စုဖုရားလတ္၏ေနာက္ဆံုးေန႔မ်ား

    0

    စုဖုရားလတ္ဟာသူမရဲ႕ေနာက္ဆံုးေန႔ေတြကိုရန္ကုန္မွာပဲျဖတ္သန္းခဲ့တယ္ဆိုတာသင္သိပါသလား။

    ျမန္မာႏုိင္ငံရဲ႕ေနာက္ဆံုးမိဖုရားစုဖုရားလတ္ဆိုရင္ လူေတာ္ေတာ္မ်ားမ်ားကဗိုလ္က်ခ်ယ္လွယ္လိုစိတ္ၾကီးတဲ့ ရက္စက္တဲ့သူတေယာက္လို႔ပဲျမင္ေလ့ရွိၾကတယ္။

    ဒါေပမယ့္သူမရဲ႕တကယ့္စိတ္ရင္းအမွန္ကိုက်ေနာ္တို႔သိၾကရဲ႕လား။ အမ်ားေျပာသလိုဗိုလ္က်ရက္စက္တဲ့မိဖုရားတေယာက္ဆိုတာကေကာ တကယ္မွန္ရဲ႕လား။

    ေသေသခ်ာခ်ာေလ့လာၾကည့္မယ္ဆိုရင္ ဗမာဘုရင္မိသားစုကိုနာမည္ဖ်က္ဖို႔ရည္ရြယ္တဲ့ကိုလိုနီနယ္ခ်ဲ႕ေတြရဲ႕ မဟုတ္မမွန္သတင္းလႊင့္ခ်က္ေတြကိုေတြ႔ရမွာပါ။  

    အဲ့ဒီေခတ္ကသတင္းစာေတြဟာ စုဖုရားလတ္ကိုဘုရင္ေနာက္ကြယ္ကၾကိဳးကိုင္ေနသူလို႔ပံုေဖာ္ၾကတယ္။ သီေပါမင္းကိုလည္းအရည္အခ်င္းမရွိတဲ့ဘုရင္အျဖစ္ေရးသားေဖာ္ျပၾကတဲ့အျပင္ အရက္သမားလို႔စြပ္စြဲခဲ့ၾကပါေသးတယ္။ တကယ္ေတာ့သီေပါမင္းဟာဗုဒၶဘာသာ၀င္တေယာက္ျဖစ္သလို ဘာသာေရးကိုင္းရိႈင္းလြန္းတာေၾကာင့္ေသရည္ေသရက္ေသာက္စားျခင္းလံုး၀မရွိခဲ့ပါဘူး။ စုဖရားလတ္ရဲ႕ေသြးထိုးေပးမႈေၾကာင့္ သီေပါမင္းကလက္နက္နည္းပညာအစမ်ားစြာသာလြန္တဲ့ျဗိတိသွ်ေတြနဲ႔ စစ္မက္ျဖစ္ပြားဖို႔ဆံုးျဖတ္ခဲ့သေယာင္ေယာင္ေရးသားမႈေတြလည္းရွိခဲ့ပါတယ္။

    ျဗိတိသွ်တို႔ထုတ္ေ၀တဲ့ Punch Magazine မွာသီေပါမင္းကိုအရက္မူးေနတဲ့ဖားျပဳတ္ၾကီးအျဖစ္ပံုေဖာ္ခဲ့ၾကတယ္

    ဒါေပမယ့္ကုန္းေဘာင္ေခတ္ေႏွာင္းနန္းတြင္းေရးဟာသတင္းစာေတြကေဖာ္ျပသေလာက္မရိုးရွင္းပါဘူး။ ၁၈၅၂ကေနစတင္ျပီး တႏွစ္ၾကာျဖစ္ပြားခဲ့တဲ့ ဒုတိယအဂၤလိပ္-ဗမာစစ္ပြဲေၾကာင့္ ႏုိင္ငံဟာဖရိုဖရဲျဖစ္က်န္ခဲ့ပါတယ္။ ၁၈၇၈မွာမင္းတုန္းမင္းနတ္ရြာစံသြားေတာ့ ထီးနန္းဆက္ခံမယ့္သူေရြးခ်ယ္တဲ့ေနရာမွာျပႆနာေတြျဖစ္လာခဲ့တယ္။ လြန္ခဲ့တဲ့ ၁၂ႏွစ္ေလာက္က ဘုရင့္သားေတာ္ႏွစ္ဦးဟာ အိမ္ေရွ႕စံမင္းသားကိုသတ္ျဖတ္မႈျဖစ္ပြားခဲ့ပါတယ္။ သူတို႔ ၂ေယာက္ဟာ ႏိုင္ငံကထြက္ေျပးတိမ္းေရွာင္ခဲ့ၾကေပမယ့္ တေန႔မွာျဗိတိသွ်ေတြရဲ႕အကူအညီနဲ႔ထီးနန္းကိုသိမ္းယူဖို႔ ျပန္လာၾကလိမ့္မယ္လို႔အားလံုးကယံုၾကည္ခဲ့ၾကတယ္။  

