Jason Momoa ရဲ႕ Game of Thrones ထဲက Kahl Drogo ပံုစံကိုလြမ္းေနတယ္ဆိုရင္ေတာ့ Apple TV+ ရဲ႕အသစ္ထြက္စီးရီး See ကိုၾကည့္သင့္တယ္ဗ်။ ဒီစီးရီးထဲမွာလည္း Momoa က Drogo လိုသားေမြး၀တ္ရံုေတြ၀တ္၊ ဧရာမဓားမၾကီးတရမ္းရမ္းနဲ႔ ခပ္ၾကမ္းၾကမ္းသရုပ္ေဆာင္ထားတယ္။ အပိုင္း ၃ ပိုင္းတည္းထြက္ေသးတာမို႔ catch up လုပ္ရလြယ္ပါတယ္။

ဇာတ္လမ္းအက်ဥ္းကေတာ့ အနာဂတ္မွာလူသားမ်ိဳးႏြယ္ဟာကပ္ေဘးၾကီးတခုေၾကာင့္ ေသေၾကပ်က္စီးၾကျပီး လူ ၂သန္းေလာက္ပဲအသက္ရွင္က်န္ခဲ့ေတာ့တယ္။ အဲ့ဒီက်န္ခဲ့တဲ့လူေတြဟာလည္း အျမင္အာရံုဆံုးရႈံးသြားျပီး သူတုိ႔ကဆင္းသက္လာတဲ့မ်ိဳးဆက္သစ္ေတြကလည္း ေမြးကတည္းကမ်က္စိမျမင္ၾကေတာ့ဘူး။ အဲ့လိုနဲ႔ရာစုႏွစ္မ်ားစြာၾကာတဲ့အခါမွာ အျမင္အာရံုဆိုတာဒ႑ာရီတခုလိုျဖစ္သြားျပီး လူေတာ္ေတာ္မ်ားမ်ားက အယံုအၾကည္မရွိၾကေတာ့ဘူး။ အဲ့ဒီထက္ဆိုးတာကလူသားမ်ိဳးႏြယ္အေနနဲ႔အျမင္အာရံုကိုမလိုအပ္ဘူးလို႔ ထင္လာၾကတဲ့အထိပါပဲ။
ဒီဇာတ္လမ္းရဲ႕အဓိက villain Queen Kane (Sylvia Hoeks) ဦးေဆာင္တဲ့မ်ိဳးႏြယ္စုက လူေတြဟာအာဏာျပိဳင္ဆိုင္ရင္း ကမာၻၾကီးနဲ႔တျခားသက္ရွိေတြကိုဆိုးက်ိဳးေတြသင့္ေစတဲ့အတြက္ ဘုရားသခင္ကဒဏ္ခတ္တဲ့အေနနဲ႔႔ အျမင္အာရံုကိုကြယ္ေစခဲ့တာလို႔ယံုၾကည္ၾကတယ္။ အဲ့ဒီအတြက္ Vison (စကၡဳအာရံု) ဆိုတဲ့စကားကို ဘုရားမၾကိဳက္တဲ့အရာအျဖစ္မွတ္ယူလာၾကတယ္။ အဲ့ဒီမွာ Jerlamarel ဆိုတဲ့ပုဂၢိဳလ္တေယာက္ဟာ ေမြးကတည္းကအျမင္အာရံုပိုင္ဆိုင္သူအျဖစ္ေမြးဖြားလာခဲ့ပါတယ္။

သူဟာ Queen Kane ရဲ႕ညီမကိုသတ္ျပီး Payan ျမိဳ႕ေတာ္ကေနထြက္ေျပးလာရင္း Maghra ဆိုတဲ့အမ်ိဳးသမီးနဲ႔ ေပါင္းဖက္ခဲ့တယ္။ အဲ့ဒီအမ်ိဳးသမီးဟာအေၾကာင္းေၾကာင္းေၾကာင့္ Jerlamarel နဲ႔ကြဲျပီး Baba Voss (Jason Momoa) တုိ႔ေနထုိင္တဲ့ Alkenny မ်ိဳးႏြယ္စုဆီေရာက္လာခဲ့ပါတယ္။ မ်ိဳးႏြယ္စုေခါင္းေဆာင္ Baba ကအမ်ိဳးသမီးကိုေစာင့္ေရွာက္ထားရင္း ဇနီးမယားအျဖစ္ေပါင္းသင္းခဲ့ပါတယ္။ ေနာက္ေၾကာင္းရာဇ၀င္မရွင္းဘဲ ကိုယ္၀န္ပါလာတဲ့ Maghra ကိုအယူသည္းတဲ့ Alkenny လူမ်ိဳးေတြကလက္မခံလိုၾကဘူး။ အဲ့ဒီမွာတင္ ရြာသူရြာသားေတြထဲ Baba နဲ႔ Maghra ကိုမေက်နပ္တဲ့အုပ္စုတစုေပၚလာခဲ့ပါတယ္။
