သင္သိပါသလား။ ၀ီစကီ၊ ေဂါက္ရိုက္အားကစား၊ မီးသေဘၤာနဲ႔ ေရနံတူးေဖာ္ျခင္းလုပ္ငန္းေတြကို ၁၉ရာစုႏွစ္ကစေကာ့လူမ်ိဳးေတြျမန္မာႏုိင္ငံဆီယူေဆာင္လာတာဆိုတာ။
စေကာ့လူမ်ိဳးေတြဟာျဗိတိသွ်အင္ပါယာမွာကုန္သည္အျဖစ္အသက္ေမြးၾကျပီး စြန္႔စားသြားလာျခင္းကို ၀ါသနာထံုသူေတြလည္းျဖစ္ပါတယ္။ သူတို႔ဟာ ၀ိတိုရီးယားဘုရင္မလက္ထက္ျဗိတိန္ႏိုင္ငံရဲ႕ တင္းက်ပ္တဲ့အဆင့္အတန္းခြဲျခားမႈေတြကိုေရွာင္ဖို႔နဲ႔ နယ္ျခားပယ္ျခားမွာအခြင့္အလမ္းသစ္ေတြရွာဖို႔ ျမန္မာႏိုင္ငံဆီေရာက္လာၾကတယ္။
ျမန္မာႏိုင္ငံဟာ အိႏၵိယႏိုင္ငံရဲ႕အစြန္အဖ်ားမွာရွိတဲ့ေဒသေလးတခုကေန ၂၀ရာစုႏွစ္အေစာပိုင္းကာလရဲ႕ စီးပြားေရးအခ်က္အခ်ာျဖစ္လာျခင္းမွာ စေကာ့လူမ်ိဳးစစ္သည္ေတာ္၊ အစိုးရ၀န္ထမ္းနဲ႔ စြန္႔ဦးတီထြင္စီးပြားေရးသမားေတြကအေရးၾကီးတဲ့အခန္းက႑ကပါ၀င္ပါတယ္။
ဒါေၾကာင့္အဲ့ဒီေခတ္အခါကျမန္မာႏုိင္ငံကိုတခါတေလ စေကာ့လူမ်ိဳးတို႔ရဲ႕ကိုလုိနီလို႔ေခၚေ၀ၚၾကတာပါ။

စေကာ့လူမ်ိဳးေတြနဲ႔အတူသူတို႔ရဲ႕ ပရိုတက္စတင့္၀ါဒ၊ ၀ီစကီေသာက္တဲ့အေလ့အက်င့္နဲ႔ ေဂါက္ရိုက္အားကစားနည္းေတြပါ ျမန္မာႏုိင္ငံဆီေရာက္လာခဲ့တယ္။ ၁၈၉၃ခုႏွစ္က ရန္ကုန္ျမိဳ႕မွာ ေဂါက္ကြင္းတခုစတင္ေပၚလာခဲ့ျပီး အခုေခတ္မွာေတာ့အဲ့ဒီကြင္းဟာ ျပည္သူ႔ရင္ျပင္ဆိုျပီးျဖစ္လာတာပါ။
၁၈၈၀ခုႏွစ္၀န္းက်င္က စေကာ့အမ်ိဳးသား James George Scott ကျမန္မာႏုိင္ငံကို ေဘာလံုးအားကစားနဲ႔မိတ္ဆက္ေပးခဲ့ပါတယ္။ ၁၈၃၉ခုႏွစ္မွာေမာ္လျမိဳင္ကို စေကာ့အမ်ိဳးသားကုမၸဏီ D. Shaw and Co. ေရာက္ရွိလာျပီး ကၽြန္းသစ္ထုတ္လုပ္ေရးလုပ္ငန္းအတြက္ supplier အျဖစ္လုပ္ကိုင္ခဲ့တဲဲ့အခ်ိန္ကစလို႔ ျမန္မာနဲ႔စေကာ့တလန္အဆက္အဆံရွိခဲ့တယ္လို႔ဆိုရမွာပါ။
၁၈၅၂-၅၃ အတြင္းဒုတိယအဂၤလိပ္-ဗမာစစ္ပြဲျပီးေနာက္ ဗမာျပည္ေအာက္ပိုင္းျဗိတိသွ်လက္ေအာက္ က်ေရာက္သြားပါတယ္။ စေကာ့လူမ်ိဳးအင္ဂ်င္နီယာ Alexander Fraser ဟာ ရန္ကုန္ရဲ႕လမ္းေတြကို ပံုစံခ်ခဲ့ျပီးကိုလိုနီအုပ္ခ်ဳပ္ေရးရဲ႕ဗဟိုခ်က္မအျဖစ္အေကာင္အထည္ေဖာ္ခဲ့တယ္။ အဲ့ဒီေနာက္မွာေတာ့ ရန္ကုန္ရဲ႕ကုန္သည္မ်ားအသင္းမွာ စေကာ့စီးပြားေရးသမားေတြေနရာယူလာခဲ့ပါတယ္။