    ဒီလိုအေျခအေနမွာ စုဖုရားလတ္ရဲ႕မိခင္ဆင္ျဖဴမရွင္မိဖုရားၾကီးဟာ ရာနဲ႔ခ်ီတဲ့မင္းညီမင္းသားေတြကိုသတ္ပစ္ျပီး သီေပါမင္းကိုနန္းတင္ခဲ့ပါတယ္။ ဒီလိုေသြးေျမက်နန္းလုပြဲကေနတဆင့္အာဏာရလာခဲ့တဲ့ သီေပါနဲ႔စုဖုရားလတ္တုိ႔ဟာ ဘယ္သူ႔ကိုမွမယံုရဲေတာ့တာအဆန္းေတာ့မဟုတ္ပါဘူး။ ၁၈၈၅ခုႏွစ္မွာ ျဗိတိသွ်ေတြရဲ႕ရာဇသံေရာက္လာေတာ့ စစ္ေျပျငိမ္းဖို႔သေဘာတူလိုက္ရင္တေန႔မွာသူတို႔ရဲ႕အသက္ေဘးကို ရန္ရွာလာမွာစိုးတဲ့အတြက္ စစ္ဆက္တုိက္ဖို႔ပဲဆံုးျဖတ္ခဲ့ၾကျခင္းျဖစ္ပါတယ္။

    ရတနာဂီရိေရာက္သီေပါမင္း

    သီေပါမင္းရဲ႕အခ်စ္ေရး

    ၁၈၇၉မွာသီေပါမင္းတို႔နန္းတက္ေတာ့ စုဖုရားလတ္က ၁၉ႏွစ္သာရွိပါေသးတယ္။ အရွက္အေၾကာက္ၾကီးျပီး စာဖတ္၀ါသနာပါတဲ့သီေပါမင္းကိုလည္းျမတ္ျမတ္ႏုိးႏိုးခ်စ္ရွာတယ္။

    စုဖုရားလတ္ဟာငယ္ငယ္ကေယာက်္ားေလးအ၀တ္အစားေတြ၀တ္ျပီးသူတဘက္သတ္ ခ်စ္ရတဲ့သာဂရမင္းသားနဲ႔နီးစပ္ဖို႔ၾကိဳးစားခဲ့ဖူးပါတယ္။ မႏၱေလးနန္းေတာ္ရဲ႕တားျမစ္ဧရိယာထဲအထိ ေရာက္သြားျပီးသီေပါနဲ႔ေတြ႔ေတာ့ သာဂရမင္းသားဘယ္မွာလဲဆိုတာေမးၾကည့္ပါတယ္။ သီေပါကမေျပာတဲ့အခါ စုဖုရားလတ္ကသူ႔ေခါင္းကိုထုထည့္လိုက္တယ္။ အဲ့ဒီအခ်ိန္ကစျပီးသီေပါဟာစုဖုရားလတ္ကို သေဘာက်ခဲ့တယ္လို႔ေျပာရမယ္။

    ဒီလိုနဲ႔သူတို႔ ၂ေယာက္ခ်စ္သ၀ဏ္လႊာေတြအျပန္အလွန္ေရးခဲ့ၾကျပီး စုဖုရားလတ္ဟာသီေပါရဲ႕အေဆာင္အထိ သြားေရာက္ေတြ႔ဆံုခဲ့ပါတယ္။ ဆင္ျဖဴမရွင္အေနနဲ႔ဒီသတင္းကိုသိရေတာ့ ေရွ႕ေလွ်ာက္အလားအလာေကာင္းတဲ့ စံုတြဲျဖစ္လာႏိုင္တာကိုသေဘာေပါက္ခဲ့တယ္။

    ဒါေပမယ့္ဆင္ျဖဴမရွင္ဟာအၾကီးဆံုးသမီးျဖစ္သူစုဖုရားၾကီးနဲ႔သာ သီေပါကိုလက္ဆက္ေပးခဲ့တာပါ။ စုဖုရားလတ္ကေတာ့သီေပါမင္းကိုဘယ္သူနဲ႔မွမွ်ေ၀ခ်စ္လိုျခင္းမရွိဘဲသူတေယာက္တည္းသာ ပိုင္ဆိုင္လိုခဲ့တယ္။ ဒီအခ်က္ဟာနန္းတြင္းဓေလ့ထံုးတမ္းေတြနဲ႔ဆန္႔က်င္ေနပါတယ္။

    သီေပါမင္းနဲ႔စုဖုရားလတ္တုိ႔ရဲ႕ပို႔စ္ကတ္

    သီေပါကလည္းအရမ္းခ်စ္မိေနျပီျဖစ္တဲ့အတြက္ စုဖုရားလတ္ကိုပဲမိဖုရားေခါင္ၾကီးအျဖစ္ေရြးခ်ယ္ခဲ့တယ္။ ဘိသိက္ညမွာသီေပါမင္းဟာစုဖုရားလတ္ရဲ႕အေဆာင္မွာသာအိပ္စက္ခဲ့ျပီး သူတကယ္ခ်စ္တဲ့မိဖုရားကဘယ္သူဆိုတာျပခဲ့ပါတယ္။

