Advertisement

Leonardo da Vinci ကွယ်လွန်ခြင်း နှစ် ၅၀၀ပြည့် အထိမ်းအမှတ်အနေဖြင့် အီတလီသံရုံးမှကြီးမှူးကျင်းပတဲ့ “Leonardo Opera Omnia” ပြပွဲကို Rosewood Yangon မှာ နိုဝင်ဘာ ၉ရက်နေ့မှ ဒီဇင်ဘာ ၂ရက်နေ့အထိကျင်းပသွားမှာပါ။ စိတ်ဝင်စားသူများအနေဖြင့် မနက် ၁၀နာရီမှ ညနေ ၅နာရီအထိဝင်ကြေးအခမဲ့ဖြင့်လေ့လာနိုင်ပါတယ်။

Leonardo ဟာကမ္ဘာကျော်လူသိများတဲ့ပန်းချီဆရာဖြစ်ခဲ့ရုံသာမက ပန်းပုဆရာ၊ အင်ဂျင်နီယာ၊ ဗိသုကာပညာရှင်၊ ခန္ဓာဗေဒပညာရှင်၊ သိပ္ပံပညာရှင်၊ စွန့်ဦးတီထွင်သူတစ်ယောက်လည်းဖြစ်ပြီး လူသားတစ်ယောက်တတ်သိနိုင်တဲ့ပညာရပ်အားလုံးလိုလိုမှာ နှံ့စပ်ကျွမ်းကျင်သူလို့ပြောလို့ရပါတယ်။ လာမယ့်ပြပွဲမှာသူ့ရဲ့ masterpiece ပန်းချီကား ၁၇ကားကိုပြသသွားမှာပါ။ သယ်ယူပို့ဆောင်ရာမှာ ထိခိုက်ပျက်စီးသွားမှာစိုးတဲ့အတွက် မူရင်းပန်းချီကားတွေကိုမပြနိုင်ပေမယ့်လည်း မူရင်းနဲ့တထေရာတည်းတူတဲ့ပန်းချီကားတွေကိုကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်။ ဒီမိတ္တူပန်းချီကားတွေရဲ့ မူရင်းလက်ရာတွေဟာကမ္ဘာအနှံ့နေရာ ၁၁နေရာမှာပြန့်ကျဲတည်ရှိနေတယ်လို့သိရပါတယ်။ မြန်​မာပန်းချီဆရာဦးထိန်​လင်းရဲ့ပန်းချီပြပွဲကိုလည်းတပြိုင်​နက်​ကျင်းပသွားမှာ​ပါ​။

Unicode

Leonardo da Vinci ကွယ်လွန်ခြင်း နှစ် ၅၀၀ပြည့် အထိမ်းအမှတ်အနေဖြင့် အီတလီသံရုံးမှကြီးမှူးကျင်းပတဲ့ “Leonardo Opera Omnia” ပြပွဲကို Rosewood Yangon မှာ နိုဝင်ဘာ ၉ရက်နေ့မှ ဒီဇင်ဘာ ၂ရက်နေ့အထိကျင်းပသွားမှာပါ။ စိတ်ဝင်စားသူများအနေဖြင့် မနက် ၁၀နာရီမှ ညနေ ၅နာရီအထိဝင်ကြေးအခမဲ့ဖြင့်လေ့လာနိုင်ပါတယ်။ Leonardo ဟာကမ္ဘာကျော်လူသိများတဲ့ပန်းချီဆရာဖြစ်ခဲ့ရုံသာမက ပန်းပုဆရာ၊ အင်ဂျင်နီယာ၊ ဗိသုကာပညာရှင်၊ ခန္ဓာဗေဒပညာရှင်၊ သိပ္ပံပညာရှင်၊ စွန့်ဦးတီထွင်သူတစ်ယောက်လည်းဖြစ်ပြီး လူသားတစ်ယောက်တတ်သိနိုင်တဲ့ပညာရပ်အားလုံးလိုလိုမှာ နှံ့စပ်ကျွမ်းကျင်သူလို့ပြောလို့ရပါတယ်။ လာမယ့်ပြပွဲမှာသူ့ရဲ့ masterpiece ပန်းချီကား ၁၇ကားကိုပြသသွားမှာပါ။ သယ်ယူပို့ဆောင်ရာမှာ ထိခိုက်ပျက်စီးသွားမှာစိုးတဲ့အတွက် မူရင်းပန်းချီကားတွေကိုမပြနိုင်ပေမယ့်လည်း မူရင်းနဲ့တထေရာတည်းတူတဲ့ပန်းချီကားတွေကိုကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်။ ဒီမိတ္တူပန်းချီကားတွေရဲ့ မူရင်းလက်ရာတွေဟာကမ္ဘာအနှံ့နေရာ ၁၁နေရာမှာပြန့်ကျဲတည်ရှိနေတယ်လို့သိရပါတယ်။ မြန်မာပန်းချီဆရာဦးထိန်လင်းရဲ့ပန်းချီပြပွဲကိုလည်းတပြိုင်နက်ကျင်းပသွားမှာဖြစ်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here