Advertisement

၂၀၂၀ ဟာေဟာလိ၀ုဒ္အတြက္ထူးျခားတဲ့ႏွစ္တႏွစ္လို႔ေျပာလို႔ရပါတယ္။ တေခတ္တခါကနာမည္ေက်ာ္ခဲ့တဲ့ Top Gun၊ Bad Boys၊ Grudge လိုရုပ္ရွင္ေတြျပန္လာမယ့္ႏွစ္လည္းျဖစ္သလို Sonic the Hedgehog နဲ႔ Monster Hunter တို႔လိုဂိမ္းဇာတ္ေကာင္ေတြကိုရုပ္ရွင္အျဖစ္ျမင္ရမယ့္ႏွစ္လည္းျဖစ္ပါတယ္။ Superhero က႑မွာဆိုရင္ အမ်ိဳးသမီးဇာတ္ေကာင္ေတြလႊမ္းမိုးမယ့္ႏွစ္ပါ။ ၂၀၂၀ အတြက္ ရုပ္ရွင္ကား ၂၀ကိုညႊန္းရေတာ့ က်ေနာ္အၾကည့္ခ်င္ဆံုးရုပ္ရွင္ေတြနဲ႔ပရိသတ္ၾကိဳက္ေလာက္မယ္ထင္တဲ့ရုပ္ရွင္ေတြမွ်ေအာင္ေရြးရပါတယ္။ ဇာတ္ကားေတြကိုရံုတင္ရက္အလိုက္စီထားတယ္။ ဒီစာရင္းထဲမွာမပါေပမယ့္ကိုယ္ၾကည့္ခ်င္တဲ့ရုပ္ရွင္ေတြရွိရင္လည္း comment ေပးသြားၾကပါဦးခင္ဗ်ာ။

The Grudge (3 Jan)

တခ်ိန္ကအရမ္းေအာင္ျမင္ခဲ့တဲ့ဂ်ပန္တေစၦရုပ္ရွင္ Grudge ျပန္လာပါျပီ။ သူ႔ရဲ႕တင္ဆက္ပံုက တကားနဲ႔႔တကားသူ႔ဇာတ္လမ္းနဲ႔သူသီးသန္႔ျဖစ္တည္ေနတဲ့ anthology series ပံုစံျဖစ္တဲ့အတြက္ ဒီကားကို reboot (သို႔) remake လို႔ေခါင္းစဥ္တပ္လို႔မရဘူးလို႔ ဒါရိုက္တာ Nicolas Pesce ကဆိုပါတယ္။ ဂ်ပန္ရိုးရာအယူအဆအရ လူတေယာက္ကအေသဆိုးနဲ႔ေသသြားရတဲ့အခါ ေသခါနီးျဖစ္တဲ့အမ်က္ေဒါသေၾကာင့္မကၽြတ္မလြတ္ဘဲလူေတြကိုရန္ရွာတတ္တယ္။ အခုလည္းအေမရိကန္ေက်းလတ္ကအိမ္ေလးတလံုးမွာ ျဖစ္ပြားခဲ့တဲ့လူသတ္မႈတခုကိုလိုက္ရင္း ဒီအိမ္ရဲ႕အတိတ္ကိုအစေဖာ္မိတဲ့ ရဲေမ Mandy ရဲ႕ေျခာက္ျခားဖြယ္အေတြ႔အၾကံဳေတြကိုရိုက္ကူးထားပါတယ္။

Bad Boys for Life (17 Jan)

၁၀စုႏွစ္တခုေက်ာ္ေလာက္ၾကာမွျပန္ေရာက္လာမယ့္ ေနာက္ထပ္ film series ကေတာ့ Bad Boys ပါ။ အရင္ ၂ကားရဲ႕ဒါရိုက္တာ Michael Bay ျပန္ပါမလာေတာ့ေပမယ့္ Will Smith (Mike) နဲ႔ Martin Lawrence (Marcus Barnett) တို႔ကေတာ့ျပန္လည္သရုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္ကားမွာေတာ့အရြယ္ရလာျပီျဖစ္တဲ့ Mike နဲ႔ Barnett တို႔သူငယ္ခ်င္း ၂ေယာက္ဟာအရင္လိုတပူးတြဲတြဲမေနႏုိင္ေတာ့ဘဲ မတူညီတဲ့ဘ၀အသီးသီးကိုဦးေဆာင္ေနရပါျပီ။ Barnett က inspector ျဖစ္ေနျပီး Mike ကေတာ့သူနဲ႔႔အက်င့္စရိုက္ခ်င္းလံုး၀မတူတဲ့မ်ိဳးဆက္သစ္ရဲေတြကိုေလ့က်င့္ေပးေနရတယ္။ ရိုေမးနီးယားလူမ်ိဳးဒုစရိုက္ဂိုဏ္းေခါင္းေဆာင္တေယာက္ကထၾကြလာတဲ့အခ်ိန္မွာေတာ့ Mike နဲ႔ Barnett တို႔ျပန္ပူးေပါင္းျပီး ျဖိဳခြင္းရတဲ့ဇာတ္လမ္းပါ။

Dolittle (17 Jan)

ဗစ္တိုးရီးယားဘုရင္မေခတ္အဂၤလန္မွာဇာတ္အိမ္တည္ထားတဲ့ဒီရုပ္ရွင္မွာ မိန္းမဆံုးပါးသြားျပီးကတည္းက လူေတြကိုစိတ္ကုန္ေနတဲ့နာမည္ၾကီးဆရာ၀န္ John Dolittle (Downey) ဟာလူ႔အဖြဲ႔အစည္းနဲ႔ေ၀းရာ Dolittle စံအိမ္မွာတိရစာၦန္ေတြနဲ႔အတူတူေနထိုင္ေနပါတယ္။ ဗစ္တိုးရီးယားဘုရင္မကအၾကီးအက်ယ္ဖ်ားနာေနတဲ့အခါ ဒ႑ာရီဆန္ဆန္ေက်ာ္ၾကားတဲ့ကၽြန္းတကၽြန္းကိုသြားျပီး ကုထံုးရွာဖို႔ ျဗိတိသွ်နန္းေတာ္ကဖိအားေပးလာတာေၾကာင့္ Dolittle လည္းစိတ္မပါ့တပါနဲ႔ေဆးရွာထြက္ရပါေတာ့တယ္။ ဒီခရီးစဥ္မွာေတြ႔ၾကံဳရတဲ့စိန္ေခၚမႈေတြကိုျဖတ္သန္းရင္း ဇနီးသည္ကြယ္လြန္သြားကတည္းကစိတ္ဓာတ္က်ေနတဲ့ Dolittle တေယာက္ အရင္ကလိုျပန္လည္သြက္လတ္လာျပီး မိမိကိုယ္ကိုယံုၾကည္မႈရွိလာပါေတာ့တယ္။

ခ်စ္စရာ CGI တိရစာၦန္ေလးေတြပါတဲ့အျပင္ Endgame အျပီးပထမဆံုးထြက္လာတဲ့ RDJ ရဲ႕ရုပ္ရွင္ျဖစ္တဲ့အတြက္ သူ႔ပရိသတ္ေတြကေတာ့သေဘာက်မွာပါ။

Birds of Prey (7 Feb)

