The Great Geay Oyster Craze at Babett Yangon

ကမာကြိုက်သူများအတွက် Geay oyster ကိုအောက်တိုဘာ တလလုံး Babett Yangon မှာရနေပါပြီ။ ပြင်သစ်ကနေတိုက်ရိုက်လေယာဉ်စီးပြီးရောက်လာတဲ့ဒီကမာတွေဟာ တခြားကမာတွေထက်ဘာကြောင့်ပိုထူးခြားကောင်းမွန်သလဲဆိုတာသိရဖို့ အောက်တိုဘာ ၁၆ရက်နေ့ကနေ ၁၈ရက်နေ့အထိ ညနေ ၅နာရီကနေ ၁၀နာရီအတွင်း Patrice နဲ့ Marie Odile Geay တို့ကရှင်းပြသွားမှာပါ။ သူတို့ကိုယ်တိုင်ခွာကျွေးတဲ့ကမာလတ်လတ်ဆတ်ဆတ်တွေကိုလည်းသုံးဆောင်နိုင်ပါတယ်။ ဒီ event ကိုတက်ရောက်ချင်တယ်ဆိုရင်တော့ reservation လုပ်ထားသင့်ပါတယ်။
HOTEL G YANGON
အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။
Reservation for ONE Championship LIVE at Sedona’s Mindon Room

မြန်မာ့စပါးအုံးအောင်လအန်ဆန်းရဲ့ ONE Light Heavyweight world title ကာကွယ်မယ့်ပွဲကို တိုကျိုမြို့မှာ အောက်တိုဘာ ၁၃ရက်နေ့ နေ့လယ် ၁၂နာရီမှာကျင်းပသွားမှာပါ။ ဒီပွဲကို Sedona Yangon ရဲ့ Mindon Room မှာတိုက်ရိုက်ကြည့်ရှုအားပေးရင်း နိုင်ငံတကာဟင်းလျာတွေပါဝင်တဲ့ဘူဖေးနေ့လယ်စာစားခွင့်ကို ၂၅ဒေါ်လာတည်းနဲ့ရရှိမှာပါ။ 09796240632 ကိုဖုန်းဆက်ပြီး reserve လုပ်နိုင်ပါပြီ။
Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
Crab promotion at Du Fu restaurant (Sedona)

Sedona Hotel Yangon ရဲ့ Executive Chinese Chef Leung အထူးပြင်ဆင်ချက်ပြုတ်ထားတဲ့ ဂဏန်းဟင်းလျာတွေကို Du Fu Restaurant မှာသုံးဆောင်နိုင်ပါပြီ။ အမွှေးပါဂဏန်းပေါင်းနဲ့ Hong Kong sauce၊ ဂဏန်းပျော့ကြော်နဲ့ ထောပတ်နှင့်ပြုလုပ်ထားတဲ့ spicy sauce၊ ဆီနည်းနည်းနဲ့ကြော်ထားတဲ့ ပန်းဂဏန်းနဲ့ ပင်စိမ်းခရုဆီဆော့စ်၊ မြစ်ဂဏန်းကြော်နဲ့ဟင်းခတ်ရွက် စတဲ့ menu တွေကနေကိုယ့်စိတ်ကြိုက်ရွေးချယ်ပါ။ +951 860 5377 မှာ reservation လုပ်လို့ရပါတယ်။
Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
Prime Rib

