Advertisement

ရံုးကလည္းအၾကာၾကီးပိတ္တယ္။ မိုးကလည္းေအးတယ္။ အိမ္မွာေနရင္းျဖစ္ျဖစ္ ခရီးသြားရင္းျဖစ္ျဖစ္ ဘီယာေလးစုပ္ခ်င္သူေတြအတြက္ အိမ္နီးခ်င္းတိုင္းျပည္ေတြကနာမည္ၾကီးဘီယာအမွတ္တံဆိပ္ေတြအေၾကာင္း ေျပာျပေပးခ်င္ပါတယ္။

Korea

Oppa တို႔ကေတာ့ Cass fresh ပဲေသာက္တယ္။ Cass fresh က ကိုရီးယားမွာဆို လူၾကဳိက္မ်ားတဲ့ ဘီယာ စာရင္းထဲမွာပါ၀င္ပါတယ္။ Alcohol ပမဏ 4.5 % ေလာက္ပဲဆိုေတာ့ အေနေတာ္ေလးနဲ႔ထိတယ္လို႔ေျပာရမယ္။ ဒါေပမယ့္  ဒီမွာက  Korea အရက္ဆိုတာနဲ႔ ဆိုဂ်ဴ ကို ေျပးျမင္ၾကပါတယ္။ ဒါကလည္း  Korea ဇာတ္လမ္းေတြထဲမွာဆို  ဆိုဂ်ဴ ကိုသာ ႐ိုးရာမပ်က္ အဓိကေသာက္သုံးျပၾကတာဆိုေတာ့ ခုလိုမ်ိဳး product  ေတြနဲ႔အလွမ္းေ၀းေနတာပါ။ တစ္ခုသိထားရမွာက Korea မွာ ၁၉ ႏွစ္ျပည့္မွ အရက္ဘီယာ ေသာက္သုံးလို႔ရပါတယ္။ ျမန္မာက ၁၈ႏွစ္ဆိုေတာ့ ဒီႏုိင္ငံကလူေတြက အရက္ ၁ႏွစ္ေစာေသာက္ရတယ္ေပါ့ဗ်ာ။ 

Japan

Asahi  Breweries ရဲ႕ထုတ္ကုန္တစ္ခုျဖစ္တဲ့ Asahi Super Dry က အေရာင္းရဆုံး beer အျဖစ္ရပ္တည္ေနပါတယ္။ သူၿပီးရင္ေတာ့ ကၽြန္ေတာ္တို႔နဲ႕ရင္းႏွီးၿပီးသားျဖစ္တဲ့ Kirin beer လည္းလူအႀကိဳက္မ်ားတဲ့ထဲပါတယ္။ Alcohol  ပမာဏ 5% ေလာက္ပါ၀င္တဲ့ super dry ရဲ႕ ထုတ္ပိုးမူပုံစံကေတာ့ 320 ml  သံဗူးနဲ႕ 330 ဖန္ပုလင္းဗူးဆိုျပီး ၂ မ်ိဳးလာပါတယ္။ Super dry  ရဲ႕အရသာကိုခံစားခ်င္ရင္ေတာ့  Japan store ဆိုင္ေတြမွာရွာၾကည့္ပါ။ ရွိတတ္ပါတယ္။

Thailand  

တစ္ေခတ္တစ္ခါက ျမန္မာႏိုင္ငံရဲ႕ ေစ်းကြက္ထဲထိုးေဖာက္ခဲ့တဲ့ Chang beer ဟာ ထိုင္းႏိုင္ငံမွာေတာ္ေတာ္လူၾကိဳက္မ်ားပါတယ္။ ျမန္မာႏိုင္ငံတြင္း ႏိုင္ငံတကာ beer ေတြအၿပိဳင္အဆိုင္ ၀င္ေရာက္လာတဲ့ေနာက္ပိုင္းမွာေတာ့ Chang beer ကို တစ္ခါတစ္ရံမွပဲေတြ႕ရေတာ့ေပမယ့္  Thai မွာေတာ့ Chang beer ဟာ သူ႔ပရိသတ္နဲ႔သူဆက္လက္ေအာင္ျမင္ေနတုန္းပါ။ ဒါေပမယ့္ Chang ကိုေက်ာ္ပီး  Thai ႏိုင္ငံရဲ႕ ယခုလက္ရွိ လူၾကဳိက္အမ်ားဆုံး beer brand ကေတာ့ Singha beer ပဲျဖစ္ပါတယ္။ Patpong လမ္းဘက္ေရာက္ျဖစ္ရင္ေတာ့ Singha beer ရဲ႕ အရသာကိုအျပည့္အ၀ခံစားသင့္ပါတယ္။

