Organic Chalois Beef at Babett Yangon

ပြင်သစ်နိုင်ငံ Auvergne ဒေသမှာအော်ဂဲနစ်နည်းပညာနဲ့မွေးမြူထုတ်လုပ်ထားတဲ့ Charolais အမဲသားကို Babett Yangon ကတိုက်ရိုက်တင်သွင်းထားတာပါ။ ဒီအမဲသားကို အောက်တိုဘာကနေ နိုဝင်ဘာအထိ စားလို့ရနေပြီနော်။ ၄၅ရက်ကြာအောင် dry age လုပ်ထားပြီး ၆၀၀ဂရမ်ရှိတဲ့ Charolais prime rib နဲ့ ၃၅၀ဂရမ်ရှိတဲ့ rib eye တို့ကိုသုံးဆောင်နိုင်ပါပြီ။ အမဲသားနဲ့အတူတွဲဖက်သုံးဆောင်ဖို့ပြင်သစ်ဝိုင်နီကိုလည်း တခွက် ကျပ် ၁၀၀၀၀ ကနေရနိုင်ပါတယ်။
HOTEL G YANGON
အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။
The Great Geay Oyster Craze at Babett Yangon

ကမာကြိုက်သူများအတွက် Geay oyster ကိုအောက်တိုဘာ တလလုံး Babett Yangon မှာရနေပါပြီ။ ပြင်သစ်ကနေတိုက်ရိုက်လေယာဉ်စီးပြီးရောက်လာတဲ့ဒီကမာတွေဟာ တခြားကမာတွေထက်ဘာကြောင့်ပိုထူးခြားကောင်းမွန်သလဲဆိုတာသိရဖို့ အောက်တိုဘာ ၁၆ရက်နေ့ကနေ ၁၈ရက်နေ့အထိ ညနေ ၅နာရီကနေ ၁၀နာရီအတွင်း Patrice နဲ့ Marie Odile Geay တို့ကရှင်းပြသွားမှာပါ။ သူတို့ကိုယ်တိုင်ခွာကျွေးတဲ့ကမာလတ်လတ်ဆတ်ဆတ်တွေကိုလည်းသုံးဆောင်နိုင်ပါတယ်။ ဒီ event ကိုတက်ရောက်ချင်တယ်ဆိုရင်တော့ reservation လုပ်ထားသင့်ပါတယ်။
HOTEL G YANGON
အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။
Music For Myanmar 2019 at Chatrium

Link for Aid နှင့် Chatrium Hotel Royal Lake Yangon တို့မှ ပူးပေါင်းတင်ဆက်သည့် Music for Myanmar 2019 ရန်ပုံငွေဂီတပွဲတော်ကြီးကို လာမည့် အောက်တိုဘာလ (၄) ရက် သောကြာနေ့တွင် Chatrium Hotel ရှိ Grand Ballroom ၌ ခမ်းနားကြီးကျယ်စွာ ကျင်းပသွားမည်ဖြစ်သည်။ အိုင်ယာလန်နိုင်ငံ၏ ပြည်သူချစ် အဆိုတော် Simon နှင့် David တို့မှ အတွဲညီစွာဖြင့် ချို့တဲ့သောကလေးငယ်များအတွက် မြန်မာနိုင်ငံတွင် လာရောက်၍ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပါသည်။Simon နှင့် David တို့၏ ထူးခြားဆန်းသစ်တဲ့ အော်ပရာစတိုင်သီဆိုဖျော်ဖြေမှုများကို နားဆင်ရင်း ကလေးငယ်များကို ကူညီဖို့အတွက် အခုပဲ Music For Myanmar 2019 ရန်ပုံငွေဂီတပွဲတော် လက်မှတ်များကို အောက်ပါအတိုင်း ဝယ်ယူအားပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
For reservation: Online (https://forms.gle/N4fgvkTvMEcfHW95A) (သို့) 01 544500 (သို့) [email protected]
Chatrium Hotel Royal Lake Yangon
အမှတ် (၄၀)၊ နတ်မောက်လမ်း၊ တာမွေ၊ ရန်ကုန်။
Prime Rib

