ခရီးထြက္တဲ့အခါရႈခင္းေတြၾကည့္ရင္းေအးေအးေဆးေဆးနားခ်င္တဲ့သူေတြရွိသလို လႈပ္လႈပ္ရွားရွားသြားသြားလာလာနဲ႔လည္ပတ္ခ်င္တဲ့သူေတြလည္းရွိပါတယ္။ လာမယ့္ဒီဇင္ဘာအားလပ္ရက္ရွည္မွာခရီးလည္းထြက္မယ္၊ ေဆာင္းတြင္းေအးေအးမွာေခၽြးထြက္သြားေအာင္ ကိုယ္လက္လႈပ္ရွားမႈလည္းလုပ္ခ်င္တယ္ဆိုတဲ့သူေတြအတြက္ activity အျပည့္နဲ႔သြားလို႔ရမယ့္ ခရီးစဥ္ေတြကို Khiri Travel Myanmar ရဲ႕မန္ေနးဂ်င္းဒါရိုက္တာ Edwin Briels ကေျပာျပထားပါတယ္။
ဒီခရီးစဥ္ေတြမွာ ေတာင္တက္တာ၊ စက္ဘီးစီးတာေတြအျပင္ ေလွေလွာ္အားကစားေလ့က်င့္လို႔ရတဲ့ေနရာေဒသတခ်ိဳ႕ကို လမ္းညႊန္ေပးျခင္းပါ။ ကိုယ့္စိတ္ၾကိဳက္ကစားနည္းနဲ႔ခရီးစဥ္ကို comment ေပးသြားပါဦး။
ေျခလ်င္ေတာင္တက္ (ရွမ္း၊ ကယား၊ ခ်င္း၊ ရခိုင္)

လမ္းပဲေလွ်ာက္ေလွ်ာက္ ေတာင္ပဲတက္တက္ ေသြးလည္ပတ္မႈေကာင္းေအာင္ ကိုယ့္ေျခေထာက္ေတြကိုအလုပ္ေပးခ်င္တယ္၊ လမ္းခရီးတေလွ်ာက္ကရႈခင္းေတြကိုလည္း ခံစားခ်င္တယ္ဆိုရင္ေတာ့ ေအးျမတဲ့ေတာင္တန္းေဒသေတြကအေကာင္းဆံုးပါပဲ။ ေရပန္းအစားဆံုးခရီးစဥ္ကေတာ့ ကေလာကေနအင္းေလးအထိ ၂ရက္ ၃ရက္ေလာက္လမ္းေလွ်ာက္သြားရတဲ့ခရီးစဥ္ပါ။ လမ္းကလည္းေခ်ာေမြ႔တဲ့အတြက္ ေလွ်ာက္လို႔ေကာင္းပါတယ္။ ပိုျပီးဆိတ္ျငိမ္တဲ့ေနရာကိုမွသြားခ်င္ရင္ေတာ့ သီေပါနဲ႔ေက်ာက္မဲကိုသြားပါ။ ရိုးသားေဖာ္ေရြတဲ့ရွမ္း၊ ပေလာင္တိုင္းရင္းသားရြာေလးေတြကိုေလ့လာခြင့္ရမယ္။ ျပီးေတာ့ဂုတ္ထိပ္တံတားၾကီးေပၚရထားစီးရင္း ဓာတ္ပံုလွလွေလးေတြကိုလည္းရိုက္ခြင့္ၾကံဳဦးမွာပါ။ ခရီးစဥ္တေလွ်ာက္အႏၱရာယ္ကင္းေစဖို႔ တားျမစ္နယ္ေျမေတြကိုမသြားဖို႔ေတာ့သတိျပဳသင့္ပါတယ္။
ေတာင္ပိုင္းရွမ္းျပည္နယ္မွာေတာ့ ပင္းတယကအေရာင္အေသြးစံုလင္တဲ့စိုက္ခင္းေတြရွိလို႔နာမည္ေက်ာ္ပါတယ္။ ဒီေဒသမွာရြာငံရြာကေကာ္ဖီစိုက္ခင္းေတြကိုလမ္းေလွ်ာက္ေလ့လာႏုိင္မယ္။ ပန္းေတြကိုေလ့လာရတာ ၀ါသနာထံုသူေတြအတြက္ သစ္ခြျခံေတြလည္းရွိပါေသးတယ္။ တိုင္းရင္းသားလူမ်ိဳးေတြအေၾကာင္း သိခ်င္တယ္ဆိုရင္ေတာ့ အင္းေလး၊ ဆမ္ကာ၊ ဖယ္ခံုဆိုတဲ့ ကန္ ၃ကန္ကို လည္ပတ္ႏုိင္တယ္။ အဲ့ဒီမွာပအို႔၀္နဲ႔လီဆူးတုိင္းရင္းသားေတြရဲ႕ဘ၀ကိုေလ့လာခြင့္ရမယ္။ မင္းဇြန္ေတာင္မွာ ၾကယ္လိပ္ေတြၾကည့္လို႔လည္းရပါတယ္။