Singapore

Singapore ေရာက္ရင္ beer ခ်စ္သူေတြအေနနဲ႕ ျမည္းစမ္းၾကည့္သင့္တာကေတာ့ Hoegaarden Beer brand ပဲျဖစ္ပါတယ္။ သူမွာက ေရြးခ်ယ္စရာအရသာနဲ႕ ပုလင္းပုံစံေတြ သုံးေလးငါးမ်ိဳးေလာက္ေတြ႔ႏိုင္တယ္။ ဒီထဲမွာမွ Hoegaarden white beer က လူၾကဳိက္အမ်ားဆုံးထဲမွာပါပါတယ္။ တျခားစြဲမက္ဖြယ္ အရသာေတြကိုမွ ခံစားခ်င္တယ္ဆိုရင္လည္း Hoegaarden ရဲ႕ Official  Store  ထဲ၀င္ျပီး ကိုယ္ၾကဳိက္တာ မွာလိုက္တာနဲ႔အိမ္တိုင္လာေရာက္လာပို႔ေပးမွာပါ။

Malaysia 

Malaysia ႏိုင္ငံဟာ အရက္ဘီယာေတြအေပၚမွာ တင္းက်ပ္တဲ့စည္းကမ္းဥပေဒေတြရွိပါတယ္။ ဒါေၾကာင့္ ျပည္တြင္းထုတ္အရက္ဘီယာေတြဟာ ရွိေတာ့ရွိေပမယ့္ ျပည္ပႏိုင္ငံကတင္သြင္းတဲ့ beer ေတြေလာက္ေအာင္ျမင္မူမရပါဘူး။ Malaysia ရဲ႕ ေသာက္သုံးမႈအမ်ားဆုံး beer ေတြကေတာ့ Carlsberg, Heineken နဲ႕ Guinness တို႔ပဲျဖစ္ပါတယ္။ သင္သာ beer ခ်စ္သူတစ္ေယာက္ျဖစ္ရင္ေတာ့ ေရြးခ်ယ္စရာေတြ နည္းပါးတဲ့ Malaysia မွာ ၾကာၾကာေနေပ်ာ္မွာ မဟုတ္ပါဘူး။

China

ေရွာင္က်ဲက်ဲ တို႔ေပ်ာ္ရာေျမမွာ best-selling beer အျဖစ္ရွိေနတဲ့ beer ကေတာ့ Snow beer ပဲျဖစ္ပါတယ္။ China မွာေတာ့ ေစ်းကြက္ႀကီးႀကီး Marketing ေကာင္းေကာင္း၊ ေရာင္းအားအေကာင္းဆုံးနဲ႕ ရပ္တည္ေနတာၿပီး အိမ္နီးခ်င္းႏိုင္ငံေတြကိုပါ ေစ်းကြက္ျဖန္႔က်က္ထားတာၾကာပါျပီ။ ၿပီးခဲ့တဲ့ ႏွစ္ေတြက ျမန္မာႏိုင္ငံကို ၀င္ေရာက္လာခဲ့ေပမယ့္ လက္ရွိေစ်းကြက္တြင္းရရွိႏိုင္တဲ့ Beer ေတြေလာက္ လူၾကဳိက္မမ်ားခဲ့ပါဘူး။ ျမန္မာႏုိင္ငံမွာလူၾကိဳက္နည္းတဲ့ China product ကလည္းေတာ္ေတာ္ရွားပါတယ္။

By Man Hein Thu

Unicode

ရုံးကလည်းအကြာကြီးပိတ်တယ်။ မိုးကလည်းအေးတယ်။ အိမ်မှာနေရင်းဖြစ်ဖြစ် ခရီးသွားရင်းဖြစ်ဖြစ် ဘီယာလေးစုပ်ချင်သူတွေအတွက် အိမ်နီးချင်းတိုင်းပြည်တွေကနာမည်ကြီးဘီယာအမှတ်တံဆိပ်တွေအကြောင်း ပြောပြပေးချင်ပါတယ်။

Korea

Oppa တို့ကတော့ Cass fresh ပဲသောက်တယ်။ Cass fresh က ကိုရီးယားမှာဆို လူကြိုက်များတဲ့ ဘီယာ စာရင်းထဲမှာပါဝင်ပါတယ်။ Alcohol ပမဏ 4.5 % လောက်ပဲဆိုတော့ အနေတော်လေးနဲ့ထိတယ်လို့ပြောရမယ်။ ဒါပေမယ့် ဒီမှာက Korea အရက်ဆိုတာနဲ့ ဆိုဂျူ ကို ပြေးမြင်ကြပါတယ်။ ဒါကလည်း Korea ဇာတ်လမ်းတွေထဲမှာဆို ဆိုဂျူ ကိုသာ ရိုးရာမပျက် အဓိကသောက်သုံးပြကြတာဆိုတော့ ခုလိုမျိုး product တွေနဲ့အလှမ်းဝေးနေတာပါ။ တစ်ခုသိထားရမှာက Korea မှာ ၁၉ နှစ်ပြည့်မှ အရက်ဘီယာ သောက်သုံးလို့ရပါတယ်။ မြန်မာက ၁၈နှစ်ဆိုတော့ ဒီနိုင်ငံကလူတွေက အရက် ၁နှစ်စောသောက်ရတယ်ပေါ့ဗျာ။