ဗမာဘုရင္ရဲ႕ႏုိင္ငံျခားေရး၀န္ၾကီး ကင္း၀င္မင္းၾကီးဦးေကာင္းဟာ ၁၈၇၁ခုႏွစ္ကဥေရာပကို အလည္အပတ္ေရာက္ခဲ့တယ္။ သူဟာ Glasgow ကုန္သည္ၾကီးမ်ားအသင္းခ်ဳပ္ဆီ သြားလည္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္ကတည္းက Glasgow ကအဖြဲ႔၀င္ေတာ္ေတာ္မ်ားမ်ား ရန္ကုန္အသင္းခ်ဳပ္မွာတာ၀န္ထမ္းေဆာင္လ်က္ရွိပါတယ္။

ဒါေပမယ့္ ဦးေကာင္းရဲ႕သံတမန္စြမ္းရည္ဟာ ဗမာႏုိင္ငံကိုကယ္တင္ႏုိင္စြမ္းမရွိခဲ့ပါဘူး။ တတိယအဂၤလိပ္-ဗမာစစ္ပြဲအျပီး ၁၈၈၅ခုႏွစ္မွာတႏိုင္ငံလံုး အဂၤလိပ္လက္ေအာက္ေရာက္သြားပါတယ္။ စေကာ့ကုမၸဏီ Bombay-Burmah Trading Corporation နဲ႔ဗမာဘုရင္တုိ႔ၾကားျဖစ္တဲ့ပဋိပကၡကို အေၾကာင္းျပဳျပီး ျဗိတိသွ်ေတြဟာဗမာႏုိင္ငံကိုသိမ္းယူခဲ့တယ္။
ျဗိတိသွ်လက္ေအာက္မွာရန္ကုန္ဟာအရွိန္အဟုန္နဲ႔ဖြံ႔ျဖိဳးတိုးတက္လာခဲ့ျပီး ရန္ကုန္မွာစေကာ့လူမ်ိဳးလုပ္ငန္းရွင္အမ်ားအျပားလာေရာက္ရင္းႏွီးျမွဳပ္ႏွံခဲ့ၾကပါတယ္။ ဒီလူေတြထဲမွာ နာမည္အၾကီးဆံုးကေတာ့ Findlay မိသားစုျဖစ္ပါလိမ့္မယ္။ သူတို႔က Irrawaddy Flotilla Co. (IFC) ကိုတည္ေထာင္ျပီး ေရေႏြးေငြ႔သံုးသေဘၤာေတြနဲ႔ျမန္မာႏိုင္ငံတေလွ်ာက္ေရလမ္းပို႔ေဆာင္ေရးစနစ္ကို စတင္ခဲ့ပါတယ္။
IFC ရဲ႕သေဘၤာအစိတ္အပိုင္းေတြကို Glasgow က Clyde ျမစ္ကမ္းေဘးသေဘၤာက်င္းမွာျပဳလုပ္ျပီး ရန္ကုန္ကိုအစိတ္အပိုင္းတခုစီတင္ပို႔တယ္။ ဒီေရာက္ေတာ့မွျပန္လည္တပ္ဆင္ၾကတာပါ။ IFC ဟာေရယာဥ္ ၆၀၀ေက်ာ္ေျပးဆြဲႏုိင္တဲ့အထိေအာင္ျမင္ခဲ့ျပီး ဧရာ၀တီျမစ္၀ွမ္းေဒသတေလွ်ာက္နဲ႔အဆင္ေျပတဲ့ ေဇာက္တိမ္သေဘၤာေတြကိုအဓိကထားအသံုးျပဳခဲ့တယ္။
ဗမာ့သယံဇာတေတြျဖစ္တဲ့ ဆန္စပါး၊ ေရနံ၊ ကၽြန္းသစ္ေတြကိုလည္းစေကာ့တလန္ဆီ တင္ပို႔ခဲ့ၾကပါတယ္။ စေကာ့လူမ်ိဳးဆန္လုပ္္ငန္းရွင္ Bulloch Bros. ဟာ Glasgow က Cowie Bros. ကုမၸဏီထုတ္ေရေႏြးေငြ႔သံုးၾကိတ္စက္ေတြနဲ႔ဆန္ထုတ္လုပ္တယ္။ သူတို႔သံုးခဲ့တဲ့စက္ေတြကို အခုအခ်ိန္ထိျမန္မာ့ေက်းလတ္ေဒသတခ်ိဳ႕မွာေတြ႔ႏုိင္ပါေသးတယ္။
Burmah Oil Co. ကလည္းျမန္မာႏုိင္ငံေရာက္လာတဲ့စေကာ့လုပ္ငန္းတခုပါ။ ေနာက္ပိုင္းမွာ British Petroleum လို႔အမည္ေျပာင္းခဲ့တယ္။ သူတို႔ရဲ႕ေၾကာ္ျငာကိုျမန္မာပန္းခ်ီဆရာဦးဘဥာဏ္ေရးဆြဲျပီး ရန္ကုန္သေဘၤာဆိပ္ပံုကိုျပထားတာေတြ႔ရတယ္။ ျခေသၤ့ပံုအမွတ္တံဆိပ္သံုးခဲ့ပါေသးတယ္။