ကြာသာပတေးနေ့
အပတ်စဉ် ကြာသပတေးနေ့တိုင်းမှာအမဲနံရိုး Promotion လေးရှိနေတယ်နော်။ Promotion အချိန်ကတော့ 6:00pm မှ 9:00 pm ထိဖြစ်ပါတယ်။ ပန်းသီးပင်ကထင်းနဲ့ ၉နာရီခန့် ဖြေးညှင်းစွာကင်ထားတဲ့ အမဲနံရိုး + ပဲဟင်း + အရွက်သုပ်တို့ကို ကျပ် ၂၂၈၀၀ + (Gov Tax 5% + Service Charges 5%) နဲ့ ကြိုက်သလောက်စားလို့ရတဲ့အပြင် Heneiken, Kirin, Myanmar Premium စတဲ့ဘီယာ ၃မျိုးထဲက ကိုယ်ကြိုက်တာကို free flow သောက်လို့ရပါတယ်။ Beer မသောက်တဲ့သူတွေအတွက်လည်း Soft Drinks Free Flow ရနိုင်ပါတယ်။
သောကြာနေ့
သောကြာနေ့တိုင်း ၁.၃ကီလိုဂရမ်ရှိတဲ့ Black Angus Tomahawk ကိုထင်းမီးနဲ့ချက်ထားတဲ့ဟင်းလျာ၊ အရန်ဟင်း ၂ပွဲနဲ့ Domaine Boyar Merlot တပုလင်းကို ကျပ် ၉၉၀၀၀ နဲ့ရရှိနိုင်ပြီနော်။ ကိုယ့်မိသားစု၊ အပေါင်းအသင်းတွေနဲ့ဝိုင်းဖွဲ့စားလို့သင့်လျော်ပါတယ်။
စနေနေ့
စနေနေ့တိုင်း ညနေ ၆နာရီကနေ ၉နာရီအထိ ကျပ်၂၅၀၀၀ + (Gov Tax 5% + Service Charges 5%) တည်းနဲ့ အမဲရင်လူးသားကင်၊ ပဲဟင်း + အရွက်သုပ်တို့ကို ကြိုက်သလောက်စားလို့ရတဲ့အပြင် Heneiken, Kirin, Myanmar Premium စတဲ့ဘီယာ ၃မျိုးထဲက ကိုယ်ကြိုက်တာကို free flow သောက်လို့ရပါတယ်။ Beer မသောက်တဲ့သူတွေအတွက်လည်း Soft Drinks Free Flow ရနိုင်ပါတယ်။
တနင်္ဂနွေနေ့
New York Striploin 250g ၂ပွဲ အရံဟင်း ၂မျိုး Red Wine ၁လုံးကိုမှ စုစုပေါင်း ၄၉၀၀၀ကျပ် + (Gov Tax 5%+ Service Charges 5%) တည်းနဲ့သုံးဆောင်နိုင်မှာပါ။
ဒီ promotion တွေအားလုံးအတွက်ကြိုတင်ဘွတ်ကင်လုပ်ထားချင်တယ်ဆိုရင်တော့ 09264655551 ကိုဆက်သွယ်လိုက်ပါ။
Prime Rib
G13/14၊ Urban Asia Center၊ ၄၈လမ်းနှင့်မဟာဗန္ဒုလလမ်းထောင့်၊ ရန်ကုန်။
10:30am – 11:00pm
Reservation for The Strand’s Mushroom & Truffle Creations

ပြင်သစ်နိုင်ငံမှာဆောင်းဦးပေါက်ရာသီရောက်ပြီမို့ မှိုလှိုင်လှိုင်ထွက်တဲ့အချိန်လည်းဖြစ်ပါတယ်။ အောက်တိုဘာ ၁၈ရက်နေ့နဲ့ ၁၉ရက်နေ့တို့မှာ အရောင်အနံ့အရသာအမျိုးမျိုးရှိတဲ့ပြင်သစ်မှိုတွေကိုသုံးပြီး The Strand ရဲ့ Executive Chef Patrick Périé ကိုယ်တိုင်ချက်ပြုတ်ထားတဲ့ ဟင်းပွဲ ၅ပွဲပါ menu ကိုတည်ခင်းသွားမှာပါ။ Reservation လုပ်လို့ရနေပြီနော်။
The Strand Hotel Yangon
အမှတ် (၉၂)၊ ကမ်းနားလမ်း၊ ရန်ကုန်။
Ladies Night with T.I.M record at Knob N’ Knocker