ရြာထဲကသတင္းေပးတေယာက္ေၾကာင့္ Jerlamarel နဲ႔ Maghra တုိ႔ပတ္သက္မႈကို Queen Kane တို႔သိသြားျပီး Witchfinder General Tamacti Jun ဦးေဆာင္တဲ့စစ္တပ္ၾကီးဟာ Baba တို႔ဆီေရာက္လာတဲ့အခါမွာေတာ့…။ Baba တို႔လြတ္ေျမာက္ႏုိင္ပါ့မလား။ Jerlamarel ကဘာလို႔တျခားသူေတြနဲ႔မတူဘဲ ျမင္ႏုိင္စြမ္းရွိေနတာလဲ။ သူနဲ႔ Queen Kane တို႔ဘယ္လိုပတ္သက္ေနလဲ။ ကိုယ္တိုင္ပဲ series ကိုၾကည့္ျပီးအေျဖရွာလိုက္ပါေနာ္။
ရုပ္ရွင္ေတြထဲမွာအျမင္အာရံုခ်ိဳ႕တဲ့တဲ့သူေတြအေၾကာင္း၊ အျမင္အာရံုကိုအားကိုးလို႔မရတဲ့ဇာတ္လမ္းေတြ အေၾကာင္း ျမင္ေနၾကပါ။ အနီးစပ္ဆံုးေျပာရရင္ အသံ၊ အနံ႔၊ ထိေတြ႔မႈေတြကိုသာအသံုးျပဳရတဲ့ superhero Daredevil၊ စကၡဳအာရံုကေနတဆင့္ကိုယ့္ကိုယ္ကိုယ္သတ္ေသေအာင္ဖမ္းစားႏုိင္တဲ့တေစၦေတြေၾကာင့္ မ်က္လံုးကိုအ၀တ္အုပ္ျပီးအသက္ရွင္တည္ဖို႔ၾကိဳးစားရတဲ့ဇာတ္လမ္း Birdbox ေတြကပရိသတ္နဲ႔ရင္းႏွီးျပီးသားပါ။

ဒါေပမယ့္ရွိသမွ်လူေတြအားလံုးရာစုႏွစ္နဲ႔ခ်ီျပီးအျမင္အာရံုကြယ္ေနၾကတဲ့ကမာၻကိုဖန္တီးတဲ့အခါမွာေတာ့ လူမႈဆက္ဆံေရး၊ လူ႔အဖြဲ႔အစည္းတည္ေဆာက္မႈမွာပါလက္ရွိကမာၻနဲ႔သိသိသာသာကြဲျပားေနတာကို ေတြ႔ရတယ္။ Scentier လို႔ေခၚတဲ့အနံ႔ခံစြမ္းရည္ထက္ျမတ္သူေတြ၊ Ayura ဆိုတဲ့အၾကားအာရံုအလြန္ေကာင္းသူေတြ၊ အနာဂတ္ကိုၾကိဳျမင္ႏုိင္၊ ပတ္၀န္းက်င္ကအေျပာင္းအလဲေတြကို သိရွိႏိုင္ျပီး ဆဌမအာရံုသေဘာမ်ိဳးရေနတဲ့ Presage ေတြဟာလူ႔အဖြဲ႔အစည္းမွာအေရးၾကီးတဲ့အခန္းက႑က ပါ၀င္လာတယ္။ အျမင္အာရံုကြယ္သြားတဲ့အခါတျခားအာရံုေတြကပိုမိုထက္ျမတ္လာတတ္တဲ့ neural plasticity သေဘာတရားကိုအေျခခံထားတာလို႔ ဒါရိုက္တာ Francis Lawrence ကဆိုပါတယ္။