၁၉၂၀၀န္းက်င္မွာ ဗမာနဲ႔ကမာၻ႔ႏုိင္ငံေတြၾကားဆက္ဆံေရးျမင့္မားလာပါတယ္။ Bibby နဲ႔ Henderson သေဘၤာကုမၸဏီရဲ႕အခ်က္အလက္ေတြအရ ရန္ကုန္နဲ႔ Glasgow၊ Liverpool တို႔ၾကားအသြားအလာမ်ားလာတာကိုေတြ႔ရပါတယ္။
ျမန္မာ့ကမ္းရိုးတန္းတေလွ်ာက္ မီးျပတိုက္ေတြတခုျပီးတခုထြက္လာခဲ့ျပီး ဒီမီးျပတိုက္ေတြတည္ေဆာက္ပံုဟာလည္း စေကာ့တလန္ အေရွ႕ေျမာက္ကမ္းရိုးတန္းကပံုစံနဲ႔ အေတာ္ေလးတူညီတာကိုေတြ႔ရပါတယ္။ အၾကီးဆံုးမီးျပတိုက္ဟာ ဘဂၤလားပင္လယ္ေအာ္က Alguada Reef မွာအခုထိရွိေနဆဲပါ။
ဗမာတႏုိင္ငံလံုးရထားလမ္းေတြလည္းအမ်ားအျပားေပၚထြက္လာခဲ့ျပီး ျမင္းေကာင္ေရစြမ္းအင္ျမင့္မားတဲ့ မီးရထားအင္ဂ်င္ေတြလည္းထြန္းကားလာခဲ့တယ္။ ဒါေၾကာင့္ရွမ္းကုန္းေျမျမင့္ေဒသကမတ္ေစာက္တဲ့ေတာင္တန္းေတြအထိပါမီးရထားေတြေမာင္းႏွင္ႏုိင္လာပါတယ္။ ဒီရထားေတြကို Glasgow မွာရွိတဲ့ Dunn and Co ကတည္ေဆာက္ျပီး ဗမာႏုိင္ငံတင္ပို႔တယ္။ ႏုိင္ငံတြင္းမွာ ရထားလမ္းေတြအားလံုးေပါင္းလိုက္ရင္ အရွည္ မိုင္ ၂၀၀၀ ေက်ာ္ရွိပါတယ္။
ဗမာႏုိင္ငံကေန ကုန္ၾကမ္းပစၥည္းေတြထုတ္ယူျပီး ဥေရာပကိုတင္ပို႔ခဲ့သလို ဥေရာပကေစ်းသက္သာတဲ့ ကုန္ေခ်ာပစၥည္းေတြကိုလည္းဗမာႏိုင္ငံကိုတင္သြင္းခဲ့ပါတယ္။ Glasgow က Bell’s Pottery ဆိုရင္ သူတို႔႔ရဲ႕ပန္းအိုးေတြကိုအာရွအေငြ႔အသက္ပါေအာင္ နဂါးပံု၊ ေစတီပုထိုးပံု၊ ဆင္ပံုေတြဆြဲျပီး တင္ပို႔ခဲ့တယ္။

စေကာ့တလန္ကအဖိုးႏႈန္းခ်ိဳသာတဲ့ခ်ည္ထည္ေတြဟာ ဗမာ့စီးပြားေရးအေပၚ သက္ေရာက္မႈအမ်ားဆံုးပါပဲ။ ၁၉၃၀ေလာက္ေရာက္တဲ့အခါျပည္တြင္းရက္ကန္းထည္လုပ္ငန္း အားလံုးနီးပါးေပ်ာက္ကြယ္လုမတတ္ျဖစ္ခဲ့ပါတယ္။
ဒါေၾကာင့္ႏုိင္ငံျခားအ၀တ္အထည္ေတြကိုစတင္သပိတ္ေမွာက္ရာကေန ၁၉၂၀ေလာက္မွာ ျဗိတိသွ် (နဲ႔စေကာ့) လူမ်ိဳးေတြကို ေတာ္လွန္ေရးစတင္ျဖစ္ပြားလာခဲ့တယ္။ အဲ့ဒီအခ်ိန္မွာ Glasgow နဲ႔ ရန္ကုန္ဟာအသြင္အျပင္အားျဖင့္ေတာ္ေတာ္ေလးဆင္တူေနခဲ့ျပီျဖစ္ပါတယ္။
အဲ့ဒီေခတ္အခါကစေကာ့ကုမၸဏီေတြဟာ Glasgow နဲ႔ ရန္ကုန္မွာရံုးခန္းေတြျပိဳင္တူဖြင့့္ေလ့ရွိတဲ့အတြက္ ဗိသုကာဆရာေတြကလည္းရံုးခန္း ၂ခုလံုး တျပိဳင္နက္တည္ေဆာက္ရေလ့ရွိပါတယ္။