တုိင္းရင္းသားလူမ်ိဳးေတြရဲ႕ဓေလ့ထံုးစံကိုေလ့လာခ်င္တယ္ဆိုရင္ေတာ့လြိဳင္ေကာ္ျမိဳ႕ေတာင္ဘက္က ကယန္းရြာေလးေတြမွာ ပေဒါင္လူမ်ိဳးေတြရွိျပီး ခ်င္းျပည္နယ္မွာမ်က္ႏွာတက္တူးထိုးထားတဲ့ အမ်ိဳးသမီးေတြရွိပါတယ္။
တုိင္းရင္းသားေက်းရြာေတြသြားတဲ့အခါမွာနယ္ခံလမ္းျပတေယာက္ငွားရမ္းဖို႔ေတာ့မေမ့ပါနဲ႔။
စက္ဘီးစီးခရီးသြားျခင္း

က်ေနာ္ကနယ္သာလန္မွာေမြးဖြားၾကီးျပင္းခဲ့ေတာ့ဘယ္သြားသြားစက္ဘီးနဲ႔သြားေလ့ရွိပါတယ္။ စက္ဘီးေတြက လြတ္လြတ္လပ္လပ္ရႈခင္းေတြၾကည့္ဖို႔နဲ႔ေလညွင္းခံရင္းခရီးသြားဖို႔အေကာင္းဆံုးအေဖာ္မြန္ပါပဲ။ ပုဂံဘုရားေတြကိုစက္ဘီးနဲ႔လွည့္ျပီးဖူးရတာ၊ မႏၱေလးကိုစက္ဘီးစီးရင္းလည္ရတာေတာ္ေတာ္မ်ားမ်ား လုပ္ဖူးၾကပါလိမ့္မယ္။ ရန္ကုန္နဲ႔နီးနီးနားနားဆိုဒလဘက္မွာစက္ဘီးစီးလို႔ေကာင္းျပီး၊ နယ္ခရီးဆိုရင္ေတာ့ ေအာင္ပန္း (သို႔) ေတာင္ေလးလံုးကေန အင္းေလးကန္ကိုစက္ဘီးနဲ႔သြားလို႔ရပါတယ္။
ေျမျပန္႔လမ္းအတြက္ဆိုရင္ေတာ့ သာမန္စက္ဘီးနဲ႔သြားလို႔ရေပမယ့္ လမ္းၾကမ္းသြားမယ္ ေတာင္တက္ခရီးေတြသြားမယ္ဆိုရင္ေတာ့ mountain bike ေတြလိုတယ္။ စက္ဘီးစီးခရီးသြားတဲ့ေနရာမွာ Uncharted Horizons ကစီစဥ္ေပးတဲ့ခရီးစဥ္ေတြရွိပါတယ္။
ေရကူး၊ ေရငုပ္၊ ေလွေလွာ္

ျမန္မာႏုိင္ငံမွာျမစ္ေခ်ာင္းအင္းအိုင္ေပါမ်ားတဲ့အတြက္ ေရနဲ႔ပတ္သက္တဲ့အားကစားေတြလုပ္လို႔ရတဲ့ခရီးစဥ္ေတြလည္းရွိပါတယ္။ ဥပမာ ဘားအံတ၀ိုက္မွာဆိုရင္ စပါးခင္းေတြၾကားကေရထဲေလွေလွာ္ရတာေတာ္ေတာ္ၾကည္ႏူးစရာေကာင္းတယ္။ အင္းေလးကန္မွာလည္း ေျခေထာက္နဲ႔ေမာင္းတဲ့ေလွစီးလို႔ရပါတယ္။ ကေလာနဲ႔ကခ်င္ျပည္နယ္ေျမာက္ပိုင္းမွာ ေဖာင္စီးတဲ့ activity ေတြရွိေနျပီျဖစ္ျပီး ငပလီ၊ ေငြေဆာင္၊ ျမိတ္ကၽြန္းစုတို႔မွာ ေရငုပ္တဲ့၀န္ေဆာင္မႈေတြလည္းရေနပါျပီ။
Edwin Briels က Khiri Travel ရဲ႕ MD တစ္ေယာက္ျဖစ္ၿပီး ျမန္မာႏိုင္ငံအတြင္း ခရီးသြား ကုမၸဏီ လုပ္ငန္းအေတြ႔အၾကံဳ ၁၅ ႏွစ္ေက်ာ္ေလာက္႐ွိသူတစ္ဦးျဖစ္ပါတယ္။ သူ႔ရဲ႕ျမန္မာႏိုင္ငံတြင္း ခရီးသြား အေတြ႔အၾကံဳေတြကို Myanmore ပရိသတ္ေတြကိုမွ်ေ၀ေပးလ်က္ရွိပါတယ္။
Khiri Travel
01 375 577
[email protected]
khiri.com
Unicode
