Advertisement

HBO က Targaryen မ်ိဳးႏြယ္အေပၚအေျခခံထားတဲ့ House of the Dragon ကိုစီးရီးရိုက္ဖို႔စီစဥ္ေနပါျပီ။ စီးရီးမစခင္ Valyria နဲ႔ Targaryen သမိုင္းကိုအခန္းဆက္ေျပာျပခ်င္ပါတယ္။ စာအုပ္ေတြနဲ႔ A Wiki of Ice and Fire ကေနမွီျငမ္းထားတာျဖစ္လို႔ စီးရီးအတြက္ spoiler လည္းပါႏုိင္တယ္။

နဂါးအိမ္ေတာ္ (ပထမပိုင္း) မွာ Valyrian Freehold အေၾကာင္းေရးထားပါတယ္။ အခုဒုတိယပိုင္းကေတာ့ Targaryen ေမာင္ႏွမေတြနဲ႔ Westeros ကိုစတင္က်ဴးေက်ာ္စစ္စတင္ခဲ့ပံုအေၾကာင္းေျပာျပခ်င္ပါတယ္။  

Targaryen မင္းဆက္

Doom မတိုင္မီ ၁၂ ႏွစ္အလိုက Targaryen ေတြရဲ႕အၾကီးအကဲ Aenar ရဲ႕သမီးျဖစ္သူ Daenys ဟာ သဘာ၀ေဘးၾကီးတခုေၾကာင့္ Valyria ပ်က္စီးလိမ့္မယ္လို႔အိပ္မက္ရခဲ့ပါတယ္။ ေရွ႕ျဖစ္ေဟာႏုိင္တဲ့အစြမ္းရွိတဲ့သမီးရဲ႕စကားကို ယံုၾကည္တဲ့ Aenar ဟာသူတို႔အိမ္ေတာ္ကို Valyrian Freehold ရဲ႕အေနာက္ဘက္စြန္းေဒသမွာရွိတဲ့ Dragonstone ကိုေျပာင္းေရႊ႕ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ ဒီသဘာ၀ေဘးအႏၱရာယ္ကေန Targaryen အိမ္ေတာ္ကလြတ္ေျမာက္သြားခဲ့တာပါ။

အဲ့ဒီေနာက္မ်ိဳးဆက္အဆက္ဆက္ေျပာင္းလဲသြားျပီး Aegon ဦးေဆာင္တဲ့ Targaryen မိသားစု၀င္ေတြနဲ႔ က်န္ေနေသးတဲ့နဂါးေတြဟာနယ္ေျမသစ္ရွာေဖြရင္း အေနာက္ဘက္ကုန္းေျမ Westeros ကိုေရာက္လာခဲ့ပါတယ္။ အခုလာမယ့္စီးရီးက Aegon တို႔ေရာက္လာခ်ိန္ကေန က်ေနာ္တို႔ရင္းႏွီးတဲ့ Westeros ႏုိင္ငံေရးအခင္းအက်င္းအထိ ႏွစ္ ၃၀၀ အတြင္းျဖစ္ပ်က္ခဲ့တဲ့သမိုင္းေၾကာင္းကိုရိုက္ကူးသြားမွာျဖစ္ပါတယ္။

Targaryen အိမ္ေတာ္ရဲ႕အၾကီးအကဲ Aegon မွာေမာင္ႏွမ ၃ေယာက္ရွိျပီး Aegon ကေတာ့အလတ္ပါ။ သူ႔အစ္မ Visenya ေကာ၊ ညီမျဖစ္သူ Rhaenys ေကာ ၂ေယာက္လံုးနဲ႔လက္ထပ္ခဲ့ေပမယ့္ Rhaenys ကိုအခ်စ္ပိုခဲ့တယ္။ နဂါးေတြမႈတ္ထုတ္တဲ့မီး၊ အမ်ိဳးအႏြယ္အေပၚေစာင့္သိမႈေတြကိုအေလးထားတဲ့အေနနဲ႔ Targaryen အိမ္ေတာ္ရဲ႕ ေဆာင္ပုဒ္ဟာ Fire and Blood ျဖစ္လာျပီး အထိမ္းအမွတ္တံဆိပ္ ေခါင္း ၃လံုးနဂါးရုပ္ကေတာ့ Aegon၊ Visenya နဲ႔ Rhaenys တို႔လင္မယားေမာင္ႏွမ ၃ေယာက္ကိုကိုယ္စားျပဳပါတယ္။