ဥပမာ စေကာ့လူမ်ိဳးဗိသုကာဆရာ John Begg (၁၈၆၆-၁၉၃၇) ဆိုရင္ စေကာ့တလန္၊ အိႏၵိယနဲ႔ ရန္ကုန္တို႔မွာအေဆာက္အအံုေတာ္ေတာ္မ်ားမ်ားဒီဇိုင္းဆြဲတည္ေဆာက္ခဲ့ပါတယ္။ သူ႔လက္ရာေတြထဲမွာ ကမ္းနားလမ္းေပၚက Customs House (အခြန္ရံုး)၊ ပန္းဆိုးတန္းေပၚက Central Telegraph Office (ဗဟိုေၾကးနန္းရံုး)၊ သိမ္ျဖဴလမ္းေပၚက Printing and Publishing Enterprise (ပံုႏွိပ္နဲ႔ထုတ္ေ၀ေရးလုပ္ငန္းအေဆာက္အအံု) တို႔ပါ၀င္တယ္။ အေဆာက္အအံုေတြအတြက္လုိအပ္တဲ့ တံခါးလက္ကိုင္၊ ဓာတ္ေလွကား၊ သံတိုင္နဲ႔ သံေပါင္ေတြကအစ Lanarkshire ကသံရည္က်ိဳစက္ရံုေတြထဲမွာသြန္းလုပ္ပါတယ္။

၂၀ရာစုေရာက္တဲ့အခါမွာ ဗမာေက်ာင္းသားေတြအေနနဲ႔စေကာ့တလန္မွာပညာေတာ္သင္သြားျခင္း ေခတ္စားလာခဲ့တယ္။ ၁၉၁၃-၁၄ခုႏွစ္မွာ ေမာင္စိုးမင္းနဲ႔ေမာင္ေက်ာ္ထင္တို႔ဟာ University of Glasgow မွာေဆးပညာနဲ႔ ရုကၡေဗဒပညာသင္ၾကားျပီး ျမန္မာႏိုင္ငံကိုျပန္ေရာက္လာခဲ့ပါတယ္။ သူတို႔ကႏုိင္ငံျခားပညာေတာ္သင္သြားတဲ့ဗမာေက်ာင္းသားေတြထဲမွာ အေစာဆံုးပါပဲ။ University of Edinburgh မွာ ျမန္မာလူမ်ိဳး ေဒါက္တာဘခင္ဟာေဆးပညာသင္ယူခဲ့ျပီး ၁၉၂၀မွာ ဘြဲ႔ရခဲ့ပါတယ္။
ဂ်ပန္က်ဴးေက်ာ္မႈနဲ႔ ဒုတိယကမာၻစစ္တို႔ေၾကာင့္ စေကာ့လူမ်ိဳးေတြရဲ႕စီးပြားေရးအရွိန္ေလ်ာ့သြားခဲ့တယ္။ ဒါေပမယ့္စစ္အတြင္းကဆံုးရႈံးမႈေတြၾကံဳခဲ့ရတဲ့စေကာ့လုပ္ငန္းရွင္ေတြဟာ စစ္အျပီးမွာေလ်ာ္ေၾကးရခဲ့ေပမယ့္ လြတ္လပ္ေရးရျပီးဗမာျပည္မွာေတာ့ပ်က္စီးမႈေတြက်န္ရွိေနဆဲပါ။
စေကာ့လူမ်ိဳးေတြနဲ႔အဆက္အသြယ္ကေတာ့ျပတ္ေတာက္သြားျခင္းမရွိခဲ့ပါဘူး။ ေဆးခန္းသြားတဲ့အခါဆရာ၀န္တေယာက္ေယာက္ရဲ႕နာမည္ေအာက္မွာ M.Sc. Edinburgh ဆိုတဲ့စာတန္းကိုေတြ႔ေနရဆဲပါ။ Scots Kirk ဆိုတဲ့ဘုရားေက်ာင္း၊ Glan Master ၀ီစကီေၾကာ္ျငာ၊ စေကာ့လူမ်ိဳးေတြရဲ႕၀တ္စံု tartan အဆင္နဲ႔တူတဲ့လံုခ်ည္ဆင္ေတြဟာ ျမန္မာႏုိင္ငံမွာရွိေနဆဲျဖစ္ပါတယ္။ အင္းယားကန္ေအာက္မွာ Loch Ness သတၱ၀ါၾကီးေတာင္ရွိေနမလား။
သမိုင္းစာမ်က္ႏွာတခုမွာျမန္မာနဲ႔စေကာ့တလန္တုိ႔ထဲထဲ၀င္၀င္ဆက္ဆံခဲ့ရတာေတာ့အမွန္ပါပဲ။
Myanmore Magazine က Christian Gilberti ရဲ႕ Did you know that Myanmar and Scotland have a shared history? ကိုျမန္မာဘာသာျပန္ဆိုေဖာ္ျပျခင္းျဖစ္ပါတယ္။
Unicode
သင်သိပါသလား။ ဝီစကီ၊ ဂေါက်ရိုက်အားကစား၊ မီးသင်္ဘောနဲ့ ရေနံတူးဖော်ခြင်းလုပ်ငန်းတွေကို ၁၉ရာစုနှစ်ကစကော့လူမျိုးတွေမြန်မာနိုင်ငံဆီယူဆောင်လာတာဆိုတာ။