    ဒါေပမယ့္သူတို႔ဇနီးေမာင္ႏွံရဲ႕နန္းသက္မရွည္ခဲ့ပါဘူး။ ၁၈၈၅ခုႏွစ္မွာျဗိတိသွ်ေတြဟာမႏၱေလးနန္းေတာ္ကို သိမ္းပိုက္လိုက္ျပီးေတာ္၀င္မိသားစုကိုအိႏၵိယႏုိင္ငံရတနာဂီရိဆီပို႔ထားလိုက္ပါတယ္။ အဲ့ဒီအခ်ိန္ကစျပီးသီေပါမင္းဟာသူ႔ဇာတိကိုျပန္မေရာက္ေတာ့တာေသတဲ့အထိပါပဲ။

    ျပည္ေတာ္ျပန္ခရီး

    နယ္ႏွင္ဒဏ္ခံရတဲ့ကာလမွာစုဖုရားလတ္ဟာ ကာလ္ကတၱားကဘုရင္ခံဆီစာေတြေရးျပီး ေထာက္ပံ့ေၾကးပိုေပးဖို႔၊ အခိုးခံရတဲ့ရတနာေတြျပန္ေပးဖို႔နဲ႔ ဇာတိေျမကိုျပန္ခြင့္ျပဳဖို႔ေတာင္းပန္ခဲ့တယ္။

    ၁၉၁၆မွာသီေပါကြယ္လြန္ခဲ့ျပီးေနာက္ အိုမင္းမစြမ္းျဖစ္ေနတဲ့စုဖုရားလတ္ဟာဗမာႏုိင္ငံကိုျပန္ခြင့္ရခဲ့ပါတယ္။ ဒါေပမယ့္မႏၱေလးနန္းေတာ္ကိုေျခခ်ခြင့္မရခဲ့ဘဲ ရန္ကုန္မွာသာေနခဲ့ရတယ္။ ကိုလိုနီေခတ္မွာရန္ကုန္ဟာ ဗမာႏုိင္ငံရဲ႕ျမိဳ႕ေတာ္ျဖစ္လာျပီး ၾကီးပြားတုိးတက္ေနခဲ့ပါျပီ။

    ၁၈၈၅ မွ ၁၉၁၉အထိကိုယ္ေတာ္ ၂ပါးေနခဲ့ရေသာရတနာဂီရိမွအေဆာက္အအံု

    ဗမာျပည္သူေတြေတာ္၀င္မိသားစုကိုေမ့ေပ်ာက္သြားေအာင္ ျဗိတိသွ်ေတြၾကိဳးစားခဲ့ေပမယ့္မေအာင္ျမင္ခဲ့ပါဘူး။ ရန္ကုန္မွာစုဖုရားလတ္ဟာဥေရာပသားေတြအျပင္ ဗမာလူမ်ိဳးေတြနဲ႔ေတြ႔ဆံုခဲ့ပါတယ္။ အခုကိုယ့္မင္းကိုယ့္ခ်င္းလမ္းလို႔ေခၚၾကတဲ့ ၂၃ ခ်ာခ်ီလမ္းက အိမ္ေလးတလံုးမွာ စုဖုရားလတ္တုိ႔မိသားစုေနခြင့္ရခဲ့တယ္။ ဒီအိမ္ဟာေတာင္ကုန္းေလးတခုေပၚမွာရွိျပီး ေရႊတိဂံုဘုရားကိုဖူးျမင္ႏုိင္တာမို႔ စုဖုရားလတ္သိပ္သေဘာက်ခဲ့ပါတယ္။

    ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ေနခဲ့ရတဲ့စုဖုရားလတ္ဟာ ဗမာ့နန္းတြင္းထံုးစံေတြကိုေတာ့စြန္ပယ္ျခင္းမျပဳခဲ့ပါဘူး။ ဧည့္သည္ေတြထက္ျမင့္တဲ့ေနရာမွာသာထိုင္ခဲ့ျပီး အေစခံေတြဟာလည္းသူမအေရွ႕မွာခါးကိုင္းျပီးခစားရပါတယ္။

    ဗမာႏုိင္ငံေရာက္မွပဲစုဖုရားလတ္ရဲ႕စိတ္ဟာေအးခ်မ္းမႈရခဲ့တယ္။ ၀မ္းနည္းမႈသေကၤတအေနနဲ႔ အျဖဴေရာင္အ၀တ္အစားေတြကိုသာ၀တ္ဆင္ျပီး ဘုန္းၾကီးေတြကိုေန႔တိုင္းဆြမ္းကပ္ခဲ့ပါတယ္။

