထုပ္စားရတာပါ။ ပီကင္းဘဲကင္ျပီးရင္ မကာအိုအေခါက္ကင္ကနာမည္အၾကီးဆံုးဟင္းလ်ာျဖစ္ပါတယ္။

G 11၊ Urban Asia Center ေျမညီထပ္၊ ၄၈လမ္းနဲ႔ မဟာဗႏၶဳလလမ္းေထာင့္၊ ဗိုလ္တေထာင္။
09 259 257 887, 09 972 793 023, 09 773 994 299
11:00am – 10:00pm
ပ်မ္းမွ်ေစ်းႏႈန္း – က်ပ္ ၅၀၀၀ – ၂၀၀၀၀ ၀န္းက်င္

38 Street Station Teppanyaki

ဂ်ပန္ဘာသာစကားနဲ႔ဆို teppan ဆိုတာသံပူျပားကိုေခၚတာျဖစ္ျပီး yaki ကေတာ့ ကင္ျခင္းလို႔ အဓိပၸာယ္ရပါတယ္။ ဒါေၾကာင့္သံပူျပားအကင္လို႔အနီးစပ္ဆံုးျမန္မာမႈျပဳႏုိင္တယ္။ ဘာေရြးရမွန္းမသိျဖစ္ေနရင္သူ႔ဆိုင္ကအထူးဟင္းပြဲျဖစ္တဲ့ ၾသစေၾတးလ်အမဲနံသားကင္၊ သံုးထပ္သားကင္၊ က်ားပုစြန္ကင္နဲ႔ ေဒၚလီငါးကင္တုိ႔ထဲကမွာပါ။ ၾသစေၾတးလ်အမဲသားကေစ်းႏႈန္းျမင့္ေပမယ့္ပါးစပ္ထဲမွာတင္ ေပ်ာ္သြားေလာက္ေအာင္ႏူးညံ့တယ္။ ျမန္မာအမဲသားလည္းရွိပါတယ္။

Urban Asia Center ေျမညီထပ္၊ ၄၈လမ္းနဲ႔ မဟာဗႏၶဳလလမ္းေထာင့္၊ ဗိုလ္တေထာင္။
09 797 979 249
10am – 10pm
ပ်မ္းမွ်ေစ်းႏႈန္း – က်ပ္ ၄၀၀၀ – ၁၀၀၀၀ ၀န္းက်င္၊ import အမဲသား (က်ပ္ ၂၀၀၀၀ – ၃၀၀၀၀)

Café Salween

MYANMORE ရဲ႕ Café of the Year 2018 ရထားတဲ့ဒီဆိုင္ေလးရဲ႕အခန္းအျပင္အဆင္က အရမ္းသက္ေတာင့္သက္သာရွိျပီး အလယ္မွာသစ္ပင္တစ္ပင္ရိွတဲ့ဥယ်ာဥ္ေလးထဲ ေရာက္သြားသလိုခံစားခ်က္မ်ိဳးရတယ္။ ေကာ္ဖီအမ်ိဳးမ်ိဳးရ႐ွိႏုိင္သလို လက္ဘက္ရည္ၾကိဳက္သူဆိုရင္ေတာ့ ျမန္မာ့ထံုးတမ္းစဥ္လာလက္ဘက္ရည္ေဖ်ာ္စပ္နည္းနဲ႔အညီဖန္တီးထားတဲ့ Salween Tea Latte ကိုေသာက္ၾကည့္ပါ။ Hello from Yangon၊ Mandalay’s Nights စသျဖင့္နာမည္ဆန္းဆန္းေလးေတြ ေပးထားတဲ့ Special cold brew ေတြကိုလည္းစမ္းေသာက္ၾကည့္သင့္ပါတယ္။ ေကာ္ဖီနဲ႔တြဲစားရမယ့္မုန္႔ေတြအျပင္ ဟင္းပြဲေတြလည္းရွိပါတယ္။