စကော့လူမျိုးတွေဟာဗြိတိသျှအင်ပါယာမှာကုန်သည်အဖြစ်အသက်မွေးကြပြီး စွန့်စားသွားလာခြင်းကို ဝါသနာထုံသူတွေလည်းဖြစ်ပါတယ်။ သူတို့ဟာ ဝိတိုရီးယားဘုရင်မလက်ထက်ဗြိတိန်နိုင်ငံရဲ့ တင်းကျပ်တဲ့အဆင့်အတန်းခွဲခြားမှုတွေကိုရှောင်ဖို့နဲ့ နယ်ခြားပယ်ခြားမှာအခွင့်အလမ်းသစ်တွေရှာဖို့ မြန်မာနိုင်ငံဆီရောက်လာကြတယ်။
မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့အစွန်အဖျားမှာရှိတဲ့ဒေသလေးတခုကနေ ၂၀ရာစုနှစ်အစောပိုင်းကာလရဲ့ စီးပွားရေးအချက်အချာဖြစ်လာခြင်းမှာ စကော့လူမျိုးစစ်သည်တော်၊ အစိုးရဝန်ထမ်းနဲ့ စွန့်ဦးတီထွင်စီးပွားရေးသမားတွေကအရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်ပါတယ်။
ဒါကြောင့်အဲ့ဒီခေတ်အခါကမြန်မာနိုင်ငံကိုတခါတလေ စကော့လူမျိုးတို့ရဲ့ကိုလိုနီလို့ခေါ်ဝေါ်ကြတာပါ။
စကော့လူမျိုးတွေနဲ့အတူသူတို့ရဲ့ ပရိုတက်စတင့်ဝါဒ၊ ဝီစကီသောက်တဲ့အလေ့အကျင့်နဲ့ ဂေါက်ရိုက်အားကစားနည်းတွေပါ မြန်မာနိုင်ငံဆီရောက်လာခဲ့တယ်။ ၁၈၉၃ခုနှစ်က ရန်ကုန်မြို့မှာ ဂေါက်ကွင်းတခုစတင်ပေါ်လာခဲ့ပြီး အခုခေတ်မှာတော့အဲ့ဒီကွင်းဟာ ပြည်သူ့ရင်ပြင်ဆိုပြီးဖြစ်လာတာပါ။
၁၈၈၀ခုနှစ်ဝန်းကျင်က စကော့အမျိုးသား James George Scott ကမြန်မာနိုင်ငံကို ဘောလုံးအားကစားနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ ၁၈၃၉ခုနှစ်မှာမော်လမြိုင်ကို စကော့အမျိုးသားကုမ္ပဏီ D. Shaw and Co. ရောက်ရှိလာပြီး ကျွန်းသစ်ထုတ်လုပ်ရေးလုပ်ငန်းအတွက် supplier အဖြစ်လုပ်ကိုင်ခဲ့တဲ့အချိန်ကစလို့ မြန်မာနဲ့စကော့တလန်အဆက်အဆံရှိခဲ့တယ်လို့ဆိုရမှာပါ။
၁၈၅၂-၅၃ အတွင်းဒုတိယအင်္ဂလိပ်-ဗမာစစ်ပွဲပြီးနောက် ဗမာပြည်အောက်ပိုင်းဗြိတိသျှလက်အောက် ကျရောက်သွားပါတယ်။ စကော့လူမျိုးအင်ဂျင်နီယာ Alexander Fraser ဟာ ရန်ကုန်ရဲ့လမ်းတွေကို ပုံစံချခဲ့ပြီးကိုလိုနီအုပ်ချုပ်ရေးရဲ့ဗဟိုချက်မအဖြစ်အကောင်အထည်ဖော်ခဲ့တယ်။ အဲ့ဒီနောက်မှာတော့ ရန်ကုန်ရဲ့ကုန်သည်များအသင်းမှာ စကော့စီးပွားရေးသမားတွေနေရာယူလာခဲ့ပါတယ်။