    သူမအရင္ကလုပ္ခဲ့တဲ့အမွားေတြအတြက္အဖတ္ဆယ္ဖို႔ၾကိဳးစားေနတာကိုလည္းေတြ႔ရပါတယ္။ ဗႏၵဳလဂ်ာနယ္ကဗမာလူမ်ိဳးသတင္းေထာက္တေယာက္ဟာ ၁၉၂၄ခုႏွစ္ စက္တင္ဘာမွာ သူမကိုအင္တာဗ်ဴးခဲ့ပါတယ္။ သူ႔ရဲ႕ေရးသားခ်က္အရအင္တာဗ်ဴးေနတုန္းမွာ စုဖုရားလတ္ဟာ “မင္းညီမင္းသားေတြကိုငါသတ္ခဲ့တယ္လို႔လူေတြကထင္ေနၾကတာလား” လို႔အံ့ၾသတၾကီးျပန္ေမးခဲ့ပါသတဲ့။ သတင္းေထာက္ကဟုတ္ပါတယ္လို႔ေျပာလိုက္တဲ့အခါမွာ “မင္းသားေတြကိုသတ္ခဲ့တာငါမဟုတ္ပါဘူး။ ထီးနန္းရတုန္းကငါ့အသက္ငယ္ငယ္ေလးရွိပါေသးတယ္” လို႔ျပန္ေျဖခဲ့ပါတယ္။

    သူမကိုေတြ႔ခ်င္လို႔ေစာင့္ဆိုင္းေနခဲ့တဲ့သူေတြထဲမွာ သခင္ကိုယ္ေတာ္မိႈင္းလည္းအပါအ၀င္ပါ။ ဒို႔ဗမာအစည္းအရံုးကိုတည္ေထာင္သူ ကိုယ္ေတာ္မိႈင္းဟာစုဖုရားလတ္ကိုေထာက္ခံသူျဖစ္သလို ရင္းႏီွးတဲ့သူငယ္ခ်င္းလည္းျဖစ္တယ္။

    စုဖုရားလတ္ကြယ္လြန္ရာကုတင္

    ျဗိတိသွ်အစိုးရၾကပ္မတ္ေနတဲ့ၾကားက စုဖုရားလတ္ကိုအေၾကာင္းျပဳျပီး ဗမာ့အမ်ိဳးသားေရးလႈပ္ရွားမႈေတြလည္း ျဖစ္ပြားခဲ့ပါတယ္။

    ၁၉၂၅ခုႏွစ္ ႏို၀င္ဘာလ ၂၄ရက္ေန႔မွာစုဖုရားလတ္ဟာႏွလံုးေရာဂါနဲ႔ကြယ္လြန္ခဲ့တယ္။ ကြယ္လြန္ခ်ိန္မွာ အသက္ ၆၅ႏွစ္ရွိပါျပီ။

    အံ့ၾသစရာေကာင္းတာကသူမရဲ႕စ်ာပနအတြက္ကုန္က်စရိတ္ကို ျဗိတိသွ်အစိုးရကအကုန္အက်ခံခဲ့တာပါပဲ။ ကိုလိုနီေခတ္အစိုးရ၀န္ထမ္းျဖစ္သူ စာေရးဆရာ Maurice Collis ဟာမိဖုရားရဲ႕ေနာက္ဆံုးခရီးကို လိုက္လံပို႔ေဆာင္ၾကတဲ့လူတန္းၾကီးကိုၾကည့္ျပီး ဒီခ်ီတက္လမ္းေလွ်ာက္ပြဲဟာဗမာ့ေတာ္၀င္မိသားစုအတြက္ ေနာက္ဆံုးျဖစ္လိမ့္မယ္လို႔မွတ္ခ်က္ခ်ခဲ့ပါတယ္။ ျဗိတိသွ်ေတြကအာဏာရွင္လို႔စြပ္စြဲခဲ့တဲ့ မိဖုရားတေယာက္ရဲ႕စ်ာပနကို ျဗိတိသွ်ဘုရင္ခံကတက္ေရာက္တာကိုၾကည့္ရတာ ရယ္စရာေတာ့လည္းအေကာင္းသားလို႔ Collis ကေျပာခဲ့ဖူးတယ္။

    မည္သို႔ပင္ဆိုေစကာမူစုဖုရားလတ္ဟာဗမာ့လြတ္လပ္ေရးတိုက္ပြဲရဲ႕သေကၤတျဖစ္ခဲ့တယ္လို႔ Collis ကဆိုတယ္။

    ကန္ေတာ္မင္ပန္းျခံထဲမွာစုဖုရားလတ္ရဲ႕ဂူဗိမာန္ကိုယေန႔တုိင္ေတြ႔ႏိုင္ပါေသးတယ္။ ဒီဂူဗိမာန္ရဲ႕တည္ေဆာက္ပံုက သူမရဲ႕ေယာကၡထီးမင္းတုန္းမင္းရဲ႕ဂူဗိမာန္နဲ႔ဆင္တူပါတယ္။