နဂါးေမာင္ႏွမ ၃ေဖာ္

ခရမ္းေရာင္မ်က္၀န္းေတြရွိျပီး အရပ္ျမင့္ျမင့္၊ ဖြံ႔ထြားတဲ့ကိုယ္ကာယပိုင္ရွင္ Visenya ဟာ Targaryen ေမာင္ႏွမ ၃ေယာက္ထဲမွာအၾကီးဆံုးျဖစ္ပါတယ္။ ေငြေရာင္ဆံပင္ရွည္ေတြကိုသပ္သပ္ရပ္ရပ္ထံုးဖြဲဲ႔ထားေလ့ရွိတယ္။ တခါတေလက်စ္ဆံျမီွးက်စ္ထားေလ့ရွိပါတယ္။ သူကစိတ္ဓာတ္မာေက်ာျပီး ေစ့စပ္ေသခ်ာသူ၊ ရန္သူေတြကို ခြင့္လႊတ္သနားေလ့မရွိသူလည္းျဖစ္တယ္။ သူဟာေအာက္လမ္းေမွာ္ပညာေတြကိုေလ့လာသူ၊ အဆိပ္အမ်ိဳးမ်ိဳးစမ္းသပ္သံုးစြဲေလ့ရွိသူလို႔လည္းတခ်ိဳ႕ကေျပာၾကတယ္။ Valyrian သံမဏိဓား Dark Sister ကိုကိုင္စြဲျပီး Vhagar လို႔ေခၚတဲ့နဂါးကိုစီးနင္းပါတယ္။ Arya Stark ကေတာ့ Visenya ဟာသူေလးစားအားက်ရတဲ့သူလို႔ ေျပာခဲ့ဖူးတယ္။

အလတ္ျဖစ္သူ Aegon ကေတာ့တည္ၾကည္ခန္႔ျငားျပီး ရန္သူေတြရဲ႕ေလးစားမႈကိုေကာ ေၾကာက္ရြံ႕မႈကိုပါခံရသူျဖစ္ပါတယ္။ သူ႔ရဲ႕နဂါး Balerion ဟာ တကိုယ္လံုးအနက္ေရာင္ရွိတဲ့အျပင္ မႈတ္ထုတ္တဲ့မီးကအစအနက္ေရာင္ရွိတယ္လို႔ဆိုၾကတယ္။ Westeros သမိုင္းမွာအသက္အရွည္ဆံုးနဲ႔ အရြယ္အစားအၾကီးဆံုးနဂါးလည္းျဖစ္ပါတယ္။ (ဒုတိယအၾကီးဆံုးက Vhagar ပါ) Aegon ဟာတကိုယ္တည္းေနတတ္သူျဖစ္ျပီး သူငယ္ခ်င္းဆုိလုိ႔ Orys Baratheon ပဲရွိတယ္။ လက္သံုးေတာ္ဓား Blackfyre နဲ႔သူ႔ကိုအာခံတဲ့သူေတြကိုရက္ရက္စက္စက္ႏွိမ္နင္းတတ္ေပမယ့္ သစၥာခံတဲ့သူေတြကိုေတာ့ညွာတာေစာင့္ေရွာက္တတ္သူပါ။ ေနာက္ပိုင္းမွာ စစ္တုိက္ဖို႔ထက္ႏိုင္ငံေရးနည္းလမ္းနဲ႔ Westeros ကိုအုပ္ခ်ဳပ္ခဲ့ျပီး ျပည္သူေတြနဲ႔သဟဇာတျဖစ္ေစဖို႔ Faith of the Seven ကိုလက္ခံကိုးကြယ္ခဲ့ပါတယ္။

