MasterChef Myanmar (FAN MEET & GREET)

Unicode
MasterChef Myanmar ပရိသတ်များအတွက် Season ၂ ခုမှ ပြိုင်ပွဲဝင်များနှင့် အတူတူတွေ့ဆုံမိတ်ဆက်ရင်း ပျော်ပျော်ပါးပါး Game တွေအတူဆော့နိုင်မယ့်အခွင့်အရေးပါ။
ပွဲအချိန် – 9th November 2019 (Saturday)
ပွဲကျင်းပမည့်နေရာ – 6.5-mile Marketplace by City Mart
ပွဲကျင်းပမည့်အချိန် – 12:30 PM to 02:00 PM
MasterChef Myanmar Season-1 မှ
Ko Aung Wai Phyo, Ma Nilar Aung Win, Ko Htet Myat Oo, Ma Khin Cho Mar, Ma Kywat Kaythi Aung, Daw Nwelt Nwelt Win, Ko Htain Lin Mg, Ko Phyo Thurain Oo, Ma Tin Tin Oo, Ko Win Zaw Lwin, Ma May Phyo Thi နှင့်
MasterChef Myanmar Season-2 မှ
Ma May Hnin Phway, Ma Aye Thazin, Ko Nay Aung, Ko Arkar, Ko Kaung Kin Htet, Ma Zin Min Min Htet, Ko Bo Bo Ko, Ko Tun Kyaw Oo, Ko Kyaw Soe Han,Shoon Shoon Aung, Phoe Wa Aung,Ye’ Yint Maung Maung, Ko Naing Zaw, Thar Htet Shan တို့ပါဝင်မယ်လို့သိရပါတယ်။
Exhibition: Leonardo Opera Omnia

Unicode
Leonardo da Vinci ကွယ်လွန်ခြင်း နှစ် ၅၀၀ပြည့် အထိမ်းအမှတ်အနေဖြင့် အီတလီသံရုံးမှကြီးမှူးကျင်းပတဲ့ “Leonardo Opera Omnia” ပြပွဲကို Rosewood Yangon မှာ နိုဝင်ဘာ ၉ရက်နေ့မှ ဒီဇင်ဘာ ၂ရက်နေ့အထိကျင်းပသွားမှာပါ။ စိတ်ဝင်စားသူများအနေဖြင့် မနက် ၁၀နာရီမှ ညနေ ၅နာရီအထိဝင်ကြေးအခမဲ့ဖြင့်လေ့လာနိုင်ပါတယ်။
လာမယ့်ပြပွဲမှာသူ့ရဲ့ masterpiece ပန်းချီကား ၁၇ကားကိုပြသသွားမှာပါ။ သယ်ယူပို့ဆောင်ရာမှာ ထိခိုက်ပျက်စီးသွားမှာစိုးတဲ့အတွက် မူရင်းပန်းချီကားတွေကိုမပြနိုင်ပေမယ့်လည်း မူရင်းနဲ့တထေရာတည်းတူတဲ့ပန်းချီကားတွေကိုကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်။ ဒီမိတ္တူပန်းချီကားတွေရဲ့ မူရင်းလက်ရာတွေဟာကမ္ဘာအနှံ့နေရာ ၁၁နေရာမှာပြန့်ကျဲတည်ရှိနေတယ်လို့သိရပါတယ်။
ရီနေးဆန့်ဂီတနှင့် ကပွဲ

Unicode
ရီနေးဆန့်ခေတ်၏နေထိုင်မှုနှင့်ရိုးရာဝတ်စုံများကို တွေ့ကြုံသိရှိလိုပါသလား။
ဆယ့်ငါးရာစုနှစ်၏ တေးဂီတများကို နားဆင်ခံစားလိုပါသလား။
ပျောက်ကွယ်လုနီးပါးဖြစ်နေသော သမိုင်းဝင်အဝတ်အစားများနှင့် တူရိယာများကို လေးစားတန်ဖိုးထားတတ်ပါသလား။
အီတလီသံရုံးမှ စီစဉ်တဲ့ LEONARDO OPERA OMNIA EXHIBITION အထူးပြပွဲနှင့် တဆက်တည်း ကျင်းပမယ့်အီတလီအဖွဲ့ လာရော်ဆီညော် (La Rossignol) ရဲ့ တမူထူးခြားသောဖျော်ဖြေပွဲကို Rosewood Yangon ဟိုတယ် Grand Ballroom တွင် နိုဝင်ဘာလ (၉)ရက် ည(၇) နာရီမှာသွားရောက်ကြည့်ရှုခံစားနိုင်ပါပြီ။ ဝင်ကြေးအခမဲ့ဖြစ်ပြီး ကြိုတင်စာရင်းပေးသွင်းရန်မလိုပါ။
Magatama Workshop