    မင္းတုန္းမင္းနဲ႔စုဖုရားလတ္တုိ႔ရဲ႕အုတ္ဂူမ်ား

    ဗမာ့ေတာ္၀င္မိသားစု၀င္ေတြဟာဘုရင္နဲ႔မိဖုရားတို႔ရဲ႕အုတ္ဂူေတြကိုမႏၱေလးျပန္ေရႊ႕ဖို႔စီစဥ္ေနၾကတာ ယေန႔အခ်ိန္ထိပါပဲ။

    ဒါေပမယ့္စုဖုရားလတ္ဟာသူမလိုပဲနာမည္ေက်ာ္ၾကားထင္ရွားတဲ့ဗမာလူမ်ိဳးေတြျဖစ္တဲ့ ဦးသန္႔၊ သခင္ကိုယ္ေတာ္မႈိင္း၊ ေဒၚခင္ၾကည္တုိ႔နဲ႔အတူတူေရႊတိဂံုဘုရားရဲ႕ေအးရိပ္မွာအနားယူသြားခဲ့တာပါ။ ဒီအေျခအေနကိုသူမကိုယ္တိုင္လည္းသေဘာက်မွာေသခ်ာပါတယ္။

    Christian Gilberti ၏ The Last Days of Queen Supayalat ကိုျမန္မာဘာသာျပန္ဆိုေဖာ္ျပျခင္းျဖစ္ပါသည္။

    UNICODE

    စုဖုရားလတ်ဟာသူမရဲ့နောက်ဆုံးနေ့တွေကိုရန်ကုန်မှာပဲဖြတ်သန်းခဲ့တယ်ဆိုတာသင်သိပါသလား။

    မြန်မာနိုင်ငံရဲ့နောက်ဆုံးမိဖုရားစုဖုရားလတ်ဆိုရင် လူတော်တော်များများကဗိုလ်ကျချယ်လှယ်လိုစိတ်ကြီးတဲ့ ရက်စက်တဲ့သူတယောက်လို့ပဲမြင်လေ့ရှိကြတယ်။

    ဒါပေမယ့်သူမရဲ့တကယ့်စိတ်ရင်းအမှန်ကိုကျနော်တို့သိကြရဲ့လား။ အများပြောသလိုဗိုလ်ကျရက်စက်တဲ့မိဖုရားတယောက်ဆိုတာကကော တကယ်မှန်ရဲ့လား။

    သေသေချာချာလေ့လာကြည့်မယ်ဆိုရင် ဗမာဘုရင်မိသားစုကိုနာမည်ဖျက်ဖို့ရည်ရွယ်တဲ့ကိုလိုနီနယ်ချဲ့တွေရဲ့ မဟုတ်မမှန်သတင်းလွှင့်ချက်တွေကိုတွေ့ရမှာပါ။

    အဲ့ဒီခေတ်ကသတင်းစာတွေဟာ စုဖုရားလတ်ကိုဘုရင်နောက်ကွယ်ကကြိုးကိုင်နေသူလို့ပုံဖော်ကြတယ်။ သီပေါမင်းကိုလည်းအရည်အချင်းမရှိတဲ့ဘုရင်အဖြစ်ရေးသားဖော်ပြကြတဲ့အပြင် အရက်သမားလို့စွပ်စွဲခဲ့ကြပါသေးတယ်။ တကယ်တော့သီပေါမင်းဟာဗုဒ္ဓဘာသာဝင်တယောက်ဖြစ်သလို ဘာသာရေးကိုင်းရှိုင်းလွန်းတာကြောင့်သေရည်သေရက်သောက်စားခြင်းလုံးဝမရှိခဲ့ပါဘူး။ စုဖရားလတ်ရဲ့သွေးထိုးပေးမှုကြောင့် သီပေါမင်းကလက်နက်နည်းပညာအစများစွာသာလွန်တဲ့ဗြိတိသျှတွေနဲ့ စစ်မက်ဖြစ်ပွားဖို့ဆုံးဖြတ်ခဲ့သယောင်ယောင်ရေးသားမှုတွေလည်းရှိခဲ့ပါတယ်။

