Advertisement

HBO က Targaryen မ်ိဳးႏြယ္အေပၚအေျခခံထားတဲ့ House of the Dragon ကိုစီးရီးရိုက္ဖို႔စီစဥ္ေနပါျပီ။ စီးရီးမစခင္ Valyria နဲ႔ Targaryen သမိုင္းကိုအခန္းဆက္ေျပာျပခ်င္ပါတယ္။ စာအုပ္ေတြနဲ႔ A Wiki of Ice and Fire ကေနမွီျငမ္းထားတာျဖစ္လို႔ စီးရီးအတြက္ spoiler လည္းပါႏုိင္တယ္။

နဂါးအိမ္ေတာ္ ဒုတိယပိုင္းမွာ Aegon Targaryen အေနနဲ႔ Westeros ကခုနစ္ျပည္ေထာင္ကိုစုစည္းျပီး ျပည္ေထာင္စုတခုအျဖစ္တည္ေထာင္ဖို႔ စတင္အေတြးရခဲ့ပံုကိုေရးထားပါတယ္။ အခု Aegon ရဲ႕ႏုိင္ငံသိမ္းစစ္ပြဲေတြအေၾကာင္းေျပာျပခ်င္ပါတယ္။

Aegon ႏွင့္ ခုနစ္ျပည္ေထာင္မင္းမ်ား

Aegon ဟာသူ႔ရဲ႕ေကာင္စီနဲ႔ေဆြးေႏြးျပီးေနာက္မွာ ခုနစ္ျပည္ေထာင္မင္းေတြဆီကို လက္နက္ခ်ဖို႔၊ လက္နက္ခ်ရင္သူတို႔ရဲ႕စည္းစိမ္ဥစၥာ၊ အေဆာင္အေယာင္ေတြကိုဆက္လက္ထိန္းသိမ္းခြင့္ေပးမွာျဖစ္ျပီး မခ်ရင္ေတာ့သုတ္သင္ႏွိမ္နင္းခံရမွာျဖစ္တဲ့အေၾကာင္းစာခၽြန္လႊာပါးလိုက္ပါတယ္။

ဒါေပမယ့္ Aegon ရဲ႕အင္အားကိုမသိေသးတဲ့မင္းေတြဟာ လက္မခံခဲ့ၾကတဲ့အတြက္ ႏိုင္ငံသိမ္းစစ္ပြဲ (War of Conquests) စတင္ပါေတာ့တယ္။ 2 BC (Before the Conquest) ကစတင္တဲ့ Aegon ရဲ႕ႏုိင္ငံသိမ္းစစ္ပြဲဟာ ၂ႏွစ္သာၾကာျမင့္ျပီး ႏုိင္ငံ ၆ႏိုင္ငံကိုသိမ္းပိုက္ႏုိင္ခဲ့တယ္။

ဒီစစ္ပြဲမွာ ကၽြန္းႏိုင္ငံနဲ႔ျမစ္၀ွမ္းေဒသ (House Hoare)၊ Stormlands (House Durradon)၊ Reach (House Gardener) တုိ႔ကဘုရင္ေတြအကုန္သုတ္သင္ခံခဲ့ရပါတယ္။ Hoare အိမ္ေတာ္က်ဆံုးျပီး ရဲတိုက္ Harrenhal လည္း Balerion ရဲ႕မီးလွ်ံေအာက္မွာပ်က္စီးသြားခဲ့တယ္။ Riverrun ရဲ႕အရွင္သခင္ Edmyn Tully ဟာ Aegon ဆီသစၥာခံခဲ့တဲ့အတြက္ ျမစ္၀ွမ္းေဒသေတြရဲ႕အရွင္သခင္ျဖစ္လာခဲ့တယ္။ Stormlands ရဲ႕ဘုရင္ Argilac Orys Baratheon ကႏွိမ္နင္းႏိုင္ခဲ့တဲ့အတြက္ သူဟာ Stormlands ရဲ႕အရွင္သခင္ျဖစ္လာျပီး ပထမဆံုးဘုရင့္အတုိင္ပင္ခံပုဂၢိဳလ္ (Hand of the King) အျဖစ္ခန္႔အပ္ခံခဲ့ရတယ္။ ဒီတိုက္ပြဲကို Rhaenys ကဦးေဆာင္ခဲ့တာပါ။