2020 က DC အမ်ိဳးသမီးဇာတ္ေကာင္ေတြရဲ႕ႏွစ္လို႔ေျပာရမယ္။ Wonder Woman sequel လည္းရွိေနသလို Harley Quinn ရဲ႕တကိုယ္ေတာ္ရုပ္ရွင္လည္းထြက္လာဦးမွာပါ။ Suicide Squad ရုပ္ရွင္ထဲကအျဖစ္အပ်က္ေတြအျပီးမွာ Harley က Joker ကိုစြန္႔ခြာျပီး တေယာက္တည္းရပ္တည္ခဲ့ပါတယ္။ ဒုစရိုက္ဂိုဏ္းေခါင္းေဆာင္တဦးျဖစ္တဲ့ Black Mask က Cassandra Cain ဆိုတဲ့ေကာင္မေလးကိုလုပ္ၾကံဖို႔ ဆုေၾကးေငြထုတ္လိုက္တဲ့အခါမွာ Harley ဟာ Black Canary, Huntress, Renee Montoya တို႔နဲ႔ပူးေပါင္းျပီး Cassandra ကိုကာကြယ္ရင္း Black Mask ကိုႏွိမ္နင္းဖို႔ၾကိဳးစားၾကတဲ့ဇာတ္လမ္းပါ။ DC superhero ရုပ္ရွင္ေတြဟာ Wonder Woman ျပီးကတည္းကဆက္တိုက္ေအာင္ျမင္မႈရလာပါတယ္။ ဒီအရွိန္ကို Birds of Prey မွာထိန္းထားႏုိင္ဦးမလားဆိုတာကိုေစာင့္ၾကည့္ရဦးမွာပါ။

Sonic the Hedgehog (14 Feb)

၂၀၁၉ ႏွစ္ဆန္းပိုင္းမွာ trailer တခုခ်ျပခဲ့အျပီး Sonic character design ဟာ social media ေပၚမွာျပင္းျပင္းထန္ထန္ေ၀ဖန္ခံခဲ့ရတဲ့အတြက္ producer ေတြကတကားလံုးျပန္ျပင္ခဲ့ရတာမို႔ ရံုတင္ေနာက္က်ခဲ့တဲ့ရုပ္ရွင္ပါ။ အခုထြက္လာတဲ့ trailer အသစ္မွာေတာ့ ဂိမ္းဇာတ္ေကာင္နဲ႔အတူညီဆံုး Sonic ကိုေတြ႔ခဲ့ရပါတယ္။ Mobius ျဂိဳဟ္က Sonic ဟာသူ႔လ်င္ျမန္မႈစြမ္းအင္ကိုလိုခ်င္ေနတဲ့သူေတြလက္ကထြက္ေျပးရင္း အေမရိကမွာလာေရာက္ပုန္းကြယ္ေနရပါတယ္။ မေတာ္တဆလွ်ပ္စစ္ဓာတ္အားျပတ္ေတာက္ေအာင္ လုပ္လိုက္မိခဲ့တဲ့အတြက္အေမရိကန္အစိုးရကသူ႔ကိုဖမ္းဖို႔ ယႏၱရားပညာရွင္ Dr Robotnik ကိုတာ၀န္ေပးလိုက္ပါတယ္။ ရဲအရာရွိ Tom Wachowski ဟာ Sonic နဲ႔ခင္မင္သြားျပီး ယႏၱရားပညာရွင္ Dr Robotnik လက္ကလြတ္ေျမာက္ေအာင္ကူညီေပးတဲ့ဇာတ္လမ္းပါ။

A Quiet Place II (20 Mar)

၂၀၁၈ခုႏွစ္တုန္းက ေအာင္ျမင္ခဲ့တဲ့ထိတ္လန္႔သည္းဖိုရုပ္ရွင္ A Quiet Place ဟာ ပရိသတ္ေတြေတာင္းဆိုမႈေၾကာင့္ ဒုတိယပိုင္းထြက္ရွိလာပါျပီ။ အၾကားအာရံုျမင့္မားလြန္းတဲ့ျဂိဳဟ္သားေတြ လႊမ္းမိုးထားတဲ့ကမာၻကိုပိုက်ယ္က်ယ္ျပန္႔ျပန္႔ေတြ႔ရဖို႔ရွိပါတယ္။ ပထမကားရဲ႕ဇာတ္လိုက္ Emily Blunt ျပန္ပါ၀င္လာမွာျဖစ္ျပီး Cillian Murphy ကအားျဖည့္ထားတယ္။ ပထမကားမွာမရွင္းလင္းခဲ့တဲ့ပေဟဠိေတြကို ရွင္းလင္းသြားလိမ့္မယ္လို႔လည္းေမွ်ာ္လင့္ရပါတယ္။

Mulan (27 Mar)

Mushu မပါ၊ Li Shang မပါတဲ့ Mulan ရုပ္ရွင္ပါ။ ဇာတ္လမ္းေက်ာရိုးကေတာ့ သူ႔အရင္ထြက္ရွိခဲ့တဲ့ကာတြန္းကားထဲကလိုပဲ ေျခေထာက္မသန္တဲ့ဖခင္ကိုယ္စား ေယာက်္ားေလးဟန္ေဆာင္ျပီး တရုတ္ျပည္စစ္တပ္မွာစစ္မႈထမ္းဖို႔ၾကိဳးစားတဲ့ Fa Mulan ရဲ႕စြန္႔စားခန္းေတြကိုၾကည့္ရမယ္။ Disney ရဲ႕ live action ေတြထံုးစံအတုိင္းဟာသေတြသိပ္မပါဘဲ တည္ျငိမ္ရင့္က်က္တဲ့ဇာတ္လမ္းသြားပံုစံျဖစ္ဖို႔မ်ားတယ္။ Mulan ပရိသတ္စစ္စစ္ေတြအေနနဲ႔ကေတာ့ ရုပ္ရွင္ကိုကာတြန္းကားနဲ႔ႏႈိင္းယွဥ္မေနဘဲၾကည့္မွအဆင္ေျပမယ္ထင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ နဂိုဇာတ္လမ္းကိုမီဖို႔မလြယ္လို႔ပါ။

The New Mutants (3 Apr)

မူလက ၂၀၁၉မွာရံုတင္ဖို႔စီစဥ္ထားတဲ့ X-men spinoff ရုပ္ရွင္ဟာ အေၾကာင္းေၾကာင္းေၾကာင့္ေနာက္က်ေနခဲ့ျပီး အခုေတာ့ဧျပီမွာရံုတင္ေတာ့မယ္လို႔ Disney ကေျပာထားပါတယ္။ Fox ကို Disney က၀ယ္ယူလိုက္အျပီးမွာ New Mutants ကိုပိုျပီးထိတ္လန္႔ေျခာက္ျခားဖြယ္ေကာင္းေအာင္တကားလံုးနီးပါးျပန္ရိုက္ေနတဲ့အတြက္ ရံုတင္ရက္ေနာက္က်ေနတာလို႔ေဟာလိ၀ုဒ္သတင္းရပ္ကြက္ကသိရတယ္။ Mutant လူငယ္ ၅ဦးဟာသူတို႔ရဲ႕စြမ္းအင္ေတြကိုစတင္သိရွိလာျပီးေနာက္ လွ်ိဳ႕၀ွက္အက်ဥ္းေထာင္တခုမွာ ဖမ္းဆီးခံထားရပါတယ္။ သူတို႔ဟာအဲ့ဒီေထာင္ကလြတ္ေျမာက္ဖို႔၊ အတိတ္ကအမွားေတြကိုျပဳျပင္ျပီး သူတို႔ကိုယ္သူတို႔ျပန္အဖတ္ဆည္ဖို႔ၾကိဳးစားၾကတဲ့ဇာတ္လမ္းပါ။

No Time to Die (8 Apr)

Spectre နဲ႔ခ်ိတ္ဆက္ထားတဲ့ဒီ ၂၅ကားေျမာက္ Bond ရုပ္ရွင္ဟာ Daniel Craig ရဲ႕ေနာက္ဆံုးရုပ္ရွင္လို႔လည္း သိရပါတယ္။ (Spectre ျပီးတုန္းကလည္း Craig ကအဲ့လိုေျပာခဲ့တာပါပဲ :3) Spectre ထဲကဇာတ္ေကာင္ေတြျဖစ္တဲ့ Bond ရဲ႕ခ်စ္သူ Medeleine Swann နဲ႔ SPECTRE ရဲ႕ေခါင္းေဆာင္ Blofeld တို႔ျပန္လည္ပါ၀င္ထားတယ္။ ဒီကားရဲ႕အဓိကရန္သူ Safin ေနရာမွာေတာ့ Rami Malek ကသရုပ္ေဆာင္ထားပါတယ္။ Bond အမာခံပရိသတ္ေတြကေတာ့ Safin ဟာ ပထမဆံုး Bond ရုပ္ရွင္ Dr No ထဲကဗီလိန္ Dr No ပဲျဖစ္လိမ့္မယ္လို႔ခန္႔မွန္းေနၾကတယ္။ အရင္ Bond ရုပ္ရွင္ေတြထဲက Blofeld လိုဇာတ္ေကာင္ေဟာင္းေတြ ဇာတ္ကားသစ္ေတြမွာျပန္ပါလာတတ္တဲ့အတြက္ သူတို႔ခန္႔မွန္းထားတာျဖစ္ေတာ့လည္းျဖစ္ႏုိင္ပါတယ္။