ခရီးထွက်တဲ့အခါရှုခင်းတွေကြည့်ရင်းအေးအေးဆေးဆေးနားချင်တဲ့သူတွေရှိသလို လှုပ်လှုပ်ရှားရှားသွားသွားလာလာနဲ့လည်ပတ်ချင်တဲ့သူတွေလည်းရှိပါတယ်။ လာမယ့်ဒီဇင်ဘာအားလပ်ရက်ရှည်မှာခရီးလည်းထွက်မယ်၊ ဆောင်းတွင်းအေးအေးမှာချွေးထွက်သွားအောင် ကိုယ်လက်လှုပ်ရှားမှုလည်းလုပ်ချင်တယ်ဆိုတဲ့သူတွေအတွက် activity အပြည့်နဲ့သွားလို့ရမယ့် ခရီးစဉ်တွေကို Khiri Travel Myanmar ရဲ့မန်နေးဂျင်းဒါရိုက်တာ Edwin Briels ကပြောပြထားပါတယ်။
ဒီခရီးစဉ်တွေမှာ တောင်တက်တာ၊ စက်ဘီးစီးတာတွေအပြင် လှေလှော်အားကစားလေ့ကျင့်လို့ရတဲ့နေရာဒေသတချို့ကို လမ်းညွှန်ပေးခြင်းပါ။ ကိုယ့်စိတ်ကြိုက်ကစားနည်းနဲ့ခရီးစဉ်ကို comment ပေးသွားပါဦး။
ခြေလျင်တောင်တက် (ရှမ်း၊ ကယား၊ ချင်း၊ ရခိုင်)
လမ်းပဲလျှောက်လျှောက် တောင်ပဲတက်တက် သွေးလည်ပတ်မှုကောင်းအောင် ကိုယ့်ခြေထောက်တွေကိုအလုပ်ပေးချင်တယ်၊ လမ်းခရီးတလျှောက်ကရှုခင်းတွေကိုလည်း ခံစားချင်တယ်ဆိုရင်တော့ အေးမြတဲ့တောင်တန်းဒေသတွေကအကောင်းဆုံးပါပဲ။ ရေပန်းအစားဆုံးခရီးစဉ်ကတော့ ကလောကနေအင်းလေးအထိ ၂ရက် ၃ရက်လောက်လမ်းလျှောက်သွားရတဲ့ခရီးစဉ်ပါ။ လမ်းကလည်းချောမွေ့တဲ့အတွက် လျှောက်လို့ကောင်းပါတယ်။ ပိုပြီးဆိတ်ငြိမ်တဲ့နေရာကိုမှသွားချင်ရင်တော့ သီပေါနဲ့ကျောက်မဲကိုသွားပါ။ ရိုးသားဖော်ရွေတဲ့ရှမ်း၊ ပလောင်တိုင်းရင်းသားရွာလေးတွေကိုလေ့လာခွင့်ရမယ်။ ပြီးတော့ဂုတ်ထိပ်တံတားကြီးပေါ်ရထားစီးရင်း ဓာတ်ပုံလှလှလေးတွေကိုလည်းရိုက်ခွင့်ကြုံဦးမှာပါ။ ခရီးစဉ်တလျှောက်အန္တရာယ်ကင်းစေဖို့ တားမြစ်နယ်မြေတွေကိုမသွားဖို့တော့သတိပြုသင့်ပါတယ်။
တောင်ပိုင်းရှမ်းပြည်နယ်မှာတော့ ပင်းတယကအရောင်အသွေးစုံလင်တဲ့စိုက်ခင်းတွေရှိလို့နာမည်ကျော်ပါတယ်။ ဒီဒေသမှာရွာငံရွာကကော်ဖီစိုက်ခင်းတွေကိုလမ်းလျှောက်လေ့လာနိုင်မယ်။ ပန်းတွေကိုလေ့လာရတာ ဝါသနာထုံသူတွေအတွက် သစ်ခွခြံတွေလည်းရှိပါသေးတယ်။ တိုင်းရင်းသားလူမျိုးတွေအကြောင်း သိချင်တယ်ဆိုရင်တော့ အင်းလေး၊ ဆမ်ကာ၊ ဖယ်ခုံဆိုတဲ့ ကန် ၃ကန်ကို လည်ပတ်နိုင်တယ်။ အဲ့ဒီမှာပအို့ဝ်နဲ့လီဆူးတိုင်းရင်းသားတွေရဲ့ဘဝကိုလေ့လာခွင့်ရမယ်။ မင်းဇွန်တောင်မှာ ကြယ်လိပ်တွေကြည့်လို့လည်းရပါတယ်။
