Advertisement

HBO က ၂၀၁၉ ႏွစ္လယ္ေလာက္မွာေၾကညာခဲ့တဲ့ Game of Thrones prequel series “Blood Moon” ကိုဖ်က္သိမ္းလိုက္တာ အားလံုးသိျပီးျဖစ္မွာပါ။

Westeros ရဲ႕သူရဲေကာင္းေခတ္ကေန White Walker ေတြထြန္းကားလာတဲ့အခ်ိန္ထိႏွစ္ ၃၀၀၀ ရွည္တဲ့သမိုင္းေၾကာင္းကိုေျပာျပမယ့္ ဒီစီးရီးအစား Targaryen မ်ိဳးႏြယ္အေပၚအေျခခံထားတဲ့ House of the Dragon ကို HBO ကမီးစိမ္းျပလိုက္ပါတယ္။

Targaryen မ်ိဳးႏြယ္နဲ႔သူတို႔ရဲ႕နဂါးေတြအေၾကာင္း A Song of Ice and Fire စာအုပ္တြဲေတြမွာ တေစ့တေစာင္းေဖာ္ျပသလို Dangerous Women၊ Rogues နဲ႔ Fire and Blood စာအုပ္ ၃အုပ္မွာလည္း အက်ယ္တ၀ံ့ရွင္းလင္းထားပါတယ္။ Dangerous Women က Targaryen တို႔တန္ခိုးထြားခ်ိန္မွာ Westeros ရဲ႕ႏိုင္ငံေရးမွာအေရးၾကီးတဲ့အခန္းက႑ကပါ၀င္ခဲ့တဲ့အမ်ိဳးသမီးေတြအေၾကာင္းျဖစ္ျပီး Rogues ကေတာ့ Targaryen မ်ိဳးႏြယ္ေတြထဲကသိုးမည္းေတြအေၾကာင္းေရးထားတာျဖစ္ပါတယ္။ Fire and Blood ကေတာ့ Archmaester Gyldayn ေရးသားခဲ့တဲ့ Targaryen ရာဇ၀င္က်မ္းပါ။

စီးရီးမစခင္ Valyria နဲ႔ Targaryen သမိုင္းကိုအခန္းဆက္ေျပာျပခ်င္ပါတယ္။ စာအုပ္ေတြနဲ႔ A Wiki of Ice and Fire ကေနမွီျငမ္းထားတာျဖစ္လို႔ စီးရီးအတြက္ spoiler လည္းပါႏုိင္တယ္။ GoT ကစာအုပ္ထဲကအတိုင္းတေသြမတိမ္းရိုက္ကူးေလ့မရွိေပမယ့္ လိုရမည္ရသတိေပးထားတာပါ။

Valyrian Freehold

Targaryen ေတြအေၾကာင္းေျပာမယ္ဆို Essos သမိုင္းမွာအခမ္းနားဆံုးအင္ပါယာျဖစ္ခဲ့တဲ့ Valyrian Freehold အေၾကာင္းမပါလို႔မျဖစ္ဘူး။ တခ်ိန္က Valyria ကၽြန္းဆြယ္ဆိုတာ အေရွ႕ဘက္ကုန္းေျမေဒသ Essos မွာတည္ရွိျပီး မီးေတာင္ထူထပ္တဲ့ကၽြန္းေလးျဖစ္ပါတယ္။ ေဒသခံေတြကစိုက္ပ်ိဳးေရး၊ ေမြးျမဴေရးလုပ္ျပီးရိုးရိုးရွင္းရွင္းပဲ အသက္ေမြးၾကတယ္။ ကံၾကမၼာအလွည့္အေျပာင္းတခုေၾကာင့္ လြန္ခဲ့တဲ့ႏွစ္ ၅၀၀၀ ေလာက္မွာ ေဒသခံဆိတ္ေက်ာင္းသားေတြက နဂါးနဲ႔နဂါးဥေတြကိုရွာေဖြေတြ႔ရွိရာကေန ၾကီးက်ယ္ခမ္းနားတဲ့အင္ပါယာၾကီး ေမြးဖြားလာခဲ့ပါတယ္။