Black Widow (1 May)

Black Widow ကိုလြမ္းေနၾကတဲ့သူမ်ားအတြက္ သူ႔ရဲ႕ပထမဆံုးနဲ႔ေနာက္ဆံုး standalone ရုပ္ရွင္ကို Disney ကခ်ျပလိုက္ပါျပီ။ ဒီကားဟာ Captain America: Civil War နဲ႔ Avengers: Infinity Wars တို႔ၾကားမွာဇာတ္အိမ္တည္ထားျပီး Natasha ရဲ႕အတိတ္ကိုတူးဆြထားပါတယ္။ Natasha ဟာ Civil War မွာ Cap တို႔ကိုကူညီခဲ့တဲ့အတြက္အေမရိကန္အစိုးရလက္ကေနထြက္ေျပးရင္း အေရွ႕ဥေရာပကိုေရာက္လာပါတယ္။ Trailer ထဲမွာေတာ့ Hungary ရဲ႕ျမိဳ႕ေတာ္ Budapest ကိုျပထားတဲ့အတြက္ MCU ရုပ္ရွင္ေတြထဲမွာ သူနဲ႔ Hawkeye တို႔မၾကာခဏေျပာေျပာေနတဲ့ Operation Budapest နဲ႔ပတ္သက္တဲ့အေၾကာင္းအရာေတြကို ရွင္းလင္းသြားမယ္လို႔ေမွ်ာ္လင့္ရပါတယ္။ RDJ ကလည္း Tony Stark အျဖစ္ cameo ပါ၀င္သြားမယ္လို႔သိရသလို Hawkeye လည္းပါလာမယ္လို႔ခန္႔မွန္းေနၾကပါတယ္။

Scoob! (15 May)

၉၀ခုႏွစ္ဖြားေတြရဲ႕ငယ္ဘ၀ကိုလႊမ္းမိုးခဲ့တဲ့ဇာတ္ေကာင္ Scooby Doo နဲ႔သူ႔သူငယ္ခ်င္း Shaggy တို႔ရဲ႕ ေနာက္ခံဇာတ္လမ္းျဖစ္ပါတယ္။ ဒီကားမွာသူတို႔ ၂ေယာက္ Fred, Daphne, Velma တို႔နဲ႔ရင္းႏွီးခင္မင္သြားျပီး Mystery Inc ျဖစ္ေပၚလာပံုနဲ႔ တေစၦေခြးၾကီး Cerberus ႏိုးထမလာေအာင္တားဆီးၾကပံုေတြကိုၾကည့္ၾကရမွာပါ။ ငယ္ဘ၀ကိုျပန္လည္အမွတ္ရေစမယ့္ရုပ္ရွင္မို႔ မူရင္းကာတြန္းကားပရိသတ္ေတြကေတာ့အၾကိဳက္ေတြ႔ပါလိမ့္မယ္။

Wonder Woman 1984 (5 Jun)

၂၀၁၇ခုႏွစ္က Wonder Woman ရဲ႕အဆက္ျဖစ္တဲ့ Wonder Woman 1984 (#WW84) ရဲ႕ trailer မွာပထမကားတုန္းက ေသသြားျပီလို႔ျပထားတဲ့ Diana ရဲ႕ခ်စ္သူ Steve Trevor ကိုေတြ႔လိုက္ရတာေၾကာင့္ သူတကယ္ပဲျပန္ရွင္လာသလားဆိုျပီး ဒြိဟျဖစ္ရသလို၊ အရမ္းလန္းတဲ့ Golden Eagle Armour ကိုလည္းေတြ႔လုိက္ရပါတယ္။ ဒီကားမွာအဓိကဗီလိန္ေတြအျဖစ္ Cheetah နဲ႔ Maxwell Lord တို႔ပါ၀င္သြားမွာျဖစ္ျပီး Diana ရဲ႕တိမ္ျမဳပ္ေနတဲ့နတ္ဘုရားဆန္ဆန္စြမ္းအင္ေတြကိုလည္းျမင္ရႏုိင္ေခ်ရွိပါတယ္။

Soul (19 Jun)

Jazz ဂီတကိုခ်စ္ျမတ္ႏုိးတဲ့ေက်ာင္းဆရာတေယာက္ မေတာ္တဆမႈတခုနဲ႔ကြယ္လြန္သြားတဲ့အခါမွာ သူ႔ရဲ႕၀ိဥာန္ဟာတမလြန္ဘ၀ကိုေရာက္သြားပါတယ္။ အဲ့ဒါနဲ႔သူလည္းတမလြန္ဘံုက You Seminar လို႔ေခၚတဲ့သင္တန္းမွာ ၀ိဥာန္ေတြကိုသူတို႔ႏွစ္သက္တဲ့၀ါသနာေတြသင္ယူေလ့က်င့္ျပီးလူ၀င္စားအျဖစ္ေမြးဖြားဖို႔ ၾကိဳးစားရပါတယ္။ အဲ့ဒီမွာႏွစ္ေပါင္းမ်ားစြာေသာင္တင္ေနတဲ့၀ိဥာန္ 22 နဲ႔ေတြ႔ျပီး ဘ၀နဲ႔ရွင္သန္ျခင္းရဲ႕အဓိပၸာယ္ကိုအတူတူရွာေဖြၾကပါေတာ့တယ္။ Jamie Foxx နဲ႔ Tina Fey တို႔ဦးေဆာင္ပါ၀င္ထားတဲ့ ဒီဇာတ္ကားမွာေသျပီးေနာက္အသစ္တဖန္ေမြးဖြားျခင္းဆိုတဲ့ အေရွ႕တုိင္းဘာသာေရးအယူအဆကို Pixar ကသူ႔ဟန္အတိုင္းဟာသေလးေတြေႏွာျပီး လွလွပပပံုေဖာ္သြားတာကိုၾကည့္ၾကရမယ္။ Pixar ဟာအရာရာတုိင္းမွာစိတ္ခံစားခ်က္ေတြရွိတယ္ဆိုတဲ့အျမင္နဲ႔ ရုပ္ရွင္အမ်ိဳးမ်ိဳးတင္ဆက္ရိုက္ကူးျပတတ္ပါတယ္။ ဒီတခါမွာေတာ့ What if souls have feelings? ဆိုတဲ့ေမးခြန္းကိုဘယ္လိုေျဖသြားမလဲၾကည့္ၾကရမွာပါ။

Top Gun: Maverick (26 Jun)

Tom Cruise ကိုကမာၻေက်ာ္ေစခဲ့တဲ့ရုပ္ရွင္ Top Gun ဟာလြန္ခဲ့တဲ့ ၃၁ႏွစ္ကထြက္ရွိခဲ့တာပါ။ အခုဒုတိယရုပ္ရွင္မွာဘီးက်ဲကအသက္ ၅၀ေက်ာ္ေနျပီျဖစ္ေပမယ့္ အရင္ကလိုလန္းေနဆဲဆုိတာကို သက္ေသျပထားပါတယ္။ Pete “Maverick” Mitchell ေလ့က်င့္သင္ၾကားေပးေနတဲ့ မ်ိဳးဆက္သစ္တုိက္ေလယာဥ္မွဴးေတြထဲမွာ ကြယ္လြန္သြားျပီျဖစ္တဲ့သူ႔သူငယ္ခ်င္းေဟာင္း Nick Bradshaw (Goose) ရဲ႕သား Bradley Bradshaw (Rooster) လည္းပါ၀င္လာခဲ့တယ္။ ေခတ္သစ္မွာစိန္ေခၚမႈအသစ္ေတြနဲ႔ ၾကံဳေတြ႔လာရတဲ့အျပင္ အတိတ္ကျပႆနာေဟာင္းေတြနဲ႔ပါရင္ဆိုင္လာရတဲ့ Maverick ကိုျမင္ရပါလိမ့္မယ္။  