တိုင်းရင်းသားလူမျိုးတွေရဲ့ဓလေ့ထုံးစံကိုလေ့လာချင်တယ်ဆိုရင်တော့လွိုင်ကော်မြို့တောင်ဘက်က ကယန်းရွာလေးတွေမှာ ပဒေါင်လူမျိုးတွေရှိပြီး ချင်းပြည်နယ်မှာမျက်နှာတက်တူးထိုးထားတဲ့ အမျိုးသမီးတွေရှိပါတယ်။
တိုင်းရင်းသားကျေးရွာတွေသွားတဲ့အခါမှာနယ်ခံလမ်းပြတယောက်ငှားရမ်းဖို့တော့မမေ့ပါနဲ့။
စက်ဘီးစီးခရီးသွားခြင်း
ကျနော်ကနယ်သာလန်မှာမွေးဖွားကြီးပြင်းခဲ့တော့ဘယ်သွားသွားစက်ဘီးနဲ့သွားလေ့ရှိပါတယ်။ စက်ဘီးတွေက လွတ်လွတ်လပ်လပ်ရှုခင်းတွေကြည့်ဖို့နဲ့လေညှင်းခံရင်းခရီးသွားဖို့အကောင်းဆုံးအဖော်မွန်ပါပဲ။ ပုဂံဘုရားတွေကိုစက်ဘီးနဲ့လှည့်ပြီးဖူးရတာ၊ မန္တလေးကိုစက်ဘီးစီးရင်းလည်ရတာတော်တော်များများ လုပ်ဖူးကြပါလိမ့်မယ်။ ရန်ကုန်နဲ့နီးနီးနားနားဆိုဒလဘက်မှာစက်ဘီးစီးလို့ကောင်းပြီး၊ နယ်ခရီးဆိုရင်တော့ အောင်ပန်း (သို့) တောင်လေးလုံးကနေ အင်းလေးကန်ကိုစက်ဘီးနဲ့သွားလို့ရပါတယ်။
မြေပြန့်လမ်းအတွက်ဆိုရင်တော့ သာမန်စက်ဘီးနဲ့သွားလို့ရပေမယ့် လမ်းကြမ်းသွားမယ် တောင်တက်ခရီးတွေသွားမယ်ဆိုရင်တော့ mountain bike တွေလိုတယ်။ စက်ဘီးစီးခရီးသွားတဲ့နေရာမှာ Uncharted Horizons ကစီစဉ်ပေးတဲ့ခရီးစဉ်တွေရှိပါတယ်။
ရေကူး၊ ရေငုပ်၊ လှေလှော်
မြန်မာနိုင်ငံမှာမြစ်ချောင်းအင်းအိုင်ပေါများတဲ့အတွက် ရေနဲ့ပတ်သက်တဲ့အားကစားတွေလုပ်လို့ရတဲ့ခရီးစဉ်တွေလည်းရှိပါတယ်။ ဥပမာ ဘားအံတဝိုက်မှာဆိုရင် စပါးခင်းတွေကြားကရေထဲလှေလှော်ရတာတော်တော်ကြည်နူးစရာကောင်းတယ်။ အင်းလေးကန်မှာလည်း ခြေထောက်နဲ့မောင်းတဲ့လှေစီးလို့ရပါတယ်။ ကလောနဲ့ကချင်ပြည်နယ်မြောက်ပိုင်းမှာ ဖောင်စီးတဲ့ activity တွေရှိနေပြီဖြစ်ပြီး ငပလီ၊ ငွေဆောင်၊ မြိတ်ကျွန်းစုတို့မှာ ရေငုပ်တဲ့ဝန်ဆောင်မှုတွေလည်းရနေပါပြီ။
Edwin Briels က Khiri Travel ရဲ့ MD တစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ခရီးသွား ကုမ္ပဏီ လုပ်ငန်းအတွေ့အကြုံ ၁၅ နှစ်ကျော်လောက်ရှိသူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့မြန်မာနိုင်ငံတွင်း ခရီးသွား အတွေ့အကြုံတွေကို Myanmore ပရိသတ်တွေကိုမျှဝေပေးလျက်ရှိပါတယ်။
Khiri Travel
01 375 577
[email protected]
khiri.com