ဗမာဘုရင်ရဲ့နိုင်ငံခြားရေးဝန်ကြီး ကင်းဝင်မင်းကြီးဦးကောင်းဟာ ၁၈၇၁ခုနှစ်ကဥရောပကို အလည်အပတ်ရောက်ခဲ့တယ်။ သူဟာ Glasgow ကုန်သည်ကြီးများအသင်းချုပ်ဆီ သွားလည်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကတည်းက Glasgow ကအဖွဲ့ဝင်တော်တော်များများ ရန်ကုန်အသင်းချုပ်မှာတာဝန်ထမ်းဆောင်လျက်ရှိပါတယ်။
ဒါပေမယ့် ဦးကောင်းရဲ့သံတမန်စွမ်းရည်ဟာ ဗမာနိုင်ငံကိုကယ်တင်နိုင်စွမ်းမရှိခဲ့ပါဘူး။ တတိယအင်္ဂလိပ်-ဗမာစစ်ပွဲအပြီး ၁၈၈၅ခုနှစ်မှာတနိုင်ငံလုံး အင်္ဂလိပ်လက်အောက်ရောက်သွားပါတယ်။ စကော့ကုမ္ပဏီ Bombay-Burmah Trading Corporation နဲ့ဗမာဘုရင်တို့ကြားဖြစ်တဲ့ပဋိပက္ခကို အကြောင်းပြုပြီး ဗြိတိသျှတွေဟာဗမာနိုင်ငံကိုသိမ်းယူခဲ့တယ်။
ဗြိတိသျှလက်အောက်မှာရန်ကုန်ဟာအရှိန်အဟုန်နဲ့ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ရန်ကုန်မှာစကော့လူမျိုးလုပ်ငန်းရှင်အများအပြားလာရောက်ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။ ဒီလူတွေထဲမှာ နာမည်အကြီးဆုံးကတော့ Findlay မိသားစုဖြစ်ပါလိမ့်မယ်။ သူတို့က Irrawaddy Flotilla Co. (IFC) ကိုတည်ထောင်ပြီး ရေနွေးငွေ့သုံးသင်္ဘောတွေနဲ့မြန်မာနိုင်ငံတလျှောက်ရေလမ်းပို့ဆောင်ရေးစနစ်ကို စတင်ခဲ့ပါတယ်။
IFC ရဲ့သင်္ဘောအစိတ်အပိုင်းတွေကို Glasgow က Clyde မြစ်ကမ်းဘေးသင်္ဘောကျင်းမှာပြုလုပ်ပြီး ရန်ကုန်ကိုအစိတ်အပိုင်းတခုစီတင်ပို့တယ်။ ဒီရောက်တော့မှပြန်လည်တပ်ဆင်ကြတာပါ။ IFC ဟာရေယာဉ် ၆၀၀ကျော်ပြေးဆွဲနိုင်တဲ့အထိအောင်မြင်ခဲ့ပြီး ဧရာဝတီမြစ်ဝှမ်းဒေသတလျှောက်နဲ့အဆင်ပြေတဲ့ ဇောက်တိမ်သင်္ဘောတွေကိုအဓိကထားအသုံးပြုခဲ့တယ်။
ဗမာ့သယံဇာတတွေဖြစ်တဲ့ ဆန်စပါး၊ ရေနံ၊ ကျွန်းသစ်တွေကိုလည်းစကော့တလန်ဆီ တင်ပို့ခဲ့ကြပါတယ်။ စကော့လူမျိုးဆန်လုပ်ငန်းရှင် Bulloch Bros. ဟာ Glasgow က Cowie Bros. ကုမ္ပဏီထုတ်ရေနွေးငွေ့သုံးကြိတ်စက်တွေနဲ့ဆန်ထုတ်လုပ်တယ်။ သူတို့သုံးခဲ့တဲ့စက်တွေကို အခုအချိန်ထိမြန်မာ့ကျေးလတ်ဒေသတချို့မှာတွေ့နိုင်ပါသေးတယ်။
Burmah Oil Co. ကလည်းမြန်မာနိုင်ငံရောက်လာတဲ့စကော့လုပ်ငန်းတခုပါ။ နောက်ပိုင်းမှာ British Petroleum လို့အမည်ပြောင်းခဲ့တယ်။ သူတို့ရဲ့ကြော်ငြာကိုမြန်မာပန်းချီဆရာဦးဘဉာဏ်ရေးဆွဲပြီး ရန်ကုန်သင်္ဘောဆိပ်ပုံကိုပြထားတာတွေ့ရတယ်။ ခြင်္သေ့ပုံအမှတ်တံဆိပ်သုံးခဲ့ပါသေးတယ်။