G 15၊ Urban Asia Center ေျမညီထပ္၊ မဟာဗႏၶဳလလမ္းႏွင့္ ၄၈လမ္းေထာင့္။
09 425 830 657
8am – 8pm
ပ်မ္းမွ်ေစ်းႏႈန္း – ေကာ္ဖီ အပူ/အေအး (က်ပ္ ၅၀၀၀ ၀န္းက်င္)၊ မုန္႔ (က်ပ္ ၃၀၀၀ ၀န္းက်င္)၊ ဟင္းပြဲ (က်ပ္ ၆၀၀၀ ၀န္းက်င္)

စင္တာထဲကတျခားစားေသာက္ဆိုင္ႏွင့္ဘားမ်ား
800 Bowls
YKKO
Cuba Bar
Fire & Ice
7th Joint
Pirate Bar

Unicode

၄၈လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်က Urban Asia Center ရဲ့မြေညီထပ်ဟာ foodie တွေအတွက်တော့ one stop နိဗ္ဗာန်ဘုံပါ။ အစားအသောက်ယဉ်ကျေးမှုပေါင်းစုံကိုတနေရာတည်းမှာစားလို့ရတဲ့အပြင် ညဘက် night out ထွက်ချင်သူများအတွက် ဘားတွေလည်းရှိတယ်။ ချစ်သူနဲ့ဒိတ်ဖို့လား၊ သူငယ်ချင်းတွေနဲ့အတူတူ မုန့်စားဖို့လား၊ ဒါမှမဟုတ် အိမ်မှာချက်တဲ့ဟင်းမကြိုက်လို့လား။ ဘာကြောင့်ပဲဖြစ်ဖြစ်ပိတ်ရက်မှာ အပြင်ထွက်မုန့်စားဖို့စီစဉ်နေသူတွေအတွက် Urban Asia Center ထဲမှာမြည်းစမ်းစားကြည့်သင့်တဲ့ဆိုင်တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မဟာဗန္ဓုလလမ်းဝင်ပေါက်ကဝင်လိုက်တာနဲ့ အောက်ကဆိုင်တွေကိုအတန်းလိုက်တွေ့နိုင်မှာပါ။

The Northern

ဖွင့်တာတလကျော်လောက်ပဲရှိသေးတဲ့ဒီဆိုင်လေးက ရှမ်းပြည်မြောက်ပိုင်းမူဆယ်နယ်စပ်ကဟင်းလျာတွေနဲ့ အကင်တွေကိုအဓိကထားရောင်းပါတယ်။ အပူအစပ်ကြိုက်တဲ့သူတွေနဲ့ အကင်လေးစားရင်းဘီယာသောက်ချင်တဲ့သူတွေအတွက် ဒီဆိုင်ကိုညွှန်းပါတယ်။ မစားမဖြစ်စားကြည့်သင့်တာကတော့ ငါးခူချဉ်စော်ခါးသီးချက်နဲ့အမဲလျှာဆာခုံပဲ။ အကင်တွေထဲမှာတော့ အမဲဆီကင်၊ ငါးကင်နဲ့ ခရမ်းသီးကင်တို့ကဘီယာနဲ့တော်တော်လိုက်ပါတယ်။ အကင်တွေကိုဘိန်းစေ့လေးဖြူးပေးတဲ့အတွက် မွှေးဆိမ့်တဲ့အရသာကိုခံစားရမှာပါ။

Urban Asia Center၊ ၄၈လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်တထောင်။
09 959 367 096
3pm – 11pm
ပျမ်းမျှဈေးနှုန်း – ဟင်းပွဲ (ကျပ် ၅၀၀၀ – ၁၀၀၀၀)၊ အကင် (ကျပ် ၅၀၀ – ၁၈၀၀)