14:00-16:00 (ညနေပိုင်း)
သတ်မှတ်ဦးရေ – ၂ဝ ဦး
ဝင်ကြေးအခမဲ့
Unicode
နိုဝင်ဘာလ ၉ ရက်(စနေနေ့) ဂျပန်ဖောင်ဒေးရှင်း ရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာတွင် လက်မှုပညာသင်တန်းကိုကျင်းပမှာဖြစ်ပါတယ်။ မနက်ပိုင်းနဲ့ ညနေပိုင်း ၂ ကြိမ်ကျင်းပမှာပါ။ မိမိနှစ်သက်ရာအချိန်တွင် ပါဝင်ဆင်နွှဲနိုင်ပါတယ်။ ဒီလက်မှုပညာသင်တန်းမှာ ဂျပန်ရှေးဟောင်းအလှဆင်ပစ္စည်း “Magatama” ကိုပြုလုပ်နည်းကိုသင်ကြားမှာဖြစ်ပါတယ်။
Magatama ဆိုတာက (Kofun) ခိုဖွန်းခေတ် က ဖန်တီးပြုလုပ်ခဲ့တဲ့ ဂျပန်၏ကိုယ်ပိုင်တစ်ခုတည်းသော အလှဆင်ပစ္စည်းကိုခေါ်တာပါ။ ဒီထူးခြားတဲ့ ပုံသဏ္ဍာန်က တိရိစ္ဆာန်တွေရဲ့ သွားနဲ့ အစွယ်ကို အပေါက်ဖောက်ပြီး လည်ပင်းမှာ ချိတ်ဆွဲလာကြရာကနေ ပြောင်းလဲဆင်းသက်လာတယ်လို့ ဆိုကြပါတယ်။ ကျောက်အရိုင်းကို အနာအဆာတွေကိုဖယ်ရှားပြီး ချောမွေ့ပြောင်လက်အောင်ပွတ်တိုက်၍ ပြုပြင်မွမ်းမံတဲ့အတတ်ပညာဖြစ်ပါတယ်။ ဒီတစ်ခေါက် သင်တန်းမှာတော့ ကိုယ်ပိုင်စိတ်ကြိုက်ပုံစံများကိုလည်း ပြုလုပ်ဖန်တီးနိုင်ပါတယ်။ သင်တန်းအပြီးတွင် သင်ကြားပေးသောဆရာ “တာနက” နှင့်အတူ စကားဝိုင်းဖွဲ့ပြောကြရအောင်။
စာရင်းပေးသွင်းရန်- The Japan Foundation, Yangon ရဲ့ FB Messenger သို့ အမည်၊ ဖုန်းနံပါတ်နှင့် ပါဝင်လိုသောအချိန်ကိုပေးပို့၍ ကြိုတင်စာရင်ပေးသွင်းဖို့လိုအပ်ပါတယ်။ သတ်မှတ်လူဦးရေပြည့်သွားပါက စာရင်းပိတ်မှာဖြစ်ပါတယ်။
နေ့ရက် – နိုဝင်ဘာလ ၉ ရက် (စနေနေ့)
အချိန် – 10:00-12:00 (မနက်ပိုင်း)
14:00-16:00 (ညနေပိုင်း)
သတ်မှတ်ဦးရေ – ၂ဝ ဦး
သင်ကြားပြသပေးမည့်ဆရာ- Mr. Masayuki TANAKA (NGO Material Explorer)
ဘာသာစကား – ဂျပန်ဘာသာ၊ မြန်မာဘာသာ
ဝင်ကြေးအခမဲ့
နေရာ – အမှတ် (၇၀)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
Tazaung Daing Full Moon Holiday Package