ဇာတ္လမ္းအျပင္ဒီကမာၻကိုေလ့လာရတာကလည္းစိတ္၀င္စားဖို႔ေကာင္းတယ္ဗ်။ စာေရးသားတဲ့အခါ ၾကိဳးေတြကိုပံုစံအမ်ိဳးမ်ိဳးနဲ႔အထံုးေလးေတြထံုးျပီးေရးၾကတယ္။ ရြာထဲမွာလည္းတေနရာကတေနရာသြားဖို႔ ၾကိဳးတန္းေတြနဲ႔လမ္းညႊန္ထားၾကသလို အသံျမည္တဲ့ကိရိယာေတြကိုလည္းခ်ိတ္ဆြဲရင္းလမ္းရွာၾကတယ္။ Alkenny ေတြဟာအေရျပားေပၚမွာအမာရြတ္ထေအာင္သေကၤတေတြေရးဆြဲျပီးတျခားမ်ိဳးႏြယ္စုေတြနဲ႔ ကြဲျပားေအာင္လည္းအမွတ္အသားလုပ္ေလ့ရွိပါတယ္။ ျပီးေတာ့ Alkenny ေတြကပါလီမန္စနစ္က်င့္သံုးျပီး အေရးကိစၥတခုခုေပၚလာရင္ မ်ိဳးႏြယ္စုေခါင္းေဆာင္နဲ႔အၾကီးအကဲေတြကမဲခြဲဆံုးျဖတ္ၾကပါတယ္။

အနာဂတ္ကာလျဖစ္တဲ့အတြက္မ်က္ေမွာက္ေခတ္ကအသံုးအေဆာင္ေတြ၊ ယႏၱရားေတြဟာ ဇာတ္လမ္းထဲကလူေတြရဲ႕အေတြးထဲမွာ အထူးအဆန္းျဖစ္ေနတာေတြကိုလည္းေတြ႔ရတယ္။ ဥပမာေရအားလွ်ပ္စစ္စက္ရံုအေဟာင္းၾကီးမွာေနၾကတဲ့ Payan ျပည္သူေတြဟာ ေရကာတာထဲကပန္းထြက္ေနတဲ့ေရေတြကိုျမင့္ျမတ္တဲ့ေရစင္ေတြအျဖစ္ယူဆၾကျပီး စက္ရံုကတာဘိုင္ေတြေဟာင္းႏြမ္းလာလို႔ေရအားေလ်ာ့လာတာကို နတ္ဘုရား God Flame ရဲ႕ျငိဳျငင္မႈခံရတယ္လို႔ထင္ေနၾကတာမ်ိဳး၊ စာအုပ္ဆိုတာဘာလဲမသိေတာ့ သစ္ေခါက္ေတြ (dead bark) လို႔ထင္ေနၾကတာမ်ိဳးေပါ့။ သံမဏိကိုလည္း ဘုရားသခင္ရဲ႕အရိုးဆိုျပီး god bone လို႔ေခၚၾကတယ္။ ဒါဟာအလင္းမဲ့ေနတဲ့ကမာၻကလူေတြအေနနဲ႔ က်ေနာ္တို႔ကမာၻကလက္က်န္ပစၥည္းေတြကိုသူတို႔နည္းသူတို႔ဟန္နဲ႔ အဓိပၸာယ္ဖြင့္ဖို႔ၾကိဳးစားေနတာေတြပါ။ ဒီလိုသဘာ၀က်တဲ့ဇာတ္ကြက္ေတြကိုဖန္တီးဖို႔ ဒါရိုက္တာ Lawrence ဟာ blind consultants၊ evolutionary biologists၊ survivalist စတဲ့ပညာရွင္ေတြပါတဲ့ think tank အဖြဲ႔တခုနဲ႔ေဆြးေႏြးတုိင္ပင္ရပါတယ္။ ဒါေၾကာင့္ဇာတ္ကြက္တုိင္းကအရမ္းအႏုစိတ္တာကိုေတြ႔ရမွာပါ။
