Advertisement

ပိတ္ရက္ေတြတန္းစီေနတဲ့ေအာက္တိုဘာမွာခရီးထြက္ခ်င္တယ္၊ ဘယ္သြားရမလဲမသိဘူးျဖစ္ေနတယ္ဆိုရင္ေတာ့ ဒီေဆာင္းပါးကိုဖတ္ၾကည့္ဖို႔လိုျပီေနာ္။ သြားေနက်ေနရာေတြမဟုတ္ဘဲ ထူးထူးျခားျခားခံစားခ်က္နဲ႔အေတြ႔အၾကံဳေတြေပးစြမ္းႏိုင္မယ့္ ျပည္တြင္းျပည္ပခရီးစဥ္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

မႏၱေလးမွာဧရာ၀တီလင္းပိုင္ေတြသြားၾကည့္ပါ

မ်ိဳးသုဥ္းမယ့့္အႏၱရာယ္ဧရာ၀တီလင္းပိုင္ေတြဟာမႏၱေလးျမိဳ႕ေျမာက္ပိုင္းမွာေနထိုင္ၾကပါတယ္။ Living Irrawaddy Dolphin Project ကေနေမာ္ေတာ္ဘုတ္ေတြငွားျပီးသြားလို႔ရပါတယ္။ မႏၱေလးရဲ႕ေျမာက္စူးစူးကိုေမာ္ေတာ္ဘုတ္နဲ႔ခရီးထြက္ရင္း ျမစ္ကမ္းေဘးကတံငါရြာေတြကို ၀င္ေရာက္ေလ့လာႏုိင္တယ္။ ဇိမ္ခံရြက္ဖ်င္တဲေတြထုိးျပီးျမစ္ကမ္းေဘးမွာ ညေရးညတာအနားယူလို႔လည္း ရပါေသးတယ္။ ေနာက္တေန႔မွာတံငါသည္ေတြရဲ႕အကူအညီနဲ႔ လင္းပိုင္ေတြေနတဲ့ေနရာကိုသြားၾကည့္ပါ။ ခရီးစဥ္မွာပင္ပန္းလာျပီဆိုရင္ Mandalay Hill Resort က spa မွာ ဒီႏွစ္ကုန္အထိ ၅၀ရာခိုင္ႏႈန္းေလ်ာ့့ေစ်းနဲ႔အႏွိပ္ခံႏိုင္ပါတယ္။ ဒီ ၁ညအိပ္ ၂ရက္ခရီးဟာတေယာက္ကို ၁၈၅ေဒၚလာက်သင့္ပါတယ္။

[email protected] ကိုဆက္သြယ္ပါ။

ကေမာၻဒီးယားကိုဆိုင္ကယ္စီးလည္ပါ

ကေမာၻဒီးယားရဲ႕ေက်းလတ္ေဒသေတြဟာဆိုင္ကယ္စီးလို႔အလြန္ေကာင္းပါတယ္။ JustRide အဖြဲ႔ဟာဆိုင္ကယ္စီးခရီးသြားရတာ၀ါသနာပါသူေတြအတြက္ Wild Wild West ခရီးစဥ္ကို၀န္ေဆာင္မႈေပးေနတယ္။ ေသာၾကာေန႔ေန႔လယ္ေလာက္မွာ Siem Reap ကိုေလယာဥ္နဲ႔သြားပါ။ ခရီးသြားအဖြဲ႔ကခရီးစဥ္အေၾကာင္းေျပာျပတာနားေထာင္ရင္းညစာစားပါ။ ေနာက္ေန႔က်ရင္ေတာ့ Battambang နဲ႔ Pailin အပါအ၀င္ေက်းလတ္ေဒသတ၀ိုက္စက္ဘီးစီးခရီးစဥ္စတင္ပါျပီ။ ၃ညအိပ္ ၄ရက္ခရီးစဥ္မွာ အစားအေသာက္၊ တည္းခိုခန္း၊ ဆိုင္ကယ္နဲ႔ tour leader ပါ၀င္ျပီး တေယာက္ကို ၈၈၄ေဒၚလာက်သင့္ပါမယ္။ ဆုိင္ကယ္စီးခရီးစဥ္ကေတာ့ ၇၂၀ကီလိုမီတာရွည္လ်ားတယ္။ ရန္ကုန္ကေန Siem Reap ကို Bangkok Airways ကေနတဆင့္ Bangkok transit နဲ႔ေန႔စဥ္ေျပးဆြဲလ်က္ရွိပါတယ္။

