ေကာ္ဖီဆိုတာ မေသာက္ဖူးတဲ့သူမရွိပါဘူး။ ဒါေပမယ့္ လူတိုင္းမေသာက္ဖူးေသးတဲ့ ေကာ္ဖီအမ်ိဴးအစားေတြ ရွိပါတယ္။ အဲဒီထဲမွာရွိမယ္လို႔ေတာင္မထင္ထားတဲ့ေကာ္ဖီေတြ ဥပမာ ေရလိုၾကည္လင္ေနတဲ့ေကာ္ဖီမ်ိဳးရွိတယ္ လို႔ေျပာရင္သင္အံ့ၾသသြားမွာလား။ ကဲ…ကိုယ္မသိေသးတဲ့ ေကာ္ဖီအမ်ိဳးအစားေတြ ဘယ္ႏွမ်ိဴးေလာက္ရွိလဲဆိုတာၾကည့္လိုက္ၾကရေအာင္။
ေရၾကည္ေရာင္ေကာ္ဖီ (Clear Coffee)

ဒီေကာ္ဖီကအေရာင္မရွိဘူးဆိုေပမဲ့ espresso ေကာ္ဖီႏွစ္ခြက္စာနဲ႔ ညီမွ်ပါတယ္။ Arabica ေကာ္ဖီေစ့၊ ေရတို႔နဲ႔ ျပဳလုပ္ထားျပီး ဓာတုေဗဒနည္းေတြနဲ႔အေရာင္ခၽြတ္မထားဘူးလို႔ေျပာပါတယ္။ သူ႔ကိုထုတ္လုပ္တဲ့ CLR CFF ကုမၸဏီက ေကာ္ဖီၾကိဳက္ေပမယ့္၊ ေကာ္ဖီေၾကာင့္ျဖစ္တဲ့အစြန္းအထင္းေတြကိုမၾကိဳက္သူေတြ၊ သြားအေရာင္ညစ္မွာစိုးရိမ္သူေတြအတြက္ ေရလိုၾကည္ေနတဲ့ေကာ္ဖီကိုထုတ္လုပ္လိုက္တာလို႔ဆိုတယ္။ ေသာက္ဖူးေတြသူေတြကေတာ့ ေကာ္ဖီအႏွစ္ေတြက်န္ေနတဲ့ခြက္ထဲေရေရာျပီးေသာက္သလို အရသာမ်ိဴးရတယ္လို႔ေျပာၾကပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ပါ…ဒီေရၾကည္ေကာ္ဖီမွာ ကဖိန္းဓာတ္ပါေတာ့ ေကာ္ဖီအာနိသင္ေတာ့ရွိမွာပါပဲ။
စပါကလင္ Espresso

စပါကလင္နဲ႔ espresso ကို ေပါင္းစပ္ရင္ေတာ့ အရသာေကာင္းခ်င္မွေကာင္းလိမ့္မယ္။ ဒါေပမဲ့ သစ္ခြ (vanillla) ေလးကို ထပ္ထည့္လိုက္ေတာ့ အနံေမႊးေမႊးေလးနဲ႔ ေသာက္ခ်င္စဖြယ္ျဖစ္သြားပါတယ္။ Espresso Soda လို႔လည္းေခၚျပီး ဆိုဒါနဲ႔လည္းေဖ်ာ္ေသာက္လို႔လည္းရတယ္။ ပူစီနံရြက္နဲ႔လည္း အရသာပိုေကာင္းေအာင္လုပ္ေလ့ရွိပါတယ္။
Jack Daniel Gourmet Coffee

ေသာက္တတ္တဲ့လူတိုင္းႀကိဳက္တဲ့ Jack Daniels ကေတာ့ သူတို႔၀ီစကီကိုအသစ္အဆန္းထြင္ဖို႔အိုင္ဒီယာေတြ ကုန္သြားပုံမရပါဘူး။ အခုလည္း သူတို႔ရဲ႕ နာမည္ႀကီး JD Tennessee ဝီစကီနဲ႔ Arabica ေကာ္ဖီကို ေရာစပ္ထားတဲ့ အိတ္ေဆာင္ဝီစကီေကာ္ဖီကို ထပ္ထုတ္လိုက္ပါတယ္။ ခပ္ျပင္းျပင္းအရသာေလးနဲ႔ေမာနင္းပက္ ကစ္ခ်င္သူေတြကေတာ့ ဒီေကာ္ဖီေသာက္လိုက္႐ုံပဲ။ 😛
Coca Cola Plus Coffee No Sugar