အငယ္ဆံုး Rhaenys ကေတာ့ ၃ေယာက္ထဲမွာ စိတ္ထားအႏူးညံ့ဆံုးျဖစ္သလို တဇြတ္ထိုးအဆန္ဆံုးလည္းျဖစ္တယ္။ ကဗ်ာ၊ ဂီတအႏုပညာကို ခ်စ္ျမတ္ႏုိးျပီး လူငယ္ဆန္ဆန္ေလ့လာစူးစမ္းလိုစိတ္ရွိသူလည္းျဖစ္ပါတယ္။ နဂါးစီးရတာအလြန္ႏွစ္သက္ျပီး အားလပ္ခ်ိန္ေတြဆိုရင္ သူ႔ရဲ႕နဂါး Meraxes ရဲ႕ေက်ာေပၚမွာအခ်ိန္ကုန္ေလ့ရွိတယ္။ Meraxes က ေရႊေရာင္မ်က္လံုး၊ ေငြေရာင္အေၾကးခြံေတြရွိျပီး Vhagar ထက္အရြယ္အစားၾကီးမားေပမယ့္ Balerion ထက္ေသးပါတယ္။ ဒါေပမယ့္ သူတို႔ ၂ေယာက္ဟာ Targaryen ေမာင္ႏွမ ၃ေယာက္နဲ႔နဂါးေတြထဲမွာ အသက္အတိုဆံုးပါ။

*နဂါးေတြဟာအသက္ရွင္ေနသမွ်ခႏၶာကိုယ္ၾကီးထြားေနျပီး ပ်မ္းမွ်သက္တမ္း ႏွစ္ ၁၀၀ကေန ၂၀၀အထိရွိပါတယ္။ Balerion တေကာင္တည္းအထီးျဖစ္ျပီး က်န္တဲ့ ၂ေကာင္ကေတာ့ အမေတြပါ။ သူတို႔နာမည္ေတြက Valyria နတ္ဘုရားေတြကိုအစြဲျပဳမွည့္ေခၚထားျခင္းျဖစ္ပါတယ္။

စစ္မီးအစ

Century of Blood ဆိုတဲ့ႏွစ္တရာၾကာတဲ့သက္တမ္းအတြင္း Essos ကုန္းေျမမွာစစ္ပြဲေတြ၊ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈေတြျဖစ္ပြားခဲ့ပါတယ္။ အဓိကအေၾကာင္းရင္းကေတာ့ Valyrian Freehold ပ်က္သုဥ္းျပီးေနာက္ လြတ္ေျမာက္သြားတဲ့ကိုလိုနီနယ္ေတြအခ်င္းခ်င္းအာဏာျပိဳင္ဆိုင္ၾကျခင္းေၾကာင့္ပါ။

Aegon ဟာ Pentos နဲ႔ Tyrosh ျမိဳ႕ျပႏုိင္ငံေတြနဲ႔ပူးေပါင္းျပီး Volantis ကိုတိုက္ခိုက္ေပးခဲ့တယ္။ Century of Blood ျပီးဆံုးသြားတဲ့အခါမွာေတာ့ Aegon ဟာ Westeros အေပၚစိတ္၀င္စားလာခဲ့ပါတယ္။ Oldtown နဲ႔ Kingdom of the Reach ကိုေရာက္ဖူးတဲ့အတြက္ Westeros ရဲ႕စည္ပင္၀ေျပာမႈကိုလည္းသတိထားမိတယ္။ သူ႔ရဲတိုက္ကစားပြဲတလံုးေပၚမွာ Westeros ရဲ႕ပံုစံအတိုင္းေျမပံုဆြဲျပီး ၇ျပည္ေထာင္ကိုတစုတစည္းတည္း သိမ္းသြင္းျပီးအုပ္ခ်ဳပ္ဖို႔နည္းဗ်ဴဟာအမ်ိဳးမ်ိဳးစဥ္းစားတြက္ခ်က္ေလ့ရွိပါတယ္။ GoT ထဲမွာ ဒီစားပြဲကို Daenerys ဆက္လက္အသံုးျပဳခဲ့တာသတိထားမိၾကမွာပါ။