Westeros အေနာက္ပိုင္းေဒသက House Gardener နဲ႔ House Lannister ၂ခုေပါင္းျပီး တပ္သား ၅ေသာင္းေက်ာ္တဲ့စစ္တပ္ၾကီးဟာ Field of Fire တုိက္ပြဲမွာ နဂါး ၃ေကာင္ရဲ႕မီးေအာက္မွာျပာျဖစ္ခဲ့ရတယ္။ Kingdom of the Reach ရဲ႕အရွင္သခင္ Gardener အိမ္ေတာ္က်ဆံုးသြားျပီးေနာက္ Highgarden ရဲတိုက္ရဲ႕အိမ္ေတာ္ထိန္း Harlen Tyrell ဟာ Aegon ဆီမွာလက္နက္ခ်ခဲ့တယ္။ သူကေနတဆင့္ House Tyrell စတင္ျပီး Reach ရဲ႕အရွင္သခင္ေတြျဖစ္လာပါတယ္။ Kingdom of the Rock ရဲ႕အရွင္သခင္ Loren Lannister ကေတာ့ Aegon ဆီလက္နက္ခ်လိုက္တဲ့အတြက္ Warden of the West ျဖစ္လာခဲ့တယ္။

Westeros ရဲ႕ေျမာက္ပိုင္းက Winterfell ဆီခ်ီတက္တဲ့အခါမွာ Aegon ဟာသူ႔ဆီမွာသစၥာခံျပီးသား အရွင္သခင္ေတြကိုသူနဲ႔အတူေခၚေဆာင္လာခဲ့တယ္။ အဲ့ဒီအခ်ိန္မွာ House Stark ရဲ႕ေခါင္းေဆာင္ Torrhen ဟာ Harrenhal နဲ႔ Field of Fire လိုအျဖစ္မ်ိဳး ေျမာက္ပိုင္းသားေတြကိုမၾကံဳေစခ်င္တဲ့အတြက္ Aegon ဆီမွာသစၥာခံလိုက္ပါတယ္။ သူဟာ Warden of the North ျဖစ္လာခဲ့ျပီး တျခားေျမာက္ပိုင္းသားေတြကေတာ့ သူ႔ကို ဒူးေထာက္တဲ့ဘုရင္ (The King Who Knelt) လို႔ကဲ့ရဲ႕ေခၚေ၀ၚခဲ့ၾကပါတယ္။

Westeros အေရွ႕ပိုင္းကေတာင္တန္းေဒသ Vale ရဲ႕ဘုရင္ Ronnel Arryn ဟာကေလးပဲရွိေသးတာမို႔ တုိင္းျပည္ဟာ သူ႔ရဲ႕အေမ Sharra ရဲ႕အုပ္ခ်ဳပ္မႈေအာက္မွာပဲရွိေနတဲ့အခ်ိန္ပါ။ Sharra ဟာသူမကိုလက္ထပ္ဖုိ႔နဲ႔ Ronnel ကိုထီးနန္းဆက္ခံသူအျဖစ္သတ္မွတ္ေပးဖို႔ေတာင္းဆိုခဲ့ေပမယ့္ Aegon ကျငင္းပယ္ခဲ့ပါတယ္။ Targaryen နဲ႔ Arryn တို႔စစ္ျဖစ္ေတာ့မယ့္ဆဲဆဲမွာ Visenya ဟာသူ႔နဂါး Vhagar ကိုစီးျပီး Eyrie ရဲတုိက္ကိုတေယာက္တည္းထြက္လာခဲ့တယ္။ သူ႔ရဲ႕သံတမန္စြမ္းရည္ေၾကာင့္ Ronnel တို႔နဲ႔ရင္းႏွီးမႈရခဲ့ျပီး Vale ကိုလည္းစစ္ခင္းစရာမလိုဘဲ Targaryen လက္ေအာက္ခံအျဖစ္သိမ္းသြင္းႏုိင္ခဲ့ပါတယ္။ Ronnel ဟာလည္း Warden of the East ျဖစ္လာခဲ့တယ္။