အညာသူ

အညာဟင်းလျာတွေကိုမြည်းစမ်းချင်သူတွေ၊ အိမ်နဲ့ဝေးနေတဲ့အညာသူအညာသားတွေအတွက် အညာထမင်းဟင်းတွေရောင်းတဲ့ဆိုင်လေးကိုတခေါက်လောက်တော့အရောက်သွားစားကြည့်နော်။ ဖွင့်တာ ၂လလောက်ပဲရှိသေးပေမယ့် ကြားရက်တွေမှာဆိုနေ့လယ်ဘက်ထိုင်ခုံတွေပြည့်နေတဲ့အထိလူများပါတယ်။ မနက်စာနန်းကြီးသုပ်၊ မုန့်ဟင်းခါးတို့ရပါတယ်။ မနက်စာများများစားတတ်သူတွေကတော့ ဆနွင်းထမင်းကြော်နဲ့ကြက်ပေါင်ကြော်ကိုအကြိုက်တွေ့မှာပါ။ နေ့လယ်စာကတော့ဟင်းအမျိုးပေါင်း ၂၀လောက်ရှိတာမို့ရွေးစရာတော်တော်စုံတယ်။ ဝက်မြေအိုးချက်နဲ့ ပုစွန်ချဉ်ပေါင်ကိုညွှန်းပါတယ်။ အခမဲ့ချပေးတဲ့ပဲတီချဉ်လေးကခံတွင်းမြိန်စေမှာပါ။

Urban Asia Center မြေညီထပ်၊ ၄၈လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်တထောင်။
09 506 6609
7am – 3pm
ပျမ်းမျှဈေးနှုန်း – ဟင်းပွဲ (ကျပ် ၁၀၀၀ – ၅၀၀၀)၊ အရန်ဟင်း (ကျပ် ၅၀၀ – ၁၀၀၀)

Prime Rib

အနောက်တိုင်းအစားအစာနဲ့ အသားကင်ကြိုက်သူဆိုရင်တော့ Prime Rib ကလွဲပြီးတခြားမရှာပါနဲ့တော့။ Steak, sandwich တွေပါဝင်တဲ့ a la carte menu အပြင် အရမ်းတန်တဲ့အဝစားအစီအစဉ်တွေလည်းရှိတယ်။ အင်္ဂါနေ့မှာဆို ဝက်နံရိုးကင်အဝစား promotion (ကျပ် ၁၉၈၀၀)၊ ကြာသာပတေးနေ့ဆို အမဲနံရိုးကင်အဝစား promotion (ကျပ် ၂၂၈၀၀)၊ စနေနေ့ဆို အမဲရင်ပုံသားကင်အဝစား promotion (ကျပ် ၂၅၀၀၀) အစီအစဉ်တွေကို ညနေ ၆နာရီကနေ ၉နာရီအထိရနိုင်ပါတယ်။ အသားကင်တွေအပြင် ပဲဟင်း၊ အရွက်သုပ်၊ ဘီယာနဲ့ soft drink တွေပါ free flow ရနိုင်ဦးမှာနော်။ Gov Tax 5% + Service Charges 5% တော့ထပ်မံပေးရမှာပါ။

G13/14၊ Urban Asia Center မြေညီထပ်၊ ၄၈လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်တထောင်။
09 264 655 551 (Promotion တွေကိုဘွတ်ကင်လုပ်ထားသင့်ပါတယ်)
10:30am – 11:00pm

Homay

တရုတ်အစားအစာကြိုက်သူအတွက်တော့ Homay ကအဆင်ပြေမှာပါ။ သူ့ရဲ့ signature ပီကင်းဘဲကင်ကို ရေနွေးငွေ့နဲ့ပေါင်းထားတဲ့ဂျုံပြား၊ ခြစ်ထားတဲ့သခွားသီးနဲ့ ကြက်သွန်မြိတ်လေးတွေနဲ့ ဆော့စ်ပါတဲ့သေတ္တာလေးနဲ့တည်ခင်းပေးတယ်။ ဘဲကင်ကအရိုးမပါဘူး။ အဆီမပါဘဲ နီရဲနေတဲ့အရေခွံကကြွပ်ပြီး အသားကနူးညံ့တယ်။ သူကဂျုံပြားအိအိလေးပေါ်မှာအသားကိုတင်၊ ဆော့စ်လေးဆမ်း၊ သခွားသီးနဲ့ကြက်သွန်မြိတ်လေး နည်းနည်းဖြူးပြီး ထုပ်စားရတာပါ။ ပီကင်းဘဲကင်ပြီးရင် မကာအိုအခေါက်ကင်ကနာမည်အကြီးဆုံးဟင်းလျာဖြစ်ပါတယ်။