သောကြာနေ့ညနေ ၆နာရီကနေ ဆိုင်ပိတ်တဲ့အထိ ကော့တေးအခမဲ့
T.I.M Records ကနိုင်ငံတကာ DJ ၃ယောက်က ည ၉နာရီကနေ မနက် ၂နာရီအထိ electronic music တွေနဲ့ဖျော်ဖြေသွားမှာပါ။
DJs:
MAX DESMA (France)
Fatboy FAT Shun Nishimura (Japan)
CsallO (Hungary)
Knob N’ Knockers
No. D12 မြေညီထပ်၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း ဗဟန်းမြို့နယ်၊ ရန်ကုန်။
09 699 849777
11:00 AM – 12:00 AM
Promotions at Ember

ဗုဒ္ဓဟူးနေ့ညတိုင်း Ember Japanese Restaurant မှာ Lady Night promotion ရှိပါတယ်။ Champagne (Freixenet Rose & Brut) ကို ၂၅ရာခိုင်နှုန်းလျှော့ဈေးနဲ့ရနိုင်မှာပါ။ သောကြာနေ့ Beer Night မှာတော့ Myanmar Premium Beer ကို buy 1 get 1 ပေးသွားမှာဖြစ်ပြီး စနေနေ့ Wine Night မှာဝိုင်တွေအားလုံး ၁၀ရာခိုင်နှုန်းလျှော့ဈေးပေးမှာဖြစ်ပါတယ်။
Ember Japanese Restaurant
ကမ္ဘာအေးဘုရားလမ်းနှင့်ကန်ဘဲ့လမ်းထောင့်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
09 777 178630
12pm until late
Celebrate Thadingyut at the Sedona Hotel Yangon!

သီတင်းကျွတ်ပိတ်ရက်တွေကို Sedona Yangon မှာဖြတ်သန်းလိုက်ပါ။ ရေမျောဖယောင်းတိုင်လေးတွေကို Sedona ရဲ့ရေကူးကန်ထဲမှာမျှောရင်း မိဘဘိုးဘွားတွေကိုဂါရ၀ပြုရအောင်နော်။ ၁၇၆၇၀၀ကျပ်++ (သို့) ၁၁၄ဒေါ်လာ++ နဲ့ ရေကူးကန်မြင်ကွင်းပါတဲ့ Garden Wing က Deluxe Room တွေမှာဖြစ်ဖြစ် Inya Wing ထဲက Premier Room တွေမှာဖြစ်ဖြစ်ရွေးချယ်တည်းခိုနိုင်ပါတယ်။ D’Cuisine စားသောက်ဆိုင်မှာ ၂ယောက်စာဘူဖေးမနက်စာနဲ့ ညစာတွေအပြင်တခြားဝန်ဆောင်မှုတွေလည်းပါပါတယ်။
October 11 – October 15
- D’Cuisine စားသောက်ဆိုင်မှာ ၂ယောက်စာဘူဖေးမနက်စာနဲ့ ညစာ
- ကြိုဆိုလက်ဆောင် Special Sedona ကိတ်
- တခန်းလျှင် ရေပေါ်ဖယောင်းတိုင် ၂တိုင်မျှောခွင့်
- ကြိုးမဲ့အင်တာနက်
- ရေကူးကန်အသုံးပြုခွင့်
- Early check-in ကိုမနက် ၁၀နာရီအထိ၊ Late check-out ကို နေ့လယ် ၃နာရီအထိခွင့်ပြုထားပါတယ်
Inya Wing မှာတည်းခိုသူများအတွက်အထူးခံစားခွင့်များ
- တနေ့လျှင်အ၀တ်အစား ၃ထည်လျှော်ဖွပ်ပေးခြင်း (စုပေး၍မရပါ)
- အခန်းတွင်းဘား၌ item တချို့သုံးဆောင်ခွင့်
- Early check-in ကိုမနက် ၁၀နာရီအထိ၊ Late check-out ကို ညနေ ၆နာရီအထိ ခွင့်ပြုထားပါတယ်
Sedona
Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
The Best of Penang food promotion
Sedona ဟာအာရှရဲ့အစားအသောက်နိဗ္ဗာန်ဘုံပီနန်းကို ရန်ကုန်ခေါ်လာပါပြီ။ အောက်တိုဘာလ ၆ရက်နေ့အထိ D’Cuisine စားသောက်ဆိုင်မှာ Penang Laksa, ကမာကြက်ဥကြော်, Ikan Panggang (ငါးကင်)၊ Ice Kacang စတဲ့ပီနန်းကဒေသအစားအသောက်တွေကိုရရှိနိုင်ပြီနော်။ Hawker centre တွေက ကမ္ဘာကျော်စားဖိုမှူးတွေကိုယ်တိုင်ချက်ပြုတ်ထားတဲ့ပီနန်းစာတွေကို တယောက် ၂၅ဒေါ်လာနဲ့ မနက်စာ၊ ညစာဘူဖေးအဖြစ်သုံးဆောင်နိုင်ပါပြီ။
Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
THE RITZ Restaurant’s SPECIAL OFFER for CHILDREN