ေနာက္ဆက္တြဲအျဖစ္အပ်က္မ်ား

Dorne ႏုိင္ငံရဲ႕ အရွင္သခင္ Martell အိမ္ေတာ္ကို Meria မင္းသမီးအုပ္ခ်ဳပ္ေနတဲ့အခ်ိန္ပါ။ Rhaenys ကသူ႔နဂါး Meraxes ကိုစီးျပီးတေယာက္တည္းအရင္သြားၾကည့္ေတာ့ ရဲတုိက္နဲ႔ျမိဳ႕ေတာ္ကလူေတာ္ေတာ္မ်ားမ်ားေဘးလြတ္ရာေျပာင္းေရႊ႕သြားျပီးျဖစ္တာကိုေတြ႔ရတယ္။ အဲ့ဒီလိုနဲ႔ Rhaenys လည္း Sunspear ရဲတုိက္မွာ မင္းသမီး Meria ကိုလက္နက္ခ်ဖို႔ေျပာေပမယ့္ Meria ကလက္မခံခဲ့ပါဘူး။ အသက္အရြယ္ၾကီးရင့္ေနျပီျဖစ္ေပမယ့္ စိတ္ဓာတ္မာေၾကာတဲ့ Meria ရဲ႕ Unbowed, Unbent, Unbroken ဆိုတဲ့စကားဟာလည္းနာမည္ေက်ာ္သြားခဲ့ပါတယ္။ ဒါေၾကာင့္ Dorne ကိုမသိမ္းပိုက္လိုက္ရပါဘူး။

Aegon လည္း Oldtown ကိုခ်ီတက္သြားေတာ့ Hightower အိမ္ေတာ္ရဲ႕အၾကီးအကဲ Manfred ကလက္နက္ခ်လိုက္ပါတယ္။ ဒီလိုနဲ႔ပဲ High Septon ဟာ Aegon ကို ခုနစ္ျပည္ေထာင္ရဲ႕ဘုရင္အျဖစ္ တင္ေျမွာက္ခဲ့တယ္။

Aegon ဟာ Aegonfort လို႔ေခၚတဲ့သစ္လံုးခံတပ္ကေန Westeros ကိုအုပ္ခ်ဳပ္မင္းလုပ္ခဲ့ပါတယ္။ သူ႔ရန္သူေတာ္ေတြရဲ႕ဓားေတြကိုစုေပါင္းျပီး Balerion ရဲ႕မီးနဲ႔ Iron Throne ကိုသြန္းလုပ္ခဲ့တယ္။ အဲ့ဒီအခ်ိန္ကစလို႔ အစိတ္စိတ္ကြဲျပားေနတဲ့ ၇ျပည္ေထာင္ဟာ Westeros ဆိုတဲ့ျပည္ေထာင္စုျဖစ္လာခဲ့ျပီး Aegonfort က King’s Landing ဆိုတဲ့ဘုရင့္ေနျပည္ေတာ္ျဖစ္လာပါတယ္။ ပတ္ပတ္လည္ကျမိဳ႕ရြာေတြကို Crown’s Land လို႔ေခၚျပီး Red Keep လို႔ေခၚတဲ့ရဲတုိက္မွာ Iron Throne ရွိပါတယ္။

Hoare အိမ္ေတာ္က်ဆံုးျပီးေနာက္မွာ Iron Island ကအရွင္သခင္ေတြမသင့္မျမတ္ျဖစ္လာတာေၾကာင့္ Aegon ဟာ နန္းတက္ျပီး ၂ႏွစ္အၾကာ 2 AC (After Conquest) မွာ Iron Island ကိုစစ္ခ်ီခဲ့ရျပန္ပါတယ္။ အဲ့ဒီေနာက္ Aegon ဟာ Iron Island ကအရွင္သခင္ေတြကိုသူတို႔စိတ္ၾကိဳက္ေခါင္းေဆာင္တေယာက္တင္ေျမွာက္ခြင့္ ေပးခဲ့ပါတယ္။ အဲ့ဒါနဲ႔သူတို႔ဟာ Vickon Greyjoy ကိုေခါင္းေဆာင္အျဖစ္တင္ေျမွာက္ခဲ့တယ္။ သူကေနတဆင့္ Greyjoy အိမ္ေတာ္ဆင္းသက္လာပါတယ္။

၆ျပည္ေထာင္ကိုသိမ္းပိုက္ႏုိင္ခဲ့ျပီးတဲ့ Aegon ဟာ Dorne ကိုသိမ္းဖို႔ 4 AC ကေနစျပီးစစ္ပြဲေတြဆင္ႏႊဲခဲ့ပါတယ္။ ဒီလိုနဲ႔ပဲ Dornish War ေတြျဖစ္ပြားလာခဲ့တာပါ။