Kingdom of the Storm ရဲ႕ဘုရင္ Argilac Durrandon ဟာ Aegon ရဲ႕ဘုန္းတန္ခိုးကိုသတိထားမိတဲ့အတြက္ သူ႔သမီးနဲ႔လက္ထပ္ထိမ္းျမားျပီးမဟာမိတ္ဖြဲ႔ဖို႔ၾကိဳးစားခဲ့ပါေသးတယ္။ ဒါေပမယ့္ Aegon ကလက္ခံခဲ့ဘဲ သူ႔ရဲ႕မိတ္ေဆြနဲ႔အၾကံေပးျဖစ္သူ Orys Baratheon နဲ႔ေပးစားဖို႔ေျပာခဲ့တယ္။ Orys ဟာ Aegon အေဖရဲ႕တိတ္တိတ္ပုန္းမယားကေမြးတဲ့မ်ိဳးမစစ္တေယာက္လို႔ေကာလဟာလထြက္ေနသူျဖစ္တဲ့အတြက္ Argilac ဟာသူ႔ကိုေစာ္ကားတယ္ဆိုျပီးေဒါသထြက္တာနဲ႔ Aegon ရဲ႕သံတမန္ကိုလက္ျဖတ္ျပီး Dragonstone ျပန္ပို႔လိုက္ပါတယ္။ Argilac ရဲ႕ရန္လိုတဲ့အျပဳအမူေၾကာင့္ Aegon လည္း သူ႔ရဲ႕အၾကံေပးေတြနဲ႔ ၆ရက္တိတိတုိင္ပင္ျပီးေနာက္ Westeros တခုလံုးကိုသိမ္းပိုက္ဖို႔ဆံုးျဖတ္လိုက္ပါေတာ့တယ္။

တတိယပိုင္းမွာ နဂါးဘုရင္နဲ႔ ၇ျပည္ေထာင္မင္းေတြၾကားကစစ္ပြဲအေၾကာင္းေျပာျပသြားပါ့မယ္။ နဂါးေတြရွိရံုနဲ႔ တုိက္တိုင္းေအာင္ေနတာမ်ိဳးေတာ့မဟုတ္ပါဘူး။ နဂြါးမာန္စြယ္က်ိဳးေလာက္တဲ့အထိရႈံးနိမ့္ထိုးႏွက္မႈေတြလည္းခံခဲ့ရျပီး ဒီအတြက္ေၾကာင့္ပဲ Aegon ဟာ သံတမန္ေရး၊ ႏိုင္ငံေရးနည္းလမ္းေတြနဲ႔တိုင္းျပည္ကိုအုပ္ခ်ဳပ္ဖို႔အေတြးရလာခဲ့တာပါ။

Unicode

HBO က Targaryen မျိုးနွယ်အပေါ်အခြေခံထားတဲ့ House of the Dragon ကိုစီးရီးရိုက်ဖို့စီစဉ်နေပါပြီ။ စီးရီးမစခင် Valyria နဲ့ Targaryen သမိုင်းကိုအခန်းဆက်ပြောပြချင်ပါတယ်။ စာအုပ်တွေနဲ့ A Wiki of Ice and Fire ကနေမှီငြမ်းထားတာဖြစ်လို့ စီးရီးအတွက် spoiler လည်းပါနိုင်တယ်။

နဂါးအိမ်တော် (ပထမပိုင်း) မှာ Valyrian Freehold အကြောင်းရေးထားပါတယ်။ အခုဒုတိယပိုင်းကတော့ Targaryen မောင်နှမတွေနဲ့ Westeros ကိုစတင်ကျူးကျော်စစ်စတင်ခဲ့ပုံအကြောင်းပြောပြချင်ပါတယ်။