    ဒါပေမယ့်ကုန်းဘောင်ခေတ်နှောင်းနန်းတွင်းရေးဟာသတင်းစာတွေကဖော်ပြသလောက်မရိုးရှင်းပါဘူး။ ၁၈၅၂ကနေစတင်ပြီး တနှစ်ကြာဖြစ်ပွားခဲ့တဲ့ ဒုတိယအင်္ဂလိပ်-ဗမာစစ်ပွဲကြောင့် နိုင်ငံဟာဖရိုဖရဲဖြစ်ကျန်ခဲ့ပါတယ်။ ၁၈၇၈မှာမင်းတုန်းမင်းနတ်ရွာစံသွားတော့ ထီးနန်းဆက်ခံမယ့်သူရွေးချယ်တဲ့နေရာမှာပြဿနာတွေဖြစ်လာခဲ့တယ်။ လွန်ခဲ့တဲ့ ၁၂နှစ်လောက်က ဘုရင့်သားတော်နှစ်ဦးဟာ အိမ်ရှေ့စံမင်းသားကိုသတ်ဖြတ်မှုဖြစ်ပွားခဲ့ပါတယ်။ သူတို့ ၂ယောက်ဟာ နိုင်ငံကထွက်ပြေးတိမ်းရှောင်ခဲ့ကြပေမယ့် တနေ့မှာဗြိတိသျှတွေရဲ့အကူအညီနဲ့ထီးနန်းကိုသိမ်းယူဖို့ ပြန်လာကြလိမ့်မယ်လို့အားလုံးကယုံကြည်ခဲ့ကြတယ်။

    ဒီလိုအခြေအနေမှာ စုဖုရားလတ်ရဲ့မိခင်ဆင်ဖြူမရှင်မိဖုရားကြီးဟာ ရာနဲ့ချီတဲ့မင်းညီမင်းသားတွေကိုသတ်ပစ်ပြီး သီပေါမင်းကိုနန်းတင်ခဲ့ပါတယ်။ ဒီလိုသွေးမြေကျနန်းလုပွဲကနေတဆင့်အာဏာရလာခဲ့တဲ့ သီပေါနဲ့စုဖုရားလတ်တို့ဟာ ဘယ်သူ့ကိုမှမယုံရဲတော့တာအဆန်းတော့မဟုတ်ပါဘူး။ ၁၈၈၅ခုနှစ်မှာ ဗြိတိသျှတွေရဲ့ရာဇသံရောက်လာတော့ စစ်ပြေငြိမ်းဖို့သဘောတူလိုက်ရင်တနေ့မှာသူတို့ရဲ့အသက်ဘေးကို ရန်ရှာလာမှာစိုးတဲ့အတွက် စစ်ဆက်တိုက်ဖို့ပဲဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပါတယ်။

    သီပေါမင်းရဲ့အချစ်ရေး

    ၁၈၇၉မှာသီပေါမင်းတို့နန်းတက်တော့ စုဖုရားလတ်က ၁၉နှစ်သာရှိပါသေးတယ်။ အရှက်အကြောက်ကြီးပြီး စာဖတ်ဝါသနာပါတဲ့သီပေါမင်းကိုလည်းမြတ်မြတ်နိုးနိုးချစ်ရှာတယ်။

    စုဖုရားလတ်ဟာငယ်ငယ်ကယောကျ်ားလေးအဝတ်အစားတွေဝတ်ပြီးသူတဘက်သတ် ချစ်ရတဲ့သာဂရမင်းသားနဲ့နီးစပ်ဖို့ကြိုးစားခဲ့ဖူးပါတယ်။ မန္တလေးနန်းတော်ရဲ့တားမြစ်ဧရိယာထဲအထိ ရောက်သွားပြီးသီပေါနဲ့တွေ့တော့ သာဂရမင်းသားဘယ်မှာလဲဆိုတာမေးကြည့်ပါတယ်။ သီပေါကမပြောတဲ့အခါ စုဖုရားလတ်ကသူ့ခေါင်းကိုထုထည့်လိုက်တယ်။ အဲ့ဒီအချိန်ကစပြီးသီပေါဟာစုဖုရားလတ်ကို သဘောကျခဲ့တယ်လို့ပြောရမယ်။

    ဒီလိုနဲ့သူတို့ ၂ယောက်ချစ်သဝဏ်လွှာတွေအပြန်အလှန်ရေးခဲ့ကြပြီး စုဖုရားလတ်ဟာသီပေါရဲ့အဆောင်အထိ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဆင်ဖြူမရှင်အနေနဲ့ဒီသတင်းကိုသိရတော့ ရှေ့လျှောက်အလားအလာကောင်းတဲ့ စုံတွဲဖြစ်လာနိုင်တာကိုသဘောပေါက်ခဲ့တယ်။

    ဒါပေမယ့်ဆင်ဖြူမရှင်ဟာအကြီးဆုံးသမီးဖြစ်သူစုဖုရားကြီးနဲ့သာ သီပေါကိုလက်ဆက်ပေးခဲ့တာပါ။ စုဖုရားလတ်ကတော့သီပေါမင်းကိုဘယ်သူနဲ့မှမျှဝေချစ်လိုခြင်းမရှိဘဲသူတယောက်တည်းသာ ပိုင်ဆိုင်လိုခဲ့တယ်။ ဒီအချက်ဟာနန်းတွင်းဓလေ့ထုံးတမ်းတွေနဲ့ဆန့်ကျင်နေပါတယ်။