စတုတၳပိုင္းမွာ Dornish စစ္ပြဲအေၾကာင္းနဲ႔ Aegon ရဲ႕နန္းသက္အတြင္းျဖစ္ပြားခဲ့တဲ့ကိစၥေတြကိုေျပာသြားပါ့မယ္။

Unicode

HBO က Targaryen မျိုးနွယ်အပေါ်အခြေခံထားတဲ့ House of the Dragon ကိုစီးရီးရိုက်ဖို့စီစဉ်နေပါပြီ။ စီးရီးမစခင် Valyria နဲ့ Targaryen သမိုင်းကိုအခန်းဆက်ပြောပြချင်ပါတယ်။ စာအုပ်တွေနဲ့ A Wiki of Ice and Fire ကနေမှီငြမ်းထားတာဖြစ်လို့ စီးရီးအတွက် spoiler လည်းပါနိုင်တယ်။

နဂါးအိမ်တော် ဒုတိယပိုင်းမှာ Aegon Targaryen အနေနဲ့ Westeros ကခုနစ်ပြည်ထောင်ကိုစုစည်းပြီး ပြည်ထောင်စုတခုအဖြစ်တည်ထောင်ဖို့ စတင်အတွေးရခဲ့ပုံကိုရေးထားပါတယ်။ အခု Aegon ရဲ့နိုင်ငံသိမ်းစစ်ပွဲတွေအကြောင်းပြောပြချင်ပါတယ်။
Aegon နှင့် ခုနစ်ပြည်ထောင်မင်းများ

Aegon ဟာသူ့ရဲ့ကောင်စီနဲ့ဆွေးနွေးပြီးနောက်မှာ ခုနစ်ပြည်ထောင်မင်းတွေဆီကို လက်နက်ချဖို့၊ လက်နက်ချရင်သူတို့ရဲ့စည်းစိမ်ဥစ္စာ၊ အဆောင်အယောင်တွေကိုဆက်လက်ထိန်းသိမ်းခွင့်ပေးမှာဖြစ်ပြီး မချရင်တော့သုတ်သင်နှိမ်နင်းခံရမှာဖြစ်တဲ့အကြောင်းစာချွန်လွှာပါးလိုက်ပါတယ်။

ဒါပေမယ့် Aegon ရဲ့အင်အားကိုမသိသေးတဲ့မင်းတွေဟာ လက်မခံခဲ့ကြတဲ့အတွက် နိုင်ငံသိမ်းစစ်ပွဲ (War of Conquests) စတင်ပါတော့တယ်။ 2 BC (Before the Conquest) ကစတင်တဲ့ Aegon ရဲ့နိုင်ငံသိမ်းစစ်ပွဲဟာ ၂နှစ်သာကြာမြင့်ပြီး နိုင်ငံ ၆နိုင်ငံကိုသိမ်းပိုက်နိုင်ခဲ့တယ်။

ဒီစစ်ပွဲမှာ ကျွန်းနိုင်ငံနဲ့မြစ်ဝှမ်းဒေသ (House Hoare)၊ Stormlands (House Durradon)၊ Reach (House Gardener) တို့ကဘုရင်တွေအကုန်သုတ်သင်ခံခဲ့ရပါတယ်။ Hoare အိမ်တော်ကျဆုံးပြီး ရဲတိုက် Harrenhal လည်း Balerion ရဲ့မီးလျှံအောက်မှာပျက်စီးသွားခဲ့တယ်။ Riverrun ရဲ့အရှင်သခင် Edmyn Tully ဟာ Aegon ဆီသစ္စာခံခဲ့တဲ့အတွက် မြစ်ဝှမ်းဒေသတွေရဲ့အရှင်သခင်ဖြစ်လာခဲ့တယ်။ Stormlands ရဲ့ဘုရင် Argilac Orys Baratheon ကနှိမ်နင်းနိုင်ခဲ့တဲ့အတွက် သူဟာ Stormlands ရဲ့အရှင်သခင်ဖြစ်လာပြီး ပထမဆုံးဘုရင့်အတိုင်ပင်ခံပုဂ္ဂိုလ် (Hand of the King) အဖြစ်ခန့်အပ်ခံခဲ့ရတယ်။ ဒီတိုက်ပွဲကို Rhaenys ကဦးဆောင်ခဲ့တာပါ။