၁၉၂၀၀န်းကျင်မှာ ဗမာနဲ့ကမ္ဘာ့နိုင်ငံတွေကြားဆက်ဆံရေးမြင့်မားလာပါတယ်။ Bibby နဲ့ Henderson သင်္ဘောကုမ္ပဏီရဲ့အချက်အလက်တွေအရ ရန်ကုန်နဲ့ Glasgow၊ Liverpool တို့ကြားအသွားအလာများလာတာကိုတွေ့ရပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက် မီးပြတိုက်တွေတခုပြီးတခုထွက်လာခဲ့ပြီး ဒီမီးပြတိုက်တွေတည်ဆောက်ပုံဟာလည်း စကော့တလန် အရှေ့မြောက်ကမ်းရိုးတန်းကပုံစံနဲ့ အတော်လေးတူညီတာကိုတွေ့ရပါတယ်။ အကြီးဆုံးမီးပြတိုက်ဟာ ဘင်္ဂလားပင်လယ်အော်က Alguada Reef မှာအခုထိရှိနေဆဲပါ။
ဗမာတနိုင်ငံလုံးရထားလမ်းတွေလည်းအများအပြားပေါ်ထွက်လာခဲ့ပြီး မြင်းကောင်ရေစွမ်းအင်မြင့်မားတဲ့ မီးရထားအင်ဂျင်တွေလည်းထွန်းကားလာခဲ့တယ်။ ဒါကြောင့်ရှမ်းကုန်းမြေမြင့်ဒေသကမတ်စောက်တဲ့တောင်တန်းတွေအထိပါမီးရထားတွေမောင်းနှင်နိုင်လာပါတယ်။ ဒီရထားတွေကို Glasgow မှာရှိတဲ့ Dunn and Co ကတည်ဆောက်ပြီး ဗမာနိုင်ငံတင်ပို့တယ်။ နိုင်ငံတွင်းမှာ ရထားလမ်းတွေအားလုံးပေါင်းလိုက်ရင် အရှည် မိုင် ၂၀၀၀ ကျော်ရှိပါတယ်။
ဗမာနိုင်ငံကနေ ကုန်ကြမ်းပစ္စည်းတွေထုတ်ယူပြီး ဥရောပကိုတင်ပို့ခဲ့သလို ဥရောပကဈေးသက်သာတဲ့ ကုန်ချောပစ္စည်းတွေကိုလည်းဗမာနိုင်ငံကိုတင်သွင်းခဲ့ပါတယ်။ Glasgow က Bell’s Pottery ဆိုရင် သူတို့ရဲ့ပန်းအိုးတွေကိုအာရှအငွေ့အသက်ပါအောင် နဂါးပုံ၊ စေတီပုထိုးပုံ၊ ဆင်ပုံတွေဆွဲပြီး တင်ပို့ခဲ့တယ်။
စကော့တလန်ကအဖိုးနှုန်းချိုသာတဲ့ချည်ထည်တွေဟာ ဗမာ့စီးပွားရေးအပေါ် သက်ရောက်မှုအများဆုံးပါပဲ။ ၁၉၃၀လောက်ရောက်တဲ့အခါပြည်တွင်းရက်ကန်းထည်လုပ်ငန်း အားလုံးနီးပါးပျောက်ကွယ်လုမတတ်ဖြစ်ခဲ့ပါတယ်။
ဒါကြောင့်နိုင်ငံခြားအဝတ်အထည်တွေကိုစတင်သပိတ်မှောက်ရာကနေ ၁၉၂၀လောက်မှာ ဗြိတိသျှ (နဲ့စကော့) လူမျိုးတွေကို တော်လှန်ရေးစတင်ဖြစ်ပွားလာခဲ့တယ်။ အဲ့ဒီအချိန်မှာ Glasgow နဲ့ ရန်ကုန်ဟာအသွင်အပြင်အားဖြင့်တော်တော်လေးဆင်တူနေခဲ့ပြီဖြစ်ပါတယ်။
အဲ့ဒီခေတ်အခါကစကော့ကုမ္ပဏီတွေဟာ Glasgow နဲ့ ရန်ကုန်မှာရုံးခန်းတွေပြိုင်တူဖွင့်လေ့ရှိတဲ့အတွက် ဗိသုကာဆရာတွေကလည်းရုံးခန်း ၂ခုလုံး တပြိုင်နက်တည်ဆောက်ရလေ့ရှိပါတယ်။