ကြာသာပတေးနေ့
အပတ်စဉ် ကြာသပတေးနေ့တိုင်းမှာအမဲနံရိုး Promotion လေးရှိနေတယ်နော်။ Promotion အချိန်ကတော့ 6:00pm မှ 9:00 pm ထိဖြစ်ပါတယ်။ ပန်းသီးပင်ကထင်းနဲ့ ၉နာရီခန့် ဖြေးညှင်းစွာကင်ထားတဲ့ အမဲနံရိုး + ပဲဟင်း + အရွက်သုပ်တို့ကို ကျပ် ၂၂၈၀၀ + (Gov Tax 5% + Service Charges 5%) နဲ့ ကြိုက်သလောက်စားလို့ရတဲ့အပြင် Heneiken, Kirin, Myanmar Premium စတဲ့ဘီယာ ၃မျိုးထဲက ကိုယ်ကြိုက်တာကို free flow သောက်လို့ရပါတယ်။ Beer မသောက်တဲ့သူတွေအတွက်လည်း Soft Drinks Free Flow ရနိုင်ပါတယ်။
သောကြာနေ့
သောကြာနေ့တိုင်း ၁.၃ကီလိုဂရမ်ရှိတဲ့ Black Angus Tomahawk ကိုထင်းမီးနဲ့ချက်ထားတဲ့ဟင်းလျာ၊ အရန်ဟင်း ၂ပွဲနဲ့ Domaine Boyar Merlot တပုလင်းကို ကျပ် ၉၉၀၀၀ နဲ့ရရှိနိုင်ပြီနော်။ ကိုယ့်မိသားစု၊ အပေါင်းအသင်းတွေနဲ့ဝိုင်းဖွဲ့စားလို့သင့်လျော်ပါတယ်။
စနေနေ့
စနေနေ့တိုင်း ညနေ ၆နာရီကနေ ၉နာရီအထိ ကျပ်၂၅၀၀၀ + (Gov Tax 5% + Service Charges 5%) တည်းနဲ့ အမဲရင်လူးသားကင်၊ ပဲဟင်း + အရွက်သုပ်တို့ကို ကြိုက်သလောက်စားလို့ရတဲ့အပြင် Heneiken, Kirin, Myanmar Premium စတဲ့ဘီယာ ၃မျိုးထဲက ကိုယ်ကြိုက်တာကို free flow သောက်လို့ရပါတယ်။ Beer မသောက်တဲ့သူတွေအတွက်လည်း Soft Drinks Free Flow ရနိုင်ပါတယ်။
တနင်္ဂနွေနေ့
New York Striploin 250g ၂ပွဲ အရံဟင်း ၂မျိုး Red Wine ၁လုံးကိုမှ စုစုပေါင်း ၄၉၀၀၀ကျပ် + (Gov Tax 5%+ Service Charges 5%) တည်းနဲ့သုံးဆောင်နိုင်မှာပါ။
ဒီ promotion တွေအားလုံးအတွက်ကြိုတင်ဘွတ်ကင်လုပ်ထားချင်တယ်ဆိုရင်တော့ 09264655551 ကိုဆက်သွယ်လိုက်ပါ။
Prime Rib
G13/14၊ Urban Asia Center၊ ၄၈လမ်းနှင့်မဟာဗန္ဒုလလမ်းထောင့်၊ ရန်ကုန်။
10:30am – 11:00pm
Reservation for The Strand’s Mushroom & Truffle Creations

ပြင်သစ်နိုင်ငံမှာဆောင်းဦးပေါက်ရာသီရောက်ပြီမို့ မှိုလှိုင်လှိုင်ထွက်တဲ့အချိန်လည်းဖြစ်ပါတယ်။ အောက်တိုဘာ ၁၈ရက်နေ့နဲ့ ၁၉ရက်နေ့တို့မှာ အရောင်အနံ့အရသာအမျိုးမျိုးရှိတဲ့ပြင်သစ်မှိုတွေကိုသုံးပြီး The Strand ရဲ့ Executive Chef Patrick Périé ကိုယ်တိုင်ချက်ပြုတ်ထားတဲ့ ဟင်းပွဲ ၅ပွဲပါ menu ကိုတည်ခင်းသွားမှာပါ။ Reservation လုပ်လို့ရနေပြီနော်။
The Strand Hotel Yangon
အမှတ် (၉၂)၊ ကမ်းနားလမ်း၊ ရန်ကုန်။
Ladies Night with T.I.M record at Knob N’ Knocker

သောကြာနေ့ညနေ ၆နာရီကနေ ဆိုင်ပိတ်တဲ့အထိ ကော့တေးအခမဲ့!!!
T.I.M Records ကနိုင်ငံတကာ DJ ၃ယောက်က ည ၉နာရီကနေ မနက် ၂နာရီအထိ electronic music တွေနဲ့ဖျော်ဖြေသွားမှာပါ။
DJs:
MAX DESMA (France)
Fatboy FAT Shun Nishimura (Japan)
CsallO (Hungary)
Knob N’ Knockers
No. D12 မြေညီထပ်၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း ဗဟန်းမြို့နယ်၊ ရန်ကုန်။
09 699 849777
11:00 AM – 12:00 AM
Babett’s Italian Night