Targaryen မင်းဆက်

Doom မတိုင်မီ ၁၂ နှစ်အလိုက Targaryen တွေရဲ့အကြီးအကဲ Aenar ရဲ့သမီးဖြစ်သူ Daenys ဟာ သဘာဝဘေးကြီးတခုကြောင့် Valyria ပျက်စီးလိမ့်မယ်လို့အိပ်မက်ရခဲ့ပါတယ်။ ရှေ့ဖြစ်ဟောနိုင်တဲ့အစွမ်းရှိတဲ့သမီးရဲ့စကားကို ယုံကြည်တဲ့ Aenar ဟာသူတို့အိမ်တော်ကို Valyrian Freehold ရဲ့အနောက်ဘက်စွန်းဒေသမှာရှိတဲ့ Dragonstone ကိုပြောင်းရွှေ့ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီသဘာဝဘေးအန္တရာယ်ကနေ Targaryen အိမ်တော်ကလွတ်မြောက်သွားခဲ့တာပါ။

အဲ့ဒီနောက်မျိုးဆက်အဆက်ဆက်ပြောင်းလဲသွားပြီး Aegon ဦးဆောင်တဲ့ Targaryen မိသားစုဝင်တွေနဲ့ ကျန်နေသေးတဲ့နဂါးတွေဟာနယ်မြေသစ်ရှာဖွေရင်း အနောက်ဘက်ကုန်းမြေ Westeros ကိုရောက်လာခဲ့ပါတယ်။ အခုလာမယ့်စီးရီးက Aegon တို့ရောက်လာချိန်ကနေ ကျနော်တို့ရင်းနှီးတဲ့ Westeros နိုင်ငံရေးအခင်းအကျင်းအထိ နှစ် ၃၀၀ အတွင်းဖြစ်ပျက်ခဲ့တဲ့သမိုင်းကြောင်းကိုရိုက်ကူးသွားမှာဖြစ်ပါတယ်။

Targaryen အိမ်တော်ရဲ့အကြီးအကဲ Aegon မှာမောင်နှမ ၃ယောက်ရှိပြီး Aegon ကတော့အလတ်ပါ။ သူ့အစ်မ Visenya ကော၊ ညီမဖြစ်သူ Rhaenys ကော ၂ယောက်လုံးနဲ့လက်ထပ်ခဲ့ပေမယ့် Rhaenys ကိုအချစ်ပိုခဲ့တယ်။ နဂါးတွေမှုတ်ထုတ်တဲ့မီး၊ အမျိုးအနွယ်အပေါ်စောင့်သိမှုတွေကိုအလေးထားတဲ့အနေနဲ့ Targaryen အိမ်တော်ရဲ့ ဆောင်ပုဒ်ဟာ Fire and Blood ဖြစ်လာပြီး အထိမ်းအမှတ်တံဆိပ် ခေါင်း ၃လုံးနဂါးရုပ်ကတော့ Aegon၊ Visenya နဲ့ Rhaenys တို့လင်မယားမောင်နှမ ၃ယောက်ကိုကိုယ်စားပြုပါတယ်။

နဂါးမောင်နှမ ၃ဖော်

ခရမ်းရောင်မျက်ဝန်းတွေရှိပြီး အရပ်မြင့်မြင့်၊ ဖွံ့ထွားတဲ့ကိုယ်ကာယပိုင်ရှင် Visenya ဟာ Targaryen မောင်နှမ ၃ယောက်ထဲမှာအကြီးဆုံးဖြစ်ပါတယ်။ ငွေရောင်ဆံပင်ရှည်တွေကိုသပ်သပ်ရပ်ရပ်ထုံးဖွဲ့ထားလေ့ရှိတယ်။ တခါတလေကျစ်ဆံမြှီးကျစ်ထားလေ့ရှိပါတယ်။ သူကစိတ်ဓာတ်မာကျောပြီး စေ့စပ်သေချာသူ၊ ရန်သူတွေကို ခွင့်လွှတ်သနားလေ့မရှိသူလည်းဖြစ်တယ်။ သူဟာအောက်လမ်းမှော်ပညာတွေကိုလေ့လာသူ၊ အဆိပ်အမျိုးမျိုးစမ်းသပ်သုံးစွဲလေ့ရှိသူလို့လည်းတချို့ကပြောကြတယ်။ Valyrian သံမဏိဓား Dark Sister ကိုကိုင်စွဲပြီး Vhagar လို့ခေါ်တဲ့နဂါးကိုစီးနင်းပါတယ်။ Arya Stark ကတော့ Visenya ဟာသူလေးစားအားကျရတဲ့သူလို့ ပြောခဲ့ဖူးတယ်။