စိတ္၀င္စားစရာေကာင္းျပီး ၾကည့္ေနက်မဟုတ္တဲ့ကမာၻသစ္တခုကိုေတြ႔ခ်င္ရင္ေတာ့ See ကၾကည့္သင့္တဲ့ဇာတ္လမ္းတြဲတခုပါ။ ဒါရိုက္တာ Francis Lawrence ဟာ Hunger Games နဲ႔ I am Legend တို႔လိုကပ္ကမာၻရုပ္ရွင္ေတြကိုရိုက္ကူးခဲ့ဖူးတဲ့သူဆိုေတာ့ See ဟာသူ႔ရဲ႕ masterpiece တခုျဖစ္ေနမယ္ဆိုတာ သံသယျဖစ္စရာမလိုပါဘူး။
Apple TV+ ဆိုတာ ႏို၀င္ဘာလ ၁ရက္ေန႔ကမွစတင္တဲ့ streaming service တခုျဖစ္ျပီး Apple’s website နဲ႔ Apple’s TV app ကေနတဆင့္ၾကည့္ရႈႏုိင္ပါတယ္။ လစဥ္ေၾကးက ၅ေဒၚလာေလာက္ကစတာမို႔ streaming service ေတြထဲမွာအသက္သာဆံုးလို႔ေျပာရမယ္။ Apple device ေတြအျပင္ Android နဲ႔ Windows platform ေတြမွာပါ Apple website ကေနတဆင့္ၾကည့္ရႈႏုိင္တယ္။ Samsung smart TV၊ Roku နဲ႔ Amazon Fire TV ေတြကေနလည္း stream လုပ္ၾကည့္လို႔ရျပီး ေလာေလာဆယ္မွာေတာ့ programme တဒါဇင္ေလာက္ရွိပါတယ္။ ျမန္မာႏုိင္ငံမွာေတာ့ဒီ service မရေသးပါဘူး။
Unicode
Jason Momoa ရဲ့ Game of Thrones ထဲက Kahl Drogo ပုံစံကိုလွမ်းနေတယ်ဆိုရင်တော့ Apple TV+ ရဲ့အသစ်ထွက်စီးရီး See ကိုကြည့်သင့်တယ်ဗျ။ ဒီစီးရီးထဲမှာလည်း Momoa က Drogo လိုသားမွေးဝတ်ရုံတွေဝတ်၊ ဧရာမဓားမကြီးတရမ်းရမ်းနဲ့ ခပ်ကြမ်းကြမ်းသရုပ်ဆောင်ထားတယ်။ အပိုင်း ၃ ပိုင်းတည်းထွက်သေးတာမို့ catch up လုပ်ရလွယ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်မှာလူသားမျိုးနွယ်ဟာကပ်ဘေးကြီးတခုကြောင့် သေကြေပျက်စီးကြပြီး လူ ၂သန်းလောက်ပဲအသက်ရှင်ကျန်ခဲ့တော့တယ်။ အဲ့ဒီကျန်ခဲ့တဲ့လူတွေဟာလည်း အမြင်အာရုံဆုံးရှုံးသွားပြီး သူတို့ကဆင်းသက်လာတဲ့မျိုးဆက်သစ်တွေကလည်း မွေးကတည်းကမျက်စိမမြင်ကြတော့ဘူး။ အဲ့လိုနဲ့ရာစုနှစ်များစွာကြာတဲ့အခါမှာ အမြင်အာရုံဆိုတာဒဏ္ဍာရီတခုလိုဖြစ်သွားပြီး လူတော်တော်များများက အယုံအကြည်မရှိကြတော့ဘူး။ အဲ့ဒီထက်ဆိုးတာကလူသားမျိုးနွယ်အနေနဲ့အမြင်အာရုံကိုမလိုအပ်ဘူးလို့ ထင်လာကြတဲ့အထိပါပဲ။