184,450++
- Wi-Fi
Sedona Hotel Yangon
Unicode
မြန်မာငွေ ၂၁၅၄၅၀ (ဒေါ်လာ ၁၃၉++) မှစပြီး Sedona Hotel Yangon ရဲ့ Garden Wing (သို့) အထူးပြင်ဆင်ထားသော Inya Wing မှာတညတည်းခိုနိုင်ပါပြီ။ တန်ဆောင်တိုင်ပိတ်ရက်ကိုခရီးမသွားဘဲ ရန်ကုန်ရဲ့ Premier Urban Resort မှာအပန်းဖြေလိုက်ပါ။ ဒီ package မှာ D’Cuisine စားသောက်ဆိုင်တွင် နှစ်ယောက်စာဘူဖေးမနက်စာနဲ့ ညစာစားခွင့်ပါဝင်ပြီးဖြစ်ပါတယ်။ ယနေ့မှစ၍ နိုဝင်ဘာလ ၁၂ရက်နေ့အထိ ရရှိနိုင်ပါပြီ။
Garden Wing Package (Deluxe Pool View): US$119++ or MMK 184,450++
Inya Wing Package (Premier Room): US$ 139++ or MMK 215,450++
- D’Cuisine စားသောက်ဆိုင်တွင် လူကြီး ၂ယောက်၊ ၆နှစ်အောက် ကလေး ၂ယောက်အတွက် ဘူဖေးမနက်စာနဲ့ ညစာစားခွင့် - ကြိုဆိုလက်ဆောင်အဖြစ် Sedona special cake - Wi-Fi - ရေကူးကန်အသုံးပြုခွင့် - မနက် ၁၀နာရီမှစ၍ early check-in ဝင်ခွင့်၊ နောက်တနေ့ညနေ ၃နာရီအထိ late check-out ထွက်ခွင့်
Inya Wing ၌သာပါဝင်သောအထူးခံစားခွင့်များ
- အဝတ်လျှော်ဝန်ဆောင်မှု (တနေ့လျှင် ၃ထည်၊ စုပေး၍မရပါ) - အခန်းတွင်းဘားမှ item တချို့အသုံးပြုခွင့် - မနက် ၁၀နာရီမှစ၍ early check-in ဝင်ခွင့်၊ နောက်တနေ့ညနေ ၆နာရီအထိ late check-out ထွက်ခွင့်
Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
Sedona presents: Symphony at the Lounge

Sedona Hotel Yangon
Unicode
Chromatic Orchestra တီးဝိုင်းရဲ့ဂီတကိုနားဆင်ရင်း high tea buffet ကို USD
28 nett တည်းနဲ့သုံးဆောင်နိုင်မှာပါ။ နိုဝင်ဘာနဲ့ဒီဇင်ဘာမှာ စနေနေ့တိုင်း
ညနေ ၃နာရီကနေ ၅နာရီအထိ Sedona ရဲ့ Lobby Lounge မှာဒီအစီအစဉ်ရှိပါတယ်နော်။
+95 1 8605377 ကိုဆက်သွယ်ပြီး reservation လုပ်လိုက်ပါ။
Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
The Ritz’s Special offer for Children

Pizza
*Pizza Carbonara
*Pizza Margherita
*Pizza Funghi
(or)
Pasta
*Ravioli di Zicca
*Spaghetti Carbonara
*Spaghetti Pomodoro
Dessert
*Torta Caprese
(or)
*Gelato
The RITZ
01 525 935
11am – 11pm
Unicode
နိုဝင်ဘာလထဲမှာ The Ritz Restaurant ရဲ့ children’s menu မှာပါဝင်တဲ့အောက်ပါဟင်းပွဲတွေကို ၁၂နှစ်အောက်ကလေးငယ်တွေအနေနဲ့ အခမဲ့သုံးဆောင်နိုင်မှာဖြစ်ပါတယ်။
Pizza
*Pizza Carbonara
*Pizza Margherita
*Pizza Funghi
(or)
Pasta
*Ravioli di Zicca
*Spaghetti Carbonara
*Spaghetti Pomodoro
Dessert
*Torta Caprese
(or)
*Gelato
Pizza (သို့) Pasta တခုခုရွေးချယ်နိုင်ပြီး ကြိုက်နှစ်သက်ရာ dessert ကိုလည်းရနိုင်ပါတယ်။ သားသားမီးမီးလေးတွေကိုခေါ်ပြီးအခုပဲသွားစားလိုက်ရအောင်။
The RITZ
အမှတ် (၆၁)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်း၊ ရန်ကုန်။
01 525 935
11am – 11pm
Enjoy your meal; enjoy your time at Heaven Bistro