အလတ်ဖြစ်သူ Aegon ကတော့တည်ကြည်ခန့်ငြားပြီး ရန်သူတွေရဲ့လေးစားမှုကိုကော ကြောက်ရွံ့မှုကိုပါခံရသူဖြစ်ပါတယ်။ သူ့ရဲ့နဂါး Balerion ဟာ တကိုယ်လုံးအနက်ရောင်ရှိတဲ့အပြင် မှုတ်ထုတ်တဲ့မီးကအစအနက်ရောင်ရှိတယ်လို့ဆိုကြတယ်။ Westeros သမိုင်းမှာအသက်အရှည်ဆုံးနဲ့ အရွယ်အစားအကြီးဆုံးနဂါးလည်းဖြစ်ပါတယ်။ (ဒုတိယအကြီးဆုံးက Vhagar ပါ) Aegon ဟာတကိုယ်တည်းနေတတ်သူဖြစ်ပြီး သူငယ်ချင်းဆိုလို့ Orys Baratheon ပဲရှိတယ်။ လက်သုံးတော်ဓား Blackfyre နဲ့သူ့ကိုအာခံတဲ့သူတွေကိုရက်ရက်စက်စက်နှိမ်နင်းတတ်ပေမယ့် သစ္စာခံတဲ့သူတွေကိုတော့ညှာတာစောင့်ရှောက်တတ်သူပါ။ နောက်ပိုင်းမှာ စစ်တိုက်ဖို့ထက်နိုင်ငံရေးနည်းလမ်းနဲ့ Westeros ကိုအုပ်ချုပ်ခဲ့ပြီး ပြည်သူတွေနဲ့သဟဇာတဖြစ်စေဖို့ Faith of the Seven ကိုလက်ခံကိုးကွယ်ခဲ့ပါတယ်။

အငယ်ဆုံး Rhaenys ကတော့ ၃ယောက်ထဲမှာ သနားကြင်နာမှုအရှိဆုံးပါ။ ကဗျာ၊ ဂီတအနုပညာကို ချစ်မြတ်နိုးပြီး လူငယ်ဆန်ဆန်လေ့လာစူးစမ်းလိုစိတ်ရှိသူလည်းဖြစ်ပါတယ်။ နဂါးစီးရတာအလွန်နှစ်သက်ပြီး အားလပ်ချိန်တွေဆိုရင် သူ့ရဲ့နဂါး Meraxes ရဲ့ကျောပေါ်မှာအချိန်ကုန်လေ့ရှိတယ်။ Meraxes က ရွှေရောင်မျက်လုံး၊ ငွေရောင်အကြေးခွံတွေရှိပြီး Vhagar ထက်အရွယ်အစားကြီးမားပေမယ့် Balerion ထက်သေးပါတယ်။ ဒါပေမယ့် သူတို့ ၂ယောက်ဟာ Targaryen မောင်နှမ ၃ယောက်နဲ့နဂါးတွေထဲမှာ အသက်အတိုဆုံးပါ။

*နဂါးတွေဟာအသက်ရှင်နေသမျှခန္ဓာကိုယ်ကြီးထွားနေပြီး ပျမ်းမျှသက်တမ်း နှစ် ၁၀၀ကနေ ၂၀၀အထိရှိပါတယ်။ Balerion တကောင်တည်းအထီးဖြစ်ပြီး ကျန်တဲ့ ၂ကောင်ကတော့ အမတွေပါ။ သူတို့နာမည်တွေက Valyria နတ်ဘုရားတွေကိုအစွဲပြုမှည့်ခေါ်ထားခြင်းဖြစ်ပါတယ်။