ဒီဇာတ်လမ်းရဲ့အဓိက villain Queen Kane (Sylvia Hoeks) ဦးဆောင်တဲ့မျိုးနွယ်စုက လူတွေဟာအာဏာပြိုင်ဆိုင်ရင်း ကမ္ဘာကြီးနဲ့တခြားသက်ရှိတွေကိုဆိုးကျိုးတွေသင့်စေတဲ့အတွက် ဘုရားသခင်ကဒဏ်ခတ်တဲ့အနေနဲ့ အမြင်အာရုံကိုကွယ်စေခဲ့တာလို့ယုံကြည်ကြတယ်။ အဲ့ဒီအတွက် Vison (စက္ခုအာရုံ) ဆိုတဲ့စကားကို ဘုရားမကြိုက်တဲ့အရာအဖြစ်မှတ်ယူလာကြတယ်။ အဲ့ဒီမှာ Jerlamarel ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာ မွေးကတည်းကအမြင်အာရုံပိုင်ဆိုင်သူအဖြစ်မွေးဖွားလာခဲ့ပါတယ်။
သူဟာ Queen Kane ရဲ့ညီမကိုသတ်ပြီး Payan မြို့တော်ကနေထွက်ပြေးလာရင်း Maghra ဆိုတဲ့အမျိုးသမီးနဲ့ ပေါင်းဖက်ခဲ့တယ်။ အဲ့ဒီအမျိုးသမီးဟာအကြောင်းကြောင်းကြောင့် Jerlamarel နဲ့ကွဲပြီး Baba Voss (Jason Momoa) တို့နေထိုင်တဲ့ Alkenny မျိုးနွယ်စုဆီရောက်လာခဲ့ပါတယ်။ မျိုးနွယ်စုခေါင်းဆောင် Baba ကအမျိုးသမီးကိုစောင့်ရှောက်ထားရင်း ဇနီးမယားအဖြစ်ပေါင်းသင်းခဲ့ပါတယ်။ နောက်ကြောင်းရာဇဝင်မရှင်းဘဲ ကိုယ်ဝန်ပါလာတဲ့ Maghra ကိုအယူသည်းတဲ့ Alkenny လူမျိုးတွေကလက်မခံလိုကြဘူး။ အဲ့ဒီမှာတင် ရွာသူရွာသားတွေထဲ Baba နဲ့ Maghra ကိုမကျေနပ်တဲ့အုပ်စုတစုပေါ်လာခဲ့ပါတယ်။
ရွာထဲကသတင်းပေးတယောက်ကြောင့် Jerlamarel နဲ့ Maghra တို့ပတ်သက်မှုကို Queen Kane တို့သိသွားပြီး Witchfinder General Tamacti Jun ဦးဆောင်တဲ့စစ်တပ်ကြီးဟာ Baba တို့ဆီရောက်လာတဲ့အခါမှာတော့…။ Baba တို့လွတ်မြောက်နိုင်ပါ့မလား။ Jerlamarel ကဘာလို့တခြားသူတွေနဲ့မတူဘဲ မြင်နိုင်စွမ်းရှိနေတာလဲ။ သူနဲ့ Queen Kane တို့ဘယ်လိုပတ်သက်နေလဲ။ ကိုယ်တိုင်ပဲ series ကိုကြည့်ပြီးအဖြေရှာလိုက်ပါနော်။
ရုပ်ရှင်တွေထဲမှာအမြင်အာရုံချို့တဲ့တဲ့သူတွေအကြောင်း၊ အမြင်အာရုံကိုအားကိုးလို့မရတဲ့ဇာတ်လမ်းတွေ အကြောင်း မြင်နေကြပါ။ အနီးစပ်ဆုံးပြောရရင် အသံ၊ အနံ့၊ ထိတွေ့မှုတွေကိုသာအသုံးပြုရတဲ့ superhero Daredevil၊ စက္ခုအာရုံကနေတဆင့်ကိုယ့်ကိုယ်ကိုယ်သတ်သေအောင်ဖမ်းစားနိုင်တဲ့တစ္ဆေတွေကြောင့် မျက်လုံးကိုအဝတ်အုပ်ပြီးအသက်ရှင်တည်ဖို့ကြိုးစားရတဲ့ဇာတ်လမ်း Birdbox တွေကပရိသတ်နဲ့ရင်းနှီးပြီးသားပါ။