အားလုံးသိတဲ့ ကိုကာကိုလာကို ေကာ္ဖီနဲ႔ေရာေသာက္ဖို႔ စိတ္ကူးမိဖူးလား။ တကယ္ကို ႀကံႀကံဖန္ဖန္အိုင္ဒီယာကို ဘယ္လိုရခဲ့မွန္းမသိေပမယ့္ အခုေတာ့ဒီေကာ္ဖီေတြကိုရေနပါၿပီ။ ဒါေပမယ့္ ၾသစေၾတးလ်နဲ႔ ဂ်ပန္မွာပဲ ရႏိုင္ပါတယ္တဲ့။ ဒီေကာ္ဖီအရသာက တကယ္ကို ဘရာဇီးေကာ္ဖီအရသာလိုပဲ လို႔ေျပာၾကတဲ့သူေတြ ရွိသလို အရသာႀကီးကလည္း ထူးဆန္းတယ္လို႔ေျပာၾကတဲ့သူေတြလည္းရွိၾကပါတယ္။
Sea Salt Coffee (ေရငံေကာ္ဖီ)

ဆားဆိုတာ ဟင္းခ်က္ရင္သာ မပါမျဖစ္ဆိုေပမဲ့ ဒီလိုေကာ္ဖီမွာ ထည့္ေသာက္တယ္လို႔ ဘယ္သူကမ်ား ေတြးမိမွာလဲ။ ဒါေပမယ့္ ဒီေကာ္ဖီမွာ အဆိပ္အေတာက္မရွိတဲ့ပင္လယ္ေရကေန ခ်က္လုပ္ထားတဲ့ဆားေတြ ပါဝင္ပါတယ္။ ဒီလိုေသခ်ာသန႔္စင္ထားတဲ့ဆားေတြကို ေကာ္ဖီအေပၚမွာျဖဴးၿပီးေရာင္းခ်တာျဖစ္ၿပီး ေဈးကလည္းမနည္းပါဘူး။
By Gam Seng Maw
Unicode
ထူးထူးခြားခြားကော်ဖီများ
ကော်ဖီဆိုတာ မသောက်ဖူးတဲ့သူမရှိပါဘူး။ ဒါပေမယ့် လူတိုင်းမသောက်ဖူးသေးတဲ့ ကော်ဖီအမျိူးအစားတွေ ရှိပါတယ်။ အဲဒီထဲမှာရှိမယ်လို့တောင်မထင်ထားတဲ့ကော်ဖီတွေ ဥပမာ ရေလိုကြည်လင်နေတဲ့ကော်ဖီမျိုးရှိတယ် လို့ပြောရင်သင်အံ့သြသွားမှာလား။ ကဲ…ကိုယ်မသိသေးတဲ့ ကော်ဖီအမျိုးအစားတွေ ဘယ်နှမျိူးလောက်ရှိလဲဆိုတာကြည့်လိုက်ကြရအောင်။
ရေကြည်ရောင်ကော်ဖီ (Clear Coffee)
ဒီကော်ဖီကအရောင်မရှိဘူးဆိုပေမဲ့ espresso ကော်ဖီနှစ်ခွက်စာနဲ့ ညီမျှပါတယ်။ Arabica ကော်ဖီစေ့၊ ရေတို့နဲ့ ပြုလုပ်ထားပြီး ဓာတုဗေဒနည်းတွေနဲ့အရောင်ချွတ်မထားဘူးလို့ပြောပါတယ်။ သူ့ကိုထုတ်လုပ်တဲ့ CLR CFF ကုမ္ပဏီက ကော်ဖီကြိုက်ပေမယ့်၊ ကော်ဖီကြောင့်ဖြစ်တဲ့အစွန်းအထင်းတွေကိုမကြိုက်သူတွေ၊ သွားအရောင်ညစ်မှာစိုးရိမ်သူတွေအတွက် ရေလိုကြည်နေတဲ့ကော်ဖီကိုထုတ်လုပ်လိုက်တာလို့ဆိုတယ်။ သောက်ဖူးတွေသူတွေကတော့ ကော်ဖီအနှစ်တွေကျန်နေတဲ့ခွက်ထဲရေရောပြီးသောက်သလို အရသာမျိူးရတယ်လို့ပြောကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ…ဒီရေကြည်ကော်ဖီမှာ ကဖိန်းဓာတ်ပါတော့ ကော်ဖီအာနိသင်တော့ရှိမှာပါပဲ။