Japan

Asahi Breweries ရဲ့ထုတ်ကုန်တစ်ခုဖြစ်တဲ့ Asahi Super Dry က အရောင်းရဆုံး beer အဖြစ်ရပ်တည်နေပါတယ်။ သူပြီးရင်တော့ ကျွန်တော်တို့နဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Kirin beer လည်းလူအကြိုက်များတဲ့ထဲပါတယ်။ Alcohol ပမာဏ 5% လောက်ပါဝင်တဲ့ super dry ရဲ့ ထုတ်ပိုးမူပုံစံကတော့ 320 ml သံဗူးနဲ့ 330 ဖန်ပုလင်းဗူးဆိုပြီး ၂ မျိုးလာပါတယ်။ Super dry ရဲ့အရသာကိုခံစားချင်ရင်တော့ Japan store ဆိုင်တွေမှာရှာကြည့်ပါ။ ရှိတတ်ပါတယ်။

Thailand

တစ်ခေတ်တစ်ခါက မြန်မာနိုင်ငံရဲ့ ဈေးကွက်ထဲထိုးဖောက်ခဲ့တဲ့ Chang beer ဟာ ထိုင်းနိုင်ငံမှာတော်တော်လူကြိုက်များပါတယ်။ မြန်မာနိုင်ငံတွင်း နိုင်ငံတကာ beer တွေအပြိုင်အဆိုင် ဝင်ရောက်လာတဲ့နောက်ပိုင်းမှာတော့ Chang beer ကို တစ်ခါတစ်ရံမှပဲတွေ့ရတော့ပေမယ့် Thai မှာတော့ Chang beer ဟာ သူ့ပရိသတ်နဲ့သူဆက်လက်အောင်မြင်နေတုန်းပါ။ ဒါပေမယ့် Chang ကိုကျော်ပီး Thai နိုင်ငံရဲ့ ယခုလက်ရှိ လူကြိုက်အများဆုံး beer brand ကတော့ Singha beer ပဲဖြစ်ပါတယ်။ Patpong လမ်းဘက်ရောက်ဖြစ်ရင်တော့ Singha beer ရဲ့ အရသာကိုအပြည့်အဝခံစားသင့်ပါတယ်။

Singapore

Singapore ရောက်ရင် beer ချစ်သူတွေအနေနဲ့ မြည်းစမ်းကြည့်သင့်တာကတော့ Hoegaarden Beer brand ပဲဖြစ်ပါတယ်။ သူမှာက ရွေးချယ်စရာအရသာနဲ့ ပုလင်းပုံစံတွေ သုံးလေးငါးမျိုးလောက်တွေ့နိုင်တယ်။ ဒီထဲမှာမှ Hoegaarden white beer က လူကြိုက်အများဆုံးထဲမှာပါပါတယ်။ တခြားစွဲမက်ဖွယ် အရသာတွေကိုမှ ခံစားချင်တယ်ဆိုရင်လည်း Hoegaarden ရဲ့ Official Store ထဲဝင်ပြီး ကိုယ်ကြိုက်တာ မှာလိုက်တာနဲ့အိမ်တိုင်လာရောက်လာပို့ပေးမှာပါ။

Malaysia

Malaysia နိုင်ငံဟာ အရက်ဘီယာတွေအပေါ်မှာ တင်းကျပ်တဲ့စည်းကမ်းဥပဒေတွေရှိပါတယ်။ ဒါကြောင့် ပြည်တွင်းထုတ်အရက်ဘီယာတွေဟာ ရှိတော့ရှိပေမယ့် ပြည်ပနိုင်ငံကတင်သွင်းတဲ့ beer တွေလောက်အောင်မြင်မူမရပါဘူး။ Malaysia ရဲ့ သောက်သုံးမှုအများဆုံး beer တွေကတော့ Carlsberg, Heineken နဲ့ Guinness တို့ပဲဖြစ်ပါတယ်။ သင်သာ beer ချစ်သူတစ်ယောက်ဖြစ်ရင်တော့ ရွေးချယ်စရာတွေ နည်းပါးတဲ့ Malaysia မှာ ကြာကြာနေပျော်မှာ မဟုတ်ပါဘူး။

China

ရှောင်ကျဲကျဲ တို့ပျော်ရာမြေမှာ best-selling beer အဖြစ်ရှိနေတဲ့ beer ကတော့ Snow beer ပဲဖြစ်ပါတယ်။ China မှာတော့ ဈေးကွက်ကြီးကြီး Marketing ကောင်းကောင်း၊ ရောင်းအားအကောင်းဆုံးနဲ့ ရပ်တည်နေတာပြီး အိမ်နီးချင်းနိုင်ငံတွေကိုပါ ဈေးကွက်ဖြန့်ကျက်ထားတာကြာပါပြီ။ ပြီးခဲ့တဲ့ နှစ်တွေက မြန်မာနိုင်ငံကို ဝင်ရောက်လာခဲ့ပေမယ့် လက်ရှိဈေးကွက်တွင်းရရှိနိုင်တဲ့ Beer တွေလောက် လူကြိုက်မများခဲ့ပါဘူး။ မြန်မာနိုင်ငံမှာလူကြိုက်နည်းတဲ့ China product ကလည်းတော်တော်ရှားပါတယ်။

By Man Hein Thu

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here