Free Guy (3 Jul)

Grand Theft Auto နဲ႔ Fortnite တို႔ေပါင္းစည္းျဖစ္တည္ေနတဲ့ battle arena Free City မွာ Ryan Reynolds ရဲ႕ဇာတ္ေကာင္ Guy ဟာ ျဖတ္ေလွ်ာက္ဇာတ္ေကာင္တေကာင္သာျဖစ္ပါတယ္။ ဘဏ္၀န္ထမ္းအျဖစ္အလုပ္လုပ္ေနတဲ့ Guy ဟာတေန႔မွာေတာ့ programmer ၂ေယာက္ထည့္လိုက္တဲ့ code တခုေၾကာင့္သူေနထိုင္ေနတဲ့ပတ္၀န္းက်င္ဟာဂိမ္းတခုဆိုတာသတိထားမိသြားျပီး ဒီဂိမ္းရဲ႕အဓိကသူရဲေကာင္းဇာတ္ေကာင္ျဖစ္ဖို႔ၾကိဳးစားပါေတာ့တယ္။ Online battle arena ဂိမ္းေတြေခတ္စားလာတဲ့ေခတ္မွာ နာမည္အၾကီးဆံုးဂိမ္း ၂ခုကိုဟာသေႏွာျပီးတင္ဆက္ထားသလို Reynolds ရဲ႕ျမဴးၾကြတဲ့သရုပ္ေဆာင္ခ်က္ေတြေၾကာင့္ဒီကားကေပါ့ေပါ့ပါးပါးနဲ႔ၾကည့္ေကာင္းေနပါလိမ့္ဦးမယ္။

Monster Hunter (4 Sep)

Capcom ရဲ႕နာမည္ေက်ာ္ဂိမ္း Monster Hunter ထဲကသတၱ၀ါၾကီးေတြကိုမွီျငမ္းရိုက္ကူးထားတဲ့ဒီရုပ္ရွင္ကို ဗီဒီယိုဂိမ္းေတြကိုရုပ္ရွင္အျဖစ္အသက္သြင္းရတာ၀ါသနာထံုတဲ့ ဒါရိုက္တာ Paul W.S. Anderson ကရိုက္ကူးထားျပီး သူ႔ဇနီး Mila Jovovich ကေခါင္းေဆာင္ပါ၀င္ထားပါတယ္။ Lieutenant Artemis နဲ႔သူမရဲ႕စစ္သားေတြဟာ ကမာၻသစ္တခုကိုပို႔ေဆာင္ခံခဲ့ရျပီး အဲ့ဒီမွာရွိတဲ့သတၱ၀ါဆိုးၾကီးေတြကို ရွာေဖြႏွိမ္နင္းၾကတဲ့ဇာတ္လမ္းပါ။ Resident Evil ရုပ္ရွင္ေတြလိုေအာင္ျမင္မႈရဦးမလားဆိုတာကေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

The Conjuring: The Devil Made Me Do It (11 Sep)

Conjuring ကမာၻရဲ႕ေနာက္ဆက္တြဲရုပ္ရွင္ျဖစ္တဲ့ The Devil Made Me Do It ဟာအေမရိကန္သမိုင္းမွာ တကယ္ျဖစ္ပြားခဲ့တဲ့လူသတ္မႈတခုကိုအေျခခံထားတာပါ။ အဲ့ဒီအမႈမွာတရားခံအျဖစ္စြပ္စြဲခံရသူက နတ္ဆိုးပူးကပ္ခံရတဲ့အတြက္ဒီျပစ္မႈကိုက်ဴးလြန္ရတာျဖစ္ေၾကာင္း ခိုင္ခိုင္လံုလံုေလွ်ာက္လဲတင္ျပခဲ့တဲ့အတြက္ တရားရံုးက ဒီအမႈကိုစစ္ေဆးေပးဖို႔ Warren လင္မယားကိုအကူအညီေတာင္းခံခဲ့ရပါတယ္။ ဇာတ္ကားနာမည္ကလည္း အဲ့ဒီတရားခံရဲ႕ထြက္ဆိုခ်က္ The Devil made me do it ကဆင္းသက္လာတာပါ။ Conjuring ေတြကိုဦးေဆာင္ရိုက္ကူးခဲ့တဲ့ James Wan ကေတာ့ producer အျဖစ္ပါ၀င္လာမွာျဖစ္ပါတယ္။

The King’s Man (18 Sep)

Kingsman သူလွ်ိဳအဖြဲ႔ရဲ႕ျဖစ္တည္မႈကိုတင္ဆက္ထားတဲ့ဒီရုပ္ရွင္မွာ ၁၉၀၀ခုႏွစ္အေစာပိုင္းက ကမာၻ႔ႏိုင္ငံေရးအခင္းအက်င္းေတြကိုေတြ႔ရမယ္။ အာဏာရွင္ေတြနဲ႔ဒုစရိုက္ေခါင္းေဆာင္ေတြစုေပါင္းျပီး ကမာၻစစ္ၾကီးတခုျဖစ္ေအာင္ၾကံစည္လာၾကတဲ့အခါ သူတုိ႔ကိုတားဆီးဖို႔အတြက္ ျဗိတိသွ်စစ္သည္ေတာ္ေဟာင္းေတြဟာ Kingsman သူလွ်ိဳအဖြဲ႔ကိုဖြဲ႔စည္းျဖစ္ခဲ့တာပါ။ Kingsman ရုပ္ရွင္ေတြရဲ႕ထံုးစံအတိုင္းခပ္ၾကမ္းၾကမ္းခပ္ရမ္းရမ္းအက္ရွင္ခန္းေတြနဲ႔ ၀တ္စံုအေကာင္းစားေတြ၀တ္ထားတဲ့သူလွ်ိဳေတြကိုျမင္ရပါလိမ့္မယ္။

Eternals (6 Nov)

Eternal ဆုိတာကမာၻဦးလူသားေတြျဖစ္ျပီး အသက္အသေခၤ်ရွည္ၾကသူေတြျဖစ္ပါတယ္။ သာမန္လူေတြထက္သန္မာလ်င္ျမန္သလို စြမ္းရည္အမ်ိဳးမ်ိဳးလည္းပိုင္ဆိုင္ၾကတယ္။ လြန္ခဲ့တဲ့ႏွစ္ ၅သန္းက Celestials ဆိုတဲ့နတ္ဘုရားဆန္ဆန္တန္ခိုးၾကီးတဲ့ျဂိဳဟ္သားေတြကမာၻေျမကိုေရာက္လာျပီး ေရွးဦးလူသားပံုစံေတြကိုစမ္းသပ္ၾကည့္ရင္း Eternal ေတြေမြးဖြားလာခဲ့တယ္လို႔ Marvel ဒ႑ာရီကဆိုတယ္။ Celestial ေတြဟာ Eternal အျပင္ Deviant လို႔ေခၚတဲ့မေကာင္းဆိုး၀ါးဆန္ဆန္သတၱ၀ါေတြကိုပါ ေမြးထုတ္ခဲ့တယ္။ ဒီကားမွာေတာ့ Celestial, Eternal နဲ႔ Deviant တို႔ၾကားကဆက္ဆံေရးကို ေတြ႔ျမင္ရမယ့္အျပင္ Marvel ရဲ႕ေရွးဦးဒ႑ာရီကိုပါသိရလိမ့္မယ္လို႔ေမွ်ာ္လင့္ရပါတယ္။ Train to Busan ကသရုပ္ေဆာင္ Ma Dong-seok ပါ၀င္သရုပ္ေဆာင္မယ့္ဒီရုပ္ရွင္မွာ Hollywood နာမည္ၾကီးေတြျဖစ္တဲ့ Angelina Jolie၊ Salma Hayek၊ Richard Madden၊ Kit Harrington နဲ႔ Kumail Nanjiani တို႔လည္းပါ၀င္လာမွာပါ။