စပါကလင် Espresso
စပါကလင်နဲ့ espresso ကို ပေါင်းစပ်ရင်တော့ အရသာကောင်းချင်မှကောင်းလိမ့်မယ်။ ဒါပေမဲ့ သစ်ခွ (vanillla) လေးကို ထပ်ထည့်လိုက်တော့ အနံမွှေးမွှေးလေးနဲ့ သောက်ချင်စဖွယ်ဖြစ်သွားပါတယ်။ Espresso Soda လို့လည်းခေါ်ပြီး ဆိုဒါနဲ့လည်းဖျော်သောက်လို့လည်းရတယ်။ ပူစီနံရွက်နဲ့လည်း အရသာပိုကောင်းအောင်လုပ်လေ့ရှိပါတယ်။
Jack Daniel Gourmet Coffee
သောက်တတ်တဲ့လူတိုင်းကြိုက်တဲ့ Jack Daniels ကတော့ သူတို့ဝီစကီကိုအသစ်အဆန်းထွင်ဖို့အိုင်ဒီယာတွေ ကုန်သွားပုံမရပါဘူး။ အခုလည်း သူတို့ရဲ့ နာမည်ကြီး JD Tennessee ဝီစကီနဲ့ Arabica ကော်ဖီကို ရောစပ်ထားတဲ့ အိတ်ဆောင်ဝီစကီကော်ဖီကို ထပ်ထုတ်လိုက်ပါတယ်။ ခပ်ပြင်းပြင်းအရသာလေးနဲ့မောနင်းပက် ကစ်ချင်သူတွေကတော့ ဒီကော်ဖီသောက်လိုက်ရုံပဲ။ 😛
Coca Cola Plus Coffee No Sugar
အားလုံးသိတဲ့ ကိုကာကိုလာကို ကော်ဖီနဲ့ရောသောက်ဖို့ စိတ်ကူးမိဖူးလား။ တကယ်ကို ကြံကြံဖန်ဖန်အိုင်ဒီယာကို ဘယ်လိုရခဲ့မှန်းမသိပေမယ့် အခုတော့ဒီကော်ဖီတွေကိုရနေပါပြီ။ ဒါပေမယ့် သြစတြေးလျနဲ့ ဂျပန်မှာပဲ ရနိုင်ပါတယ်တဲ့။ ဒီကော်ဖီအရသာက တကယ်ကို ဘရာဇီးကော်ဖီအရသာလိုပဲ လို့ပြောကြတဲ့သူတွေ ရှိသလို အရသာကြီးကလည်း ထူးဆန်းတယ်လို့ပြောကြတဲ့သူတွေလည်းရှိကြပါတယ်။
Sea Salt Coffee (ရေငံကော်ဖီ)
ဆားဆိုတာ ဟင်းချက်ရင်သာ မပါမဖြစ်ဆိုပေမဲ့ ဒီလိုကော်ဖီမှာ ထည့်သောက်တယ်လို့ ဘယ်သူကများ တွေးမိမှာလဲ။ ဒါပေမယ့် ဒီကော်ဖီမှာ အဆိပ်အတောက်မရှိတဲ့ပင်လယ်ရေကနေ ချက်လုပ်ထားတဲ့ဆားတွေ ပါဝင်ပါတယ်။ ဒီလိုသေချာသန့်စင်ထားတဲ့ဆားတွေကို ကော်ဖီအပေါ်မှာဖြူးပြီးရောင်းချတာဖြစ်ပြီး ဈေးကလည်းမနည်းပါဘူး။
By Gam Seng Maw