ဒါပေမယ့်ရှိသမျှလူတွေအားလုံးရာစုနှစ်နဲ့ချီပြီးအမြင်အာရုံကွယ်နေကြတဲ့ကမ္ဘာကိုဖန်တီးတဲ့အခါမှာတော့ လူမှုဆက်ဆံရေး၊ လူ့အဖွဲ့အစည်းတည်ဆောက်မှုမှာပါလက်ရှိကမ္ဘာနဲ့သိသိသာသာကွဲပြားနေတာကို တွေ့ရတယ်။ Scentier လို့ခေါ်တဲ့အနံ့ခံစွမ်းရည်ထက်မြတ်သူတွေ၊ Ayura ဆိုတဲ့အကြားအာရုံအလွန်ကောင်းသူတွေ၊ အနာဂတ်ကိုကြိုမြင်နိုင်၊ ပတ်ဝန်းကျင်ကအပြောင်းအလဲတွေကို သိရှိနိုင်ပြီး ဆဌမအာရုံသဘောမျိုးရနေတဲ့ Presage တွေဟာလူ့အဖွဲ့အစည်းမှာအရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်လာတယ်။ အမြင်အာရုံကွယ်သွားတဲ့အခါတခြားအာရုံတွေကပိုမိုထက်မြတ်လာတတ်တဲ့ neural plasticity သဘောတရားကိုအခြေခံထားတာလို့ ဒါရိုက်တာ Francis Lawrence ကဆိုပါတယ်။
ဇာတ်လမ်းအပြင်ဒီကမ္ဘာကိုလေ့လာရတာကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ဗျ။ စာရေးသားတဲ့အခါ ကြိုးတွေကိုပုံစံအမျိုးမျိုးနဲ့အထုံးလေးတွေထုံးပြီးရေးကြတယ်။ ရွာထဲမှာလည်းတနေရာကတနေရာသွားဖို့ ကြိုးတန်းတွေနဲ့လမ်းညွှန်ထားကြသလို အသံမြည်တဲ့ကိရိယာတွေကိုလည်းချိတ်ဆွဲရင်းလမ်းရှာကြတယ်။ Alkenny တွေဟာအရေပြားပေါ်မှာအမာရွတ်ထအောင်သင်္ကေတတွေရေးဆွဲပြီးတခြားမျိုးနွယ်စုတွေနဲ့ ကွဲပြားအောင်လည်းအမှတ်အသားလုပ်လေ့ရှိပါတယ်။ ပြီးတော့ Alkenny တွေကပါလီမန်စနစ်ကျင့်သုံးပြီး အရေးကိစ္စတခုခုပေါ်လာရင် မျိုးနွယ်စုခေါင်းဆောင်နဲ့အကြီးအကဲတွေကမဲခွဲဆုံးဖြတ်ကြပါတယ်။