ဥပမာ စကော့လူမျိုးဗိသုကာဆရာ John Begg (၁၈၆၆-၁၉၃၇) ဆိုရင် စကော့တလန်၊ အိန္ဒိယနဲ့ ရန်ကုန်တို့မှာအဆောက်အအုံတော်တော်များများဒီဇိုင်းဆွဲတည်ဆောက်ခဲ့ပါတယ်။ သူ့လက်ရာတွေထဲမှာ ကမ်းနားလမ်းပေါ်က Customs House (အခွန်ရုံး)၊ ပန်းဆိုးတန်းပေါ်က Central Telegraph Office (ဗဟိုကြေးနန်းရုံး)၊ သိမ်ဖြူလမ်းပေါ်က Printing and Publishing Enterprise (ပုံနှိပ်နဲ့ထုတ်ဝေရေးလုပ်ငန်းအဆောက်အအုံ) တို့ပါဝင်တယ်။ အဆောက်အအုံတွေအတွက်လိုအပ်တဲ့ တံခါးလက်ကိုင်၊ ဓာတ်လှေကား၊ သံတိုင်နဲ့ သံပေါင်တွေကအစ Lanarkshire ကသံရည်ကျိုစက်ရုံတွေထဲမှာသွန်းလုပ်ပါတယ်။
၂၀ရာစုရောက်တဲ့အခါမှာ ဗမာကျောင်းသားတွေအနေနဲ့စကော့တလန်မှာပညာတော်သင်သွားခြင်း ခေတ်စားလာခဲ့တယ်။ ၁၉၁၃-၁၄ခုနှစ်မှာ မောင်စိုးမင်းနဲ့မောင်ကျော်ထင်တို့ဟာ University of Glasgow မှာဆေးပညာနဲ့ ရုက္ခဗေဒပညာသင်ကြားပြီး မြန်မာနိုင်ငံကိုပြန်ရောက်လာခဲ့ပါတယ်။ သူတို့ကနိုင်ငံခြားပညာတော်သင်သွားတဲ့ဗမာကျောင်းသားတွေထဲမှာ အစောဆုံးပါပဲ။ University of Edinburgh မှာ မြန်မာလူမျိုး ဒေါက်တာဘခင်ဟာဆေးပညာသင်ယူခဲ့ပြီး ၁၉၂၀မှာ ဘွဲ့ရခဲ့ပါတယ်။
ဂျပန်ကျူးကျော်မှုနဲ့ ဒုတိယကမ္ဘာစစ်တို့ကြောင့် စကော့လူမျိုးတွေရဲ့စီးပွားရေးအရှိန်လျော့သွားခဲ့တယ်။ ဒါပေမယ့်စစ်အတွင်းကဆုံးရှုံးမှုတွေကြုံခဲ့ရတဲ့စကော့လုပ်ငန်းရှင်တွေဟာ စစ်အပြီးမှာလျော်ကြေးရခဲ့ပေမယ့် လွတ်လပ်ရေးရပြီးဗမာပြည်မှာတော့ပျက်စီးမှုတွေကျန်ရှိနေဆဲပါ။
စကော့လူမျိုးတွေနဲ့အဆက်အသွယ်ကတော့ပြတ်တောက်သွားခြင်းမရှိခဲ့ပါဘူး။ ဆေးခန်းသွားတဲ့အခါဆရာဝန်တယောက်ယောက်ရဲ့နာမည်အောက်မှာ M.Sc. Edinburgh ဆိုတဲ့စာတန်းကိုတွေ့နေရဆဲပါ။ Scots Kirk ဆိုတဲ့ဘုရားကျောင်း၊ Glan Master ဝီစကီကြော်ငြာ၊ စကော့လူမျိုးတွေရဲ့ဝတ်စုံ tartan အဆင်နဲ့တူတဲ့လုံချည်ဆင်တွေဟာ မြန်မာနိုင်ငံမှာရှိနေဆဲဖြစ်ပါတယ်။ အင်းယားကန်အောက်မှာ Loch Ness သတ္တဝါကြီးတောင်ရှိနေမလား။
သမိုင်းစာမျက်နှာတခုမှာမြန်မာနဲ့စကော့တလန်တို့ထဲထဲဝင်ဝင်ဆက်ဆံခဲ့ရတာတော့အမှန်ပါပဲ။
Myanmore Magazine က Christian Gilberti ရဲ့ Did you know that Myanmar and Scotland have a shared history? ကိုမြန်မာဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်ပါတယ်။