    သီပေါကလည်းအရမ်းချစ်မိနေပြီဖြစ်တဲ့အတွက် စုဖုရားလတ်ကိုပဲမိဖုရားခေါင်ကြီးအဖြစ်ရွေးချယ်ခဲ့တယ်။ ဘိသိက်ညမှာသီပေါမင်းဟာစုဖုရားလတ်ရဲ့အဆောင်မှာသာအိပ်စက်ခဲ့ပြီး သူတကယ်ချစ်တဲ့မိဖုရားကဘယ်သူဆိုတာပြခဲ့ပါတယ်။

    ဒါပေမယ့်သူတို့ဇနီးမောင်နှံရဲ့နန်းသက်မရှည်ခဲ့ပါဘူး။ ၁၈၈၅ခုနှစ်မှာဗြိတိသျှတွေဟာမန္တလေးနန်းတော်ကို သိမ်းပိုက်လိုက်ပြီးတော်ဝင်မိသားစုကိုအိန္ဒိယနိုင်ငံရတနာဂီရိဆီပို့ထားလိုက်ပါတယ်။ အဲ့ဒီအချိန်ကစပြီးသီပေါမင်းဟာသူ့ဇာတိကိုပြန်မရောက်တော့တာသေတဲ့အထိပါပဲ။

    ပြည်တော်ပြန်ခရီး

    နယ်နှင်ဒဏ်ခံရတဲ့ကာလမှာစုဖုရားလတ်ဟာ ကာလ်ကတ္တားကဘုရင်ခံဆီစာတွေရေးပြီး ထောက်ပံ့ကြေးပိုပေးဖို့၊ အခိုးခံရတဲ့ရတနာတွေပြန်ပေးဖို့နဲ့ ဇာတိမြေကိုပြန်ခွင့်ပြုဖို့တောင်းပန်ခဲ့တယ်။

    ၁၉၁၆မှာသီပေါကွယ်လွန်ခဲ့ပြီးနောက် အိုမင်းမစွမ်းဖြစ်နေတဲ့စုဖုရားလတ်ဟာဗမာနိုင်ငံကိုပြန်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့်မန္တလေးနန်းတော်ကိုခြေချခွင့်မရခဲ့ဘဲ ရန်ကုန်မှာသာနေခဲ့ရတယ်။ ကိုလိုနီခေတ်မှာရန်ကုန်ဟာ ဗမာနိုင်ငံရဲ့မြို့တော်ဖြစ်လာပြီး ကြီးပွားတိုးတက်နေခဲ့ပါပြီ။

    ဗမာပြည်သူတွေတော်ဝင်မိသားစုကိုမေ့ပျောက်သွားအောင် ဗြိတိသျှတွေကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး။ ရန်ကုန်မှာစုဖုရားလတ်ဟာဥရောပသားတွေအပြင် ဗမာလူမျိုးတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ အခုကိုယ့်မင်းကိုယ့်ချင်းလမ်းလို့ခေါ်ကြတဲ့ ၂၃ ချာချီလမ်းက အိမ်လေးတလုံးမှာ စုဖုရားလတ်တို့မိသားစုနေခွင့်ရခဲ့တယ်။ ဒီအိမ်ဟာတောင်ကုန်းလေးတခုပေါ်မှာရှိပြီး ရွှေတိဂုံဘုရားကိုဖူးမြင်နိုင်တာမို့ စုဖုရားလတ်သိပ်သဘောကျခဲ့ပါတယ်။

    နေအိမ်အကျယ်ချုပ်နဲ့နေခဲ့ရတဲ့စုဖုရားလတ်ဟာ ဗမာ့နန်းတွင်းထုံးစံတွေကိုတော့စွန်ပယ်ခြင်းမပြုခဲ့ပါဘူး။ ဧည့်သည်တွေထက်မြင့်တဲ့နေရာမှာသာထိုင်ခဲ့ပြီး အစေခံတွေဟာလည်းသူမအရှေ့မှာခါးကိုင်းပြီးခစားရပါတယ်။

    ဗမာနိုင်ငံရောက်မှပဲစုဖုရားလတ်ရဲ့စိတ်ဟာအေးချမ်းမှုရခဲ့တယ်။ ဝမ်းနည်းမှုသင်္ကေတအနေနဲ့ အဖြူရောင်အဝတ်အစားတွေကိုသာဝတ်ဆင်ပြီး ဘုန်းကြီးတွေကိုနေ့တိုင်းဆွမ်းကပ်ခဲ့ပါတယ်။

