Nam Su ဆုိတဲ့ခ်စ္စရာေကာင္းျပီး မွတ္မိလြယ္တဲ့နာမည္နဲ႔ဒီဆိုင္ေလးက Rangoon Tea House အုပ္စုရဲ႕ ေနာက္ဆံုးေပၚစားေသာက္ဆိုင္တခုပါ။ ရွမ္းအစားအစာေတြနဲ႔ေကာ့ေတးေတြအဓိကရႏုိင္ပါတယ္။
အရင္ Buthee နဲ႔ Mr. Wok ကိုေပါင္းဖြင့္ထားတဲ့ဘိုကေလးေစ်းထဲက ဆုိင္ခန္းေလးမွာပဲ Nam Su ရွိပါတယ္။ Menu ထဲမွာေတာ့ရွမ္းဆိုင္ေတြရဲ႕မပါမျဖစ္ ရွမ္းေခါက္ဆြဲ၊ ျမွီးရွည္၊ တို႔ဟူးေႏြးအျပင္ ရွမ္းရိုးရာဟင္းလ်ာေတြလည္းရွိတယ္။ က်ေနာ္တို႔ကေတာ့ ၂ေယာက္စာေန႔လယ္စာမို႔ ၃ပြဲမွာလိုက္ပါတယ္။

ပထမဆံုးေရာက္လာတဲ့ေခါပုတ္ေၾကာ္ (က်ပ္ ၂၅၀၀) ကေတာ့ ဆီတို႔ဟူးႏွစ္နဲ႔တို႔စားရတာဗ်။ ၾကြပ္ရြျပီးဆိမ့္တဲ့ေခါပုတ္ေၾကာ္ဟာ ဆီတို႔ဟူးခ်ဥ္ခ်ဥ္ေလးနဲ႔ေတာ္ေတာ္လိုက္ဖက္ပါတယ္။ ေခါပုတ္မစားဖူးတဲ့က်ေနာ္ေတာင္ေၾကြသြားတဲ့အထိပဲ။ အခ်ိဳၾကိဳက္တယ္ဆိုရင္ေတာ့ ဆီတို႔ဟူးအစား ထန္းလ်က္ရည္နဲ႔ရႏုိင္ပါတယ္။
က်ိဳင္းတံုျမွီးရွည္အရည္ (က်ပ္ ၃၅၀၀) ကေတာ့ေပါ့တယ္ဗ်။ သူ႔ပင္ကိုအရသာကိုကခပ္ေပါ့ေပါ့စားရတာလား မေျပာတတ္ေပမယ့္ က်ေနာ္တို႔ၾကိဳက္တဲ့ခ်ဥ္ငံစပ္အရသာရဖို႔ ခ်ေပးထားတဲ့ မုန္ညွင္းခ်ဥ္နဲ႔ ရွမ္းငရုတ္သီးစိမ္း ကိုေရာထည့္ျပီးျပန္ျပင္ရတာေပါ့။ ၾကက္သားဖတ္ေတြကေတာ့ေတာ္ေတာ္ၾကီးတယ္။ ျမီးရွည္ကိုသိပ္ေတာ့မၾကိဳက္လွဘူး။
က်ေနာ္ညႊန္းခ်င္တဲ့ပြဲက ၀က္ကုပ္သားကင္နဲ႔ ၾကက္ဥပါတဲ့ရွမ္းထမင္းပါ။ ၾကက္ဥက ၆၂ဒီဂရီရွိတဲ့ေရေႏြးထဲမွာ အကာက်က္ရံုေလးျပဳတ္ထားေတာ့ အထဲကဥအႏွစ္ကိုထမင္းနဲ႔ေရာနယ္လိုက္ရင္ ဆိမ့္ျပီးေလးေလးပင္ပင္ရွိတယ္။ ၀က္သားကင္ကလည္းႏူးအိေနတာပဲ။ အီလာျပီဆိုရင္ ငရုတ္သီးစိမ္း၊ နံနံပင္နဲ႔ သံပုရာရည္ေရာေဖ်ာ္ထားတဲ့ေဆာ့စ္ေလးဆမ္းျပီးစား။ ခ်ဥ္ခ်ဥ္စပ္စပ္နဲ႔အအီေျပသြားမယ္။ က်ပ္ ၆၅၀၀ ေပးရေပမယ့့္ တဇြန္းစားျပီးတာနဲ႔တန္တယ္လို႔ေတြးမိမွာပါ။

အခ်ိဳပြဲအတြက္ေျပာင္းဖူးပန္ကိတ္နဲ႔ဗင္နီလာေရခဲမုန္႔ (က်ပ္ ၄၀၀၀) ကိုမွာလိုက္ပါတယ္။ ပန္ကိတ္ကေျပာင္းဖူးန႔ံသင္းေနျပီး တကယ့္ေျပာင္းဖူးရဲ႕အခ်ိဳဓာတ္ရတယ္။ ေရခဲမုန္႔ကေတာ့သာမန္ပါပဲ။ ပန္ကိတ္ခ်ည္းပဲလည္းစားလို႔ေကာင္းေနေတာ့ လိုေတာင္မလိုဘူး။ ဒီေစ်းႏႈန္းနဲ႔ကိုပဲ ေရခဲမုန္႔မပါဘဲပန္ကိတ္ ၂ခ်ပ္ဆိုလည္းေကာင္းေနမွာပါပဲ။
