AIA အသက္အာမခံကုမၸဏီက၎ရဲ႕ႏွစ္ ၁၀၀ျပည့္အထိမ္းအမွတ္ပရဟိတအေျပးျပိဳင္ပြဲ AIA Go! For Light ကို ပုဂံျမိဳ႕၊ ထီးလိုမင္းလိုဘုရား၀င္းထဲမွာ ျပီးခဲ့တဲ့တနဂၤေႏြေန႔ကက်င္းပခဲ့ပါတယ္။
အေျပးျပိဳင္ပြဲ၀င္ ၂၅၀ေလာက္ဟာ ၅ကီလိုမီတာအကြာအေ၀းကို မနက္ ၅နာရီမွစတင္ေျပးခဲ့ၾကျပီး ေယာက်္ားေလးထဲမွအႏုိင္ရရွိသူ ၃ဦးနဲ႔ မိန္းကေလးထဲမွာအႏုိင္ရရွိသူ ၃ဦးတို႔ကို ပထမ၊ ဒုတိယ၊ တတိယဆုမ်ား အသီးသီးခ်ီးျမွင့္ခဲ့ပါတယ္။
ျပိဳင္ပြဲအျပီးျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာ AIA Myanmar ရဲ႕ CEO Mr. Nhon Ly (Luc) နဲ႔ AIA Group ရဲ႕ regional CEO Mr. Tan Hak Leh တို႔ကသတင္းေထာက္မ်ားရဲ႕ေမးခြန္းကိုေျဖၾကားေပးခဲ့တယ္။
အာမခံလုပ္ငန္းဆိုတာျမန္မာႏုိင္ငံနဲ႔စိမ္းေနေသးတဲ့အတြက္ လူထုၾကားမွာအာမခံနဲ႔ပတ္သက္တဲ့ဗဟုသုတေတြ ကိုျဖန္႔ေ၀ဖို႔ဘယ္လိုစီစဥ္ထားလဲလို႔ Myanmore Plus မွေမးၾကည့္တဲ့အခါ Mr. Luc က “ျမန္မာႏုိင္ငံမွာတျခားလုပ္ငန္းေတြထက္စာရင္အာမခံလုပ္ငန္းကလူသိနည္းေနေသးတယ္ဆိုတာမွန္ပါတယ္။ က်ေနာ္တို႔အေနနဲ႔အခုလိုပြဲေတြက်င္းပျပီးမီဒီယာမိတ္ေဆြေတြရဲ႕အကူအညီနဲ႔ ျပည္သူေတြကိုအာမခံနဲ႔ပတ္သက္တဲ့ဗဟုသုတေတြေပးဖို႔စီစဥ္ထားတယ္။ စက္တင္ဘာလတုန္းကလည္း AIA Kick ဆိုတဲ့ပြဲကိုက်င္းပေပးျပီး Tottenham Hotspur ေဘာလံုးအသင္းကနည္းျပေတြက ျမန္မာကေလးငယ္ေတြကိုေဘာလံုးအားကစားသင္ျပေပးခဲ့ပါတယ္။ ဒါေၾကာင့္အာမခံလုပ္ငန္းနဲ႔ အာမခံထားရွိျခင္းရဲ႕အေရးပါပံုကိုျပည္သူေတြတျဖည္းျဖည္းနားလည္သေဘာေပါက္လာမွာပါ” လို႔ေျဖၾကားခဲ့ပါတယ္။
Regional CEO Mr. Tan Hak Leh ကလည္း AIA ဟာအာရွ-ပစိဖိတ္အတြင္းကေစ်းကြက္ ၁၈ခုမွာလုပ္ငန္းေတြ လုပ္ကိုင္ေနျပီး ႏွစ္ ၁၀၀သက္တမ္းရွိျပီျဖစ္တဲ့အတြက္ ဖြံ႔ျဖိဳးျပီးေစ်းကြက္ေတြနဲ႔ ဖြံ႔ျဖိဳးဆဲေစ်းကြက္ေတြမွာပါ အေတြ႔အၾကံဳေကာင္းေတြအမ်ားၾကီးရွိေၾကာင္း၊ ဒီအေတြ႔အၾကံဳေတြကိုအေျခခံျပီးျမန္မာလူမ်ိဳးေတြနဲ႔ကိုက္ညီတဲ့ ၀န္ေဆာင္မႈေတြကိုေပးအပ္သြားမွာျဖစ္ေၾကာင္း ျဖည့္စြက္ေျပာၾကားခဲ့ပါတယ္။
ပုဂံျမိဳ႕ တုရင္းတိုင္ေက်းရြာအုပ္စုက အိမ္ေျခ ၁၀၀အတြက္ ဆိုလာျပား ၁၀၀ကိုလည္း AIA မွလွဴဒါန္းျပီး အိမ္တိုင္ရာေရာက္သြားေရာက္တပ္ဆင္ေပးခဲ့ပါတယ္။