    သူမအရင်ကလုပ်ခဲ့တဲ့အမှားတွေအတွက်အဖတ်ဆယ်ဖို့ကြိုးစားနေတာကိုလည်းတွေ့ရပါတယ်။ ဗန္ဒုလဂျာနယ်ကဗမာလူမျိုးသတင်းထောက်တယောက်ဟာ ၁၉၂၄ခုနှစ် စက်တင်ဘာမှာ သူမကိုအင်တာဗျူးခဲ့ပါတယ်။ သူ့ရဲ့ရေးသားချက်အရအင်တာဗျူးနေတုန်းမှာ စုဖုရားလတ်ဟာ “မင်းညီမင်းသားတွေကိုငါသတ်ခဲ့တယ်လို့လူတွေကထင်နေကြတာလား” လို့အံ့သြတကြီးပြန်မေးခဲ့ပါသတဲ့။ သတင်းထောက်ကဟုတ်ပါတယ်လို့ပြောလိုက်တဲ့အခါမှာ “မင်းသားတွေကိုသတ်ခဲ့တာငါမဟုတ်ပါဘူး။ ထီးနန်းရတုန်းကငါ့အသက်ငယ်ငယ်လေးရှိပါသေးတယ်” လို့ပြန်ဖြေခဲ့ပါတယ်။

    သူမကိုတွေ့ချင်လို့စောင့်ဆိုင်းနေခဲ့တဲ့သူတွေထဲမှာ သခင်ကိုယ်တော်မှိုင်းလည်းအပါအဝင်ပါ။ ဒို့ဗမာအစည်းအရုံးကိုတည်ထောင်သူ ကိုယ်တော်မှိုင်းဟာစုဖုရားလတ်ကိုထောက်ခံသူဖြစ်သလို ရင်းနှီးတဲ့သူငယ်ချင်းလည်းဖြစ်တယ်။

    ဗြိတိသျှအစိုးရကြပ်မတ်နေတဲ့ကြားက စုဖုရားလတ်ကိုအကြောင်းပြုပြီး ဗမာ့အမျိုးသားရေးလှုပ်ရှားမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

    ၁၉၂၅ခုနှစ် နိုဝင်ဘာလ ၂၄ရက်နေ့မှာစုဖုရားလတ်ဟာနှလုံးရောဂါနဲ့ကွယ်လွန်ခဲ့တယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၅နှစ်ရှိပါပြီ။

    အံ့သြစရာကောင်းတာကသူမရဲ့ဈာပနအတွက်ကုန်ကျစရိတ်ကို ဗြိတိသျှအစိုးရကအကုန်အကျခံခဲ့တာပါပဲ။ ကိုလိုနီခေတ်အစိုးရဝန်ထမ်းဖြစ်သူ စာရေးဆရာ Maurice Collis ဟာမိဖုရားရဲ့နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ကြတဲ့လူတန်းကြီးကိုကြည့်ပြီး ဒီချီတက်လမ်းလျှောက်ပွဲဟာဗမာ့တော်ဝင်မိသားစုအတွက် နောက်ဆုံးဖြစ်လိမ့်မယ်လို့မှတ်ချက်ချခဲ့ပါတယ်။ ဗြိတိသျှတွေကအာဏာရှင်လို့စွပ်စွဲခဲ့တဲ့ မိဖုရားတယောက်ရဲ့ဈာပနကို ဗြိတိသျှဘုရင်ခံကတက်ရောက်တာကိုကြည့်ရတာ ရယ်စရာတော့လည်းအကောင်းသားလို့ Collis ကပြောခဲ့ဖူးတယ်။

    မည်သို့ပင်ဆိုစေကာမူစုဖုရားလတ်ဟာဗမာ့လွတ်လပ်ရေးတိုက်ပွဲရဲ့သင်္ကေတဖြစ်ခဲ့တယ်လို့ Collis ကဆိုတယ်။

    ကန်တော်မင်ပန်းခြံထဲမှာစုဖုရားလတ်ရဲ့ဂူဗိမာန်ကိုယနေ့တိုင်တွေ့နိုင်ပါသေးတယ်။ ဒီဂူဗိမာန်ရဲ့တည်ဆောက်ပုံက သူမရဲ့ယောက္ခထီးမင်းတုန်းမင်းရဲ့ဂူဗိမာန်နဲ့ဆင်တူပါတယ်။

    ဗမာ့တော်ဝင်မိသားစုဝင်တွေဟာဘုရင်နဲ့မိဖုရားတို့ရဲ့အုတ်ဂူတွေကိုမန္တလေးပြန်ရွှေ့ဖို့စီစဉ်နေကြတာ ယနေ့အချိန်ထိပါပဲ။

    ဒါပေမယ့်စုဖုရားလတ်ဟာသူမလိုပဲနာမည်ကျော်ကြားထင်ရှားတဲ့ဗမာလူမျိုးတွေဖြစ်တဲ့ ဦးသန့်၊ သခင်ကိုယ်တော်မှိုင်း၊ ဒေါ်ခင်ကြည်တို့နဲ့အတူတူရွှေတိဂုံဘုရားရဲ့အေးရိပ်မှာအနားယူသွားခဲ့တာပါ။ ဒီအခြေအနေကိုသူမကိုယ်တိုင်လည်းသဘောကျမှာသေချာပါတယ်။

    Christian Gilberti ၏ The Last Days of Queen Supayalat ကိုမြန်မာဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။

    NO COMMENTS

    LEAVE A REPLY

    Please enter your comment!
    Please enter your name here