Godzilla vs Kong (20 Nov)

Godzilla Universe မွာ ပထမဆံုးအၾကိမ္အျဖစ္ ဘုရင္ ၂ပါးထိပ္တုိက္ေတြ႔ၾကမယ့္ရုပ္ရွင္ပါ။ Godzilla: King of the Monsters ရဲ႕ credit scene ကိုၾကည့္ခဲ့မယ္ဆိုရင္ Godzilla နဲ႔ Kong တို႔ရင္ဆုိင္ေတြ႔ၾကမယ့္အေၾကာင္း ရိပ္မိၾကမွာပါ။ အေသးစိတ္ဇာတ္လမ္းအညႊန္းမသိရေသးတဲ့အတြက္ King of the Monsters ၾကီး Skull Island ကိုဘယ္လိုေရာက္သြားမလဲဆိုတာကိုေတာ့ ေငြေရာင္ပိတ္ကားေပၚမွာပဲရႈစားၾကပါေတာ့ေနာ္။

Unicode

၂၀၂၀ ဟာဟောလိဝုဒ်အတွက်ထူးခြားတဲ့နှစ်တနှစ်လို့ပြောလို့ရပါတယ်။ တခေတ်တခါကနာမည်ကျော်ခဲ့တဲ့ Top Gun၊ Bad Boys၊ Grudge လိုရုပ်ရှင်တွေပြန်လာမယ့်နှစ်လည်းဖြစ်သလို Sonic the Hedgehog နဲ့ Monster Hunter တို့လိုဂိမ်းဇာတ်ကောင်တွေကိုရုပ်ရှင်အဖြစ်မြင်ရမယ့်နှစ်လည်းဖြစ်ပါတယ်။ Superhero ကဏ္ဍမှာဆိုရင် အမျိုးသမီးဇာတ်ကောင်တွေလွှမ်းမိုးမယ့်နှစ်ပါ။ ၂၀၂၀ အတွက် ရုပ်ရှင်ကား ၂၀ကိုညွှန်းရတော့ ကျနော်အကြည့်ချင်ဆုံးရုပ်ရှင်တွေနဲ့ပရိသတ်ကြိုက်လောက်မယ်ထင်တဲ့ရုပ်ရှင်တွေမျှအောင်ရွေးရပါတယ်။ ဇာတ်ကားတွေကိုရုံတင်ရက်အလိုက်စီထားတယ်။ ဒီစာရင်းထဲမှာမပါပေမယ့်ကိုယ်ကြည့်ချင်တဲ့ရုပ်ရှင်တွေရှိရင်လည်း comment ပေးသွားကြပါဦးခင်ဗျာ။

The Grudge (3 Jan)

တချိန်ကအရမ်းအောင်မြင်ခဲ့တဲ့ဂျပန်တစ္ဆေရုပ်ရှင် Grudge ပြန်လာပါပြီ။ သူ့ရဲ့တင်ဆက်ပုံက တကားနဲ့တကားသူ့ဇာတ်လမ်းနဲ့သူသီးသန့်ဖြစ်တည်နေတဲ့ anthology series ပုံစံဖြစ်တဲ့အတွက် ဒီကားကို reboot (သို့) remake လို့ခေါင်းစဉ်တပ်လို့မရဘူးလို့ ဒါရိုက်တာ Nicolas Pesce ကဆိုပါတယ်။ ဂျပန်ရိုးရာအယူအဆအရ လူတယောက်ကအသေဆိုးနဲ့သေသွားရတဲ့အခါ သေခါနီးဖြစ်တဲ့အမျက်ဒေါသကြောင့်မကျွတ်မလွတ်ဘဲလူတွေကိုရန်ရှာတတ်တယ်။ အခုလည်းအမေရိကန်ကျေးလတ်ကအိမ်လေးတလုံးမှာ ဖြစ်ပွားခဲ့တဲ့လူသတ်မှုတခုကိုလိုက်ရင်း ဒီအိမ်ရဲ့အတိတ်ကိုအစဖော်မိတဲ့ ရဲမေ Mandy ရဲ့ခြောက်ခြားဖွယ်အတွေ့အကြုံတွေကိုရိုက်ကူးထားပါတယ်။

Bad Boys for Life (17 Jan)

၁၀စုနှစ်တခုကျော်လောက်ကြာမှပြန်ရောက်လာမယ့် နောက်ထပ် film series ကတော့ Bad Boys ပါ။ အရင် ၂ကားရဲ့ဒါရိုက်တာ Michael Bay ပြန်ပါမလာတော့ပေမယ့် Will Smith (Mike) နဲ့ Martin Lawrence (Marcus Barnett) တို့ကတော့ပြန်လည်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာတော့အရွယ်ရလာပြီဖြစ်တဲ့ Mike နဲ့ Barnett တို့သူငယ်ချင်း ၂ယောက်ဟာအရင်လိုတပူးတွဲတွဲမနေနိုင်တော့ဘဲ မတူညီတဲ့ဘဝအသီးသီးကိုဦးဆောင်နေရပါပြီ။ Barnett က inspector ဖြစ်နေပြီး Mike ကတော့သူနဲ့အကျင့်စရိုက်ချင်းလုံးဝမတူတဲ့မျိုးဆက်သစ်ရဲတွေကိုလေ့ကျင့်ပေးနေရတယ်။ ရိုမေးနီးယားလူမျိုးဒုစရိုက်ဂိုဏ်းခေါင်းဆောင်တယောက်ကထကြွလာတဲ့အချိန်မှာတော့ Mike နဲ့ Barnett တို့ပြန်ပူးပေါင်းပြီး ဖြိုခွင်းရတဲ့ဇာတ်လမ်းပါ။

Dolittle (17 Jan)

ဗစ်တိုးရီးယားဘုရင်မခေတ်အင်္ဂလန်မှာဇာတ်အိမ်တည်ထားတဲ့ဒီရုပ်ရှင်မှာ မိန်းမဆုံးပါးသွားပြီးကတည်းက လူတွေကိုစိတ်ကုန်နေတဲ့နာမည်ကြီးဆရာဝန် John Dolittle (Downey) ဟာလူ့အဖွဲ့အစည်းနဲ့ဝေးရာ Dolittle စံအိမ်မှာတိရစ္ဆာန်တွေနဲ့အတူတူနေထိုင်နေပါတယ်။ ဗစ်တိုးရီးယားဘုရင်မကအကြီးအကျယ်ဖျားနာနေတဲ့အခါ ဒဏ္ဍာရီဆန်ဆန်ကျော်ကြားတဲ့ကျွန်းတကျွန်းကိုသွားပြီး ကုထုံးရှာဖို့ ဗြိတိသျှနန်းတော်ကဖိအားပေးလာတာကြောင့် Dolittle လည်းစိတ်မပါ့တပါနဲ့ဆေးရှာထွက်ရပါတော့တယ်။ ဒီခရီးစဉ်မှာတွေ့ကြုံရတဲ့စိန်ခေါ်မှုတွေကိုဖြတ်သန်းရင်း ဇနီးသည်ကွယ်လွန်သွားကတည်းကစိတ်ဓာတ်ကျနေတဲ့ Dolittle တယောက် အရင်ကလိုပြန်လည်သွက်လတ်လာပြီး မိမိကိုယ်ကိုယုံကြည်မှုရှိလာပါတော့တယ်။

ချစ်စရာ CGI တိရစ္ဆာန်လေးတွေပါတဲ့အပြင် Endgame အပြီးပထမဆုံးထွက်လာတဲ့ RDJ ရဲ့ရုပ်ရှင်ဖြစ်တဲ့အတွက် သူ့ပရိသတ်တွေကတော့သဘောကျမှာပါ။