Fourteen Fires လို႔ေခၚတဲ့မီးေတာင္ေတြထဲမွာနဂါးေတြကိုစေတြ႔ခဲ့ေပမယ့္သူတို႔ရဲ႕မူလျဖစ္တည္မႈကို ဘယ္သူကမွမသိၾကဘူး။ Valyrian ေတြကေတာ့ ဒီမီးေတာင္ေတြကပဲနဂါးေတြကိုေမြးထုတ္ေပးလိုက္တယ္လို႔ ေျပာၾကတယ္။ Qarth ျမိဳ႕သားေတြကေတာ့ တခ်ိန္ကကမာၻမွာ လ ၂စင္းရွိျပီး တစင္းကေနနဲ႔အရမ္းနီးကပ္သြားတဲ့အခါ ကြဲအက္ျပီး နဂါးအေကာင္တသန္းထြက္လာတယ္လို႔ ယံုၾကည္ၾကတယ္။ နဂါးေတြရဲ႕ျဖစ္တည္မႈကမထင္ရွားေပမယ့္ သူတို႔ေၾကာင့္ျဖစ္လာတဲ့အက်ိဳးဆက္ေတြကေတာ့ Westeros သမိုင္းမွာေတာ္ေတာ္ၾကီးက်ယ္ခဲ့ပါတယ္။

ဓေလ့ထံုးစံႏွင့္ ရုပ္ရည္သြင္ျပင္

Valyrian ေတြဟာနဂါးေတြနဲ႔ယဥ္ပါးေအာင္ေနရင္း၊ ေမွာ္ပညာကိုသံုးရင္း နဂါးေတြနဲ႔စိတ္ခ်င္းဆက္သြယ္ႏုိင္တဲ့ စြမ္းရည္ကိုရလာတယ္။ ဒီစြမ္းရည္ကိုထိန္းသိမ္းဖို႔အတြက္ ေမာင္ႏွမ၊ ေဆြမ်ိဳးအခ်င္းခ်င္း လက္ထပ္ထိမ္းျမားၾကပါတယ္။ ဒါေၾကာင့္မ်ိဳးဗီဇေၾကာင့္ျဖစ္တဲ့ေရာဂါေတြနဲ႔ စိတ္က်န္းမာေရးျပႆနာေတြကိုခံစားရေလ့ရွိတယ္။

Targaryen အပါအ၀င္ Valyrian လူမ်ိဳးေတြဟာ ဆံပင္အျဖဴေရာင္ (သို႔) ေငြေရာင္ေဖ်ာ့ေဖ်ာ့ရွိျပီး အသားအရည္ကလည္းျဖဴေဖ်ာ့တယ္။ ခရမ္းေရာင္၊ အျပာေရာင္မ်က္လံုးေတြရွိျပီး အရမ္းလွပေခ်ာေမာၾကတယ္လို႔ ေျပာၾကပါတယ္။ ဒါဟာနဂါးေတြနဲ႔အေနၾကာလို႔သူတို႔ရဲ႕ရုပ္ရည္သြင္ျပင္ေတြေျပာင္းလဲလာတာလို႔ မွတ္တမ္းမွတ္ရာေတြကိုၾကည့္ျပီး ေႏွာင္းလူေတြကယူဆၾကတယ္။ Valyrian ေတြမွာကိုးကြယ္ယံုၾကည္မႈရယ္လို႔သီးသန္႔မရွိဘဲ ဘာသာေရးနဲ႔ပတ္သက္ျပီး ေတာ္ေတာ္လြတ္လပ္တယ္။ တခ်ိဳ႕အယူသီးသူေတြဆိုရင္ ဘာသာေရးအရအထိန္းအကြပ္မဲ့လြန္းတဲ့ Valyrian Freehold ကိုစြန္႔ခြာျပီး အနီးအနားကျမိဳ႕ေတြမွာေျပာင္းလဲအေျခခ်တာမ်ိဳးေတာင္လုပ္ခဲ့ၾကပါသတဲ့။