[email protected] ကိုဆက္သြယ္ပါ။

စေလနဲ႔ပုပၸါးခရီးစဥ္

ပုဂံကိုေတာ္ေတာ္မ်ားမ်ားသြားလည္ဖူးၾကေပမယ့္ အနီးအနားကစေလနဲ႔ပုပၸါးကိုေတာ့မေရာက္ျဖစ္ၾကပါဘူး။ ပုဂံကေန တနာရီေလာက္ကားေမာင္းသြားရင္ေရာက္တဲ့ဒီျမိဳ႕ေလးေတြမွာဟိုတယ္နဲ႔ေနရာထိုင္ခင္းေတြ ေတာ္ေတာ္အဆင့္ျမင့္ေနပါျပီ။ ပုဂံကိုမနက္ေရာက္တယ္ဆိုရင္ ကားငွားျပီး Popa Mountain Resort ကိုသြားပါ။ မေပါေပါရဲ႕အိမ္မွာေန႔လယ္စာစားပါ (ၾကိဳတင္ဘြတ္ကင္လုပ္ထားဖို႔ေတာ့လိုပါတယ္)။ ျပီးရင္ေတာ့ပုပၸါးေတာင္တက္မလား၊ ေရပူစမ္းမွာေရခ်ိဳးမလားစိတ္ၾကိဳက္ေရြးခ်ယ္ေပါ့ေနာ္။ အဲ့ဒီေနာက္ စေလျမိဳ႕ကိုခရီးဆက္ပါ။ ရုပ္စံုေက်ာင္းနဲ႔ကိုလိုနီေခတ္အေဆာက္အအံုေတြက လည္ပတ္သင့္တဲ့ေနရာေတြျဖစ္ပါတယ္။ Salay House စားေသာက္ဆိုင္မွာထမင္းစားရင္း ပံုလွလွေလးေတြရိုက္ပါ။ တတိယေန႔မွာပုဂံကိုျပန္ျပီး ရန္ကုန္ကမိတ္ေဆြေတြအတြက္ Bagan House မွာယြန္းထည္လွလွေလးေတြ၀ယ္ေပါ့ေနာ္။ ျပီးရင္ေတာ့ရန္ကုန္ကိုေန႔လယ္ခင္းေလယာဥ္နဲ႔ျပန္လို႔ရပါတယ္။