Westeros အနောက်ပိုင်းဒေသက House Gardener နဲ့ House Lannister ၂ခုပေါင်းပြီး တပ်သား ၅သောင်းကျော်တဲ့စစ်တပ်ကြီးဟာ Field of Fire တိုက်ပွဲမှာ နဂါး ၃ကောင်ရဲ့မီးအောက်မှာပြာဖြစ်ခဲ့ရတယ်။ Kingdom of the Reach ရဲ့အရှင်သခင် Gardener အိမ်တော်ကျဆုံးသွားပြီးနောက် Highgarden ရဲတိုက်ရဲ့အိမ်တော်ထိန်း Harlen Tyrell ဟာ Aegon ဆီမှာလက်နက်ချခဲ့တယ်။ သူကနေတဆင့် House Tyrell စတင်ပြီး Reach ရဲ့အရှင်သခင်တွေဖြစ်လာပါတယ်။ Kingdom of the Rock ရဲ့အရှင်သခင် Loren Lannister ကတော့ Aegon ဆီလက်နက်ချလိုက်တဲ့အတွက် Warden of the West ဖြစ်လာခဲ့တယ်။

Westeros ရဲ့မြောက်ပိုင်းက Winterfell ဆီချီတက်တဲ့အခါမှာ Aegon ဟာသူ့ဆီမှာသစ္စာခံပြီးသား အရှင်သခင်တွေကိုသူနဲ့အတူခေါ်ဆောင်လာခဲ့တယ်။ အဲ့ဒီအချိန်မှာ House Stark ရဲ့ခေါင်းဆောင် Torrhen ဟာ Harrenhal နဲ့ Field of Fire လိုအဖြစ်မျိုး မြောက်ပိုင်းသားတွေကိုမကြုံစေချင်တဲ့အတွက် Aegon ဆီမှာသစ္စာခံလိုက်ပါတယ်။ သူဟာ Warden of the North ဖြစ်လာခဲ့ပြီး တခြားမြောက်ပိုင်းသားတွေကတော့ သူ့ကို ဒူးထောက်တဲ့ဘုရင် (The King Who Knelt) လို့ကဲ့ရဲ့ခေါ်ဝေါ်ခဲ့ကြပါတယ်။

Westeros အရှေ့ပိုင်းကတောင်တန်းဒေသ Vale ရဲ့ဘုရင် Ronnel Arryn ဟာကလေးပဲရှိသေးတာမို့ တိုင်းပြည်ဟာ သူ့ရဲ့အမေ Sharra ရဲ့အုပ်ချုပ်မှုအောက်မှာပဲရှိနေတဲ့အချိန်ပါ။ Sharra ဟာသူမကိုလက်ထပ်ဖို့နဲ့ Ronnel ကိုထီးနန်းဆက်ခံသူအဖြစ်သတ်မှတ်ပေးဖို့တောင်းဆိုခဲ့ပေမယ့် Aegon ကငြင်းပယ်ခဲ့ပါတယ်။ Targaryen နဲ့ Arryn တို့စစ်ဖြစ်တော့မယ့်ဆဲဆဲမှာ Visenya ဟာသူ့နဂါး Vhagar ကိုစီးပြီး Eyrie ရဲတိုက်ကိုတယောက်တည်းထွက်လာခဲ့တယ်။ သူ့ရဲ့သံတမန်စွမ်းရည်ကြောင့် Ronnel တို့နဲ့ရင်းနှီးမှုရခဲ့ပြီး Vale ကိုလည်းစစ်ခင်းစရာမလိုဘဲ Targaryen လက်အောက်ခံအဖြစ်သိမ်းသွင်းနိုင်ခဲ့ပါတယ်။ Ronnel ဟာလည်း Warden of the East ဖြစ်လာခဲ့တယ်။
နောက်ဆက်တွဲအဖြစ်အပျက်များ