Birds of Prey (7 Feb)

2020 က DC အမျိုးသမီးဇာတ်ကောင်တွေရဲ့နှစ်လို့ပြောရမယ်။ Wonder Woman sequel လည်းရှိနေသလို Harley Quinn ရဲ့တကိုယ်တော်ရုပ်ရှင်လည်းထွက်လာဦးမှာပါ။ Suicide Squad ရုပ်ရှင်ထဲကအဖြစ်အပျက်တွေအပြီးမှာ Harley က Joker ကိုစွန့်ခွာပြီး တယောက်တည်းရပ်တည်ခဲ့ပါတယ်။ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်တဦးဖြစ်တဲ့ Black Mask က Cassandra Cain ဆိုတဲ့ကောင်မလေးကိုလုပ်ကြံဖို့ ဆုကြေးငွေထုတ်လိုက်တဲ့အခါမှာ Harley ဟာ Black Canary, Huntress, Renee Montoya တို့နဲ့ပူးပေါင်းပြီး Cassandra ကိုကာကွယ်ရင်း Black Mask ကိုနှိမ်နင်းဖို့ကြိုးစားကြတဲ့ဇာတ်လမ်းပါ။ DC superhero ရုပ်ရှင်တွေဟာ Wonder Woman ပြီးကတည်းကဆက်တိုက်အောင်မြင်မှုရလာပါတယ်။ ဒီအရှိန်ကို Birds of Prey မှာထိန်းထားနိုင်ဦးမလားဆိုတာကိုစောင့်ကြည့်ရဦးမှာပါ။

Sonic the Hedgehog (14 Feb)

၂၀၁၉ နှစ်ဆန်းပိုင်းမှာ trailer တခုချပြခဲ့အပြီး Sonic character design ဟာ social media ပေါ်မှာပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရတဲ့အတွက် producer တွေကတကားလုံးပြန်ပြင်ခဲ့ရတာမို့ ရုံတင်နောက်ကျခဲ့တဲ့ရုပ်ရှင်ပါ။ အခုထွက်လာတဲ့ trailer အသစ်မှာတော့ ဂိမ်းဇာတ်ကောင်နဲ့အတူညီဆုံး Sonic ကိုတွေ့ခဲ့ရပါတယ်။ Mobius ဂြိုဟ်က Sonic ဟာသူ့လျင်မြန်မှုစွမ်းအင်ကိုလိုချင်နေတဲ့သူတွေလက်ကထွက်ပြေးရင်း အမေရိကမှာလာရောက်ပုန်းကွယ်နေရပါတယ်။ မတော်တဆလျှပ်စစ်ဓာတ်အားပြတ်တောက်အောင် လုပ်လိုက်မိခဲ့တဲ့အတွက်အမေရိကန်အစိုးရကသူ့ကိုဖမ်းဖို့ ယန္တရားပညာရှင် Dr Robotnik ကိုတာဝန်ပေးလိုက်ပါတယ်။ ရဲအရာရှိ Tom Wachowski ဟာ Sonic နဲ့ခင်မင်သွားပြီး ယန္တရားပညာရှင် Dr Robotnik လက်ကလွတ်မြောက်အောင်ကူညီပေးတဲ့ဇာတ်လမ်းပါ။

A Quiet Place II (20 Mar)

၂၀၁၈ခုနှစ်တုန်းက အောင်မြင်ခဲ့တဲ့ထိတ်လန့်သည်းဖိုရုပ်ရှင် A Quiet Place ဟာ ပရိသတ်တွေတောင်းဆိုမှုကြောင့် ဒုတိယပိုင်းထွက်ရှိလာပါပြီ။ အကြားအာရုံမြင့်မားလွန်းတဲ့ဂြိုဟ်သားတွေ လွှမ်းမိုးထားတဲ့ကမ္ဘာကိုပိုကျယ်ကျယ်ပြန့်ပြန့်တွေ့ရဖို့ရှိပါတယ်။ ပထမကားရဲ့ဇာတ်လိုက် Emily Blunt ပြန်ပါဝင်လာမှာဖြစ်ပြီး Cillian Murphy ကအားဖြည့်ထားတယ်။ ပထမကားမှာမရှင်းလင်းခဲ့တဲ့ပဟေဠိတွေကို ရှင်းလင်းသွားလိမ့်မယ်လို့လည်းမျှော်လင့်ရပါတယ်။

Mulan (27 Mar)

Mushu မပါ၊ Li Shang မပါတဲ့ Mulan ရုပ်ရှင်ပါ။ ဇာတ်လမ်းကျောရိုးကတော့ သူ့အရင်ထွက်ရှိခဲ့တဲ့ကာတွန်းကားထဲကလိုပဲ ခြေထောက်မသန်တဲ့ဖခင်ကိုယ်စား ယောကျ်ားလေးဟန်ဆောင်ပြီး တရုတ်ပြည်စစ်တပ်မှာစစ်မှုထမ်းဖို့ကြိုးစားတဲ့ Fa Mulan ရဲ့စွန့်စားခန်းတွေကိုကြည့်ရမယ်။ Disney ရဲ့ live action တွေထုံးစံအတိုင်းဟာသတွေသိပ်မပါဘဲ တည်ငြိမ်ရင့်ကျက်တဲ့ဇာတ်လမ်းသွားပုံစံဖြစ်ဖို့များတယ်။ Mulan ပရိသတ်စစ်စစ်တွေအနေနဲ့ကတော့ ရုပ်ရှင်ကိုကာတွန်းကားနဲ့နှိုင်းယှဉ်မနေဘဲကြည့်မှအဆင်ပြေမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ နဂိုဇာတ်လမ်းကိုမီဖို့မလွယ်လို့ပါ။

The New Mutants (3 Apr)

မူလက ၂၀၁၉မှာရုံတင်ဖို့စီစဉ်ထားတဲ့ X-men spinoff ရုပ်ရှင်ဟာ အကြောင်းကြောင်းကြောင့်နောက်ကျနေခဲ့ပြီး အခုတော့ဧပြီမှာရုံတင်တော့မယ်လို့ Disney ကပြောထားပါတယ်။ Fox ကို Disney ကဝယ်ယူလိုက်အပြီးမှာ New Mutants ကိုပိုပြီးထိတ်လန့်ခြောက်ခြားဖွယ်ကောင်းအောင်တကားလုံးနီးပါးပြန်ရိုက်နေတဲ့အတွက် ရုံတင်ရက်နောက်ကျနေတာလို့ဟောလိဝုဒ်သတင်းရပ်ကွက်ကသိရတယ်။ Mutant လူငယ် ၅ဦးဟာသူတို့ရဲ့စွမ်းအင်တွေကိုစတင်သိရှိလာပြီးနောက် လျှို့ဝှက်အကျဉ်းထောင်တခုမှာ ဖမ်းဆီးခံထားရပါတယ်။ သူတို့ဟာအဲ့ဒီထောင်ကလွတ်မြောက်ဖို့၊ အတိတ်ကအမှားတွေကိုပြုပြင်ပြီး သူတို့ကိုယ်သူတို့ပြန်အဖတ်ဆည်ဖို့ကြိုးစားကြတဲ့ဇာတ်လမ်းပါ။

No Time to Die (8 Apr)

Spectre နဲ့ချိတ်ဆက်ထားတဲ့ဒီ ၂၅ကားမြောက် Bond ရုပ်ရှင်ဟာ Daniel Craig ရဲ့နောက်ဆုံးရုပ်ရှင်လို့လည်း သိရပါတယ်။ (Spectre ပြီးတုန်းကလည်း Craig ကအဲ့လိုပြောခဲ့တာပါပဲ :3) Spectre ထဲကဇာတ်ကောင်တွေဖြစ်တဲ့ Bond ရဲ့ချစ်သူ Medeleine Swann နဲ့ SPECTRE ရဲ့ခေါင်းဆောင် Blofeld တို့ပြန်လည်ပါဝင်ထားတယ်။ ဒီကားရဲ့အဓိကရန်သူ Safin နေရာမှာတော့ Rami Malek ကသရုပ်ဆောင်ထားပါတယ်။ Bond အမာခံပရိသတ်တွေကတော့ Safin ဟာ ပထမဆုံး Bond ရုပ်ရှင် Dr No ထဲကဗီလိန် Dr No ပဲဖြစ်လိမ့်မယ်လို့ခန့်မှန်းနေကြတယ်။ အရင် Bond ရုပ်ရှင်တွေထဲက Blofeld လိုဇာတ်ကောင်ဟောင်းတွေ ဇာတ်ကားသစ်တွေမှာပြန်ပါလာတတ်တဲ့အတွက် သူတို့ခန့်မှန်းထားတာဖြစ်တော့လည်းဖြစ်နိုင်ပါတယ်။