[email protected] မွာခရီးစဥ္ေတြစံုစမ္းႏုိင္ပါတယ္။

ေအးခ်မ္းလွပ ပင္းတယ

ရွမ္းကုန္းျပင္ျမင့္ေဒသေတြမွာေအးေအးေဆးေဆးအနားယူျခင္းဟာလည္း ေလာကနိဗၺာန္ပါပဲ။ ကေလာကိုမ၀င္ေတာ့ဘဲပင္းတယကိုသာတန္းသြားပါ။ ဟဲဟိုးေလဆိပ္ကေနတနာရီေလာက္ကားေမာင္းရင္ ပင္းတယကိုေရာက္ပါျပီ။ ပင္းတယက ကေလာေလာက္ဧည့္သည္မမ်ားတဲ့အတြက္ ပိုျပီးေအးေအးေဆးေဆးရွိတယ္။ တည္းခိုမယ့္ေနရာအတြက္ Cottage House Pindaya ကိုညႊန္းပါတယ္။ အဲ့ဒီကေနတဆင့္လမ္းေလးနည္းနည္းေလွ်ာက္ရင္ ေအာင္ လို႔ေခၚတဲ့လက္မႈပစၥည္းဆိုင္ကိုေရာက္ပါလိမ့္မယ္။ အဲ့ဒီမွာလက္လုပ္ထီးလွလွေလးေတြ၀ယ္လို႔ရတယ္။ ဗုဒၶဆင္းတု ၈၀၀၀ေက်ာ္ရွိတဲ့ ပင္းတယဂူကေတာ့ မေရာက္မျဖစ္သြားသင့္တဲ့ေနရာျဖစ္ပါတယ္။  ညစာကိုေတာ့တည္းခိုခန္းမွာပဲစားလို႔ရသလို ၀ါးတီးဆိုတဲ့ စားေသာက္ဆိုင္မွာလည္း ေအာ္ဂဲနစ္ဟင္းလ်ာေတြကိုသံုးေဆာင္ႏုိင္တယ္။

ေနာက္ေန႔မွာေတာ့ ဓႏုရြာေတြကိုေလွ်ာက္လည္ရင္း လက္ဖက္စိုက္ခင္းေတြကိုေလ့လာပါ။ ရြာဦးေက်ာင္းကိုလည္း၀င္လည္လို႔ရပါတယ္။ ရႈခင္းေတြအရမ္းလွျပီး ျမိဳ႕ျပကိုျငီးေငြ႔႔ေနသူေတြအတြက္ စိတ္ခ်မ္းသာမႈအျပည့္ေပးႏုိင္မယ့္ေဒသလည္းျဖစ္တယ္။ ေခ်ာင္က်တဲ့ေနရာဆိုေပမယ့္ အမ်ားအားျဖင့္ဖုန္းလိုင္းမိေနတာေတြ႔ရပါတယ္။ လမ္းေလွ်ာက္ရာကျပန္လာျပီဆိုရင္ေတာ့ တည္းခိုခန္းမွာခဏနားျပီး ပံုးတလုတ္ေရကန္ကိုသြားလည္ပါ။  

[email protected] မွာခရီးစဥ္ေတြရွိပါတယ္။

Susan Bailey ရဲ႕ Thadingyut: Unique holiday getaway ကိုျမန္မာဘာသာသို႔ျပန္ဆိုေဖာ္ျပျခင္းပါ။

UNICODE

ပိတ်ရက်တွေတန်းစီနေတဲ့အောက်တိုဘာမှာခရီးထွက်ချင်တယ်၊ ဘယ်သွားရမလဲမသိဘူးဖြစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးကိုဖတ်ကြည့်ဖို့လိုပြီနော်။ သွားနေကျနေရာတွေမဟုတ်ဘဲ ထူးထူးခြားခြားခံစားချက်နဲ့အတွေ့အကြုံတွေပေးစွမ်းနိုင်မယ့် ပြည်တွင်းပြည်ပခရီးစဉ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

မန္တလေးမှာဧရာဝတီလင်းပိုင်တွေသွားကြည့်ပါ

မျိုးသုဉ်းမယ့်အန္တရာယ်ဧရာဝတီလင်းပိုင်တွေဟာမန္တလေးမြို့မြောက်ပိုင်းမှာနေထိုင်ကြပါတယ်။ Living Irrawaddy Dolphin Project ကနေမော်တော်ဘုတ်တွေငှားပြီးသွားလို့ရပါတယ်။ မန္တလေးရဲ့မြောက်စူးစူးကိုမော်တော်ဘုတ်နဲ့ခရီးထွက်ရင်း မြစ်ကမ်းဘေးကတံငါရွာတွေကို ဝင်ရောက်လေ့လာနိုင်တယ်။ ဇိမ်ခံရွက်ဖျင်တဲတွေထိုးပြီးမြစ်ကမ်းဘေးမှာ ညရေးညတာအနားယူလို့လည်း ရပါသေးတယ်။ နောက်တနေ့မှာတံငါသည်တွေရဲ့အကူအညီနဲ့ လင်းပိုင်တွေနေတဲ့နေရာကိုသွားကြည့်ပါ။ ခရီးစဉ်မှာပင်ပန်းလာပြီဆိုရင် Mandalay Hill Resort က spa မှာ ဒီနှစ်ကုန်အထိ ၅၀ရာခိုင်နှုန်းလျော့ဈေးနဲ့အနှိပ်ခံနိုင်ပါတယ်။ ဒီ ၁ညအိပ် ၂ရက်ခရီးဟာတယောက်ကို ၁၈၅ဒေါ်လာကျသင့်ပါတယ်။