တုရင္းတိုင္ေက်းရြာအုပ္စုဟာ ေညာင္ဦးခရိုင္မွာရွိျပီး ေတာင္သူအလုပ္နဲ႔အသက္ေမြးၾကတယ္။
AIA Group ဟာ ၁၉၁၉ခုႏွစ္က ရွန္ဟိုင္းမွာစတင္ခဲ့တဲ့အတြက္ ၂၀၁၉မွာ ႏွစ္ ၁၀၀ျပည့္ပါျပီ။ အသက္အာမခံနဲ႔ က်န္းမာေရးအာမခံေတြကိုအဓိကလုပ္ကိုင္ေနျပီး ေစ်းကြက္ရင္းႏွီးျမွဳပ္ႏွံမႈမ်ားအရအၾကီးဆံုး အသက္အာမခံကုမၸဏီလည္းျဖစ္တယ္။ ျမန္မာႏုိင္ငံမွာ လြန္ခဲ့တဲ့ ၆ႏွစ္ကတည္းကကိုယ္စားလွယ္ရံုးဖြင့္လွစ္ခဲ့ျပီး ဒီႏွစ္ ဧျပီမွာရာႏႈန္းျပည့္လုပ္ကိုင္ခြင့္ရတဲ့ကုမၸဏီအျဖစ္ စီမံကိန္းႏွင့္ဘ႑ာေရး၀န္ၾကီးဌာနရဲ႕ ေရြးခ်ယ္မႈကိုခံခဲ့ရပါတယ္။ အခုအခ်ိန္မွာေတာ့လိုင္စင္ရတာနဲ႔ ၀န္ေဆာင္မႈမ်ားေပးဖို႔အဆင္သင့္ျဖစ္ေနျပီလို႔ သိရပါတယ္။
ႏွစ္ ၁၀၀ျပည့္အခမ္းအနားကိုျမန္မာႏုိင္ငံအပါအ၀င္တျခားေသာေစ်းကြက္မ်ားမွာလည္း ခမ္းခမ္းနားနားက်င္းပခဲ့ျပီးျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံမွာေတာ့ျပည္သူေတြအထြတ္အျမတ္ထားရာ Unesco အသိအမွတ္ျပဳကမာၻ႔အေမြအႏွစ္ေဒသျဖစ္တဲ့ပုဂံကိုေရြးခ်ယ္ခဲ့ျခင္းျဖစ္ပါတယ္။
Unicode
AIA အသက်အာမခံကုမ္ပဏီက၎င်းရဲ့နှစ် ၁၀၀ပြည့်အထိမ်းအမှတ်ပရဟိတအပြေးပြိုင်ပွဲ AIA Go! For Light ကို ပုဂံမြို့၊ ထီးလိုမင်းလိုဘုရားဝင်းထဲမှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကကျင်းပခဲ့ပါတယ်။
အပြေးပြိုင်ပွဲဝင် ၂၅၀လောက်ဟာ ၅ကီလိုမီတာအကွာအဝေးကို မနက် ၅နာရီမှစတင်ပြေးခဲ့ကြပြီး ယောကျ်ားလေးထဲမှအနိုင်ရရှိသူ ၃ဦးနဲ့ မိန်းကလေးထဲမှာအနိုင်ရရှိသူ ၃ဦးတို့ကို ပထမ၊ ဒုတိယ၊ တတိယဆုများ အသီးသီးချီးမြှင့်ခဲ့ပါတယ်။
ပြိုင်ပွဲအပြီးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ AIA Myanmar ရဲ့ CEO Mr. Nhon Ly (Luc) နဲ့ AIA Group ရဲ့ regional CEO Mr. Tan Hak Leh တို့ကသတင်းထောက်များရဲ့မေးခွန်းကိုဖြေကြားပေးခဲ့တယ်။
အာမခံလုပ်ငန်းဆိုတာမြန်မာနိုင်ငံနဲ့စိမ်းနေသေးတဲ့အတွက် လူထုကြားမှာအာမခံနဲ့ပတ်သက်တဲ့ဗဟုသုတတွေ ကိုဖြန့်ဝေဖို့ဘယ်လိုစီစဉ်ထားလဲလို့ Myanmore Plus မှမေးကြည့်တဲ့အခါ Mr. Luc က “မြန်မာနိုင်ငံမှာတခြားလုပ်ငန်းတွေထက်စာရင်အာမခံလုပ်ငန်းကလူသိနည်းနေသေးတယ်ဆိုတာမှန်ပါတယ်။ ကျနော်တို့အနေနဲ့အခုလိုပွဲတွေကျင်းပပြီးမီဒီယာမိတ်ဆွေတွေရဲ့အကူအညီနဲ့ ပြည်သူတွေကိုအာမခံနဲ့ပတ်သက်တဲ့ဗဟုသုတတွေပေးဖို့စီစဉ်ထားတယ်။ စက်တင်ဘာလတုန်းကလည်း AIA Kick ဆိုတဲ့ပွဲကိုကျင်းပပေးပြီး Tottenham Hotspur ဘောလုံးအသင်းကနည်းပြတွေက မြန်မာကလေးငယ်တွေကိုဘောလုံးအားကစားသင်ပြပေးခဲ့ပါတယ်။ ဒါကြောင့်အာမခံလုပ်ငန်းနဲ့ အာမခံထားရှိခြင်းရဲ့အရေးပါပုံကိုပြည်သူတွေတဖြည်းဖြည်းနားလည်သဘောပေါက်လာမှာပါ” လို့ဖြေကြားခဲ့ပါတယ်။
Regional CEO Mr. Tan Hak Leh ကလည်း AIA ဟာအာရှ-ပစိဖိတ်အတွင်းကဈေးကွက် ၁၈ခုမှာလုပ်ငန်းတွေ လုပ်ကိုင်နေပြီး နှစ် ၁၀၀သက်တမ်းရှိပြီဖြစ်တဲ့အတွက် ဖွံ့ဖြိုးပြီးဈေးကွက်တွေနဲ့ ဖွံ့ဖြိုးဆဲဈေးကွက်တွေမှာပါ အတွေ့အကြုံကောင်းတွေအများကြီးရှိကြောင်း၊ ဒီအတွေ့အကြုံတွေကိုအခြေခံပြီးမြန်မာလူမျိုးတွေနဲ့ကိုက်ညီတဲ့ ဝန်ဆောင်မှုတွေကိုပေးအပ်သွားမှာဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ပုဂံမြို့ တုရင်းတိုင်ကျေးရွာအုပ်စုက အိမ်ခြေ ၁၀၀အတွက် ဆိုလာပြား ၁၀၀ကိုလည်း AIA မှလှူဒါန်းပြီး အိမ်တိုင်ရာရောက်သွားရောက်တပ်ဆင်ပေးခဲ့ပါတယ်။
တုရင်းတိုင်ကျေးရွာအုပ်စုဟာ ညောင်ဦးခရိုင်မှာရှိပြီး တောင်သူအလုပ်နဲ့အသက်မွေးကြတယ်။
AIA Group ဟာ ၁၉၁၉ခုနှစ်က ရှန်ဟိုင်းမှာစတင်ခဲ့တဲ့အတွက် ၂၀၁၉မှာ နှစ် ၁၀၀ပြည့်ပါပြီ။ အသက်အာမခံနဲ့ ကျန်းမာရေးအာမခံတွေကိုအဓိကလုပ်ကိုင်နေပြီး ဈေးကွက်ရင်းနှီးမြှုပ်နှံမှုများအရအကြီးဆုံး အသက်အာမခံကုမ္ပဏီလည်းဖြစ်တယ်။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၆နှစ်ကတည်းကကိုယ်စားလှယ်ရုံးဖွင့်လှစ်ခဲ့ပြီး ဒီနှစ် ဧပြီမှာရာနှုန်းပြည့်လုပ်ကိုင်ခွင့်ရတဲ့ကုမ္ပဏီအဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ရွေးချယ်မှုကိုခံခဲ့ရပါတယ်။ အခုအချိန်မှာတော့လိုင်စင်ရတာနဲ့ ဝန်ဆောင်မှုများပေးဖို့အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။
နှစ် ၁၀၀ပြည့်အခမ်းအနားကိုမြန်မာနိုင်ငံအပါအဝင်တခြားသောဈေးကွက်များမှာလည်း ခမ်းခမ်းနားနားကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာတော့ပြည်သူတွေအထွတ်အမြတ်ထားရာ Unesco အသိအမှတ်ပြုကမ္ဘာ့အမွေအနှစ်ဒေသဖြစ်တဲ့ပုဂံကိုရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။