ကၽြန္းသူကၽြန္းသားေတြဟာနဂါးေတြရဲ႕အကူအညီနဲ႔ကမာၻအရပ္ရပ္ကိုနယ္ခ်ဲ႕ရင္း Valyrian Freehold ကိုတည္ေထာင္ခဲ့ပါတယ္။ အုပ္ခ်ဳပ္သူသီးသန္႔မရွိဘဲ Dragonlord အိမ္ေတာ္ ၄၀ က ပူးေပါင္းဖြဲ႔စည္းထားတဲ့အစိုးရကအုပ္ခ်ဳပ္တယ္။ ႏွစ္ ၅၀၀၀ ခန္႔ဘုန္းမီးေနလေတာက္ပခဲ့တဲ့ Valyria ဟာ Doom လို႔ေခၚတဲ့ကပ္ဆိုးၾကီးေၾကာင့္ပ်က္စီးခဲ့ရတယ္။

Doom ေနာက္ပိုင္းအျဖစ္အပ်က္မ်ား

Westeros သမိုင္းေၾကာင္းအရေတာ့ ကၽြန္းေပၚကမီးေတာင္ေတြတျပိဳင္နက္ေပါက္ကြဲရာကေန Valyria ကၽြန္းဆြယ္တခုလံုး ပ်က္စီးသြားျပီးအစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ားေရထဲျမဳပ္ကုန္ပါတယ္။ Dragonlord ေတြအားလံုးလိုလိုေသေက်ပ်က္စီးသြားသလို၊ နဂါးေတြ၊ ေမွာ္ပညာေတြနဲ႔ ယဥ္ေက်းမႈလက္ရာေတြ ေတာ္ေတာ္မ်ားမ်ားဆံုးရႈံးခဲ့ရတယ္။ ေရေအာက္ထဲေရာက္သြားတာေတာင္ မေသေသးတဲ့မီးေတာင္တခ်ိဳ႕ကဓာတ္ေငြ႔ေတြေၾကာင့္ အေငြ႔တလူလူျဖစ္ေနတဲ့ေရျပင္နယ္နိမိတ္ကို Smoking Sea လို႔ေခၚပါတယ္။

Valyrian ေတြမရွိေတာ့တဲ့ေနာက္ပိုင္း သူတို႔ရဲ႕က်န္ရွိေနတဲ့ကိုလိုနီေတြက Free Cities ေတြျဖစ္လာခဲ့ျပီး Valyria ကထြက္ေျပးလြတ္ေျမာက္လာတဲ့ကၽြန္ေတြတည္ေထာင္ထားတဲ့ Braavos က Essos မွာအင္အားၾကီးမားလာခဲ့တယ္။ Dothraki ေတြကလည္းေခါင္းေထာင္ထလာျပီး Dothraki Sea တ၀ိုက္ကအလယ္ပိုင္းလြင္ျပင္ေတြကို လႊမ္းမိုးႏုိင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာ Targaryen ေတြ Westeros မွာနယ္ေျမခ်ဲ႕ထြင္တဲ့အေၾကာင္းဆက္လက္ေဖာ္ျပသြားပါ့မယ္။

Unicode

HBO က ၂၀၁၉ နှစ်လယ်လောက်မှာကြေညာခဲ့တဲ့ Game of Thrones prequel series “Blood Moon” ကိုဖျက်သိမ်းလိုက်တာ အားလုံးသိပြီးဖြစ်မှာပါ။

Westeros ရဲ့သူရဲကောင်းခေတ်ကနေ White Walker တွေထွန်းကားလာတဲ့အချိန်ထိနှစ် ၃၀၀၀ ရှည်တဲ့သမိုင်းကြောင်းကိုပြောပြမယ့် ဒီစီးရီးအစား Targaryen မျိုးနွယ်အပေါ်အခြေခံထားတဲ့ House of the Dragon ကို HBO ကမီးစိမ်းပြလိုက်ပါတယ်။

Targaryen မျိုးနွယ်နဲ့သူတို့ရဲ့နဂါးတွေအကြောင်း A Song of Ice and Fire စာအုပ်တွဲတွေမှာ တစေ့တစောင်းဖော်ပြသလို Dangerous Women၊ Rogues နဲ့ Fire and Blood စာအုပ် ၃အုပ်မှာလည်း အကျယ်တဝံ့ရှင်းလင်းထားပါတယ်။ Dangerous Women က Targaryen တို့တန်ခိုးထွားချိန်မှာ Westeros ရဲ့နိုင်ငံရေးမှာအရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်ခဲ့တဲ့အမျိုးသမီးတွေအကြောင်းဖြစ်ပြီး Rogues ကတော့ Targaryen မျိုးနွယ်တွေထဲကသိုးမည်းတွေအကြောင်းရေးထားတာဖြစ်ပါတယ်။ Fire and Blood ကတော့ Archmaester Gyldayn ရေးသားခဲ့တဲ့ Targaryen ရာဇဝင်ကျမ်းပါ။