[email protected] ကိုဆက်သွယ်ပါ။

ကမ္ဘောဒီးယားကိုဆိုင်ကယ်စီးလည်ပါ

ကမ္ဘောဒီးယားရဲ့ကျေးလတ်ဒေသတွေဟာဆိုင်ကယ်စီးလို့အလွန်ကောင်းပါတယ်။ JustRide အဖွဲ့ဟာဆိုင်ကယ်စီးခရီးသွားရတာဝါသနာပါသူတွေအတွက် Wild Wild West ခရီးစဉ်ကိုဝန်ဆောင်မှုပေးနေတယ်။ သောကြာနေ့နေ့လယ်လောက်မှာ Siem Reap ကိုလေယာဉ်နဲ့သွားပါ။ ခရီးသွားအဖွဲ့ကခရီးစဉ်အကြောင်းပြောပြတာနားထောင်ရင်းညစာစားပါ။ နောက်နေ့ကျရင်တော့ Battambang နဲ့ Pailin အပါအဝင်ကျေးလတ်ဒေသတဝိုက်စက်ဘီးစီးခရီးစဉ်စတင်ပါပြီ။ ၃ညအိပ် ၄ရက်ခရီးစဉ်မှာ အစားအသောက်၊ တည်းခိုခန်း၊ ဆိုင်ကယ်နဲ့ tour leader ပါဝင်ပြီး တယောက်ကို ၈၈၄ဒေါ်လာကျသင့်ပါမယ်။ ဆိုင်ကယ်စီးခရီးစဉ်ကတော့ ၇၂၀ကီလိုမီတာရှည်လျားတယ်။ ရန်ကုန်ကနေ Siem Reap ကို Bangkok Airways ကနေတဆင့် Bangkok transit နဲ့နေ့စဉ်ပြေးဆွဲလျက်ရှိပါတယ်။

[email protected] ကိုဆက်သွယ်ပါ။

စလေနဲ့ပုပ္ပါးခရီးစဉ်

ပုဂံကိုတော်တော်များများသွားလည်ဖူးကြပေမယ့် အနီးအနားကစလေနဲ့ပုပ္ပါးကိုတော့မရောက်ဖြစ်ကြပါဘူး။ ပုဂံကနေ တနာရီလောက်ကားမောင်းသွားရင်ရောက်တဲ့ဒီမြို့လေးတွေမှာဟိုတယ်နဲ့နေရာထိုင်ခင်းတွေ တော်တော်အဆင့်မြင့်နေပါပြီ။ ပုဂံကိုမနက်ရောက်တယ်ဆိုရင် ကားငှားပြီး Popa Mountain Resort ကိုသွားပါ။ မပေါပေါရဲ့အိမ်မှာနေ့လယ်စာစားပါ (ကြိုတင်ဘွတ်ကင်လုပ်ထားဖို့တော့လိုပါတယ်)။ ပြီးရင်တော့ပုပ္ပါးတောင်တက်မလား၊ ရေပူစမ်းမှာရေချိုးမလားစိတ်ကြိုက်ရွေးချယ်ပေါ့နော်။ အဲ့ဒီနောက် စလေမြို့ကိုခရီးဆက်ပါ။ ရုပ်စုံကျောင်းနဲ့ကိုလိုနီခေတ်အဆောက်အအုံတွေက လည်ပတ်သင့်တဲ့နေရာတွေဖြစ်ပါတယ်။ Salay House စားသောက်ဆိုင်မှာထမင်းစားရင်း ပုံလှလှလေးတွေရိုက်ပါ။ တတိယနေ့မှာပုဂံကိုပြန်ပြီး ရန်ကုန်ကမိတ်ဆွေတွေအတွက် Bagan House မှာယွန်းထည်လှလှလေးတွေဝယ်ပေါ့နော်။ ပြီးရင်တော့ရန်ကုန်ကိုနေ့လယ်ခင်းလေယာဉ်နဲ့ပြန်လို့ရပါတယ်။