Drinks ထဲမွာေတာ့ Jasmine Tea ေရာထားတဲ့ဂ်င္နဲ႔ Vermouth ကိုေရာစပ္ထားတဲ့ေကာ့ေတးလို စိတ္၀င္စားစရာေကာင္းတဲ့အေရာအေႏွာေလးေတြေတြ႔တယ္။ ၀ိုင္တို႔ ဘီယာတုိ႔လည္းရႏုိင္ပါတယ္။
အစားအေသာက္ေတြကဆိုင္ရွင္ကိုထက္ျမတ္ဦးငယ္စဥ္က လားရႈိးမွာေနခဲ့တုန္းစားခဲ့ရတဲ့ ရွမ္းအစားအစာေတြကို inspire ယူထားတာလို႔သိရတယ္။ ရန္ကုန္မွာရွမ္းအစားအစာေရာင္းတဲ့ဆိုင္က ေတာ္ေတာ္မ်ားေတာ့အျပိဳင္အဆိုင္ကေတာ့ျပင္းထန္တယ္ဗ်။ Nam Su ကအစားအေသာက္ေလးေတြ ေကာင္းတယ္။ ေစ်းကေတာ့စားေနက်ရွမ္းဆိုင္ေတြထက္ နည္းနည္းေလးျမင့္တယ္။ ဒါေပမယ့္ RTH Group ရဲ႕အစားအေသာက္ကိုၾကိဳက္တဲ့သူေတြကေတာ့သေဘာက်ၾကမွာပါပဲ။
၁၁၆/၁၁၈၊ ဘိုကေလးေစ်းလမ္း ေအာက္လမ္း၊ ဗိုလ္တေထာင္ျမိဳ႕နယ္၊ ရန္ကုန္။
09 894 120 277
11 am – 11 pm
Unicode
Nam Su ဆိုတဲ့ချစ်စရာကောင်းပြီး မှတ်မိလွယ်တဲ့နာမည်နဲ့ဒီဆိုင်လေးက Rangoon Tea House အုပ်စုရဲ့ နောက်ဆုံးပေါ်စားသောက်ဆိုင်တခုပါ။ ရှမ်းအစားအစာတွေနဲ့ကော့တေးတွေအဓိကရနိုင်ပါတယ်။
အရင် Buthee နဲ့ Mr. Wok ကိုပေါင်းဖွင့်ထားတဲ့ဘိုကလေးဈေးထဲက ဆိုင်ခန်းလေးမှာပဲ Nam Su ရှိပါတယ်။ Menu ထဲမှာတော့ရှမ်းဆိုင်တွေရဲ့မပါမဖြစ် ရှမ်းခေါက်ဆွဲ၊ မြှီးရှည်၊ တို့ဟူးနွေးအပြင် ရှမ်းရိုးရာဟင်းလျာတွေလည်းရှိတယ်။ ကျနော်တို့ကတော့ ၂ယောက်စာနေ့လယ်စာမို့ ၃ပွဲမှာလိုက်ပါတယ်။
ပထမဆုံးရောက်လာတဲ့ခေါပုတ်ကြော် (ကျပ် ၂၅၀၀) ကတော့ ဆီတို့ဟူးနှစ်နဲ့တို့စားရတာဗျ။ ကြွပ်ရွပြီးဆိမ့်တဲ့ခေါပုတ်ကြော်ဟာ ဆီတို့ဟူးချဉ်ချဉ်လေးနဲ့တော်တော်လိုက်ဖက်ပါတယ်။ ခေါပုတ်မစားဖူးတဲ့ကျနော်တောင်ကြွေသွားတဲ့အထိပဲ။ အချိုကြိုက်တယ်ဆိုရင်တော့ ဆီတို့ဟူးအစား ထန်းလျက်ရည်နဲ့ရနိုင်ပါတယ်။