အနာဂတ်ကာလဖြစ်တဲ့အတွက်မျက်မှောက်ခေတ်ကအသုံးအဆောင်တွေ၊ ယန္တရားတွေဟာ ဇာတ်လမ်းထဲကလူတွေရဲ့အတွေးထဲမှာ အထူးအဆန်းဖြစ်နေတာတွေကိုလည်းတွေ့ရတယ်။ ဥပမာရေအားလျှပ်စစ်စက်ရုံအဟောင်းကြီးမှာနေကြတဲ့ Payan ပြည်သူတွေဟာ ရေကာတာထဲကပန်းထွက်နေတဲ့ရေတွေကိုမြင့်မြတ်တဲ့ရေစင်တွေအဖြစ်ယူဆကြပြီး စက်ရုံကတာဘိုင်တွေဟောင်းနွမ်းလာလို့ရေအားလျော့လာတာကို နတ်ဘုရား God Flame ရဲ့ငြိုငြင်မှုခံရတယ်လို့ထင်နေကြတာမျိုး၊ စာအုပ်ဆိုတာဘာလဲမသိတော့ သစ်ခေါက်တွေ (dead bark) လို့ထင်နေကြတာမျိုးပေါ့။ သံမဏိကိုလည်း ဘုရားသခင်ရဲ့အရိုးဆိုပြီး god bone လို့ခေါ်ကြတယ်။ ဒါဟာအလင်းမဲ့နေတဲ့ကမ္ဘာကလူတွေအနေနဲ့ ကျနော်တို့ကမ္ဘာကလက်ကျန်ပစ္စည်းတွေကိုသူတို့နည်းသူတို့ဟန်နဲ့ အဓိပ္ပာယ်ဖွင့်ဖို့ကြိုးစားနေတာတွေပါ။ ဒီလိုသဘာဝကျတဲ့ဇာတ်ကွက်တွေကိုဖန်တီးဖို့ ဒါရိုက်တာ Lawrence ဟာ blind consultants၊ evolutionary biologists၊ survivalist စတဲ့ပညာရှင်တွေပါတဲ့ think tank အဖွဲ့တခုနဲ့ဆွေးနွေးတိုင်ပင်ရပါတယ်။ ဒါကြောင့်ဇာတ်ကွက်တိုင်းကအရမ်းအနုစိတ်တာကိုတွေ့ရမှာပါ။
စိတ်ဝင်စားစရာကောင်းပြီး ကြည့်နေကျမဟုတ်တဲ့ကမ္ဘာသစ်တခုကိုတွေ့ချင်ရင်တော့ See ကကြည့်သင့်တဲ့ဇာတ်လမ်းတွဲတခုပါ။ ဒါရိုက်တာ Francis Lawrence ဟာ Hunger Games နဲ့ I am Legend တို့လိုကပ်ကမ္ဘာရုပ်ရှင်တွေကိုရိုက်ကူးခဲ့ဖူးတဲ့သူဆိုတော့ See ဟာသူ့ရဲ့ masterpiece တခုဖြစ်နေမယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။
Apple TV+ ဆိုတာ နိုဝင်ဘာလ ၁ရက်နေ့ကမှစတင်တဲ့ streaming service တခုဖြစ်ပြီး Apple’s website နဲ့ Apple’s TV app ကနေတဆင့်ကြည့်ရှုနိုင်ပါတယ်။ လစဉ်ကြေးက ၅ဒေါ်လာလောက်ကစတာမို့ streaming service တွေထဲမှာအသက်သာဆုံးလို့ပြောရမယ်။ Apple device တွေအပြင် Android နဲ့ Windows platform တွေမှာပါ Apple website ကနေတဆင့်ကြည့်ရှုနိုင်တယ်။ Samsung smart TV၊ Roku နဲ့ Amazon Fire TV တွေကနေလည်း stream လုပ်ကြည့်လို့ရပြီး လောလောဆယ်မှာတော့ programme တဒါဇင်လောက်ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ဒီ service မရသေးပါဘူး။