[email protected] မှာခရီးစဉ်တွေစုံစမ်းနိုင်ပါတယ်။

အေးချမ်းလှပ ပင်းတယ

ရှမ်းကုန်းပြင်မြင့်ဒေသတွေမှာအေးအေးဆေးဆေးအနားယူခြင်းဟာလည်း လောကနိဗ္ဗာန်ပါပဲ။ ကလောကိုမဝင်တော့ဘဲပင်းတယကိုသာတန်းသွားပါ။ ဟဲဟိုးလေဆိပ်ကနေတနာရီလောက်ကားမောင်းရင် ပင်းတယကိုရောက်ပါပြီ။ ပင်းတယက ကလောလောက်ဧည့်သည်မများတဲ့အတွက် ပိုပြီးအေးအေးဆေးဆေးရှိတယ်။ တည်းခိုမယ့်နေရာအတွက် Cottage House Pindaya ကိုညွှန်းပါတယ်။ အဲ့ဒီကနေတဆင့်လမ်းလေးနည်းနည်းလျှောက်ရင် အောင် လို့ခေါ်တဲ့လက်မှုပစ္စည်းဆိုင်ကိုရောက်ပါလိမ့်မယ်။ အဲ့ဒီမှာလက်လုပ်ထီးလှလှလေးတွေဝယ်လို့ရတယ်။ ဗုဒ္ဓဆင်းတု ၈၀၀၀ကျော်ရှိတဲ့ ပင်းတယဂူကတော့ မရောက်မဖြစ်သွားသင့်တဲ့နေရာဖြစ်ပါတယ်။ ညစာကိုတော့တည်းခိုခန်းမှာပဲစားလို့ရသလို ဝါးတီးဆိုတဲ့ စားသောက်ဆိုင်မှာလည်း အော်ဂဲနစ်ဟင်းလျာတွေကိုသုံးဆောင်နိုင်တယ်။

နောက်နေ့မှာတော့ ဓနုရွာတွေကိုလျှောက်လည်ရင်း လက်ဖက်စိုက်ခင်းတွေကိုလေ့လာပါ။ ရွာဦးကျောင်းကိုလည်းဝင်လည်လို့ရပါတယ်။ ရှုခင်းတွေအရမ်းလှပြီး မြို့ပြကိုငြီးငွေ့နေသူတွေအတွက် စိတ်ချမ်းသာမှုအပြည့်ပေးနိုင်မယ့်ဒေသလည်းဖြစ်တယ်။ ချောင်ကျတဲ့နေရာဆိုပေမယ့် အများအားဖြင့်ဖုန်းလိုင်းမိနေတာတွေ့ရပါတယ်။ လမ်းလျှောက်ရာကပြန်လာပြီဆိုရင်တော့ တည်းခိုခန်းမှာခဏနားပြီး ပုံးတလုတ်ရေကန်ကိုသွားလည်ပါ။

[email protected] မှာခရီးစဉ်တွေရှိပါတယ်။

Susan Bailey ရဲ့ Thadingyut: Unique holiday getaway ကိုမြန်မာဘာသာသို့ပြန်ဆိုဖော်ပြခြင်းပါ။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here