Black Widow (1 May)

Black Widow ကိုလွမ်းနေကြတဲ့သူများအတွက် သူ့ရဲ့ပထမဆုံးနဲ့နောက်ဆုံး standalone ရုပ်ရှင်ကို Disney ကချပြလိုက်ပါပြီ။ ဒီကားဟာ Captain America: Civil War နဲ့ Avengers: Infinity Wars တို့ကြားမှာဇာတ်အိမ်တည်ထားပြီး Natasha ရဲ့အတိတ်ကိုတူးဆွထားပါတယ်။ Natasha ဟာ Civil War မှာ Cap တို့ကိုကူညီခဲ့တဲ့အတွက်အမေရိကန်အစိုးရလက်ကနေထွက်ပြေးရင်း အရှေ့ဥရောပကိုရောက်လာပါတယ်။ Trailer ထဲမှာတော့ Hungary ရဲ့မြို့တော် Budapest ကိုပြထားတဲ့အတွက် MCU ရုပ်ရှင်တွေထဲမှာ သူနဲ့ Hawkeye တို့မကြာခဏပြောပြောနေတဲ့ Operation Budapest နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ရှင်းလင်းသွားမယ်လို့မျှော်လင့်ရပါတယ်။ RDJ ကလည်း Tony Stark အဖြစ် cameo ပါဝင်သွားမယ်လို့သိရသလို Hawkeye လည်းပါလာမယ်လို့ခန့်မှန်းနေကြပါတယ်။

Scoob! (15 May)

၉၀ခုနှစ်ဖွားတွေရဲ့ငယ်ဘဝကိုလွှမ်းမိုးခဲ့တဲ့ဇာတ်ကောင် Scooby Doo နဲ့သူ့သူငယ်ချင်း Shaggy တို့ရဲ့ နောက်ခံဇာတ်လမ်းဖြစ်ပါတယ်။ ဒီကားမှာသူတို့ ၂ယောက် Fred, Daphne, Velma တို့နဲ့ရင်းနှီးခင်မင်သွားပြီး Mystery Inc ဖြစ်ပေါ်လာပုံနဲ့ တစ္ဆေခွေးကြီး Cerberus နိုးထမလာအောင်တားဆီးကြပုံတွေကိုကြည့်ကြရမှာပါ။ ငယ်ဘဝကိုပြန်လည်အမှတ်ရစေမယ့်ရုပ်ရှင်မို့ မူရင်းကာတွန်းကားပရိသတ်တွေကတော့အကြိုက်တွေ့ပါလိမ့်မယ်။

Wonder Woman 1984 (5 Jun)

၂၀၁၇ခုနှစ်က Wonder Woman ရဲ့အဆက်ဖြစ်တဲ့ Wonder Woman 1984 (#WW84) ရဲ့ trailer မှာပထမကားတုန်းက သေသွားပြီလို့ပြထားတဲ့ Diana ရဲ့ချစ်သူ Steve Trevor ကိုတွေ့လိုက်ရတာကြောင့် သူတကယ်ပဲပြန်ရှင်လာသလားဆိုပြီး ဒွိဟဖြစ်ရသလို၊ အရမ်းလန်းတဲ့ Golden Eagle Armour ကိုလည်းတွေ့လိုက်ရပါတယ်။ ဒီကားမှာအဓိကဗီလိန်တွေအဖြစ် Cheetah နဲ့ Maxwell Lord တို့ပါဝင်သွားမှာဖြစ်ပြီး Diana ရဲ့တိမ်မြုပ်နေတဲ့နတ်ဘုရားဆန်ဆန်စွမ်းအင်တွေကိုလည်းမြင်ရနိုင်ချေရှိပါတယ်။

Soul (19 Jun)

Jazz ဂီတကိုချစ်မြတ်နိုးတဲ့ကျောင်းဆရာတယောက် မတော်တဆမှုတခုနဲ့ကွယ်လွန်သွားတဲ့အခါမှာ သူ့ရဲ့ဝိဉာန်ဟာတမလွန်ဘဝကိုရောက်သွားပါတယ်။ အဲ့ဒါနဲ့သူလည်းတမလွန်ဘုံက You Seminar လို့ခေါ်တဲ့သင်တန်းမှာ ဝိဉာန်တွေကိုသူတို့နှစ်သက်တဲ့ဝါသနာတွေသင်ယူလေ့ကျင့်ပြီးလူဝင်စားအဖြစ်မွေးဖွားဖို့ ကြိုးစားရပါတယ်။ အဲ့ဒီမှာနှစ်ပေါင်းများစွာသောင်တင်နေတဲ့ဝိဉာန် 22 နဲ့တွေ့ပြီး ဘဝနဲ့ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကိုအတူတူရှာဖွေကြပါတော့တယ်။ Jamie Foxx နဲ့ Tina Fey တို့ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားမှာသေပြီးနောက်အသစ်တဖန်မွေးဖွားခြင်းဆိုတဲ့ အရှေ့တိုင်းဘာသာရေးအယူအဆကို Pixar ကသူ့ဟန်အတိုင်းဟာသလေးတွေနှောပြီး လှလှပပပုံဖော်သွားတာကိုကြည့်ကြရမယ်။ Pixar ဟာအရာရာတိုင်းမှာစိတ်ခံစားချက်တွေရှိတယ်ဆိုတဲ့အမြင်နဲ့ ရုပ်ရှင်အမျိုးမျိုးတင်ဆက်ရိုက်ကူးပြတတ်ပါတယ်။ ဒီတခါမှာတော့ What if souls have feelings? ဆိုတဲ့မေးခွန်းကိုဘယ်လိုဖြေသွားမလဲကြည့်ကြရမှာပါ။

Top Gun: Maverick (26 Jun)

Tom Cruise ကိုကမ္ဘာကျော်စေခဲ့တဲ့ရုပ်ရှင် Top Gun ဟာလွန်ခဲ့တဲ့ ၃၁နှစ်ကထွက်ရှိခဲ့တာပါ။ အခုဒုတိယရုပ်ရှင်မှာဘီးကျဲကအသက် ၅၀ကျော်နေပြီဖြစ်ပေမယ့် အရင်ကလိုလန်းနေဆဲဆိုတာကို သက်သေပြထားပါတယ်။ Pete “Maverick” Mitchell လေ့ကျင့်သင်ကြားပေးနေတဲ့ မျိုးဆက်သစ်တိုက်လေယာဉ်မှူးတွေထဲမှာ ကွယ်လွန်သွားပြီဖြစ်တဲ့သူ့သူငယ်ချင်းဟောင်း Nick Bradshaw (Goose) ရဲ့သား Bradley Bradshaw (Rooster) လည်းပါဝင်လာခဲ့တယ်။ ခေတ်သစ်မှာစိန်ခေါ်မှုအသစ်တွေနဲ့ ကြုံတွေ့လာရတဲ့အပြင် အတိတ်ကပြဿနာဟောင်းတွေနဲ့ပါရင်ဆိုင်လာရတဲ့ Maverick ကိုမြင်ရပါလိမ့်မယ်။

Free Guy (3 Jul)