G 11၊ Urban Asia Center မြေညီထပ်၊ ၄၈လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်တထောင်။
09 259 257 887, 09 972 793 023, 09 773 994 299
11:00am – 10:00pm
ပျမ်းမျှဈေးနှုန်း – ကျပ် ၅၀၀၀ – ၂၀၀၀၀ ဝန်းကျင်

38 Street Station Teppanyaki

ဂျပန်ဘာသာစကားနဲ့ဆို teppan ဆိုတာသံပူပြားကိုခေါ်တာဖြစ်ပြီး yaki ကတော့ ကင်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့်သံပူပြားအကင်လို့အနီးစပ်ဆုံးမြန်မာမှုပြုနိုင်တယ်။ ဘာရွေးရမှန်းမသိဖြစ်နေရင်သူ့ဆိုင်ကအထူးဟင်းပွဲဖြစ်တဲ့ သြစတြေးလျအမဲနံသားကင်၊ သုံးထပ်သားကင်၊ ကျားပုစွန်ကင်နဲ့ ဒေါ်လီငါးကင်တို့ထဲကမှာပါ။ သြစတြေးလျအမဲသားကဈေးနှုန်းမြင့်ပေမယ့်ပါးစပ်ထဲမှာတင် ပျော်သွားလောက်အောင်နူးညံ့တယ်။ မြန်မာအမဲသားလည်းရှိပါတယ်။

Urban Asia Center မြေညီထပ်၊ ၄၈လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်တထောင်။
09 797 979 249
10am – 10pm
ပျမ်းမျှဈေးနှုန်း – ကျပ် ၄၀၀၀ – ၁၀၀၀၀ ဝန်းကျင်၊ import အမဲသား (ကျပ် ၂၀၀၀၀ – ၃၀၀၀၀)

Café Salween

MYANMORE ရဲ့ Café of the Year 2018 ရထားတဲ့ဒီဆိုင်လေးရဲ့အခန်းအပြင်အဆင်က အရမ်းသက်တောင့်သက်သာရှိပြီး အလယ်မှာသစ်ပင်တစ်ပင်ရှိတဲ့ဥယျာဉ်လေးထဲ ရောက်သွားသလိုခံစားချက်မျိုးရတယ်။ ကော်ဖီအမျိုးမျိုးရရှိနိုင်သလို လက်ဘက်ရည်ကြိုက်သူဆိုရင်တော့ မြန်မာ့ထုံးတမ်းစဉ်လာလက်ဘက်ရည်ဖျော်စပ်နည်းနဲ့အညီဖန်တီးထားတဲ့ Salween Tea Latte ကိုသောက်ကြည့်ပါ။ Hello from Yangon၊ Mandalay’s Nights စသဖြင့်နာမည်ဆန်းဆန်းလေးတွေ ပေးထားတဲ့ Special cold brew တွေကိုလည်းစမ်းသောက်ကြည့်သင့်ပါတယ်။ ကော်ဖီနဲ့တွဲစားရမယ့်မုန့်တွေအပြင် ဟင်းပွဲတွေလည်းရှိပါတယ်။

G 15၊ Urban Asia Center မြေညီထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၄၈လမ်းထောင့်။
09 425 830 657
8am – 8pm
ပျမ်းမျှဈေးနှုန်း – ကော်ဖီ အပူ/အအေး (ကျပ် ၅၀၀၀ ဝန်းကျင်)၊ မုန့် (ကျပ် ၃၀၀၀ ဝန်းကျင်)၊ ဟင်းပွဲ (ကျပ် ၆၀၀၀ ဝန်းကျင်)

စင်တာထဲကတခြားစားသောက်ဆိုင်နှင့်ဘားများ
800 Bowls
YKKO
Cuba Bar
Fire & Ice
7th Joint
Pirate Bar

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here