အသက် ၁၂နှစ်အောက်ကလေးငယ်များအတွက် The RITZ Yangon မှာ Special Children Menu ကိုအခမဲ့သုံးဆောင်နိုင်ပါတယ်။
The RITZ
အမှတ် (၆၁)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်း၊ ရန်ကုန်။
01 525 935
11am – 11pm
HERE COMES the SUN

မိုးရာသီကုန် ဆောင်းရာသီအပြာင်း မှာမိသားစု တွေ၊ ချစ်သူ သယ်ငယ်ချင်း တွေ အပြင်ထွက် နေ၀င်ချိန်လေးလည်းကြည့်ရင်း ပျော်စရာ ဂီတ သံစဉ်များ နှင့် အတူ Yoga အသက်ရှုခြင်း သက်တောင့်သက်တာ အားကစား ၊ လွတ်လွတ် လက်လက် အက သင်တန်းများအပြင် ကလေးများအတွက် Circus အတွေ့ အကြုံ သင်တန်းများလည်း ပေးသွားမှာပါ။
အခုလိုမျိုး ဒီမှာ နေထွက်ပြီဆိုတဲ့ ပွဲတော်ကြီးကို ပြည်လမ်း မဟာမြိုင်အနီး ပြင်သစ် ယဉ်ကျေးမှုဌာန ရှိ မြက်ခင်း ကွင်းပြင် ကြီးမှာ စည်စည်ကားကား အစားအသောက် ဆိုင်ခန်းများနှင့် ပျော်ပျော်ပါးပါးကျင်းပသွားမှာဖြစ်ပါတယ်။
ဝင်ကြေး၊ လူကြီး ၅၀၀၀ (ဘီယာ တခွက်ပါ) ကလေး အခမဲ့
အချိန်၊ ညနေ ၄နာရီ တွင် Circus, Yoga, Dance သင်တန်းများစတင်ပါမယ်
ညနေ၈နာရီ အချိန်တွင်တော့ ဂီတများနှင့် ကခုန်မယ့်အစီအစဉ်ဖြစ်ပါတယ်
အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉ ၇၈၅ ၈၀၄ ၁၆၂
Myanmar’s Pride-မြန်မာ့ဂုဏ်

မြန်မာ့ယဉ်ကျေးမှုလက်ရာပစ္စည်းတွေနဲ့အစားအသောက်တွေကို ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ မြန်မာ့ဂုဏ်ပွဲတော်ကို အောက်တိုဘာလ ၄ရက်ကနေ ၆ရက်အထိ အတွင်းဝန်ရုံးမှာကျင်းပသွားမှာပါ။
နေ့လယ် ၂နာရီမှ ည ၈နာရီထိ
မြန်မာ့လက်ဖက်ရည်နဲ့သွားရည်စာမုန့်တွေအခမဲ့ကျွေးသွားမှာဖြစ်ပါတယ်
Entrance fees (for foreigners): 8,000 MMK
Contact details: 09 973763429
Email: [email protected]