စီးရီးမစခင် Valyria နဲ့ Targaryen သမိုင်းကိုအခန်းဆက်ပြောပြချင်ပါတယ်။ စာအုပ်တွေနဲ့ A Wiki of Ice and Fire ကနေမှီငြမ်းထားတာဖြစ်လို့ စီးရီးအတွက် spoiler လည်းပါနိုင်တယ်။ GoT ကစာအုပ်ထဲကအတိုင်းတသွေမတိမ်းရိုက်ကူးလေ့မရှိပေမယ့် လိုရမည်ရသတိပေးထားတာပါ။

Valyrian Freehold

Targaryen တွေအကြောင်းပြောမယ်ဆို Essos သမိုင်းမှာအခမ်းနားဆုံးအင်ပါယာဖြစ်ခဲ့တဲ့ Valyrian Freehold အကြောင်းမပါလို့မဖြစ်ဘူး။ တချိန်က Valyria ကျွန်းဆွယ်ဆိုတာ အရှေ့ဘက်ကုန်းမြေဒေသ Essos မှာတည်ရှိပြီး မီးတောင်ထူထပ်တဲ့ကျွန်းလေးဖြစ်ပါတယ်။ ဒေသခံတွေကစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ပြီးရိုးရိုးရှင်းရှင်းပဲ အသက်မွေးကြတယ်။ ကံကြမ္မာအလှည့်အပြောင်းတခုကြောင့် လွန်ခဲ့တဲ့နှစ် ၅၀၀၀ လောက်မှာ ဒေသခံဆိတ်ကျောင်းသားတွေက နဂါးနဲ့နဂါးဥတွေကိုရှာဖွေတွေ့ရှိရာကနေ ကြီးကျယ်ခမ်းနားတဲ့အင်ပါယာကြီး မွေးဖွားလာခဲ့ပါတယ်။

Fourteen Fires လို့ခေါ်တဲ့မီးတောင်တွေထဲမှာနဂါးတွေကိုစတွေ့ခဲ့ပေမယ့်သူတို့ရဲ့မူလဖြစ်တည်မှုကို ဘယ်သူကမှမသိကြဘူး။ Valyrian တွေကတော့ ဒီမီးတောင်တွေကပဲနဂါးတွေကိုမွေးထုတ်ပေးလိုက်တယ်လို့ ပြောကြတယ်။ Qarth မြို့သားတွေကတော့ တချိန်ကကမ္ဘာမှာ လ ၂စင်းရှိပြီး တစင်းကနေနဲ့အရမ်းနီးကပ်သွားတဲ့အခါ ကွဲအက်ပြီး နဂါးအကောင်တသန်းထွက်လာတယ်လို့ ယုံကြည်ကြတယ်။ နဂါးတွေရဲ့ဖြစ်တည်မှုကမထင်ရှားပေမယ့် သူတို့ကြောင့်ဖြစ်လာတဲ့အကျိုးဆက်တွေကတော့ Westeros သမိုင်းမှာတော်တော်ကြီးကျယ်ခဲ့ပါတယ်။

ဓလေ့ထုံးစံနှင့် ရုပ်ရည်သွင်ပြင်

Valyrian တွေဟာနဂါးတွေနဲ့ယဉ်ပါးအောင်နေရင်း၊ မှော်ပညာကိုသုံးရင်း နဂါးတွေနဲ့စိတ်ချင်းဆက်သွယ်နိုင်တဲ့ စွမ်းရည်ကိုရလာတယ်။ ဒီစွမ်းရည်ကိုထိန်းသိမ်းဖို့အတွက် မောင်နှမ၊ ဆွေမျိုးအချင်းချင်း လက်ထပ်ထိမ်းမြားကြပါတယ်။ ဒါကြောင့်မျိုးဗီဇကြောင့်ဖြစ်တဲ့ရောဂါတွေနဲ့ စိတ်ကျန်းမာရေးပြဿနာတွေကိုခံစားရလေ့ရှိတယ်။