စစ်မီးအစ

Century of Blood ဆိုတဲ့နှစ်တရာကြာတဲ့သက်တမ်းအတွင်း Essos ကုန်းမြေမှာစစ်ပွဲတွေ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ အဓိကအကြောင်းရင်းကတော့ Valyrian Freehold ပျက်သုဉ်းပြီးနောက် လွတ်မြောက်သွားတဲ့ကိုလိုနီနယ်တွေအချင်းချင်းအာဏာပြိုင်ဆိုင်ကြခြင်းကြောင့်ပါ။

Aegon ဟာ Pentos နဲ့ Tyrosh မြို့ပြနိုင်ငံတွေနဲ့ပူးပေါင်းပြီး Volantis ကိုတိုက်ခိုက်ပေးခဲ့တယ်။ Century of Blood ပြီးဆုံးသွားတဲ့အခါမှာတော့ Aegon ဟာ Westeros အပေါ်စိတ်ဝင်စားလာခဲ့ပါတယ်။ Oldtown နဲ့ Kingdom of the Reach ကိုရောက်ဖူးတဲ့အတွက် Westeros ရဲ့စည်ပင်ဝပြောမှုကိုလည်းသတိထားမိတယ်။ သူ့ရဲတိုက်ကစားပွဲတလုံးပေါ်မှာ Westeros ရဲ့ပုံစံအတိုင်းမြေပုံဆွဲပြီး ၇ပြည်ထောင်ကိုတစုတစည်းတည်း သိမ်းသွင်းပြီးအုပ်ချုပ်ဖို့နည်းဗျူဟာအမျိုးမျိုးစဉ်းစားတွက်ချက်လေ့ရှိပါတယ်။ GoT ထဲမှာ ဒီစားပွဲကို Daenerys ဆက်လက်အသုံးပြုခဲ့တာသတိထားမိကြမှာပါ။

Kingdom of the Storm ရဲ့ဘုရင် Argilac Durrandon ဟာ Aegon ရဲ့ဘုန်းတန်ခိုးကိုသတိထားမိတဲ့အတွက် သူ့သမီးနဲ့လက်ထပ်ထိမ်းမြားပြီးမဟာမိတ်ဖွဲ့ဖို့ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် Aegon ကလက်ခံခဲ့ဘဲ သူ့ရဲ့မိတ်ဆွေနဲ့အကြံပေးဖြစ်သူ Orys Baratheon နဲ့ပေးစားဖို့ပြောခဲ့တယ်။ Orys ဟာ Aegon အဖေရဲ့တိတ်တိတ်ပုန်းမယားကမွေးတဲ့မျိုးမစစ်တယောက်လို့ကောလဟာလထွက်နေသူဖြစ်တဲ့အတွက် Argilac ဟာသူ့ကိုစော်ကားတယ်ဆိုပြီးဒေါသထွက်တာနဲ့ Aegon ရဲ့သံတမန်ကိုလက်ဖြတ်ပြီး Dragonstone ပြန်ပို့လိုက်ပါတယ်။ Argilac ရဲ့ရန်လိုတဲ့အပြုအမူကြောင့် Aegon လည်း သူ့ရဲ့အကြံပေးတွေနဲ့ ၆ရက်တိတိတိုင်ပင်ပြီးနောက် Westeros တခုလုံးကိုသိမ်းပိုက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။

တတိယပိုင်းမှာ နဂါးဘုရင်နဲ့ ၇ပြည်ထောင်မင်းတွေကြားကစစ်ပွဲအကြောင်းပြောပြသွားပါ့မယ်။ နဂါးတွေရှိရုံနဲ့ တိုက်တိုင်းအောင်နေတာမျိုးတော့မဟုတ်ပါဘူး။ နဂွါးမာန်စွယ်ကျိုးလောက်တဲ့အထိရှုံးနိမ့်ထိုးနှက်မှုတွေလည်းခံခဲ့ရပြီး ဒီအတွက်ကြောင့်ပဲ Aegon ဟာ သံတမန်ရေး၊ နိုင်ငံရေးနည်းလမ်းတွေနဲ့တိုင်းပြည်ကိုအုပ်ချုပ်ဖို့အတွေးရလာခဲ့တာပါ။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here