Dorne နိုင်ငံရဲ့ အရှင်သခင် Martell အိမ်တော်ကို Meria မင်းသမီးအုပ်ချုပ်နေတဲ့အချိန်ပါ။ Rhaenys ကသူ့နဂါး Meraxes ကိုစီးပြီးတယောက်တည်းအရင်သွားကြည့်တော့ ရဲတိုက်နဲ့မြို့တော်ကလူတော်တော်များများဘေးလွတ်ရာပြောင်းရွှေ့သွားပြီးဖြစ်တာကိုတွေ့ရတယ်။ အဲ့ဒီလိုနဲ့ Rhaenys လည်း Sunspear ရဲတိုက်မှာ မင်းသမီး Meria ကိုလက်နက်ချဖို့ပြောပေမယ့် Meria ကလက်မခံခဲ့ပါဘူး။ အသက်အရွယ်ကြီးရင့်နေပြီဖြစ်ပေမယ့် စိတ်ဓာတ်မာကြောတဲ့ Meria ရဲ့ Unbowed, Unbent, Unbroken ဆိုတဲ့စကားဟာလည်းနာမည်ကျော်သွားခဲ့ပါတယ်။ ဒါကြောင့် Dorne ကိုမသိမ်းပိုက်လိုက်ရပါဘူး။

Aegon လည်း Oldtown ကိုချီတက်သွားတော့ Hightower အိမ်တော်ရဲ့အကြီးအကဲ Manfred ကလက်နက်ချလိုက်ပါတယ်။ ဒီလိုနဲ့ပဲ High Septon ဟာ Aegon ကို ခုနစ်ပြည်ထောင်ရဲ့ဘုရင်အဖြစ် တင်မြှောက်ခဲ့တယ်။

Aegon ဟာ Aegonfort လို့ခေါ်တဲ့သစ်လုံးခံတပ်ကနေ Westeros ကိုအုပ်ချုပ်မင်းလုပ်ခဲ့ပါတယ်။ သူ့ရန်သူတော်တွေရဲ့ဓားတွေကိုစုပေါင်းပြီး Balerion ရဲ့မီးနဲ့ Iron Throne ကိုသွန်းလုပ်ခဲ့တယ်။ အဲ့ဒီအချိန်ကစလို့ အစိတ်စိတ်ကွဲပြားနေတဲ့ ၇ပြည်ထောင်ဟာ Westeros ဆိုတဲ့ပြည်ထောင်စုဖြစ်လာခဲ့ပြီး Aegonfort က King’s Landing ဆိုတဲ့ဘုရင့်နေပြည်တော်ဖြစ်လာပါတယ်။ ပတ်ပတ်လည်ကမြို့ရွာတွေကို Crown’s Land လို့ခေါ်ပြီး Red Keep လို့ခေါ်တဲ့ရဲတိုက်မှာ Iron Throne ရှိပါတယ်။

Hoare အိမ်တော်ကျဆုံးပြီးနောက်မှာ Iron Island ကအရှင်သခင်တွေမသင့်မမြတ်ဖြစ်လာတာကြောင့် Aegon ဟာ နန်းတက်ပြီး ၂နှစ်အကြာ 2 AC (After Conquest) မှာ Iron Island ကိုစစ်ချီခဲ့ရပြန်ပါတယ်။ အဲ့ဒီနောက် Aegon ဟာ Iron Island ကအရှင်သခင်တွေကိုသူတို့စိတ်ကြိုက်ခေါင်းဆောင်တယောက်တင်မြှောက်ခွင့် ပေးခဲ့ပါတယ်။ အဲ့ဒါနဲ့သူတို့ဟာ Vickon Greyjoy ကိုခေါင်းဆောင်အဖြစ်တင်မြှောက်ခဲ့တယ်။ သူကနေတဆင့် Greyjoy အိမ်တော်ဆင်းသက်လာပါတယ်။

၆ပြည်ထောင်ကိုသိမ်းပိုက်နိုင်ခဲ့ပြီးတဲ့ Aegon ဟာ Dorne ကိုသိမ်းဖို့ 4 AC ကနေစပြီးစစ်ပွဲတွေဆင်နွှဲခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Dornish War တွေဖြစ်ပွားလာခဲ့တာပါ။

စတုတ္ထပိုင်းမှာ Dornish စစ်ပွဲအကြောင်းနဲ့ Aegon ရဲ့နန်းသက်အတွင်းဖြစ်ပွားခဲ့တဲ့ကိစ္စတွေကိုပြောသွားပါ့မယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here