အီတလီနိုင်ငံက bartender Mattia Lott ကိုယ်တိုင် အောက်တိုဘာလ ၁၃ရက်နေ့မှာ Sabatini Gin ကိုအခြေခံတဲ့ signature ကော့တေးတွေဖျော်စပ်ပြီးဧည့်သည်တွေကိုဧည့်ခံသွားမှာပါ။ သူဟာ Sabatini Cocktail Competition 2019 မှာအနိုင်ရထားသူဖြစ်ပါတယ်။ သူကိုယ်တိုင်တီထွင်ထားတဲ့ Saba Club, Freshtini, Sunset form the Hell, Sabatonic တို့ကိုမြည်းစမ်းကြည့်ခွင့်ရမှာပါ။
HOTEL G YANGON
အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။
Weekday Business Lunch at The Ritz Yangon

ကြားရက်တွေမှာအီတလီဟင်းလျာတွေနဲ့နေ့လယ်စာကောင်းကောင်းစားရင်း အားမွေးဖို့ Ritz weekday business lunch ရှိနေပြီနော်။ တနင်္လာနေ့ကနေ သောကြာနေ့အထိ မနက် ၁၁နာရီကနေ ၃နာရီအတွင်း တယောက်ကို ကျပ် ၁၅၀၀၀++ နဲ့ starter (Antipasti), main (Primi/Secondi), and dessert (Dolci) တွေပါဝင်တဲ့ menu ကိုသုံးဆောင်နိုင်ပါပြီ။
The RITZ
အမှတ် (၆၁)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်း၊ ရန်ကုန်။
01 525 935
11am – 11pm
Friday Beer Night at Ember – Buy ONE, Get ONE Myanmar Premium Beer!!

သောကြာနေ့ Beer Night မှာတော့ Myanmar Premium Beer ကို buy 1 get 1 ပေးသွားမှာဖြစ်ပါတယ်။ တပတ်လုံးပင်ပန်းခဲ့သမျှအပေါင်းအသင်းတွေနဲ့ဘီယာအေးအေးလေးသောက်ရင်း အပန်းဖြေပါ။
Ember Japanese Restaurant
ကမ္ဘာအေးဘုရားလမ်းနှင့်ကန်ဘဲ့လမ်းထောင့်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
09 777 178630
12pm until late
DJ Alpha // Lighting Festival @Brave Bar

လာမယ့် သီတင်းကျွတ်ပိတ်ရက်မှာ Commercial, Edm, Hard trap, Trap တွေနဲ့ စိတ်ခံစားမှုတွေကို နိုးထလာစေပြီး music သံစဉ်တွေကြား အပျော်တွေကူးလူးပျံ့လွင့်စေဖို့ DJ Alpha က Braver တို့ကို ကူညီပေးပါလိမ့်မယ်။ ပါးရှားနိုင်ငံသား Rising Star Dj Artist ပီပီ စိတ်အာရုံကွန့်မြူးစေဖို့ အတွေ့အကြုံတွေနဲ့ အားအင်အပြည့်ဖျော်ဖြေတတ်တဲ့ အတွက် ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ အလွင့်ကဲရအောင်လေ။ မနက်ဖြန်ည ၉နာရီခွဲကနေစတင်မှာပါ။
Thadingyut at The Secretariat

သီတင်းကျွတ်ပွဲတော်မှာ The Secretariat ကတော့အရောင်တွေတောက်နေမှာနော့်။ East Wing မှာမီးရောင်လှလှလေးတွေနဲ့ဓာတ်ပုံရိုက်မယ်၊ ဈေးဝယ်မယ်၊ အစားအသောက်တွေဝယ်စားမယ်။ ၁၂ရက်နေ့ကနေ ၁၄ရက်နေ့အထိ နေ့လယ် ၁၂နာရီမှ ၈နာရီအတွင်း အခမဲ့ဝင်ရောက်ပြီးသီတင်းကျွတ်ပွဲတော်ကို ချစ်သူခင်သူတွေနဲ့ဆင်နွှဲလိုက်ပါ။