ကျိုင်းတုံမြှီးရှည်အရည် (ကျပ် ၃၅၀၀) ကတော့ပေါ့တယ်ဗျ။ သူ့ပင်ကိုအရသာကိုကခပ်ပေါ့ပေါ့စားရတာလား မပြောတတ်ပေမယ့် ကျနော်တို့ကြိုက်တဲ့ချဉ်ငံစပ်အရသာရဖို့ ချပေးထားတဲ့ မုန်ညှင်းချဉ်နဲ့ ရှမ်းငရုတ်သီးစိမ်း ကိုရောထည့်ပြီးပြန်ပြင်ရတာပေါ့။ ကြက်သားဖတ်တွေကတော့တော်တော်ကြီးတယ်။ မြီးရှည်ကိုသိပ်တော့မကြိုက်လှဘူး။
ကျနော်ညွှန်းချင်တဲ့ပွဲက ဝက်ကုပ်သားကင်နဲ့ ကြက်ဥပါတဲ့ရှမ်းထမင်းပါ။ ကြက်ဥက ၆၂ဒီဂရီရှိတဲ့ရေနွေးထဲမှာ အကာကျက်ရုံလေးပြုတ်ထားတော့ အထဲကဥအနှစ်ကိုထမင်းနဲ့ရောနယ်လိုက်ရင် ဆိမ့်ပြီးလေးလေးပင်ပင်ရှိတယ်။ ဝက်သားကင်ကလည်းနူးအိနေတာပဲ။ အီလာပြီဆိုရင် ငရုတ်သီးစိမ်း၊ နံနံပင်နဲ့ သံပုရာရည်ရောဖျော်ထားတဲ့ဆော့စ်လေးဆမ်းပြီးစား။ ချဉ်ချဉ်စပ်စပ်နဲ့အအီပြေသွားမယ်။ ကျပ် ၆၅၀၀ ပေးရပေမယ့် တဇွန်းစားပြီးတာနဲ့တန်တယ်လို့တွေးမိမှာပါ။
အချိုပွဲအတွက်ပြောင်းဖူးပန်ကိတ်နဲ့ဗင်နီလာရေခဲမုန့် (ကျပ် ၄၀၀၀) ကိုမှာလိုက်ပါတယ်။ ပန်ကိတ်ကပြောင်းဖူးနံ့သင်းနေပြီး တကယ့်ပြောင်းဖူးရဲ့အချိုဓာတ်ရတယ်။ ရေခဲမုန့်ကတော့သာမန်ပါပဲ။ ပန်ကိတ်ချည်းပဲလည်းစားလို့ကောင်းနေတော့ လိုတောင်မလိုဘူး။ ဒီဈေးနှုန်းနဲ့ကိုပဲ ရေခဲမုန့်မပါဘဲပန်ကိတ် ၂ချပ်ဆိုလည်းကောင်းနေမှာပါပဲ။
Drinks ထဲမှာတော့ Jasmine Tea ရောထားတဲ့ဂျင်နဲ့ Vermouth ကိုရောစပ်ထားတဲ့ကော့တေးလို စိတ်ဝင်စားစရာကောင်းတဲ့အရောအနှောလေးတွေတွေ့တယ်။ ဝိုင်တို့ ဘီယာတို့လည်းရနိုင်ပါတယ်။
အစားအသောက်တွေကဆိုင်ရှင်ကိုထက်မြတ်ဦးငယ်စဉ်က လားရှိုးမှာနေခဲ့တုန်းစားခဲ့ရတဲ့ ရှမ်းအစားအစာတွေကို inspire ယူထားတာလို့သိရတယ်။ ရန်ကုန်မှာရှမ်းအစားအစာရောင်းတဲ့ဆိုင်က တော်တော်များတော့အပြိုင်အဆိုင်ကတော့ပြင်းထန်တယ်ဗျ။ Nam Su ကအစားအသောက်လေးတွေ ကောင်းတယ်။ ဈေးကတော့စားနေကျရှမ်းဆိုင်တွေထက် နည်းနည်းလေးမြင့်တယ်။ ဒါပေမယ့် RTH Group ရဲ့အစားအသောက်ကိုကြိုက်တဲ့သူတွေကတော့သဘောကျကြမှာပါပဲ။
၁၁၆/၁၁၈၊ ဘိုကလေးဈေးလမ်း အောက်လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။
09 894 120 277
11 am – 11 pm