Grand Theft Auto နဲ့ Fortnite တို့ပေါင်းစည်းဖြစ်တည်နေတဲ့ battle arena Free City မှာ Ryan Reynolds ရဲ့ဇာတ်ကောင် Guy ဟာ ဖြတ်လျှောက်ဇာတ်ကောင်တကောင်သာဖြစ်ပါတယ်။ ဘဏ်ဝန်ထမ်းအဖြစ်အလုပ်လုပ်နေတဲ့ Guy ဟာတနေ့မှာတော့ programmer ၂ယောက်ထည့်လိုက်တဲ့ code တခုကြောင့်သူနေထိုင်နေတဲ့ပတ်ဝန်းကျင်ဟာဂိမ်းတခုဆိုတာသတိထားမိသွားပြီး ဒီဂိမ်းရဲ့အဓိကသူရဲကောင်းဇာတ်ကောင်ဖြစ်ဖို့ကြိုးစားပါတော့တယ်။ Online battle arena ဂိမ်းတွေခေတ်စားလာတဲ့ခေတ်မှာ နာမည်အကြီးဆုံးဂိမ်း ၂ခုကိုဟာသနှောပြီးတင်ဆက်ထားသလို Reynolds ရဲ့မြူးကြွတဲ့သရုပ်ဆောင်ချက်တွေကြောင့်ဒီကားကပေါ့ပေါ့ပါးပါးနဲ့ကြည့်ကောင်းနေပါလိမ့်ဦးမယ်။

Monster Hunter (4 Sep)

Capcom ရဲ့နာမည်ကျော်ဂိမ်း Monster Hunter ထဲကသတ္တဝါကြီးတွေကိုမှီငြမ်းရိုက်ကူးထားတဲ့ဒီရုပ်ရှင်ကို ဗီဒီယိုဂိမ်းတွေကိုရုပ်ရှင်အဖြစ်အသက်သွင်းရတာဝါသနာထုံတဲ့ ဒါရိုက်တာ Paul W.S. Anderson ကရိုက်ကူးထားပြီး သူ့ဇနီး Mila Jovovich ကခေါင်းဆောင်ပါဝင်ထားပါတယ်။ Lieutenant Artemis နဲ့သူမရဲ့စစ်သားတွေဟာ ကမ္ဘာသစ်တခုကိုပို့ဆောင်ခံခဲ့ရပြီး အဲ့ဒီမှာရှိတဲ့သတ္တဝါဆိုးကြီးတွေကို ရှာဖွေနှိမ်နင်းကြတဲ့ဇာတ်လမ်းပါ။ Resident Evil ရုပ်ရှင်တွေလိုအောင်မြင်မှုရဦးမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

The Conjuring: The Devil Made Me Do It (11 Sep)

Conjuring ကမ္ဘာရဲ့နောက်ဆက်တွဲရုပ်ရှင်ဖြစ်တဲ့ The Devil Made Me Do It ဟာအမေရိကန်သမိုင်းမှာ တကယ်ဖြစ်ပွားခဲ့တဲ့လူသတ်မှုတခုကိုအခြေခံထားတာပါ။ အဲ့ဒီအမှုမှာတရားခံအဖြစ်စွပ်စွဲခံရသူက နတ်ဆိုးပူးကပ်ခံရတဲ့အတွက်ဒီပြစ်မှုကိုကျူးလွန်ရတာဖြစ်ကြောင်း ခိုင်ခိုင်လုံလုံလျှောက်လဲတင်ပြခဲ့တဲ့အတွက် တရားရုံးက ဒီအမှုကိုစစ်ဆေးပေးဖို့ Warren လင်မယားကိုအကူအညီတောင်းခံခဲ့ရပါတယ်။ ဇာတ်ကားနာမည်ကလည်း အဲ့ဒီတရားခံရဲ့ထွက်ဆိုချက် The Devil made me do it ကဆင်းသက်လာတာပါ။ Conjuring တွေကိုဦးဆောင်ရိုက်ကူးခဲ့တဲ့ James Wan ကတော့ producer အဖြစ်ပါဝင်လာမှာဖြစ်ပါတယ်။

The King’s Man (18 Sep)

Kingsman သူလျှိုအဖွဲ့ရဲ့ဖြစ်တည်မှုကိုတင်ဆက်ထားတဲ့ဒီရုပ်ရှင်မှာ ၁၉၀၀ခုနှစ်အစောပိုင်းက ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွေကိုတွေ့ရမယ်။ အာဏာရှင်တွေနဲ့ဒုစရိုက်ခေါင်းဆောင်တွေစုပေါင်းပြီး ကမ္ဘာစစ်ကြီးတခုဖြစ်အောင်ကြံစည်လာကြတဲ့အခါ သူတို့ကိုတားဆီးဖို့အတွက် ဗြိတိသျှစစ်သည်တော်ဟောင်းတွေဟာ Kingsman သူလျှိုအဖွဲ့ကိုဖွဲ့စည်းဖြစ်ခဲ့တာပါ။ Kingsman ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်းခပ်ကြမ်းကြမ်းခပ်ရမ်းရမ်းအက်ရှင်ခန်းတွေနဲ့ ဝတ်စုံအကောင်းစားတွေဝတ်ထားတဲ့သူလျှိုတွေကိုမြင်ရပါလိမ့်မယ်။

Eternals (6 Nov)

Eternal ဆိုတာကမ္ဘာဦးလူသားတွေဖြစ်ပြီး အသက်အသင်္ချေရှည်ကြသူတွေဖြစ်ပါတယ်။ သာမန်လူတွေထက်သန်မာလျင်မြန်သလို စွမ်းရည်အမျိုးမျိုးလည်းပိုင်ဆိုင်ကြတယ်။ လွန်ခဲ့တဲ့နှစ် ၅သန်းက Celestials ဆိုတဲ့နတ်ဘုရားဆန်ဆန်တန်ခိုးကြီးတဲ့ဂြိုဟ်သားတွေကမ္ဘာမြေကိုရောက်လာပြီး ရှေးဦးလူသားပုံစံတွေကိုစမ်းသပ်ကြည့်ရင်း Eternal တွေမွေးဖွားလာခဲ့တယ်လို့ Marvel ဒဏ္ဍာရီကဆိုတယ်။ Celestial တွေဟာ Eternal အပြင် Deviant လို့ခေါ်တဲ့မကောင်းဆိုးဝါးဆန်ဆန်သတ္တဝါတွေကိုပါ မွေးထုတ်ခဲ့တယ်။ ဒီကားမှာတော့ Celestial, Eternal နဲ့ Deviant တို့ကြားကဆက်ဆံရေးကို တွေ့မြင်ရမယ့်အပြင် Marvel ရဲ့ရှေးဦးဒဏ္ဍာရီကိုပါသိရလိမ့်မယ်လို့မျှော်လင့်ရပါတယ်။ Train to Busan ကသရုပ်ဆောင် Ma Dong-seok ပါဝင်သရုပ်ဆောင်မယ့်ဒီရုပ်ရှင်မှာ Hollywood နာမည်ကြီးတွေဖြစ်တဲ့ Angelina Jolie၊ Salma Hayek၊ Richard Madden၊ Kit Harrington နဲ့ Kumail Nanjiani တို့လည်းပါဝင်လာမှာပါ။

Godzilla vs Kong (20 Nov)

Godzilla Universe မှာ ပထမဆုံးအကြိမ်အဖြစ် ဘုရင် ၂ပါးထိပ်တိုက်တွေ့ကြမယ့်ရုပ်ရှင်ပါ။ Godzilla: King of the Monsters ရဲ့ credit scene ကိုကြည့်ခဲ့မယ်ဆိုရင် Godzilla နဲ့ Kong တို့ရင်ဆိုင်တွေ့ကြမယ့်အကြောင်း ရိပ်မိကြမှာပါ။ အသေးစိတ်ဇာတ်လမ်းအညွှန်းမသိရသေးတဲ့အတွက် King of the Monsters ကြီး Skull Island ကိုဘယ်လိုရောက်သွားမလဲဆိုတာကိုတော့ ငွေရောင်ပိတ်ကားပေါ်မှာပဲရှုစားကြပါတော့နော်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here