The Heaven Bistro
09 446 446 117
Unicode
ကိုယ့်ချစ်သူခင်သူတွေနဲ့တခုခုစားရင်းသောက်ရင်းစကားပြောဖို့ပဲဖြစ်ဖြစ်၊ တယောက်တည်းအပြင်မှာ မုန့်ထွက်စားဖို့ပဲဖြစ်ဖြစ် Heaven Bistro ကစောင့်ကြိုနေပါတယ်။ Food and drink အားလုံးကို ၁၀ရာခိုင်နှုန်း discount ပေးနေပြီနော်။ ဖော်ရွေတဲ့ဝန်ဆောင်မှု၊ အရသာရှိတဲ့အစားအသောက်၊ ဓာတ်ပုံလှလှလေးတွေရိုက်လို့ ကောင်းတဲ့အပြင်အဆင်တွေနဲ့ Heaven Bistro ကသင့်စိတ်ကြိုက်စားသောက်ဆိုင်တဆိုင်ဖြစ်လာမှာပါ။
The Heaven Bistro
အမှတ် (၄)၊ မြေညီထပ်၊ Room I, J၊ ဝင်္ကဘာလမ်း၊ ဗဟန်း။
09 446 446 117
11am – 10pm (until 12am on Friday and Saturday)
Babett goes Live (Nov 9)

HOTEL G YANGON
Unicode
စနေနေ့တိုင်းမှာ DJ နဲ့ တီးဝိုင်းအမျိုးမျိုးက Babett Yangon မှာ live ဖျော်ဖြေသွားမှာပါ။ ပိတ်ရက်မှာမိတ်ဆွေသူငယ်ချင်းတွေနဲ့အတူတူသီချင်းတွေနားထောင်ရင်း မုန့်စားကြမယ်။ ဘီယာတခွက်ကို ကျပ် ၂၅၀၀၊ ကော့တေးတခွက်ကို ကျပ် ၈၀၀၀မှစ၍သုံးဆောင်နိုင်ပါတယ်။ +95 1 243 639 ကိုဆက်ပြီး reservation တော့လုပ်ထားပါနော်။
HOTEL G YANGON
အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။
Ladies night at Babett

HOTEL G YANGON
Unicode
ဗုဒ္ဓဟူးနေ့တိုင်းညနေ ၅နာရီကနေ ည ၁၁နာရီအထိ မိန်းကလေး ၄ယောက်လာတာနဲ့ sparkling wine တလုံးလက်ဆောင်ပေးသွားမှာနော်။ အခုပဲသူငယ်ချင်းတွေကိုခေါ်ပြီး အတူတူကဲလိုက်ရအောင်လေ။ +95 1 243 639 ကိုဆက်ပြီး reservation တော့လုပ်ထားပါနော်။
HOTEL G YANGON
အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။
Guest bartender Joey Keen at Sarkies Bar (Nov 8 & 9, The Strand)

Unicode
နိုဝင်ဘာလရဲ့ ၈ရက်နေ့ ၉ရက်နေ့ ၂၉ရက်နေ့နဲ့ ၃၀ရက်နေ့တွေမှာ Madame Em’s cocktail bar က guest bartender Joey Keen ရဲ့ Campari အသုံးပြုဖျော်စပ်ထားတဲ့ကော့တေးတွေကိုမြည်းစမ်းကြည့်လိုက်ပါ။ Campari Bartender ASIA 2019 competition မှာပါဝင်ခဲ့တဲ့ ကော့တေး ၃မျိုးအပါအဝင် USA တောင်ပိုင်းက ကော့တေးတွေကို Inspire ယူထားတဲ့ ကော့တေး ၂မျိုးတို့ကိုဖျော်စပ်ဧည့်ခံသွားမှာဖြစ်ပါတယ်။ Joey ဟာဘန်ကောက်ကနာမည်ကြီး Seven Spoons Restaurant ကို ၆နှစ်တိတိစီမံကွပ်ကဲခဲ့ပြီး မကြာသေးခင်ကမှ မြန်မာနိုင်ငံကိုပြန်ရောက်လာခဲ့တာပါ။ ၉ရက်နေ့နဲ့ ၃၀ရက်နေ့ကျရင် Sarkies Bar မှာ cocktail masterclass ကိုလည်းစီစဉ်ဖို့ရှိတယ်နော်။ အသေးစိတ်သိချင်ရင်ပဲဖြစ်ဖြစ်၊ reservation လုပ်ဖို့ပဲဖြစ်ဖြစ် (95) 1 8 243 377~79 (သို့) [email protected] ကိုဆက်သွယ်နိုင်ပါတယ်။
The Strand Hotel Yangon
အမှတ် (၉၂)၊ ကမ်းနားလမ်း၊ ရန်ကုန်။