Targaryen အပါအဝင် Valyrian လူမျိုးတွေဟာ ဆံပင်အဖြူရောင် (သို့) ငွေရောင်ဖျော့ဖျော့ရှိပြီး အသားအရည်ကလည်းဖြူဖျော့တယ်။ ခရမ်းရောင်၊ အပြာရောင်မျက်လုံးတွေရှိပြီး အရမ်းလှပချောမောကြတယ်လို့ ပြောကြပါတယ်။ ဒါဟာနဂါးတွေနဲ့အနေကြာလို့သူတို့ရဲ့ရုပ်ရည်သွင်ပြင်တွေပြောင်းလဲလာတာလို့ မှတ်တမ်းမှတ်ရာတွေကိုကြည့်ပြီး နှောင်းလူတွေကယူဆကြတယ်။ Valyrian တွေမှာကိုးကွယ်ယုံကြည်မှုရယ်လို့သီးသန့်မရှိဘဲ ဘာသာရေးနဲ့ပတ်သက်ပြီး တော်တော်လွတ်လပ်တယ်။ တချို့အယူသီးသူတွေဆိုရင် ဘာသာရေးအရအထိန်းအကွပ်မဲ့လွန်းတဲ့ Valyrian Freehold ကိုစွန့်ခွာပြီး အနီးအနားကမြို့တွေမှာပြောင်းလဲအခြေချတာမျိုးတောင်လုပ်ခဲ့ကြပါသတဲ့။

ကျွန်းသူကျွန်းသားတွေဟာနဂါးတွေရဲ့အကူအညီနဲ့ကမ္ဘာအရပ်ရပ်ကိုနယ်ချဲ့ရင်း Valyrian Freehold ကိုတည်ထောင်ခဲ့ပါတယ်။ အုပ်ချုပ်သူသီးသန့်မရှိဘဲ Dragonlord အိမ်တော် ၄၀ က ပူးပေါင်းဖွဲ့စည်းထားတဲ့အစိုးရကအုပ်ချုပ်တယ်။ နှစ် ၅၀၀၀ ခန့်ဘုန်းမီးနေလတောက်ပခဲ့တဲ့ Valyria ဟာ Doom လို့ခေါ်တဲ့ကပ်ဆိုးကြီးကြောင့်ပျက်စီးခဲ့ရတယ်။

Doom နောက်ပိုင်းအဖြစ်အပျက်များ

Westeros သမိုင်းကြောင်းအရတော့ ကျွန်းပေါ်ကမီးတောင်တွေတပြိုင်နက်ပေါက်ကွဲရာကနေ Valyria ကျွန်းဆွယ်တခုလုံး ပျက်စီးသွားပြီးအစိတ်အပိုင်းတော်တော်များများရေထဲမြုပ်ကုန်ပါတယ်။ Dragonlord တွေအားလုံးလိုလိုသေကျေပျက်စီးသွားသလို၊ နဂါးတွေ၊ မှော်ပညာတွေနဲ့ ယဉ်ကျေးမှုလက်ရာတွေ တော်တော်များများဆုံးရှုံးခဲ့ရတယ်။ ရေအောက်ထဲရောက်သွားတာတောင် မသေသေးတဲ့မီးတောင်တချို့ကဓာတ်ငွေ့တွေကြောင့် အငွေ့တလူလူဖြစ်နေတဲ့ရေပြင်နယ်နိမိတ်ကို Smoking Sea လို့ခေါ်ပါတယ်။

Valyrian တွေမရှိတော့တဲ့နောက်ပိုင်း သူတို့ရဲ့ကျန်ရှိနေတဲ့ကိုလိုနီတွေက Free Cities တွေဖြစ်လာခဲ့ပြီး Valyria ကထွက်ပြေးလွတ်မြောက်လာတဲ့ကျွန်တွေတည်ထောင်ထားတဲ့ Braavos က Essos မှာအင်အားကြီးမားလာခဲ့တယ်။ Dothraki တွေကလည်းခေါင်းထောင်ထလာပြီး Dothraki Sea တဝိုက်ကအလယ်ပိုင်းလွင်ပြင်တွေကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ Targaryen တွေ Westeros မှာနယ်မြေချဲ့ထွင်တဲ့အကြောင်းဆက်လက်ဖော်ပြသွားပါ့မယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here